Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ကမ္ဘာတစ်ဝှမ်းသို့ ပေးသော ခရစ္စမတ်နေ့ သတင်းစကား

    ချစ်လှစွာသော ညီအစ်ကို မောင် နှမ အပေါင်းတို့ ပျော်ရွှင်ဘွယ်ရာ ခရစ္စမတ် ဖြစ်ပါစေ ...
    အမိအသင်းတော်၏ ဝမ်းတော်ဖြင့် လူ့အဖြစ် ယူတော်မူသော ဘုရား၏ သား တော်သည် ဤညမှာပင် အသစ်တဖန် ဖွါး မြင်ခြင်း ခံခဲ့ရပါပြီ။ သူ၏ အမည်မှာ ယေဇူး ဖြစ်ပါတယ်၊ အနက်က "ဘုရားသခင် ကယ် တင်တော်မူသည်" လို့ အဓိပ္ပါယ်ရပါတယ်။ ထာဝရ နှင့် အနန္တ မေတ္တာတော်ရှင် ဘုရား သခင်သည် မိမိသားတော်အား ကမ္ဘာလော ကကို အပြစ်စီရန်မဟုတ် ကယ်တင်ရန် စေ လွှတ်ခဲ့ပါတယ် (ယောဟန် ၃း၁၇)။ ခမည်း တော်ဟာ သနားခြင်းများစွာဖြင့် မိမိသား တော်ကို ကျွန်ုပ်တို့အား ပေးအပ်ခဲ့ပါတယ်။ သူ့ကို လူသားအားလုံးအား ပေးခဲ့ပါတယ်။ သူ့ကို ထာဝရ အပြီးအပိုင်ပေးခဲ့ပါတယ်။ အေးစက် မဲမှောင်သော ညနက်အချိန်မှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေရှာတဲ့အလင်း ရောင်လေးလို သားတော်ဟာ မွေးဖွါး ခဲ့ ပါတယ်။
    ကညာစင်မာရီယာမှ ဖွါးမြင်တဲ့ အဲ့ဒီကလေးငယ်ဟာ လူ့အဖြစ်ခံယူတဲ့ ဘု ရား သခင်ရဲ့ နှုတ်ကပါဌ်တော် ဖြစ်ပါတယ်။ အာဗရာဟမ်ရဲ့ နှလုံးသားနဲ့ ခြေလှမ်းတွေကို ကတိထားတော်မူရာ မြေဆီ ခေါ်ဆောင်ခဲ့ တဲ့ နှုတ်ကပါဌ်တော်ဖြစ်ပါတယ်။ ဘုရား သခင်ရဲ့ ကတိတော်၌ယုံကြည်တဲ့သူတွေကို မိမိထံ ဆက်လက် ခေါ်ဆောင်လျှက်ရှိပါ တယ်။ အစ္စရာအဲလ် လူမျိုးများကို ကျွန်ဘဝ မှ လွတ်မြောက်ခြင်းဆီ ခေါ်ဆောင်ခဲ့တဲ့ နှုတ်ကပါဌ်တော် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ခေတ်အပါအဝင် ခေတ်အဆက်ဆက် ကျွန် ဖြစ်နေကြရတဲ့လူများကို သူတို့ရဲ့ အကျဉ်း ထောင်ထဲကနေ ထွက်လာဖို့ ဆက်လက် ခေါ်ဆောင်နေဆဲဖြစ်ပါတယ်။ သူဟာ နေ ထက်ပင် ပိုပြီး တောက်ပတဲ့ အလင်းတော် ဖြစ်ပါတယ်။ သေးငယ်သော သားတစ်ဦး အဖြစ် မွေးဖွားခြင်းခံသောသူ "ယေဇူးအရှင် လောကရဲ့ အလင်းတော်" ဖြစ်ပါတယ်။
    ဒီအကြောင်းကြောင့်ပဲ ပရောဖက် က ကြွေးကြော်ခဲ့တာပါ။ "အမှောင်အတွင်း လျှောက်လှမ်းနေကြသော သူတို့သည် ဧရာ မ အလင်းကြီးကို မြင်ကြရပြီ" (ဟေရှာယ ၉း၁)။ လူသားများရဲ့ နှလုံးသားမှ မှောင်မိုက် နေပါတယ်၊ ဒါပေမဲ့ ခရစ်တော်ရဲ့ အလင်းက ပိုပြီး ကြီးမားပါတယ်။ လူအချင်းချင်း မိသား စုနဲ့ လူ့အသိုင်းအဝိုင်များရဲ့ ဆက်ဆံရေး တွေမှာ မှောင်မိုက်နေပါတယ်၊ ဒါပေမဲ့ ခရစ် တော်ရဲ့ အလင်း များစွာသာလွန် အစွမ်းကြီး ပါတယ်။ စီးပွါးရေး ပထဝီနိုင်ငံရေးနဲ့ သဘာ ဝ ပတ်ဝန်းကျင် ပဠိပက္ခများမှာ မှောင်မိုက် လျက် ရှိနေပါတယ်၊ ဒါပေမဲ့ ခရစ်တော်ရဲ့ အလင်းက ပိုပြီး အားကြီးနေပါသေးတယ်။
    အရှေ့အလယ်ပိုင်းဒေသနဲ့ ကမ္ဘာ နိုင်ငံ အသီးသီးမှာ စစ်ပွဲနဲ့ ပဠိပက္ခတွေ ကြောင့် ဒုက္ခခံနေကြရတဲ့ ကလေးများစွာတို့ ထံ ခရစ်တော်ဟာ သူ့ရဲ့ အလင်းတော်ကို သယ်ဆောင် ထွန်းလင်းပါစေ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်က စတင်ခဲ့ပြီး ယခုအချိန်ထိ အ ဆုံးမသတ်နိုင်သော မုန်းတီးမှုဒဏ်များ ခံ စားနေရသည့် ချစ်လှစွာ သော ဆီးရီးယား လူမျိုးတို့ထံ ခရစ်တော်သည် နှစ်သိမ့်မှုကို သယ်ဆောင်ပေးပါစေ။ ယနေ့တွင်ပင် စိတ် ကောင်းနှလုံးကောင်းရှိသူ ယောကျ်ား မိန်းမ တို့၏ သြတ္တပ္ပ စိတ်များအား လှုပ်နှိုးတော်မူ ပါစေ။ ထိုဒေသတွင်းရှိ လူများအားလုံး ငြိမ်း ချမ်းလုံခြုံစွာနေထိုင်နိုင်ပြီး စကားလုံးများ ဖြင့် မဖေါ်ပြနိုင်သော ဝေဒနာများ အဆုံး သတ် စေရေးအတွက် အစိုးရများနှင့် နိုင်ငံ တကာ အသိုင်းအဝိုင်းတို့သည် ဝိုင်းဝန်း အဖြေရှာနိုင်ရန် အလင်းပေးပါစေ။ လက်ရှိ ရင်ဆိုင်နေရသော အခက် အခဲများအား ကျော်လွှားနိုင်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးနှင့် လွတ်လပ်ခြင်း သတင်း စ ကားကို လူတိုင်းအတွက် မျှဝေနိုင်သူများ ဖြစ်လာစေရန် လက်ဘနွန် နိုင်ငံသူ နိုင်ငံ သားများအား ခရစ်တော်သည် ခိုင်မာစေ လျက် ခွန်အားပေးပါစေ။
    လောက၏ ကယ်တင်ရှင်အဖြစ် မိမိဖွါးမြင်ခဲ့ရာ သန့်ရှင်းသောမြေသို့ ခရစ် တော်သည် အလင်း သယ်ဆောင်ပါစေ။ ထို မြေတွင် လူတို့သည် စိတ်ဓါတ်မကျဘဲ ရုန်း ကန်လျက် ရှိနေကြပါတယ်။ သူတို့ဟာ ငြိမ်း ချမ်းခြင်း၊ လုံခြုံခြင်းနှင့် ဖွံ့ဖြိုးတိုးတက် ခြင်း ကို စောင့်မျှော်လျက်ရှိကြတယ်။ လက်ရှိ လူမှုရေး အခက်အခဲများနှင့် ရင်ဆိုင်နေရ သော အီရတ်နိုင်ငံ နှင့် လူသားရေးရာ အကြပ် အတည်းများ ရင်ဆိုင် နေရသော ယီမင်နိုင်ငံ တို့အား နှစ်သိမ့်မှု ပေးပါစေ။
    ဘက်သလေဟင်မြို့တွင် ဖွါးမြင် သော ကလေးငယ်လေးသည် အမေရိက တိုက်ရှိလူများထံ မျှော်လင့်ခြင်း ယူ ဆောင် ပေးပါစေ။ ထိုဒေသရှိ နိုင်ငံ အတော်များ များဟာ လူမှုရေး နိုင်ငံရေး အုံကြွမှုများ ရင် ဆိုင် နေကြရပါတယ်။ လူမှုရေး နိုင်ငံရေး တင်းမာမှုများအကြား ကာလကြာမြင့်စွာ ဒုက္ခများ ရင်ဆိုင် ခံစားနေရသော ဗင်နီ ဇွဲလား နိုင်ငံသူ နိုင်ငံ သားတို့အား ခရစ် တော်သည် အားအင်ဖြည့်တင်းပေးတော် မူပါစေ၊ လိုအပ်လျက်ရှိသော ကူညီထောက် ပံခြင်းများ ပြည့်ဝစွာ ရရှိကြပါစေ။ လူတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားသော ဆင်း ရဲမွဲတေခြင်းနှင့် အကြပ်အတည်း မျိုးစုံကို ကျော်လွှာနိုင်ပြီး တရားမျှတမှုနှင့် ငြိမ်းအေး ခြင်းကို ဖေါ်ဆောင်နိုင်ရန် ကြိုးစား အားထုတ် နေသူများအား ခရစ်တော်သည် ကောင်းကြီးပေးတော်မူပါစေ။
    လောက၏ ကယ်တင်ရှင်သည် ခိုင်မာသော အဖြေနှင့် တည်တံသော ငြိမ်း ချမ်းခြင်းကို တောင့်တနေသော ယူကရိန်း နိုင်ငံအပေါ်သို့ အလင်းသယ်ဆောင်ပါစေ။
    မွေးဖွါးလာသော အရှင်သည် အာဖရိကရှိ လူများအပေါ် အလင်းကို သယ် ဆောင်လာပါစေ။ ထိုဒေသတွင် အဆက် မပြတ်ဖြစ်နေသော လူမှုရေး နိုင်ငံရေး ပဠိ ပက္ခများကြောင့် လူများစွာသည် မိသားစု နှင့် နေအိမ်များကို စွန့်ခွါထွက်ပြေးပြီး အခြား နိုင်ငံများသုံ့ ရွှေ့ပြောင်းနေထိုင်ကြရ ပါတယ်။ အဆက်မပြတ်သော ပဠိပက္ခများ အကြား နေကြရသော ကွန်ဂို ဒီမိုကရက် တစ် အရှေ့ပိုင်းသို့ ငြိမ်းချမ်းသယ်ဆောင် ပေးပါစေ။ အကြမ်းဖက်ခြင်း၊ သဘာဝဘေး အန္တရယ် နှင့် ကပ်ရောဂါများကြောင့် အတိ ဒုက္ခရောက်နေသူများအား နှစ်သိမ့်ခြင်းကို သယ်ဆောင်ခဲ့ပါစေ။ မိမိတို့၏ ယုံကြည်ခြင်း အတွက် နှိပ်စက်ညှင်းပန်းခံရသူများ၊အထူး သဖြင့် ပြန်ပေးဆွဲခံနေရသော သာသနာပြု များ နှင့် ယုံကြည်သူဘာသာဝင်များ၊ အစွန်း ရောက်သူတို့၏ တိုက်ခိုက်သတ်ဖြတ်ခြင်း ခံ နေရသူများ အထူးသဖြင့် ဘူကီးနား ဖါ့ဆို၊ မာလီ၊ နီဂါ နှင့် နိုက်ဂျီးရီးယား နိုင်ငံများသို့ စိတ်နှစ်သိမ့်မှုကို သယ်ဆောင်ပေးပါစေ။
    ကောင်းကင်မှ ကမ္ဘာလောကသို့ ဆင်းကြွ လာတော်မူသော ဘုရား၏သား တော်သည် ဤကဲ့သို့သော တရားမျှတမှု ကင်းမဲ့ခြင်းနှင့် အခြားသော ဘေးဒုက္ခများ ကြောင့် လုံခြုံမှုအတွက် နေရပ်စွန့်ခွါ ထွက် ပြေး ကြရသူများအား ကာကွယ် စောင့် ရှောက် တော်မူပါစေ။ ဒီလူတွေဟာ တရား မျှတမှု ကင်းမဲ့ခြင်းကြောင့် သူတို့ရဲ့ သင်္ချိုင်း ဖြစ်လာတဲ့ ကန္တာရတွေနဲ့ ပင်လင်ပြင်ကို စွန့် စား ကူးဖြတ်ကြရပါတယ်။ တရားမမျှတခြင်း က သူတို့ကို လှောင်ပိတ်ထားတဲ့ စခန်းတွေ ထဲမှာ ညှင်းပန်းနှိပ်စက်ခံရတယ်၊ မတော် မတရား ပြုခံရတယ်၊ ကျွန်ပြုခံကြရပါတယ်။ တရားမမျှတခြင်းက သူတို့မျှော်လင့်တဲ့ သိက္ခာရှိတဲ့ ဘဝကို မရကြဘဲ ဥပက္ခာပြုခြင်း တံတိုင်းကို သာမြင်တွေ့စေပါတယ်။
    အေမာနူအဲလ်အရှင်သည် ဝေဒနာ မျိုးစုံ ခံစားနေရသော လူသား မိသားစုဝင် များထံ အလင်းကို သယ်ဆောင်ပေးပါစေ။ ကိုယ်တော်ရှင်သည် ကျောက်ခဲကဲ့သို့မာ ကျောပြီး အတ္တကြီးမားသော ကျွန်ုပ်တို့၏ နှလုံးသားကို ပျော့ပြောင်းစေပြီး ချစ်ခြင်း မေတ္တာတို့ စီးဆင်းရာ အဖြစ် ဖန်တီးပေးပါ စေ။ ကိုယ်တော်ရှင်သည် သူ၏ အပြုံးကို ကျွန်ုပ်တို့၏ မျက်နှာများမှတဆင့် ကမ္ဘာ လောက၏ ကလေးများ အထူးသဖြင့် အ ပယ်ခံများ အကြမ်းဖက်ခံရသော ကလေး ငယ်များ ထံပို့ဆောင်ပါစေ။ ကျွန်ုပ်တို့၏ ချိနဲ့ သော လက်များမှတဆင့် အဝတ်အထည် မရှိသူများအား ဝတ်ဆင်ပေးပါစေ၊ ဆာ လောင်သော သူများအား ကျွေးမွေးပါစေ၊ ဖျားနာသူများအား ကုသပေးပါစေ၊ ကျွန်ုပ် တို့၏ မိတ်ဆွေ ဖြစ်ခြင်းမှတဆင့် အိုမင်းမ စွမ်းသူများ၊ အထီးကျန်သူများ၊ အပယ်ခံများ နှင့် ရွှေ့ပြောင်း အခြေချသူများအား နီးကပ် မှု ရှိစေပါ။
    ဤ နေ့ကဲ့သို့ ပျော်ရွှင် ဘွယ်ရာ ခရစ္စမတ် နေ့ရက်မြတ်တွင် ဘုရားသခင် သည် သူ၏နူးညံ့ခြင်းအား လူအားလုံးထံ သယ်ဆောင်ပါစေ၊ ဤကမ္ဘာ၏ အမိုက် မှောင် အား ထွန်းလင်းစေပါစေသော် ... ။


2020-01-04 04:08:00
NEWS AND EVENTS