Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

၁၆ ကြိမ်မြောက် ကက်သလစ်ဆရာတော်ကြီးများ၏ အထွေထွေ ဓမ္မညီလာခံ

 ပထမပိုင်း

(အောက်တိုဘာ  - ၂၉ ရက်၊ ၂၀၂၃)

နှစ်ချုပ်အစီရင်ခံစာ

 

သာသနာပြုခြင်း၌ အတူတကွခရီးပြုနေသော သာသနာတော်

 

 

 

အောက်တိုဘာ ၂၈၊ ၂၀၂၃

 

TABLE OF CONTENTS

မာတိကာ

A Synodal Church in Mission

သာသနာပြုခြင်း၌ အတူတကွ ခရီးပြုနေသော သာသနာတော်

INTRODUCTION နိဒါန်း

PART 1 - THE FACE OF THE SYNODAL CHURCH

ပထမပိုင်း - အတူတကွ ခရီးပြုနေသော သာသနာတော်၏ သွင်ပြင်လက္ခဏာများ

1. Synodality: Experience and Understanding အတူတကွခရီးပြုခြင်း အတွေ့အကြုံနှင့် နားလည်မှု

2. Gathered and Sent by the Trinity ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူမှ  စုစည်းပြီး စေလွှတ်ခြင်း။

3. Entering the Community of Faith: Christian Initiation ယုံကြည်သူအသိုင်းအဝိုင်းထဲသို့ဝင်ရောက်ခြင်း- ခရစ်ယာန်ဘဝစတင်ခြင်း

4. People in Poverty, Protagonists of the Church’s Journey ဆင်းရဲသားများ၊ သာသနာတော်ခရီး၏ အဓိက ဇာတ်ဆောင်များ

5. A Church “out of every tribe, tongue, people and nation” လူမျိုးနွယ်စုတိုင်း၊ ဘာသာစကားတိုင်း၊ လူမျိုးတိုင်းနှင့် နိုင်ငံတိုင်းမှ သာသနာတော်

6. The Eastern Churches and Latin Church Traditions သာသနာတော်၏ အရှေ့တိုင်းနှင့် လက်တင် ဓလေ့ထုံးတမ်းစဥ်လာများ

7. On the Road Towards Christian Unity ခရစ်ယာန်များ စည်းလုံးညီညွတ်ရေးဆီသို့ လမ်းစဥ်

PART 2- ALL DISCIPLES, ALL MISSIONARIES ဒုတိယပိုင်း - နောက်လိုက်တပည့်တော်များအားလုံး၊ သာသနာပြုများအားလုံး

8. Church is Mission သာသနာတော်သည်ပင် သာသနာပြုလမ်းစဉ်ဖြစ်သည်

9. Women in the Life and Mission of the Church သာသနာတော်၏ ဘဝအသက်တာနှင့် သာသနာပြုခြင်း၌ အမျိုးသမီးများ

10. Consecrated Life and Lay Associations and Movements: a Charismatic Sign သူတော်စင်များ၊ သာမန် ဘာသာတူ အစုအဖွဲ့များနှင့် လှုပ်ရှားမှုများ ဝိညာဥ်တော်မြတ်ဘုရားနှင့် ပြည့်ဝသော အမှတ်လက္ခဏာ

11. Deacons and Priests in a Synodal Church အတူတကွ ခရီးပြုနေသော သာသနာတော်၌ ဦးပဥ္ဇင်းကြီးများနှင့် ရဟန်းတော်များ

12. The Bishop in Ecclesial Communion သာသနာတော်နှင့် တစ်လုံးတစ်ဝတည်းရှိကြသော ဆရာတော်ကြီးများ

13. The Bishop of Rome in the College of Bishops ဆရာတော်ကြီးများနှင့် အတူရှိသော ပုပ်ရဟန်းမင်းကြီး

PART 3 – WEAVING BONDS, BUILDING COMMUNITIES တတိယပိုင်း - ကတိသစ္စာများ ယှက်နွယ်ခြင်း၊ လူ့အဖွဲ့အစည်းတည်ဆောက်ခြင်း

14. A Synodal Approach to Formation ပြုစုပျိုးထောင်ခြင်းသို့ အတူတကွ ခရီးပြုခြင်းဆိုင်ရာ ချဥ်းကပ်မှု

15. Ecclesial Discernment and Open Questions သာသနာတော်ဆိုင်ရာ ဝေဖန်ပိုင်းခြားသိမြင်မှုနှင့် အဖွင့်မေးခွန်းများ

16. Towards a Listening and Accompanying Church နားထောင်ပေးပြီး အတူလက်တွဲအဖော်ပြုပေးသည့် သာသနာတော်ဆီသို့

17. Mission in the Digital Environment ဒစ်ဂျစ်တယ် ပတ်ဝန်းကျင်၌ သာသနာပြုခြင်း

18. Structures for Participation ပူးပေါင်းပါဝင်ဆောင်ရွက်မှုအတွက် ဖွဲ့စည်းပုံများ

19. Groupings of Churches within the Communion of the Whole Church သာသနာတော်တစ်ခုလုံး၏ တစ်လုံးတစ်ဝတည်းရှိခြင်း၌ သာသနာတော်များ၏ အဖွဲ့များ

20. The Synod of Bishops and Ecclesial Assemblies ဆရာတော်ကြီးများ၏ ဓမ္မညီလာခံနှင့် သာသနာတော်၏ စည်းဝေးပွဲများ

 

 

PROCEEDING ALONG THE JOURNEY

ခရီးတစ်လျှောက် ရှေ့ဆက်ခြင်း

 

 

 

နိဒါန်း

ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့

ငါတို့အားလုံးသည် ဝိညာဉ်တော်မြတ်ဘုရား တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းအဖြစ် ဆေးကြောခြင်းကို ခံယူခဲ့ကြ၏။(၁ကော ၁၂:၁၃) ဤသည်မှာအတူတကွ ခရီးပြုနေသော သာသနာတော် အတွက်၊  တစ်လုံးတစ်ဝ တည်းဖြစ်ခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ သာသနာပြုခြင်းဆောင်ပုဒ်ဖြင့် 2023 ခုနှစ်၊ အောက်တိုဘာလ 4-28 ရက်အထိ ကျင်းပခဲ့သော ဓမ္မညီလာခံ-ပထမပိုင်း စည်းဝေးပွဲကြီးတွင် ဝမ်းမြောက်ကျေးဇူးတင်စိတ်ဖြင့် ပြည့်နှက်နေသော အတွေ့အကြုံ ဖြစ်ပါသည်။ ဆေးကြောခြင်းမင်္ဂလာ၏ ဘုံကျေးဇူးတော်အားဖြင့်၊ ကျွန်ုပ်တို့သည် နောက်ခံ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများကွဲပြားနေသော်လည်း စိတ်နှလုံးတစ်ခုတည်းနှင့် အတူတကွနေထိုင်နိုင်ခဲ့သည်။ သံစုံအဖွဲ့ကဲ့သို့ပင်၊ ကျွန်ုပ်တို့၏ အမျိုးမျိုးသောအသံများနှင့် ဝိညာဉ်များ၏ စည်းလုံးမှု ကို သီဆိုရန် ကြိုးစားခဲ့ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်မြတ်ဘုရားသည် ကျွန်ုပ်တို့အား သူတစ်ပါးတည်းသာ ထုတ်ပေးနိုင်သောသဟဇာတဖြစ်မှုကို တွေ့ကြုံခံစားရန် ပေးဆောင်ခဲ့သည်- ၎င်းသည် စုတ်ပြတ်ပြီး ကွဲပြားနေသော ကမ္ဘာကြီးတွင် လက်ဆောင်တစ်ခုနှင့် သက်သေဖြစ်သည်။

ကမ္ဘာပေါ်တွင် မရေမတွက်နိုင်သော သားကောင်များ၏ အဓိပ္ပါယ်မဲ့ဒရာမာများဖြင့် စစ်ပွဲအဟောင်းများနှင့် အသစ်များ ပြင်းထန်နေချိန်တွင် ကျွန်ုပ်တို့၏ ဓမ္မညီလာခံကို ကျင်းပခဲ့ပါသည်။ ဆင်းရဲနွမ်းပါးသူများ၊ အတင်းအကျပ် ရွှေ့ပြောင်းနေထိုင်ကြရသူများ၊ အကြမ်းဖက်မှုကို ခံစားနေရသူများ သို့မဟုတ် ရာသီဥတု ဖောက်ပြန်မှု၏ ဆိုးရွားသော အကျိုးဆက်များကို ခံစားနေကြရသူများတို့၏ ငိုကြွေးမြည်တမ်းသံများသည် မီဒီယာအားဖြင့်သော်လည်းကောင်း ဤကြေကွဲဖွယ်ဖြစ်ရပ်တွင် ၎င်းတို့၏မိသားစုများနှင့် လူအများနှင့် ကိုယ်တိုင်ပါဝင်ပတ်သက်နေသူများ၏ အသံများကြောင့်လည်းကောင်း ကျွန်ုပ်တို့ကြားတွင် ပဲ့တင်ထပ် နေခဲ့ပါသည်။ ကျွန်ုပ်တို့၏ သာသနာတော်သည် ပြန်လည်သင့်မြတ်ကျေအေးရေး၊ မျှော်လင့်ချက်၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးလမ်းစဉ်များကို မည်သို့မွေးမြူနိုင်သည်ဆိုသည်ကို ကျွန်ုပ်တို့၏စိတ်နှလုံးများ နှင့် ဆုတောင်းမေတ္တာ များထဲတွင် အမြဲနှလုံးသွင်းထားလျက် ရှိပါသည်။

ကျွန်ုပ်တို့၏ ယုံကြည်ခြင်း၌ တည်ကြည်ပြီး သာသနာပြုခြင်း၌ ရဲရင့်မှုရှိရန် တိုက်တွန်းခဲ့သော စိန်ပီတာ၏ အရိုက်အရာကို ဆက်ခံသူ ပုပ်ရဟန်းမင်းကြီးနှင့်အတူ ကျွန်ုပ်တို့၏ ဓမ္မညီလာခံကို ရောမမြို့တွင် ကျင်းပခဲ့ပါသည်။ သာသနာတော် တစ်ခုလုံးနှင့်ဆိုင်သော ဓမ္မညီလာခံအဖိတ်နေ့၌  ပုပ်ရဟန်းမင်းကြီးနှင့် အတူ၊ အခြားခရစ်ယာန် ဂိုဏ်းဂဏများ၏ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များတို့သည် စိန်ပီတာ၏ သင်္ချိုင်းဂူဗိမာန်တွင်၊ အတူတကွ ဆုတောင်းသည့် မြင်ကွင်းဖြင့် ဤဓမ္မညီလာခံခရီးကို အစပြုခဲ့ရသည်မှာ ကျေးဇူးတော်ပင် ဖြစ်ပေသည်။ စည်းလုံးညီညွတ်မှုသည် ဘုရားရှင်၏ သန့်ရှင်းသောသာသနာတော်အတွင်း တိတ်တဆိတ် ပေါက်ဖွားလာသည်ကို ကျွန်ုပ်တို့၏ မျက်စိနှင့် တပ်အပ်မြင်ရ၍ ဝမ်းမြောက်ခြင်းအပြည့်နှင့် သက်သေခံကြပါသည်။ "ညီအကိုတို့သည် တစ်လုံးတစ်ဝတည်း စိတ်သဘောညီညွတ်စွာ နေထိုင်ကြသည် မှာ လွန်စွာ ကောင်းမြတ်၍ နှစ်သက်ဖွယ်ဖြစ်ပေ၏။" (ဆာ ၁၃၃:)

ပုပ်ရဟန်းမင်းကြီး၏ အမိန့်တော်အရ၊ ဘုရားသခင့်လူမျိုးတော်၏ အခြားအဖွဲ့ဝင်များသည် ဆရာတော်များ နှင့်အတူ ပါဝင်စုဝေးကြသည်ကို စည်းဝေးပွဲတွင် မြင်တွေ့ခဲ့ရသည်။ ဆရာတော်များသည် ရောမမြို့၏ ဆရာတော် ပုပ်ရဟန်းမင်းကြီးနှင့်သော်လည်းကောင်း မိမိတို့ဆရာတော်အချင်းချင်းသော်လည်းကောင်း စည်းလုံးခြင်းဖြင့် သာသနာတော်ကို သာသနာတော်များ၏ တစ်လုံးတစ်ဝတည်းဖြစ်ခြင်းအဖြစ် ထင်ရှားစေ ခဲ့သည်။ သာမာန်ဘာသာတူအမျိုးသား၊ အမျိုးသမီးများ၊ သစ္စာသုံးပါးခံ သူတော်စင်များ၊ ဦးပဉ္ဇင်းကြီးများနှင့် ဘုန်းတော်ကြီးများတို့သည် ဆရာတော်ကြီးများနှင့်အတူ သာသနာတော်တစ်ခုလုံးနှင့် သာသနာတော်ရှိ လူပုဂ္ဂိုလ် တစ်ဦးချင်းစီ ပါဝင်ရန် ရည်ရွယ်ကြောင်း ဤလုပ်ငန်းစဥ်မှ သက်သေခံနေပါသည်။ ဤဓမ္မညီလာခံ သည် သီးခြား ဖြစ်ရပ်မဟုတ်၊ အတူတကွခရီးပြုနေသော သာသနာတော်အတွက် မရှိမဖြစ်လိုအပ်သော ခြေလှမ်းတစ်ခု ဖြစ်ကြောင်း သူတို့က ပြန်လည်အမှတ်ရစေသည်။ ပါဝင်ပတ်သက်မှုများ  များပြားခြင်းနှင့် ရပ်တည်ချက် ပေါများခြင်းတို့သည် အတူတကွ ခရီးပြုခြင်းပုံစံကို သင်ယူနေပြီး ၎င်းကို ပဲ့တင်ထပ်နေစေရန် သိရှိစေနိုင်သော သာသနာတော်အတွက် အသင့်တော်ဆုံးပုံစံကို ရှာဖွေနေသည့် သာသနာတော်၏ အတွေ့အကြုံ ဖြစ်သည်။

ဤဓမ္မညီလာခံ-ပထမပိုင်းသို့ ရောက်ရှိရန် စတင်ခဲ့သည်မှာ အချိန်ကာလ (၂)နှစ်ကျော်ရှိခဲ့ပါပြီ။ 2021 ခုနှစ် အောက်တိုဘာလ 9 ရက်နေ့တွင် ဓမ္မညီလာခံခရီးကို ဖွင့်ပွဲအပြီးတွင် သာသနာတော်များအားလုံးသည် ဂိုဏ်းချုပ်/ဂိုဏ်းအုပ် သာသနာအဆင့်၊ နိုင်ငံအဆင့်နှင့် ကမ္ဘာ့တိုက်ကြီးများအဆင့်များတွင် မတူညီသော အရှိန်အဟုန်ဖြင့် နားထောင်ခြင်းလုပ်ငန်းများကို တွေ့မြင်ခဲ့ရပြီး ၎င်းတို့၏ ရလဒ်များအဖြစ် သက်ဆိုင်ရာ စာရွက်စာတမ်းများ ထွက်ပေါ်လာခဲ့ပါသည်။ ဤဓမ္မညီလာ-ပထမပိုင်းတွင် သာသနာတော် တစ်ခုလုံးသည် ဆုတောင်းခြင်းနှင့် နှီးနှောဖလှယ်ခြင်းများ၌ ဝိညာဉ်တော်မြတ်ဘုရားက ကျွန်ုပ်တို့အား လျှောက်လှမ်းရန် တောင်းဆိုသောလမ်းကြောင်းများကို ဝေဖန်ပိုင်းခြားသိမြင်နိုင်စေရန်အတွက် ဤဆွေးနွေးမှု၏ အသီးအပွင့် များကို လက်ခံရရှိသည့်အဆင့်ကို ရောက်ရှိစေခဲ့ပါသည်။ ဤအဆင့်သည် 2024 ခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် ဓမ္မညီလာခံ-ဒုတိယပိုင်း ပြီးမြောက်သည့်အချိန်အထိ ကြာမြင့်မည်ဖြစ်သည်။ ထိုအခါ ရရှိလာသော စာတမ်းကို ပုပ်ရဟန်းမင်းကြီးထံ ပြန်လည်အပ်နှံမည်ဖြစ်သည်။

သာသနာတော်ကြီး၏ ဓလေ့ထုံးတမ်းစဥ်လာတွင် အမြစ်တွယ်နေသည့် ဓမ္မညီလာခံခရီးတစ်ခုလုံးသည် သာသနာတော်၏ သွန်သင်ပိုင်ခွင့်အာဏာတွင် ဖြစ်ပျက်နေသည်။ ဒုတိယဗာတီကန်ကောင်စီသည် အမှန်စင်စစ်၊ ကမ္ဘာ့လယ်ကွင်းနှင့် သာသနာတော်လယ်ကွင်း၌ ကြဲချသောမျိုးစေ့နှင့် တူပါသည်။ ယုံကြည်သူများ၏ နေ့စဉ်ဘဝ အသက်တာများ၊ လူများနှင့်ယဉ်ကျေးမှုတိုင်းရှိ သာသနာတော်များ၏ အတွေ့အကြုံများ၊ သန့်ရှင်းမြင့်မြတ်ခြင်း၏ သက်သေခံချက်များစွာနှင့် ဓမ္မသင်္ဂြိုလ်ဆရာများ၏ ထောက်ရှုချက်များတို့သည် ထိုမျိုးစေ့ အပင်ပေါက်ပြီး ကြီးထွားလာသည့်မြေ ဖြစ်ပါသည်။ ဓမ္မညီလာခံ 2021-2024 သည် ထိုမျိုးစေ့၏ စွမ်းအင်ကို ထုတ်ယူကာ ၎င်း၏အလားအလာကို တိုးတက်စေသည်။ ဓမ္မညီလာခံလမ်းစဉ်သည် အမှန်စင်စစ်အားဖြင့် ကောင်စီမှ နက်နဲသောအရာနှင့် ဘုရားသခင်၏ လူများအဖြစ် သာသနာတော်အား သွန်သင်ထားသည့်အရာကို အကောင်အထည်ဖော်ဆောင်စေသည်။ ၎င်းတို့၏ သက်ဆိုင်ရာ အလုပ်များအလိုက် ဆေးကြောခြင်းခံယူပြီးသူအားလုံး၏ ရက်ရောမှုကို တန်ဖိုးထားကာ ဧဝံဂေလိတရားကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်ပြီး လက်တွေ့ လုပ်ဆောင် လာစေသည်။ ဤသဘောမျိုးဖြင့် ဓမ္မညီလာခံလမ်းစဉ်သည် ကောင်စီအား လက်ခံခြင်း၏ စစ်မှန်သော လုပ်ရပ်တစ်ခုဖြစ်ပြီး ၎င်း၏လှုံ့ဆော်မှုကို ကြာရှည်စေကာ ယနေ့ကမ္ဘာအတွက် ၎င်း၏ ပရောဖက်ပြုချက် စွမ်းအားကို ပြန်လည်စတင်စေသည်။

လုပ်ဆောင်မှုများ တစ်လကြာပြီးနောက်၊ ယခု ကျွန်ုပ်တို့ လုပ်ဆောင်မှု၏ အသီးအပွင့်များကို သင်တို့ အားလုံးထံ ဖြန့်ဝေရန်နှင့် အတူတကွ ခရီးပြုကြရန်နှင့် ကျွန်ုပ်တို့၏သာသနာတော်များဆီသို့ ပြန်လာရန် သခင်ဘုရားက ကျွန်ုပ်တို့ကို ခေါ်တော်မူသည်။ ရောမမြို့၌ ကျွန်ုပ်တို့သည် အနည်းငယ်မျှသာရှိသော်လည်း ပုပ်ရဟန်းမင်းကြီးမှ ခေါ်ဝေါ်သော ဓမ္မညီလာခံလမ်းစဉ်၏အဓိပ္ပာယ်မှာဆေးကြောခြင်းခံယူပြီးသူအားလုံး ပါဝင်ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤသို့ဖြစ်ရန် လိုလားတောင့်တပြီး ဖြစ်နိုင်စေရန်အတွက်လည်း မိမိကိုယ်ကို ကတိပြုလိုပါသည်။ ဤအနှစ်ချုပ်အစီရင်ခံစာ (Synthesis Report) တွင် ယနေ့ခေတ်ကာလကို ထင်ဟပ်စေသော ဆုတောင်းခြင်းနှင့် ဆွေးနွေးမှုများမှ ထွက်ပေါ်လာသည့် အဓိက အစိတ်အပိုင်းများကို စုစည်းထားပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဇာတ်ကြောင်းများသည် မည်သည့်စာမျက်နှာတွင်မှ ပြန်မရနိုင်သည့်အတွေ့အကြုံဖြင့် ဤအနှစ်ချုပ်ကို ပိုမိုအဓိပ္ပါယ်ရှိစေမည်ဖြစ်သည်။ ထို့ကြောင့် တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့် နားထောင်ခြင်း၊ မျှဝေခြင်းနှင့် ဆုတောင်းခြင်းတို့သည် မည်မျှကြွယ်ဝကြောင်း ကျွန်ုပ်တို့သက်သေခံနိုင်မည်ဖြစ်သည်။ မတူညီသောအယူအဆများကို ချက်ချင်းတုံ့ပြန်ရန် သွေးဆောင်မှုကို လက်မခံဘဲ နားထောင်ရန်နှင့် မိမိတို့၏ အယူအဆများမှာ အကြွင်းမဲ့ မှန်ကန်သည်ဟု မယူဆဘဲ သူတစ်ပါး၏ အယူအဆများကိုလည်း အများအတွက် ကျေးဇူးတော်အဖြစ် လက်ခံရန် မလွယ်ကူကြောင်း ကိုလည်း မျှဝေပါမည်။ ကျွန်ုပ်တို့၌ ကန့်သတ်ချက်များရှိသော်လည်း၊ ဘုရားသခင်၏ ကျေးဇူးတော်သည် ကျွန်ုပ်တို့အား ထိုသို့လုပ်ဆောင်နိုင်ရန် ကူညီပေးခဲ့ပါသည်၊ ၎င်းသည် ကျွန်ုပ်တို့အတွက် အမှန်တကယ် အတူတကွ ခရီးပြုနေသော အတွေ့အကြုံတစ်ခုဖြစ်သည်။ ဤအရာကို လိုက်ကျင့်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ပိုမိုနားလည်ပြီး ၎င်း၏တန်ဖိုးကိုလည်း ဆုပ်ကိုင်ထားပါသည်။

အမှန်တကယ်တွင် ဆေးကြောခြင်းခံပြီးသူများ၊ ကွဲပြားသော ကျေးဇူးတော်များ၊ အလုပ်အကိုင်များနှင့် ဓမ္မအမှုတော်ဆောင် ခြင်းများတွင် အတူတကွ လျှောက်လှမ်းခြင်းသည် ကျွန်ုပ်တို့၏အသိုင်းအဝိုင်းအတွက် သာမက ကမ္ဘာအတွက်ပါ အရေးကြီးကြောင်း ကျွန်ုပ်တို့နားလည်ပါသည်။ ဧကန်စင်စစ် ဧဝံဂေလိ အမှုတော်ဆောင် ညီအစ်ကိုများသည် တောင်းဇလားအောက်၌ မထားဘဲ ဆီမီးခုံပေါ်တွင် ထားခြင်းဖြင့် တစ်အိမ်လုံး ထွန်းလင်းစေသောမီးခွက်နှင့်တူသည် ( မာတေဦး ၅:၁၅ ) ယနေ့ကမ္ဘာကြီးသည် ဤကဲ့သို့သော သက်သေခံခြင်းကို ယခင်က ထက် ပိုမိုလိုအပ်နေပါသည်။ သခင်ယေဇူး၏ နောက်လိုက်တပည့်များအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် နူးညံ့သိမ်မွေ့မှုကို ဒဏ်ရာရနေသောလူသားများအား ပြသရန် တာဝန်ကို ရှောင်လွှဲ၍မရပါ။

လုပ်ထုံးလုပ်နည်းလမ်းညွှန် (Instrumentum labouris) မှ တင်ပြထားသော စီမံကိန်းအတိုင်း ဤဓမ္မညီလာခံ-ပထမပိုင်း၏ လုပ်ငန်းစဥ်သည် အတူတကွ ခရီးပြုနေသော သာသနာတော်၏ ဝိသေသလက္ခဏာများနှင့် ၎င်းကျင့်သုံးနေသော တစ်လုံးတစ်ဝတည်းဖြစ်ခြင်း၊ သာသနာပြုခြင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ အပေါ် ဆင်ခြင်ကြည့်ရန် ဖိတ်ခေါ်ပါသည်။ အဆိုပြုမေးခွန်းများအပေါ် ဆွေးနွေးခြင်းသည် အလုံးစုံ ပြင်ဆင်ထားသော စီမံကိန်း၏ ကောင်းမွန်မှုကို ခိုင်မာစေခဲ့သည်။ ကျွန်ုပ်တို့သည် အတွင်းကျကျ လေ့လာရန် လိုအပ်သည့် အကြောင်းအရာများကို ဖော်ထုတ်နိုင်ကာ အဆိုပြုချက်များ၏ ကနဦးမူလရင်းမြစ်ကို တင်ပြရင်း မေးခွန်းများ၏ အကျိုးကျေးဇူးများထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ တိုးတက်မှုအနေဖြင့်၊ အနှစ်ချုပ် အစီရင်ခံစာ (Synthesis Report) သည် Instrumentum labouris အကြောင်းအရာအားလုံးကို ထပ်တလဲလဲပြောဆိုခြင်း သို့မဟုတ် ထပ်လောင်း ပြောဆိုခြင်း မပြုဘဲ ဦးစားပေးသတ်မှတ်ထားသည့်အရာ များကိုသာ ပြန်လည်စတင်ပါသည်။ ၎င်းသည် အပြီးသတ် စာတမ်းမဟုတ်သော်လည်း ဆက်လက် လုပ်ဆောင်ရမည့် ဝေဖန်ပိုင်းခြားသိမြင်မှုဆိုင်ရာ ကိရိယာ တန်ဆာပလာတစ်ခုဖြစ်သည်။

အနှစ်ချုပ်အစီရင်ခံစာကို အပိုင်းသုံးပိုင်းဖြင့် ဖွဲ့စည်းထားသည်။ ပထမအပိုင်းဖြစ်သော "အတူတကွ ခရီးပြုနေသော သာသနာတော်၏ သွင်ပြင်လက္ခဏာ"တွင် ထွန်းလင်းတောက်ပပြီး အတူတကွ ခရီးပြုခြင်းကို အခြေခံသော ဓမ္မသင်္ဂြိုလ်သဘောတရားများကို တင်ပြထားသည်။ ဤနေရာတွင် အတူတကွ ခရီးပြုခြင်း ပုံစံသည် ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူကို ထောက်ရှုဆင်ခြင်ခြင်းမှ အရင်းခံသည့် ယုံကြည်ခြင်း၌ လုပ်ဆောင်ခြင်းနှင့် လည်ပတ်ခြင်း နည်းလမ်းတစ်ခုအဖြစ် ပေါ်လွင်ပြီး စည်းလုံးညီညွတ်မှုနှင့် အမျိုးမျိုးသောကွဲပြားမှုကို သာသနာ့ကြွယ်ဝမှုအဖြစ် တန်ဖိုးထားကြသည်။ "နောက်လိုက်တပည့်တော်များ အားလုံး၊ သာသနာပြုများအားလုံး" ဟူသောခေါင်းစဉ်ဖြင့် ဒုတိယအပိုင်းသည် သာသနာတော်၏ဘဝ၊ သာသနာပြုခြင်းနှင့် ၎င်းတို့၏ ဆက်ဆံရေးတွင် ပါဝင်ပတ်သက်သူများအားလုံးတို့ ပါဝင်ပါသည်။ အဓိကအားဖြင့် ဤအပိုင်းတွင်၊ အတူတကွ ခရီးပြုနေခြင်းကို ဘုရားသခင့်လူမျိုးတော်၏ ပူးတွဲခရီး အဖြစ်နှင့် ဘုရားသခင်၏ နိုင်ငံတော်ကြွလာခြင်းအတွက် အမှုတော်ဆောင်ရာတွင် ဝိညာဥ်တော် မြတ်ဘုရား၏ ဆုကျေးဇူးများနှင့် အမှုတော်ဆောင်ခြင်းများ၏ အကျိုးကျေးဇူးရှိသော တွေ့ဆုံဆွေးနွေးမှု အဖြစ် တင်ပြခြင်း ဖြစ်ပါသည်။ တတိယအပိုင်းမှာ "ကတိသစ္စာများ ယှက်နွယ်ခြင်း လူ့အဖွဲ့အစည်း တည်ဆောက်ခြင်း" ခေါင်းစဉ်ဖြစ်ပါသည်။ ဤအပိုင်းတွင် အတူတကွ ခရီးပြုခြင်း သည် အဓိကအားဖြင့် လုပ်ငန်းစဉ်အစုအဝေးတစ်ခုဖြစ်ပြီး သာသနာတော်များကြားတွင် အပြန်အလှန် ဖလှယ်ရန်နှင့် ကမ္ဘာနှင့်တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်နိုင်သည့် အဖွဲ့အစည်းများ၏ ကွန်ရက်တစ်ခုအဖြစ် ပေါ်လာသည်။

အပိုင်းသုံးပိုင်း၌ တစ်ပိုင်းချင်းစီတွင်၊ တူညီမှုများ၊ ကိုင်တွယ်ဖြေရှင်းရမည့်ကိစ္စရပ်များနှင့် ဆွေးနွေးမှုမှ ထွက်ပေါ်လာသည့် အဆိုပြုချက်များကို စုစည်းထားသည်။ တူညီမှုများသည် သုံးသပ်ချက်များကို ကြည့်ရှုနိုင်သည့် ပုံသေအချက်များကို ခွဲခြားသတ်မှတ်သည်- ၎င်းတို့သည် ကျွန်ုပ်တို့ကို လမ်းကြောင်းပေါ် တည့်မတ်စေပြီး လမ်းကို မျက်ခြေမပြတ်ရန် ကူညီပေးမည့် မြေပုံတစ်ခုနှင့်တူသည်။ ကိုင်တွယ် ဖြေရှင်းရမည့် မေးခွန်းများသည် ဓမ္မသင်္ဂြိုလ်ဆိုင်ရာ၊ သိုးထိန်းဆိုင်ရာ၊ ကာနွန်ဥပဒေဆိုင်ရာ နက်ရှိုင်းမှုကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုထားသော အချက်များကို စုစည်းထားပါသည်- ၎င်းတို့သည် ကျွန်ုပ်တို့လျှောက်လှမ်းရမည့်လမ်းကြောင်းကို ပိုမိုကောင်းမွန်စွာ နားလည်ရန်အတွက် ခေတ္တရပ်နားရန် လိုအပ်သည့် လမ်းဆုံလမ်းခွများကဲ့သို့ ဖြစ်ကြပါသည်။  အခြားတစ်ဖက်တွင်မူ အဆိုပြုချက်များသည် လျှောက်ရန် ဖြစ်နိုင်ချေရှိသော လမ်းကြောင်းများကို ညွှန်ပြသည်- အချို့က အကြံပြုသည်၊ အချို့က ထောက်ခံသည်၊ အချို့က ပို၍ ခွန်အားနှင့် ဆုံးဖြတ်ချက်ဖြင့် တောင်းဆိုကြသည်။

လာမည့်လများတွင်၊ ဒေသခံသာသနာတော်များနှင့် ဓမ္မညီလာခံ အထွေထွေအတွင်းရေးမှူးရုံးကြား ဆက်ဆံရေးအဖြစ် ဆောင်ရွက်ရင်း ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်များနှင့် စနစ်တကျ ဆင့်ကဲအုပ်ချုပ်မှု ဖွဲ့စည်းပုံ အရှေ့တိုင်း ကက်သလစ် သာသနာတော်များသည် ဝေဖန်ထောက်ရှုချက်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်။ ရရှိလာသော တူညီမှုများမှ စတင်၍ ၎င်းတို့၏ ဓမ္မသင်္ဂြိုလ်ဆိုင်ရာနှင့် သိုးထိန်းဆိုင်ရာများ နက်ရှိုင်းလာစေရန် အားပေးကာ ၎င်းတို့၏ ကာနွန်ဥပဒေဆိုင်ရာ အကျိုးဆက်များကို ထောက်ပြ၌ အသင့်တော်ဆုံးနှင့် အရေးတကြီး ကိစ္စရပ်များနှင့် အဆိုပြုချက်များကို အာရုံစိုက်ရန် ဖိတ်ခေါ်ပါသည်။

ရောမမြို့တွင် အတူတကွ ပူးပေါင်းဆောင်ရွက်သည့်ကာလတွင် ကျွန်ုပ်တို့တွေ့ကြုံခဲ့ရသည့် အပြန်အလှန် နားထောင်မှုနှင့် စိတ်ရင်းမှန်ဖြင့် ဆွေးနွေးမှုများ၏ အငွေ့အသက်သည် ကောင်းကင်နိုင်ငံတော်၏ ကောင်းသောမျိုးစေ့ ကြီးထွားလာရန် အစေခံမှုတွင် ကျွန်ုပ်တို့၏လူမှုအသိုင်းအဝိုင်းနှင့် ကမ္ဘာတစ်ဝှမ်းလုံး ကို လင်းရောင်ဖြာစေရမည်ဟူသော မျှော်လင့်ချက်ဖြင့် ကျွန်ုပ်တို့၏ဆန္ဒကို နှလုံးသွင်းထားပါသည်။

ပထမပိုင်း - အတူတကွ ခရီးပြုနေသော သာသနာတော်၏ သွင်ပြင်လက္ခဏာ

1. အတူတကွခရီးပြုခြင်း အတွေ့အကြုံနှင့် နားလည်မှု

Convergences

တူညီမှုများ

) သာသနာတော်၏ အတူတကွ ခရီးပြုခြင်းအတိုင်းအတာကို အသိအမြင်အသစ်ဖြင့် အသိအမှတ် ပြုရန် ဖိတ်ခေါ်ချက်ကို ကျွန်ုပ်တို့ ကြိုဆိုလက်ခံပါသည်။ ဓမ္မသစ်ကျမ်းနှင့် သာသနာတော် အစောပိုင်းတွင် အတူတကွ ခရီးပြုခြင်းအလေ့အကျင့်များကို တွေ့ရှိနိုင်သည်။ နောက်ပိုင်းတွင် ၎င်းတို့ သည် မတူညီသော ခရစ်ယာန်အသင်းတော်များနှင့် ဓလေ့ထုံးတမ်းများတွင် သမိုင်းဝင် ပုံစံများကို ယူဆောင်လာကြသည်။ ဒုတိယဗာတီကန်ကောင်စီက ထိုအတူတကွ ခရီးပြုနေခြင်း အလေ့အကျင့် အားမွမ်းမံပြင်ဆင်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က သာသနာတော်အား ၎င်းတို့အား ထပ်မံအသစ်ပြုပြင်ရန် တိုက်တွန်းထားသည်။ ဓမ္မညီလာခံ 2021-2024 သည် ဤလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ ၎င်းမှတဆင့်၊ ဘုရားသခင်၏ သန့်ရှင်းသော လူများသည် အတူတကွ ခရီးပြုခြင်း၌ ဆုတောင်းခြင်း၊ နားထောင်ခြင်း၊ စကားပြောခြင်း နည်းလမ်းသည် ဘုရားသခင်၏နှုတ်ကပါဌ်တော် အမြစ်တွယ်ပြီး ပျော်ရွှင်ရသည့် အခိုက်အတန့်များနှင့် တစ်ခါတစ်ရံ ပင်ပန်းနွမ်းနယ်ခြင်းများသည်ပင်လျှင် ကျွန်ုပ်တို့အားလုံးသည် ခရစ်တော်၌ ညီအစ်ကိုမောင်နှမများ ဖြစ်ကြောင်း သိရှိလာစေရန် နက်ရှိုင်းသောသတိတရားကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့သည်။ အဖိုးမဖြတ်နိုင်သောရလဒ်တစ်ခုသည် ဘုရားသခင်၏ သစ္စာရှိ လူများအဖြစ် ကျွန်ုပ်တို့၏ဝိသေသလက္ခဏာကို တိုးမြင့်လာစေသည်။ ဆေးကြောခြင်းခံခြင်းမှ ရရှိလာသော ဂုဏ်သိက္ခာကို အသီးသီးကိုင်ဆောင်ကာ ဧဝံဂေလိတရားဟောပြောခြင်း၏ ဘုံသာသနာ ပြုခြင်းအတွက် ပူးတွဲတာဝန်ယူရန် ဖိတ်ခေါ်ခံရကြသည်။

၂) ဤလုပ်ငန်းစဉ်သည် ဘုရားသခင်၏အိမ်နှင့် မိသားစုဖြစ်သော သာသနာတော်တစ်ခုအတွက် ကျွန်ုပ် တို့၏ အတွေ့အကြုံနှင့် ဆန္ဒကို အသစ်ပြန်လည်ဖြစ်စေသည်။ လူများနှင့်ပိုမိုနီးစပ်သော၊ ဗျူရိုကရေစီ နည်းပြီး ဆက်ဆံမှုများသော သာသနာတော်တစ်ခုအတွက် ဤအတွေ့အကြုံနှင့် ဆန္ဒအရအတူတကွ ခရီးပြုခြင်း "synodality" နှင့်ဓမ္မညီလာခံဆိုင်ရာ "synodal" ဟူသောအသုံးအနှုန်းများသည် ဆက်စပ်မှုရှိပြီး ပိုမိုကောင်းမွန်သော ရှင်းလင်းချက်လိုအပ်သည့် ကနဦးနားလည်မှုကို ပေးဆောင်ပါ သည်။ ၎င်းသည် လူငယ်များ ပြန်လိုချင်ကြောင်း ကြေညာခဲ့သော 2018 ခုနှစ်တွင် ကျင်းပခဲ့သည့် လူငယ်များအတွက် ဓမ္မညီလာခံကဲ့သို့သော သာသနာတော် ဖြစ်သည်။

၃) စည်းဝေးပွဲကျင်းပသည့်ပုံစံမှာ သမ္မာကျမ်းစာတော်မြတ်၌ ဖော်ပြထားသည့် မင်္ဂလာပွဲကျင်းပသည့် ပုံစံမျိုးဖြင့် (ဗျာ. ၁၉:) ပေါလ် VI ခန်းမရှိ စားပွဲဝိုင်းငယ်များတွင် လူများစုဖွဲ့ကာ အုပ်စုငယ်များဖြင့် စတင်ကျင်းပခဲ့ပါသည်။ ထိုကျင်းပသည့်ပုံစံမှာ ဘုရားသခင်၏ နှုတ်ကပါဌ်တော်ကို အလယ်ဗဟိုချက်တွင် ထားရှိကာ အတူတကွ ခရီးပြုနေသော သာသနာတော်၏ အထိမ်းအမှတ်၊ မစ္ဆားတရားတော်မြတ် ပူဇော်ခြင်း၏ ပုံရိပ်၊ အတူတကွ ခရီးပြုခြင်း၏ အရင်းအမြစ်နှင့် အထွတ်အထိပ် ဖြစ်ပါသည်။ ၎င်းအတွင်းတွင် မတူညီသောယဉ်ကျေးမှုများ၊ ဘာသာစကားများ၊ ဓလေ့ထုံးတမ်းများ၊ တွေးခေါ်ပုံ နည်းလမ်းများနှင့် အဖြစ်မှန်များသည် ဝိညာဉ်တော်မြတ်ဘုရား၏ လမ်းညွှန်မှုအောက် စိတ်ရင်းအမှန်ဖြင့် ရှာဖွေမှုတွင် အတူတကွ ပါဝင်နိုင်ပြီး အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

၄) ကျွန်ုပ်တို့၏အလယ်တွင် စစ်ဘေး၊ အာဇာနည်အဖြစ် အသက်စွန့်ခြင်း၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် ငတ်မွတ်ခေါင်းပါးမှု ဒဏ်ခံခဲ့ရသော ပြည်သူများထဲမှ ညီအစ်မများနှင့် ညီအစ်ကိုများ ရှိကြပါသည်။ ဓမ္မညီလာခံလုပ်ငန်းစဉ်တွင် မကြာခဏ ပါဝင်ရန် မဖြစ်နိုင်သော ဤလူမျိုးများ၏ အတိဒုက္ခသည် ကျွန်ုပ်တို့၏ နှီးနှောဖလှယ်ပွဲများနှင့် ကျွန်ုပ် တို့၏ ဆုတောင်းချက်များထဲသို့ ဝင်ရောက်လာပြီး ၎င်းတို့နှင့် တစ်လုံးတစ်ဝတည်းအဖြစ် အားကောင်းလာကာ ငြိမ်းချမ်းရေး ဖော်ဆောင်သူများဖြစ်ရန် ကျွန်ုပ်တို့ စိတ်ပိုင်းဖြတ်ခဲ့ကြပါသည်။

၅) စည်းဝေးပွဲသည် ဤဓမ္မညီလာခံဖြစ်စဉ်အတွင်း သာသနာတော်အပေါ် ဝိညာဉ်တော်မြတ်ဘုရား သွန်းလောင်းပေးသည့် ဆုကျေးဇူးများစွာထဲမှ မျှော်လင့်ခြင်း၊ ကုသခြင်း၊ ပြန်လည်သင့်မြတ် ကျေအေးခြင်းနှင့် ပြန်လည် ထူထောင်ခြင်းတို့အကြောင်း မကြာခဏ ပြောဆိုခဲ့ကြပါသည်။ သာသနာ  တော်တွင် အလွဲသုံးစားပြုခံရသူများနှင့် နာကျင်ခံစားခဲ့ရသူများအပါအဝင် လူတိုင်းကို နားထောင်ရန်နှင့် အတူလက်တွဲအဖော်အဖြစ် လိုက်ပါရန် ပွင့်လင်းမြင်သာမှုသည် မမြင်နိုင်သောသူ အများအပြားကို မြင်နိုင်စေခဲ့သည်။ ပြန်လည်သင့်မြတ်ကျေအေးခြင်း နှင့် တရားမျှတမှုဆီသို့ သွားရန် ခရီးရှည် ကျန်နေသေးသည်၊ ယင်းကဲ့သို့ အလွဲသုံးစားလုပ်မှုကို ဖြစ်ပေါ်စေသည့် ဖွဲ့စည်းပုံဆိုင်ရာ အခြေအနေ များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ခိုင်မာသောဒဏ်ဆပ်ဖြေခြင်းများကို ပြုလုပ်ရန်လည်း လိုအပ်ပါသည်။

) အတူတကွ ခရီးပြုနေခြင်းသည် ဘုရားသခင်၏ လူမျိုးတော်များစွာအတွက် အကျွမ်းတဝင် မရှိသော အသုံးအနှုန်း ဖြစ်ပြီး အချို့သောလူများကို စိတ်ရှုပ်ထွေးမှုနှင့် စိုးရိမ်မှုဖြစ်စေကြောင်း ကျွန်ုပ်တို့ သိပါသည်။ ထိုစိုးထိတ်မှုများမှာ သာသနာတော်၏ သွန်သင်ချက်သည် ပြောင်းလဲသွားခြင်း၊ ကျွန်ုပ်တို့၏ ဘိုးဘေး တမန်တော်များ၏ ယုံကြည်ခြင်းမှ ဝေးကွာသွားခြင်းနှင့် ယနေ့ခေတ်တွင် ဘုရားသခင်ကို ဆာလောင်ငတ်မွတ်နေသူများ၏ မျှော်လင့်ချက်များကို သစ္စာဖောက်ခြင်းတို့ပင် ဖြစ်သည်။ သို့သော်လည်း အတူတကွ ခရီးပြုနေခြင်းသည် ရှင်သန်နေသော ဓလေ့ထုံးတမ်းစဥ်လာ၏ လှုပ်ရှားတက်ကြွမှုကို ဖော်ပြခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

ရ) ကိုယ်စားပြုဒီမိုကရေစီ၏တန်ဖိုးကို လျှော့မတွက်ဘဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ဓမ္မညီလာခံသည် သာသနာတော်နှင့် ဝိညာဉ်ရေးဆိုင်ရာ စရိုက်လက္ခဏာများ ကင်းစင်ကာ သာသနာ တော်၏ ဆင့်ကဲအုပ်ချုပ်မှုသဘာဝကို ထိခိုက်စေမည့် အချို့သော စိုးရိမ်ပူပန်မှုများကို တုံ့ပြန်ခဲ့သည်။ အချို့က သူတို့သည် ပြောင်းလဲရန် တွန်းအားပေးခံရမည်ကို စိုးရိမ်ကြသည်။ အခြားသူများက မည်သည့်အရာမှ ပြောင်းလဲမည်မဟုတ်ကြောင်းနှင့် ရှင်သန်နေသော ဓလေ့ထုံးတမ်းစဥ်လာ၏ စည်းချက်အတိုင်း ရွေ့လျားရန် သတ္တိနည်းလွန်းမည်ကို စိုးရိမ်ကြသည်။ အချို့သော စိတ်ရှုပ်ထွေးမှုနှင့် အတိုက်အခံများသည် အာဏာနှင့် ၎င်းနှင့်ပါလာသော အခွင့်ထူးများကို ဆုံးရှုံးမည့် စိုးရိမ်စိတ်ကို ဖုံးကွယ်ထားကြသည်။ မည်သို့ပင်ဆိုစေကာမူ ယဉ်ကျေးမှုဆိုင်ရာအခြေအနေအားလုံးတွင် "ဓမ္မညီလာခံဆိုင်ရာ"နှင့်အတူတကွ ခရီးပြုခြင်းဟူသော ဝေါဟာရများသည် တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း၊ သာသနာပြုခြင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းတို့ကို ထင်ရှားစေသော သာသနာတော် ဖြစ်တည်ခြင်း၏ နည်းလမ်းကို ညွှန်ပြပါသည်။ ဥပမာတစ်ခုသည် အမေဇုံဒေသရှိ ဆရာတော်ကြီးများ အဖွဲ့ချုပ် Amazon Ecclesial Conference (CEAMA) ဖြစ်ပြီး ထိုဒေသတွင် ဖြစ်ပေါ်ခဲ့သော သာသနာပြု ဓမ္မညီလာခံ၏ ရလဒ်ဖြစ်သည်။

၈) အကျယ်ပြန့်ဆုံး သဘောတရားအားဖြင့် အတူတကွ ခရီးပြုခြင်းသည် သာသနာပြုခြင်းကို ဦးထိပ်ထားကာ လူသားအားလုံးနှင့်အတူ နိုင်ငံတော်ဆီသို့၊ ခရစ်ယာန်များသည် ခရစ်တော်နှင့်အတူ လျှောက်လှမ်းခြင်းဟု နားလည်ရမည်ဖြစ်သည်။ ၎င်းတွင် ခရစ်ယာန် အသက်တာ၏ မတူညီသော အဆင့်များ ဓမ္မညီလာခံသို့ စုဝေးရောက်ရှိခြင်း၊ အချင်းချင်း နားထောင်ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ လူထုအကြား ပိုင်းခြားသိမြင်မှု တည်ဆောက်ခြင်း၊ ခရစ်တော် ဘုရားရှင်သည် ဝိညာဉ်တော် မြတ်ဘုရား၌ သက်ရှိထင်ရှားရှိနေစေခြင်း၏ ဖော်ပြချက်တစ်ခုအနေဖြင့် သဘောတူညီမှု တည်ဆောက်ခြင်းနှင့် ပူးပေါင်းတာဝန်ယူမှု ပါဝင်သော ကွဲပြားစွာ ဆုံးဖြတ်ချက်ချခြင်းတို့ ပါဝင်ပါသည်။

၉) အတွေ့အကြုံများနှင့် တွေ့ကြုံမှုများမှတစ်ဆင့် ကျွန်ုပ်တို့သည် ဤအသိတရားတွင် အတူတကွ တိုးတက်လာခဲ့သည်။ အချုပ်အားဖြင့်ဆိုရသော် အစောဆုံးသောကာလမှစ၍ စည်းဝေးပွဲသည် ခံယူချက်နှစ်ခုဖြင့် ပုံဖော်ထားသည်- ပထမအချက်မှာ ကျွန်ုပ်တို့သည် ဤနှစ်များအတွင်း ကျွန်ုပ်တို့ မျှဝေခဲ့သည့် အတွေ့အကြုံသည် ခရစ်ယာန်စစ်စစ်ဖြစ်ပြီး ၎င်း၏ကြွယ်ဝမှုနှင့် နက်နဲမှုအားလုံးကို လက်ခံယုံကြည်သင့်သည်၊ ဒုတိယအချက်မှာ "ဓမ္မညီလာခံဆိုင်ရာ“synodal" နှင့် "အတူတကွ  ခရီးပြုခြင်း“synodality" ဟူသော ဝေါဟာရများသည် မတူညီသော ယဉ်ကျေးမှုများတွင် ၎င်းတို့၏ အဓိပ္ပါယ်အဆင့်ဆင့်ကို ပိုမိုဂရုတစိုက် ရှင်းရှင်းလင်းလင်းသိရန် လိုအပ်ပါသည်။ လိုအပ်သောရှင်းလင်းချက်များနှင့်အတူ၊ ဓမ္မညီလာခံဆိုင်ရာအမြင်သည် သာသနာတော်၏ အနာဂတ်ကို ကိုယ်စားပြုကြောင်း အရေးကြီးသောသဘောတူညီချက် ထွက်ပေါ်လာခဲ့သည်။

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

၁) ထောက်ရှုဆင်ခြင်ပြီးသော အလုပ်ကို တည်ဆောက်ခြင်းတွင် သိုးထိန်းဆိုင်ရာ အသုံးပြုခြင်းမှ ဓမ္မသင်္ဂြိုလ် နှင့် ကာနွန်ဥပဒေဆိုင်ရာ အသုံးပြုမှုအထိ အဆင့်အမျိုးမျိုးတွင် အတူတကွ ခရီးပြုခြင်း၏ အဓိပ္ပါယ်ကို ရှင်းလင်းရန် လိုအပ်ပြီး၊ မရေရာသော သို့မဟုတ် ယေဘုယျဆန်လွန်းခြင်း သို့မဟုတ် ဖြတ်သန်းမှုအဖြစ် ပေါ်လာခြင်း အန္တရာယ်တို့ကို ရှင်းလင်းရန် လိုအပ်ပါသည်။ ထို့အတူ အတူတကွခရီးပြုခြင်းနှင့် တစ်လုံးတဝတည်းဖြစ်ခြင်းအကြား ဆက်နွယ်မှုအပြင် အတူတကွ ခရီးပြုခြင်းနှင့် တစ်ညီတစ်ညွတ် တစ်လုံးတစ်ဝတည်း လုပ်ဆောင်ခြင်းအကြား ဆက်စပ်မှုကို ရှင်းလင်းရန် လိုအပ်သည်ဟု ယူဆပါသည်။

၂) အရှေ့တိုင်း ခရစ်ယာန်နှင့် လက်တင် ဓလေ့ထုံးတမ်းများအကြား ကွဲပြားမှုများဖြစ်သော လိုက်နာကျင့်သုံးမှုနှင့် နားလည်မှုတို့ကို မြှင့်တင်ရန် ဆန္ဒတစ်ခုပေါ်ထွက်လာပြီး ၎င်းတို့ကြားတွင် ဆက်လက်လုပ်ဆောင်နေသော ဓမ္မညီလာခံဆိုင်ရာ လုပ်ငန်းစဥ်များ ပါဝင်သည့် တွေ့ဆုံမှုများကို မြှင့်တင်ခြင်းဖြင့် ဆက်လက်လုပ်ဆောင်နေပါသည်။

၃) အထူးသဖြင့် လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် အတူတကွ လျှောက်လှမ်းလေ့ရှိသည့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်း အရာများတွင် အတူတကွ ခရီးပြုခြင်း အသက်တာ၏ ဖော်ပြချက်များစွာကို ထုတ်နုတ်သင့်သည်။ ဤစာကြောင်း များတစ်လျှောက်တွင်၊ အတူတကွ ခရီးပြုခြင်းဆိုင်ရာ ကျင့်စဉ်သည် တစ်သီးပုဂ္ဂလဝါဒ၊ ကွဲပြားစေသော လူကြိုက်များမှုနှင့် တစ်သားတည်းဖြစ်စေသော ဂလိုဘယ်လိုက်ဇေးရှင်းအပေါ်  သာသနာတော်၏ ပရောဖက်ပြုချက်ဆိုင်ရာ တုံ့ပြန်မှု၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်။ ၎င်းသည် ဤပြဿနာများကို မဖြေရှင်းနိုင်သော်လည်း မျှော်လင့်ချက် အပြည့်နှင့် ပြုမူနေထိုင်ခြင်း၏ အခြားနည်းလမ်းကို ပံ့ပိုးပေးကာ၊ ရှုထောင့်များစွာကို ပေါင်းစပ်၍ နောက်ထပ် စူးစမ်း လေ့လာရန်နှင့် ထွန်းလင်းတောက်ပရန် လိုအပ်သည်။

အဆိုပြုချက်များ

၁) ရှင်သန်ခဲ့သော အတွေ့အကြုံ၏ ကြွယ်ဝမှုနှင့် နက်ရှိုင်းမှုသည် ဓမ္မညီလာခံ ခရီးစဉ်များတွင် ပါဝင်သူ အရေအတွက် တိုးပွားလာခြင်းနှင့် ယခုအချိန်အထိ ပေါ်ပေါက်လာသည့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို တားဆီးဖြစ်စေသောအရာများကို ကျော်လွှားနိုင်သည့်တန်ဖိုးများတို့ကို ညွှန်ပြစေသည်။

၂) လာမည့်နှစ်များအတွင်း ဓမ္မညီလာခံလုပ်ငန်းစဉ်တွင် ဦးပဉ္ဇင်းကြီးများ၊ ရဟန်းတော်များနှင့် ဆရာတော်ကြီးများ ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရန် နည်းလမ်းများ ဖော်ထုတ်ရန် လိုအပ်ပါသည်။ ဓမ္မညီလာခံ ကျင်းပနေသော သာသနာတော်သည် ၎င်းတို့၏ အသံများ၊ အတွေ့အကြုံများနှင့် ပံ့ပိုးမှုများမပါဘဲ မလုပ်နိုင်ပါ။ ၎င်းတို့ထဲမှ အချို့တို့၏ အတူတကွခရီးပြုခြင်းကို ဆန့်ကျင်နေရသည့် အကြောင်းရင်းများကို နားလည်ရန် လိုအပ်သည်။

) ဒစ်ဂျစ်တယ်ချန်နယ်များအပါအဝင် လူငယ်များသည် ၎င်းတို့၏ မိသားစုများ၊ လုပ်ဖော်ကိုင်ဖက်များ၊ သိုးထိန်းများနှင့် လွတ်လပ်စွာ စကားပြောဆိုရန် နေရာများနှင့်အတူ မျိုးဆက်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းလာစေရန် ဓမ္မညီလာခံယဉ်ကျေးမှု လိုအပ်ချက် အားကောင်းလာပါသည်။

၄) ဓမ္မညီလာခံ-ဒုတိယပိုင်းမတိုင်မီ စည်းဝေးပွဲ၏ ဝေါဟာရနှင့် သဘောတရားဆိုင်ရာ နားလည်မှုကို နက်နက်ရှိုင်းရှိုင်း နားလည်စေမည့် အတူတကွခရီးပြုခြင်း အလေ့အကျင့်ကို သင့်လျော်သော ဖိုရမ်တစ်ခုတွင် မြှင့်တင်ရန် စည်းဝေးပွဲမှ အဆိုပြုထားသည်။ အထူးသဖြင့်၊ ဒုတိယဗာတီကန်ကောင်စီ အချိန်မှစ၍ ကြွယ်ဝသော အမွေအနှစ်များဖြစ်သည့် လေ့လာတွေ့ရှိချက်များ၊ အထူးသဖြင့် ပုပ်ရဟန်းမင်းကြီးရုံးတော်မှ နိုင်ငံတကာ ဓမ္မသင်္ဂြိုလ်ဆိုင်ရာ ကော်မရှင်မှ ထုတ်ဝေသော အတူတကွ ခရီးပြုနေသော သာသနာတော်၏ ဘဝနှင့် သာသနာပြုခြင်း (the International Theological Commission on Synodality in the Life and Mission of the Church) (2018) စာတမ်းနှင့် သာသနာ တော်၏ ဘဝထဲရှိ ယုံကြည်ခြင်း အနှစ်သာရ (The Sensus Fidei in the Life of the Church) (2014) စာတမ်း တို့ကို အကျိုးရှိရှိ အသုံးချရမည်ဖြစ်သည်။

၅) အတူတကွ ခရီးပြုခြင်း ရှုထောင့်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များသည် အလားတူ ရှင်းလင်းချက် လိုအပ်ပါ သည်။ ယင်းနှင့်ပတ်သက်၍ ဓမ္မညီလာခံ-ဒုတိယပိုင်းအတွက် ကမ္ဘာ့တိုက်ကြီးများအဆင့် ဓမ္မသင်္ဂြိုလ် ပညာရှင်များနှင့် ကာနွန်ဥပဒေပညာရှင်များ အထူးကော်မရှင်တစ်ရပ်ဖွဲ့စည်းရန် အဆိုပြုထားသည်။

 

၆) ကာနွန်ဥပဒေနှင့် အရှေ့တိုင်း ကက်သလစ်အသင်းတော် (Eastern Churches) များ၏ ကာနွန်ဥပဒေ များကို ပြန်လည် ပြင်ဆင်ရန် အချိန်ရောက်လာပြီဟု ထင်ရသည်။ ထို့ကြောင့် ပဏာမလေ့လာမှုကို အကြံပြုထားပါသည်

 

 

2. ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူမှ စုစည်းပြီး စေလွှတ်ခြင်း။

တူညီမှုများ

) ဒုတိယဗာတီကန်ကောင်စီက ပြန်ပြောပြသည့်အတိုင်း၊ သာသနာတော်သည် "ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားတို့၏ စည်းလုံးညီညွတ်မှုဖြင့် အတူတကွ ရှိနေကြသောလူများ ဖြစ်သည်" (LG 4) ခမည်းတော်ဘုရားသည် သားတော်ဘုရားနှင့် ဝိညာဉ်တော်ဘုရား၏ ဆုကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့အား "ကျွန်ုပ်" မှ "ကျွန်ုပ်တို့" သို့ ရွေ့လျား စေသည့် တက်ကြွသော တစ်လုံးတစ်ဝတည်းဖြစ်ခြင်းနှင့် သာသနာပြုခြင်းတစ်ခုတွင် ကျွန်ုပ်တို့ကို ပါ၀င်စေပြီး ဤလောကကို အစေခံဖို့ရန် ကျွန်ုပ်တို့ကို နေရာပေးထားသည်။ အတူတကွ ခရီးပြုခြင်းကို ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ၏ တက်ကြွသော လှုပ်ရှားမှုများအားဖြင့် လူသားမျိုးနွယ်နှင့် တွေ့ဆုံရန် ကြွလာတော်မူသော ဘုရားသခင်၏ ဝိညာဉ်ရေးရာ သဘောထားများနှင့် သာသနာတော်၏ လုပ်ငန်းစဥ်များအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ ဤသို့ဖြစ်ရန်၊ ဆေးကြောခြင်း ခံယူပြီးသူအားလုံးသည် ၎င်းတို့၏ ခေါ်တော်မူခြင်းအသက်တာ၊ ဝိညာဥ်တော်မြတ်ဘုရား၏ ကျေးဇူးတော်နှင့် ဓမ္မအမှုတော် ဆောင်ခြင်း တို့ကို အပြန်အလှန်ကျင့်သုံးရန် လိုအပ်သည်။ ဤနည်းဖြင့်သာလျှင် သာသနာတော်သည် မိမိကိုယ်တိုင်နှင့်သာမက ကမ္ဘာနှင့်ပါစကားပြောဆိုဆက်ဆံမှုဖြစ်လာနိုင်သည် (cf. Ecclesiam 67) သခင်ယေဇူး၏ ပုံစံအတိုင်း လူသားတိုင်းနှင့် ဘေးချင်းယှဉ်၍ လျှောက်လှမ်းနိုင်မည် ဖြစ်သည်။

) ၎င်း၏မူလအစမှစ၍၊ သာသနာတော်၏ ဓမ္မညီလာခံခရီးမှာ အရာအားလုံးသည် ဘုရားသခင်၌သာ ဖြစ်သည်ဆိုသောအခါ ပြည့်ဝစုံလင်စွာ ပြီးမြောက်မည့် နိုင်ငံတော်ဆီသို့ ဦးတည်သည်။ အငယ်ဆုံးသော သူတို့အား အစေခံခြင်းအတွက် ရည်ရွယ်ထားသော သာသနာတော်၏ ညီအစ်ကို စိတ်ဓာတ်နှင့် သာသနာပြုခြင်း၏ သက်သေတို့သည် နိမိတ်လက္ခဏာနှင့် အသုံးခံ ကိရိယာတန်ဆာပလာတစ်ခု ဖြစ်သည့် နက်နဲရာအချက်များကို မည်သည့်အခါမျှ တိုင်းတာမည်မဟုတ်ပါ။ သာသနာတော်သည် ကြေညာဟောပြောခြင်း၏ ဗဟိုတွင် သူ့ကိုယ်သူ နေရာချနိုင်ရန် ၎င်း၏ ဓမ္မညီလာခံ ဖွဲ့စည်းပုံအပေါ် အာရုံမထားဘဲ ၎င်း၏ ဖွဲ့စည်းပုံ မပြည့်စုံမှု၌ပင် နိုင်ငံတော်ကြွလာခြင်းအတွက် ၎င်း၏အစေခံခြင်းကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရန်သာ အလေးထားသည်။

) ခရစ်ယာန်အသိုက်အဝန်းကို အသစ်ပြန်လည်ပြုပြင်ခြင်းသည် အရင်းခံဖြစ်သော ကျေးဇူးတော်ကို အသိအမှတ်ပြုခြင်းဖြင့်သာ ဖြစ်နိုင်သည်။ ဝိညာဉ်ရေးအတိမ်အနက်ကင်းမဲ့နေပါက၊ အတူတကွခရီးပြု ခြင်းသည် အပေါ်ယံအလှပြင်မှုအသစ် တစ်ခုအဖြစ်သာ တည်ရှိနေပါမည်။ မည်သို့ပင်ဆိုစေကာမူ ဝိညာဉ်ရေးဆိုင်ရာ အတွေ့အကြုံကို ရရှိစေသော လူမှုအသိုင်း အဝန်းလုပ်ငန်းစဥ်များကို အဓိပ္ပါယ် ပြန်ရန်သာမက ဘုရားသခင်နှင့် စစ်မှန်သောတွေ့ဆုံရာနေရာနှင့် ပုံစံဖြစ်သော ညီအစ်ကိုချင်း ဆက်ဆံရေးကို ပို၍နက်ရှိုင်းစွာ မည်သို့ခံစားရမည်ကို ကျွန်ုပ်တို့အား ဖိတ်ခေါ်နေသည်။ ဤသဘောအရ၊ ဓမ္မညီလာခံရှုထောင့်သည် ကြွယ်ဝသော ဝိညာဉ်ရေးအမွေအနှစ်များကို ပုံဖော်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းအတွက် လမ်းဖွင့်ပေးသော ဆုတောင်းခြင်း၊ အတူတကွ အသက်ရှင်နေထိုင်သော ဝေဖန်ပိုင်းခြားသိမြင်မှု၊ မျှဝေခြင်းနှင့် လင်းရောင်ဖြာသော အစေခံခြင်းမှ ထွက်ပေါ်လာသော သာသနာပြုစွမ်းအင်တစ်ခု စသည့် ၎င်း၏ပုံစံများကို အသစ်ပြန်လည် ဖြစ်စေသည်။

) ဝိညာဉ်တော်မြတ်ဘုရား၌ စကားပြောဆိုခြင်းသည် ၎င်း၏ကန့်သတ်ချက်များရှိသော်ငြား စစ်မှန်သော နားထောင်ခြင်းနှင့် သာသနာတော်များသို့ ဝိညာဉ်တော်မြတ်ဘုရားမိန့်ဆိုသည်ကို ဝေဖန်ပိုင်းခြား သိမြင်နိုင်စေခြင်းအတွက် အကျိုးရလဒ်တစ်ခုဖြစ်သည်။ ၎င်း၏အလေ့အကျင့်သည် ပျော်ရွှင်ခြင်း၊ အံ့သြခြင်းနှင့် ကျေးဇူးတင်ခြင်းတို့ကို ဖြစ်ပေါ်စေပြီး လူတစ်ဦးချင်း၊ အဖွဲ့များနှင့် သာသနာတော်တို့ကို ပြောင်းလဲစေသည့် အသစ် ပြန်လည်ဆန်းသစ်မှုလမ်းကြောင်းတစ်ခုအဖြစ် တွေ့ကြုံခံစားခဲ့ရသည်။ "စကားဝိုင်း" ဟူသော စကားလုံးသည် စကားပြောခြင်းဟူသော ဒိုင်ယာလော့သက်သက်ထက် ပိုမိုလေးနက်ပါသည်။ ၎င်းသည် တွေးခေါ်မှုနှင့် ခံစားချက်တို့ကို ဟန်ချက်ညီညီ ပေါင်းစပ်ကာ မျှဝေခံစားနိုင်သော ဘဝကမ္ဘာကို ဖန်တီးပေးသည်။ ထို့ကြောင့် ပြောင်းလဲခြင်းသည် စကားဝိုင်းတွင် အရေးပါသည်ဟု ဆိုနိုင်ပါသည်။ ၎င်းသည် မတူညီသောလူမျိုးများနှင့် ယဉ်ကျေးမှုများတွင် တွေ့ရှိရသည့် မနုဿဗေဒဆိုင်ရာ အချက်အလက် တစ်ခုဖြစ်ပြီး လူ့အသိုင်းအဝိုင်းအတွက် အရေးကြီးသောပြဿနာများကို ဖြေရှင်းရန်နှင့် ဆုံးဖြတ်ချက်များချရန်  စည်းလုံးညီညွတ်စွာ အတူတကွပေါင်းစည်းခြင်း၏ အလေ့အကျင့် တစ်ခုဖြစ်သည်။ ကျေးဇူးတော်သည် ဤလူ့အတွေ့အကြုံ ကို ဖြစ်ထွန်းစေသည်။ "ဝိညာဉ်တော် မြတ်ဘုရား၌" စကားပြောဆိုခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်မြတ်ဘုရား၏ မမှားမယွင်းနိုင်သော အသံကို ကြားနိုင်သည့်စစ်မှန်သော ဧဝံဂေလိတရားဟောပြောခြင်း အငွေ့အသက်ထဲတွင် ယုံကြည်ခြင်း ဝေမျှခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေခြင်း အတွေ့အကြုံ၌ အသက်ရှင်နေထိုင်ခြင်းဟု ဆိုလိုပါသည်။

) အတူတကွ ခရီးပြုခြင်းသည် သာသနာပြုရန် စေခိုင်းထားသောကြောင့် ခရစ်ယာန်အသိုက်အဝန်း သည် အခြားဘာသာတရား များ၏ အမျိုးသား၊ အမျိုးသမီးများ၊ ခံယူချက်များနှင့် ယဉ်ကျေးမှုများကို ညီရင်းအစ်ကို စိတ်ဓာတ်များ မျှဝေပေးရန် လိုအပ်ပါသည်။ တဖက်တွင် မိမိကိုယ်မိမိ ကိုးကား ပြောဆိုမှုနှင့် မိမိကိုယ်ကို ကာကွယ်ခြင်း အန္တရာယ်ကို ရှောင်ရှားရန်နှင့် အခြားတစ်ဖက်တွင်လည်း မိမိတို့၏အမှတ်လက္ခဏာများ ဆုံးရှုံးမည့်အန္တရာယ်ကို ရှောင်ရှားရန် လိုအပ်ပါသည်။ စကားပြောဆို ခြင်း၊ အပြန်အလှန် သင်ယူခြင်းနှင့် အတူတကွ လျှောက်လှမ်းခြင်းတို့၏ ယုတ္တိဗေဒသည် ဆင်းရဲနွမ်းပါးသူများအတွက် ဧဝံဂေလိတရားကြေညာဟောပြောခြင်းနှင့် အစေခံခြင်း၊ ဘုံကမ္ဘာမြေအိမ် ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ဓမ္မသင်္ဂြိုလ်ဆိုင်ရာ သုတေသနပြုခြင်း၊ သာသနာတော်၏ သိုးထိန်းတို့၏ပုံစံ ဖြစ်လာခြင်းတို့ကို ထင်ရှားစေရပါမည်။

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

၁)ခမည်းတော်ဘုရား၏အလိုတော်အတိုင်း စစ်မှန်သောနားထောင်ခြင်းကို အကောင်အထည်ဖော်နိုင်ရန်၊ ဓမ္မသင်္ဂြိုလ် အမြင်အရ သာသနာတော်၏ ဝေဖန်ပိုင်းခြားသိမြင်မှုစံနှုန်းများကို နက်ရှိုင်းအောင် လုပ်ဆောင်ရန် လိုအပ်ပုံရသည်၊ သို့မှသာ ဝိညာဉ်တော်မြတ်ဘုရား၏ လွတ်လပ်မှုနှင့် အသစ်အဆန်းကို ရည်ညွှန်းချက်သည်တစ်ကြိမ်တည်းနှင့်အပြီးအပိုင်ဖြစ်ပျက်ခဲ့သည့် (ဟေဗြဲ ၁၀:၁၀) ယေဇူး ခရစ်တော်သခင်၏ ဖြစ်ရပ်နှင့် သင့်လျော်စွာ ပေါင်းစပ်နိုင်စေမည် ဖြစ်သည်။ ၎င်းသည် သမ္မာကျမ်းစာတော်မြတ်တွင် သက်သေခံထားသော ဘုရားသခင်၏ နှုတ်ကပါဌ်တော်ကို နားထောင်ခြင်း၊ ရိုးရာဓလေ့ထုံးတမ်းစဥ်လာနှင့် သာသနာတော်၏ သွန်သင်ပိုင်ခွင့်အာဏာတို့ကို လက်ခံခြင်းနှင့် ခေတ်ကာလ၏ နိမိတ်လက္ခဏာများကို ပရောဖက်ပြုခြင်း ကြားက ဆက်နွယ်မှုကို ဦးစွာရှင်းလင်းရန် လိုအပ်သည်။

) ဤရည်ရွယ်ချက်အတွက်၊ ဉာဏ်ပညာနှင့် စိတ်ခံစားမှုဆိုင်ရာ ယုံကြည်ခြင်းအတွေ့အကြုံ၏ အတိုင်းအတာများကို မဆန့်ကျင်ဘဲ ပေါင်းစပ်နိုင်စွမ်းရှိသော မနုဿဗေဒနှင့် နာမ်ပိုင်းဆိုင်ရာ ရူပါရုံများကို မြှင့်တင်ရန် အလွန်အရေးကြီးပါသည်။

) သာသနာတော်၏ လုပ်ဆောင်နေကျ အခြားသော ဝေဖန်ပိုင်းခြားမှု ပုံစံများဖြစ်သည့် "တွေ့မြင်ခြင်း၊ ဆုံးဖြတ်ခြင်း၊ ပြုမူခြင်း" တို့ကို တွေးတောဆင်ခြင်ခြင်း သို့မဟုတ် "အသိအမှတ်ပြုခြင်း၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ရွေးချယ်ခြင်း" စသည့်ခြေလှမ်းများကို ထုတ်ဖော်ပြောဆိုခြင်းတို့သည်သာမက ဝိညာဉ်တော်မြတ်ဘုရား၌ စကားဝိုင်းသည် ဘာသာရေးဆိုင်ရာ တွေးခေါ်မှုနှင့် လူသားများနှင့် လူမှုရေးသိပ္ပံများ၏ ပံ့ပိုးမှုများကို ပေါင်းစပ်နိုင်ပုံကို ရှင်းလင်းရန် အရေးကြီးပါသည်။

) ဝေဖန်ပိုင်းခြားသိမြင်မှု အလေ့အကျင့်ကို ပေးနိုင်သော ရှေးခေတ်နှင့် ယခုခေတ်၊ ပရိတ်မေတ္တာများနှင့် အခြားသော ဝိညာဥ်ရေးကျင့်စဥ်များတို့ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သင့်သည်။ အမှန်စင်စစ်၊ သာသနာတော်၏ ဝိညာဥ်ရေးရာ အမွေအနှစ်များထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ရာစုနှစ်များ တစ်လျှောက် သန့်ရှင်းသောဝိညာဉ်တော်မြတ်ဘုရားမှ လမ်းညွှန်ခဲ့သည့် များစွာသော ပုံစံများနှင့် အမူအရာများတို့ကို တန်ဖိုးထားရန် သင့်လျော်ပါသည်။

အဆိုပြုချက်များ

) ယဉ်ကျေးမှုများနှင့် မတူညီသော ဝိညာဉ်ရေးထုံးတမ်းစဉ်လာများ၏ ကြွယ်ဝမှုကို တန်ဖိုးထားကာ ဝိညာဉ်တော်မြတ်ဘုရား၌ စကားဝိုင်းနှင့် သာသနာတော်များ၏ အသက်တာတွင် အခြားသော ဝေဖန် ပိုင်းခြားသိမြင်မှုပုံစံများကို စမ်းသပ်ပြီး လိုက်လျောညီထွေဖြစ်ရန် အဆိုပြုထားသည်။ သင့်လျော်သော အဖော်ပြုပုံစံများသည် ဤအလေ့အကျင့်ကို လွယ်ကူ ချောမွေ့စေပြီး ၎င်း၏ယုတ္တိကို ဆုပ်ကိုင်ကာ ဖြစ်နိုင်ချေရှိသော အတိုက်အခံများကို ကျော်လွှားရန် ကူညီပေးသည်။

) သာသနာတော်၏ ဝေဖန်ပိုင်းခြားသိမြင်မှုဆိုင်ရာ လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန်နှင့် လိုက်လျောညီထွေ ဖြစ်စေရန် ဒေသန္တရသာသနာတော်တစ်ခုစီအား သင့်လျော်ပြီး လေ့ကျင့်သင်ကြား ထားသော လူများကို ခန့်အပ်ခြင်းကို အားပေးပါသည်။

) သာသနာ့ဘဝ၏ လေးနက်မှုကို ထွန်းလင်းတောက်ပစေရန်အတွက် သာသနာ့နယ်ပယ်နှင့် လျော်ညီ သော နည်းလမ်းဖြင့် သိုးထိန်းဆိုင်ရာ အခင်းအကျင်းတွင် ဝေဖန်ပိုင်းခြားသိမြင်မှု အလေ့အကျင့်ကို အကောင်အထည်ဖော်ရန် အရေးကြီးပါသည်။ ၎င်းသည် လူ့အသိုင်းအဝန်းတွင် ရှိနေသည့် ဝိညာဥ်တော်မြတ်ဘုရား၏ ကျေးဇူးတော်များကို ပိုမိုကောင်းမွန်စွာ အသိအမှတ်ပြုရန်၊ လုပ်ငန်း တာဝန်များနှင့် ဓမ္မအမှုတော်ဆောင်ခြင်းများကို ပညာရှိစွာ အပ်နှင်းရန်၊ ဝိညာဉ်တော်မြတ် ဘုရား၏အလင်းတော်၌ သိုးထိန်းဆိုင်ရာလမ်းကြောင်းများကို ဒီဇိုင်းဆွဲရန်နှင့် လုပ်ဆောင်မှုများကို မည်ကာမတ္တ စီစဉ်ခြင်းထက် ကျော်လွန်သွားနိုင်စေမည် ဖြစ်သည်။

3. ယုံကြည်သူအသိုင်းအဝိုင်းထဲသို့ဝင်ရောက်ခြင်း - ခရစ်ယာန်ဘဝစတင်ခြင်း

တူညီမှုများ

၁) ခရစ်ယာန်ဘဝအသက်တာ စတင်ခြင်းဆိုသည်မှာ သာသနာတော်၏ ဓမ္မအမှုတော်ဆောင်ခြင်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ခရစ်တော်ဘုရားရှင် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသော ပါစကားယုံကြည်ခြင်းကို မိတ်ဆက်ပေးပြီး ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူနှင့် သာသနာတော်၏ တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းသို့ ထည့်သွင်းပေးသော ခရီးစဉ်ဖြစ်သည်။ ဤခရီးစဉ်သည် ဆောင်ရွက်သည့်အသက်အရွယ်ပေါ် မူတည်၍ ထူးခြားသောပုံစံအမျိုးမျိုး၊ အရှေ့နှင့်အနောက်တိုင်း ရိုးရာဓလေ့များ၏  ကွဲပြားသော အလေးထားပုံ တို့ကို သိရှိလာစေသည်။ မည်သို့ပင်ဆိုစေကာမူ၊ ဘုရားရှင်၏ နှုတ်ကပါဌ်တော်နှင့် ပြောင်းလဲခြင်း၊ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အခမ်းအနားများ၊ အသိုင်းအဝန်းသို့ ထည့်သွင်းခြင်းနှင့် ၎င်း၏တာဝန်ကို နားထောင်ခြင်းတို့သည် အမြဲရောယှက်နေ သည်။ ဤအကြောင်းကြောင့် အတိအကျ အားဖြင့်ဆိုရလျှင် ဘာသာဝင်ရန် ပြင်ဆင်မှုခရီးစဥ်သည်  ဖြေးဖြေးချင်း သူ့အဆင့်နှင့်သူ သာသနာတော်နှင့် အတူတကွ လျှောက်လှမ်းခြင်း၏ ပုံစံ ဖြစ်သည်။

၂) ခရစ်ယာန်ဘဝအသက်တာ အစပြုခြင်းသည် လူတစ်ဦးအား အမျိုးမျိုးသော ခေါ်တော်မူခြင်းများနှင့် သာသနာရေးဆိုင်ရာ ဓမ္မအမှုတော်ဆောင်ခြင်းများနှင့် ထိတွေ့စေပါသည်။ ၎င်းတို့တွင် ကလေးများနှင့် အတူ လမ်းလျှောက်၍ ၎င်းလမ်းလျှောက်တတ်အောင် သွန်သင်ပေးသည့် သာသနာတော်၏ မိခင်မျက်နှာကို ဖော်ပြသည်။ သူမသည် ၎င်းတို့ကို နားထောင်ပြီး သူတို့၏ သံသယများနှင့် မေးခွန်းများကို ဖြေကြားစဉ်တွင် လူတစ်ဦးစီသည် သူတို့၏ နောက်ခံသမိုင်း၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့နှင့်အတူ သယ်ဆောင်လာသည့် အသစ်အဆန်းများဖြင့် တိုးတက်လာပါသည်။ ဤသိုးထိန်းဆိုင်ရာ လုပ်ဆောင်မှု၏ အလေ့အကျင့်တွင် ခရစ်ယာန်အသိုက်အဝန်းသည် ပထမ ဆုံးသောပုံစံဖြစ်သည့် အတူတကွ ခရီးပြုခြင်းကို မကြာခဏ လုံးဝသတိမထားမိဘဲ တွေ့ကြုံ ခံစားရလေ့ရှိသည်။

၃) ဝိညာဥ်တော်မြတ်ဘုရား၏ ကျေးဇူးတော်နှင့် ဓမ္မအမှုတော်ဆောင်ခြင်း မကွဲပြားမီ၊ငါတို့အားလုံးသည် ဝိညာဉ်တော်မြတ်ဘုရား တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းအဖြစ် ဆေးကြောခြင်းကို ခံယူခဲ့ကြ၏။ (၁ကော ၁၂:၁၃) ထို့ကြောင့် ဆေးကြောခြင်း ခံယူပြီးသူအားလုံးတွင် တစ်ဦးချင်းစီ၏ ခေါ်တော်မူခြင်းအတိုင်း စစ်မှန်သော ဂုဏ်သိက္ခာနှင့်  သာသနာပြုရန်အတွက် ဘုံတာဝန်တစ်ခုရှိသည်၊ခပ်သိမ်းသောအမှုအရာတို့ကို သွန်သင် (၁ယော ၂:၂၇) တော်မူသော ဝိညာဉ်တော်မြတ်ဘုရား၏ ဘိသိက်ပေးခြင်းဖြင့် ယုံကြည်သူအားလုံးသည် ယုံကြည်ခြင်းအနှစ်သာရ (sensus fidei) ဟုခေါ်သော ဧဝံဂေလိအမှန်တရားဗီဇကို ပိုင်ဆိုင်ကြသည်။ ၎င်းတွင် ဘုရားသခင့်အမှန်တရားများနှင့်အတူ ဆက်စပ်နေသော သဘာဝတရားတစ်ခုနှင့် ယုံကြည်ခြင်း၏ အမှန်တရားနှင့် ကိုက်ညီသောအရာများကို အလိုလို နားလည်သဘောပေါက်စေသော ပင်ကိုစွမ်းရည်တစ်ခုပါရှိသည်။ ဓမ္မညီလာခံ ဖြစ်တည်စေ သည့် လုပ်ငန်းစဥ်များ (Synodical processes) သည် ဤကျေးဇူးတော်ကို မြှင့်တင်ပေးပြီး တမန်တော်ကြီးတို့မှ ဆင်းသက်လာသော ယုံကြည်ခြင်းတွင် ပါဝင်သည့်  သီးခြားအယူဝါဒ သို့မဟုတ် အလေ့အကျင့်တစ်ခုဟုတ်မဟုတ် ဆုံးဖြတ်ရန် သေချာသည့်စံနှုန်းဖြစ်သည့် ဘာသာတူများအားလုံး၏ သဘောတူညီချက် (consensus fidelium) တည်ရှိမှုကို အတည်ပြုနိုင်စေပါသည်။

၄) သန့်ရှင်းသော ဝိညာဥ်တော်မြတ်ဘုရား၏ ကျေးဇူးတော်သည် သာသနာတော်တွင် ခရစ္စမား အားပေးခြင်း စက္ကရမင်တူးအားဖြင့် တည်ရှိပါသည်။ ခရစ္စမားအားပေးခြင်းစက္ကရမင်တူးသည် ဘာသာတူများကို ဝိညာဉ်တော်မြတ်ဘုရား၏ ဆုကျေးဇူးများစွာဖြင့် ကြွယ်ဝစေပြီး သာသနာပြု လုပ်ငန်းတွင် ၎င်းတို့၏ ဘုံဆေးကြောခြင်းဂုဏ်သိက္ခာ၌ အရင်းခံကာ သူတို့၏ သတ်သတ်မှတ်မှတ် ဖြစ်သော ခေါ်တော်မူခြင်းကို မြှင့်တင်ရန် ဖိတ်ခေါ်သည်။ သာသနာတော်၏ ဓမ္မညီလာခံ စာမျက်နှာကို ပီပြင်စေသည့် ဝိညာဥ်တော်မြတ်ဘုရား၏ ကျေးဇူးတော်မျိုးစုံနှင့် ဓမ္မအမှုတော်ဆောင်ခြင်းများနှင့် ဆက်နွှယ်ရာတွင် ခရစ္စမားအားပေးခြင်းစက္ကရမင်တူး အရေးပါမှုကို ပိုမိုအလေးထားရမည်ဖြစ်သည်။

၅) မစ္ဆားတရားတော်မြတ်ပူဇော်ခြင်းကို အထူးသဖြင့် တနင်္ဂနွေနေ့တွင် ကျင်းပခြင်းသည် ဘုရားသခင်၏ သန့်ရှင်းသော လူများစုဝေးပြီး တွေ့ဆုံသည့် ပထမဆုံးနှင့် အခြေခံပုံစံဖြစ်သည်။ ကျင်းပရန် မဖြစ်နိုင်သည့်အခြေအနေတွင် ဘာသာတူများက ဆန္ဒရှိနေစဉ် ဘုရားရှင်၏ နှုတ်ကပါဌ်တော် ဂုဏ်ပြုပွဲကို ကျင်းပကြသည်။ မစ္ဆားတရားတော်မြတ်၌ ကျွန်ုပ်တို့မပြုလုပ်သည့် နက်နဲရာ ကျေးဇူးတော်တစ်ခုကို ကျင်းပကြသည်။ ခရစ်တော်ဘုရားရှင်၏ ခန္ဓာတော်နှင့် အသွေးတော်တွင် ပါဝင်ရန် ကျွန်ုပ်တို့ကို ဖိတ်ခေါ်ခြင်းဖြင့်၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကိုယ်တော်ရှင်နှင့်အတူ တစ်ကိုယ်တည်းဖြစ်စေသည်။ koinonia ( ကော. ၁၀:၁၆-၁၇) ဟူသော ဝေါဟာရကို စိန်ပေါလ် အသုံးပြုခြင်းမှအစပြု၍၊ ခရစ်ယာန်ထုံးတမ်းစဉ်လာအရတစ်လုံးတစ်ဝတည်းဖြစ်ခြင်းဟူသော စကားလုံးသည် မစ္ဆားတရားတော်မြတ်၌ အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို ရည်ညွှန်း သကဲ့သို့ ခရစ်ယာန် ဘာသာတူများနှင့် သာသနာတော်များကြား ဆက်ဆံရေး၏ သဘောသဘာဝကို ရည်ညွှန်းထားခဲ့သည်။ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ၏ နားမလည်နိုင်သော နက်နဲသောအတိမ်အနက်နှင့် ဘုရား၏အသက်တာကို တွေးတောဆင်ခြင်နိုင်စေရန် ဖွင့်ဟထားစဉ်၊ ဤအသုံးအနှုန်းသည် ဝိညာဉ်တော်မြတ်ဘုရား၏ အငွေ့အသက်ကို အမှန်တကယ်ပျံ့နှံ့စေသော အရိုးရှင်းဆုံးအမူအရာဖြင့် အချင်းချင်း ဆက်ဆံရေးဖြစ်သည့် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝဆက်ဆံရေးများကို ရည်ညွှန်းသည်- ထို့ကြောင့် မစ္ဆားတရားတော်မြတ်တွင် ကျင်းပနေသော တစ်လုံးတစ်ဝတည်းဖြစ်ခြင်းနှင့် မစ္ဆားတရား တော်မြတ်မှ စီးဆင်းလာသော တစ်လုံးတဝတည်းဖြစ်ခြင်းသည် အတူတကွ ခရီးပြုခြင်း လမ်းကြောင်း များကို ပြုလုပ်ညွှန်ပြနေပါသည်။

၆) ကိုယ်တော်မြတ်စက္ကရမင်တူးမှ ကျွန်ုပ်တို့သည် စည်းလုံးညီညွတ်မှုနှင့် မတူကွဲပြားမှုများကို ဟောပြောရန် သင်ယူခဲ့သည်- ထိုအရာများမှာ သာသနာတော်၏စည်းလုံးမှုနှင့် ခရစ်ယာန် အသိုင်းအဝိုင်းများ၏ များပြားမှု၊ စက္ကရမင်တူးဆိုင်ရာ နက်နဲရာအချက်များ၏ စည်းလုံးညီညွတ်မှုနှင့် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ဓလေ့ထုံးတမ်းအမျိုးမျိုးတို့၏ ကွဲပြားမှု၊ အခမ်းအနား ကျင်းပခြင်း၏ စည်းလုံးညီညွတ်မှုနှင့် ကွဲပြားသော ခေါ်တော်မူခြင်းများ၊ ကျေးဇူးတော်များနှင့် ဓမ္မအမှုတော် ဆောင်ခြင်း များတို့ ဖြစ်ကြပါသည်။ ဝိညာဉ်တော်မြတ်ဘုရားမှ ဖန်တီးထားသော သဟဇာတ ဖြစ်မှုသည် တစ်ပုံစံတည်းမဟုတ်ကြောင်းနှင့် သာသနာတော်၏ ကျေးဇူးတော်တိုင်းသည် ဘုံတိုးတက် ဖွံ့ဖြိုးရန်အတွက် ရည်ရွယ်ထားကြောင်း ကိုယ်တော်မြတ်စက္ကရမင်တူးထက် မည်သည့်အရာကမျှ ဖော်ပြခြင်းမရှိပေ။

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

၁) ဆေးကြောခြင်းစက္ကရမင်တူးကို သီးခြားခွဲ၍သော်လည်းကောင်း၊ ခရစ်ယာန်ဘဝ အစပြုခြင်း၏ ယုတ္တိ အပြင်ဘက် တွင်လည်းကောင်း နားလည်နိုင်မည်မဟုတ်သလို တစ်သီးပုဂ္ဂလအမြင်ဖြင့်လည်း နားလည်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ခရစ်ယာန်ဘဝ စတင်ခြင်း၏ ပိုမိုစည်းလုံးသောအမြင်မှ ရရှိလာနိုင်သည့် အတူတကွ ခရီးပြုခြင်းနှင့် ပတ်သက်သော နားလည်မှုဆိုင်ရာ ပံ့ပိုးကူညီမှုကို ထပ်မံစူးစမ်းရန် လိုအပ်ပါသည်။

၂) ယုံကြည်ခြင်း အနှစ်သာရ၏ ရင့်ကျက်မှုသည် ဆေးကြောခြင်းစက္ကရမင်တူးကို ခံယူရုံသာမက၊ စက္ကရမင်တူးမင်္ဂလာ၏ ကျေးဇူးတော်ကို စစ်မှန်သောနောက်လိုက်တပည့်တော်ဖြစ်ခြင်း အသက်တာ အဖြစ်သို့ တိုးတက်လာရန် လိုအပ်သည်။ လွှမ်းမိုးကြီးစိုးသောတွေးခေါ်မှုကို ဖြစ်စေသည့် ယဉ်ကျေးမှု လွှမ်းမိုးခြင်း၏ ရလဒ် သို့မဟုတ် ဧဝံဂေလိတရားနှင့်မကိုက်ညီသော မည်သည့်အခြေအနေတွင်မဆို ထိုအရာသည် ဝိညာဉ်တော် မြတ်ဘုရား၏ လုပ်ဆောင်ချက်ကို ဝေဖန်ပိုင်းခြား သိမြင်နိုင်စေသည့်၊ ဤအကြောင်းအရာသည် သင့်လျော်သော ဓမ္မသင်္ဂြိုလ်ဆိုင်ရာ ထောက်ရှုမှုဖြင့် နက်ရှိုင်းစေရန် လိုအပ်သောအကြောင်းအရာဖြစ်သည်။

၃) အတူတကွ ခရီးပြုခြင်းကို ထောက်ရှုဆင်ခြင်ခြင်းသည် ဝိညာဉ်တော်မြတ်ဘုရား၏ ကျေးဇူးတော်များနှင့် ပါရမီအမျိုးမျိုးတို့၏ သဟဇာတဖြစ်မှုကို ထင်ရှားစေခြင်းအားဖြင့် ခရစ္စမားအားပေးခြင်း မင်္ဂလာ၏ နားလည်မှုကို အသစ်တဖန် ထိုးထွင်းသိမြင်နိုင်စွမ်း ရှိစေသည်။ မတူညီသော သာသနာဆိုင်ရာ အတွေ့အကြုံများအရ၊ ဤခရစ္စမား အားပေးခြင်းစက္ကရမင်တူးအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကျင်းပခြင်းများ ပိုမိုဖြစ်ထွန်းစေရန် နည်းလမ်းများကို လေ့လာသင့်သည်၊ ထို့ကြောင့် ဘာသာတူများ အသိုင်းအဝန်းတည်ဆောက်ရေး၊ ကမ္ဘာပေါ်ရှိ သာသနာပြုခြင်းနှင့် ယုံကြည်ခြင်းအတွက် သက်သေခံခြင်းအားလုံးတွင် နိုးထလာစေရန် နည်းလမ်းများကို လေ့လာသင့်ပါသည်။

၄) သိုးထိန်းဆိုင်ရာ သီအိုရီရှုထောင့်မှနေ၍ ဘာသာဝင်ရန် ပြင်ဆင်နေသူတို့၏ ယုတ္တိဗေဒသည် လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်တူးခံယူရန် ပြင်ဆင်ခြင်း၊ သို့မဟုတ် အတတ်ပညာဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ကတိကဝတ် ရွေးချယ်မှုများတွင် အတူလက်တွဲ အဖော်ပြုပေးခြင်း သို့မဟုတ် သိက္ခာခံ ဓမ္မအမှုတော်ဆောင်ခြင်းများအတွက် ပြုစုပျိုးထောင်ခြင်းကဲ့သို့သော အခြားသိုးထိန်းဆိုင်ရာ လမ်းကြောင်းများကိုလည်း အသိဉာဏ်ပွင့်လင်းစေနိုင်ကြောင်း ဆက်လက်သုတေသနပြုရန် အရေးကြီးပါသည်။ ဤသုတေသနပြုခြင်း၌ သာသနာ့အသိုက်အဝန်းတစ်ခုလုံး ပါဝင်ရပါမည်။

အဆိုပြုချက်များ

၅) မစ္ဆားတရားတော်မြတ်သည် အတူတကွ ခရီးပြုခြင်းကို ပုံသဏ္ဌာန်ပြုပါက၊ ပထမအဆင့်တွင် ကျေးဇူးတော်နှင့် စစ်မှန်သော ညီရင်းအစ်ကိုများစိတ်ဓာတ်နှင့် နေထိုင်ကာ မစ္ဆားတရားတော်မြတ်၏ ကျေးဇူးတော်ကို ဂုဏ်ပြုသည့် ပုံစံဖြင့် ဂုဏ်ပြုရန်ဖြစ်သည်။ စစ်မှန်မှုဖြင့် ကျင်းပသော ဝတ်ပြုကိုးကွယ်ခြင်းသည် နောက်လိုက်တပည့်တော် ဖြစ်ခြင်းနှင့် ညီရင်းအစ်ကို စိတ်ဓာတ်၏ ပထမဆုံးနှင့် အခြေခံအကျဆုံးသော ကျောင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ပြုစုပျိုးထောင်ခြင်း အစပျိုးမှု တစ်စုံတစ်ရာမပြုမီ၊ မစ္ဆားတရားတော်မြတ်၏ အစွမ်းထက်လှသော လှပမှုနှင့် မွန်မြတ်ရိုးရှင်းသော အမူအရာများ၏ ပြုစုပျိုးထောင်ခြင်းကို ကျွန်ုပ်တို့ ကိုယ့်ကိုကိုယ် ခွင့်ပြုရမည် ဖြစ်သည်။

၆) ဒုတိယအဆင့်သည် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ဘာသာစကားကို ဘာသာတူများနှင့် မတူကွဲပြားသော ယဉ်ကျေးမှုများတွင် ပိုမိုလက်လှမ်းမှီနိုင်စေရန် လိုအပ်မှုအား ကျယ်ကျယ်ပြန့်ပြန့် အစီရင်ခံ တင်ပြလာ ခြင်းကို ရည်ညွှန်းပါသည်။ အစဥ်အလာမပျက် ဓလေ့ထုံးတမ်းစဉ်လာနှင့် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ပြုစုပျိုးထောင် ခြင်းတို့ကို မေးခွန်းမထုတ်ဘဲ၊ ဤကိစ္စကို ဆင်ခြင်သုံးသပ်ကာ ဆရာတော်များ အဖွဲ့ချုပ်များက ပိုမိုတာဝန်ယူရမည့် ပုပ်ရဟန်းမင်းကြီး၏ စာချွန်တော် “motu proprio Magnum principium” ညွှန်ကြားချက်များအတိုင်း လိုက်ပါ ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

ရ) တတိယအဆင့်မှာ မစ္ဆားတရားတော်မြတ်ပူဇော်ခြင်းအခမ်းအနားတစ်ခုတည်းကို မကန့်သတ်ဘဲ စုပေါင်းဆုတောင်းခြင်း ပုံစံအားလုံးကို မြှင့်တင်ရန်မှာ သိုးထိန်းများ၏ ကတိကဝတ်ဖြစ်သည်။ ဝတ်ပြုကိုးကွယ်ခြင်း ဆိုင်ရာ ဆုတောင်းမေတ္တာများ၏ အခြားအသုံးအနှုန်းများအပြင် ဒေသဆိုင်ရာ ယဉ်ကျေးမှုအလိုက် ထင်ရှားကျော်ကြားသော သဒ္ဓါကြည်ညိုခြင်းများတို့သည်  ခရစ်ယာန်ဘာသာ၏ နက်နဲသောအရာများကို ဖြည်းဖြည်းချင်း မိတ်ဆက်ပေးခြင်း၊ သာသနာတော်နှင့် အကျွမ်းဝင်မှု နည်းပါးသူများကိုလည်း ဘုရားရှင်နှင့် နီးကပ်စွာ ထိတွေ့ လာနိုင်စေခြင်း၊ ဘာသာတူအားလုံး၏ ပါဝင်ပတ်သက်မှုကို မြှင့်တင်ခြင်းတို့အတွက် အလွန်အရေးကြီးသည့်အချက်များ ဖြစ်သည်။ ထင်ရှားကျော်ကြားသော သဒ္ဓါကြည်ညိုခြင်းပုံစံများထဲတွင် အမိမယ်တော်အား သဒ္ဓါကြည်ညိုခြင်း သည် လူအများ၏ယုံကြည်ခြင်းကို တည်တံ့ခိုင်မြဲစေရန် ထိန်းကျောင်းပေးနိုင်သောကြောင့် အထူးထင်ရှားသည်။

4. ဆင်းရဲသားများ၊ သာသနာတော်၏ အဓိက ဇာတ်ဆောင်များ

တူညီမှုများ

) သာသနာတော်မှ ဆင်းရဲသားများသည် ချစ်ခြင်းမေတ္တာကို တောင်းဆိုကြပါသည်။ ချစ်ခြင်းမေတ္တာ သည် အစားအသောက်၊ ငွေကြေး သို့မဟုတ် လူမှုရေးဝန်ဆောင်မှုများ မပါလျှင် လေးစားမှု၊ လက်ခံမှုနှင့် အသိအမှတ်ပြုမှုကို ဆိုလိုခြင်းမှာ သေချာပေါက် အရေးကြီးသော အကူအညီပုံစံကို ကိုယ်စားပြုသော်လည်း လူ၏ဂုဏ်သိက္ခာကို အပြည့်အဝ မဖော်ညွှန်းနိုင်ပေ။ လေးစားမှုနှင့် အသိအမှတ်ပြုမှုသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ စွမ်းရည်များကို အသက်သွင်းရန် အစွမ်းထက်သော ကိရိယာများဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးစီသည် မိမိ သို့မဟုတ် သူမ၏ ကိုယ်ပိုင် တိုးတက်ကြီးထွား ရန် လမ်းကြောင်းဖြစ်ပြီး အခြားသူများ၏ အဆင်ပြေစေရေးအတွက် လုပ်ဆောင်မှု၏ အရာမဟုတ်ပေ။ 

) ဆင်းရဲသားများအတွက် ဦးစားပေးရွေးချယ်မှုမှာ ခရစ်တော်၏ယုံကြည်ခြင်းတွင် အကျုံးဝင်သည်- သခင်ယေဇူးသည် ဆင်းရဲနွမ်းပါးနှိမ့်ချစွာ၊ ဆင်းရဲသူများကို မိတ်ဖွဲ့ကာ၊ ဆင်းရဲသားများနှင့် သွားလာကာ၊ ဆင်းရဲသားများနှင့် စားပွဲဝိုင်းကို မျှဝေကာ ဆင်းရဲခြင်းအကြောင်းရင်းများကို ရှုတ်ချခဲ့သည်။ သာသနာတော်အတွက်၊ ဆင်းရဲသားနှင့် စွန့်ပစ်ခံထားရသူများ အတွက် အခန်းကဏ္ဍသည် ယဉ်ကျေးမှု၊ လူမှုရေး၊ နိုင်ငံရေး သို့မဟုတ် ဒဿနိကဗေဒဆိုင်ရာကဏ္ဍများ၏ ရှေ့တွင်ရှိသော ဘာသာရေးဆိုင်ရာ အမျိုးအစား ဖြစ်သည်။ ဘုရားသခင်သည် ဆင်းရဲသားတို့အား ကိုယ်တော်ရှင်၏ကရုဏာကို ဦးစွာ ပေးသနားတော်မူ၏ဟု  စိန့်ဂျွန်ပေါလ် II က ခံယူခဲ့ပါသည်။ ဤဘုရားသခင်၏အလိုဆန္ဒသည်ယေဇူးခရစ်တော်ကဲ့သို့ တူညီသောစိတ်သဘောထားများကိုပြုစုပျိုးထောင်ရန် ဖိတ်ခေါ်ခြင်း ခံရသော ခရစ်ယာန်အားလုံး၏ ဘဝအသက်တာတွင် အကျိုးဆက်များ ရှိပါသည်။

) ဆင်းရဲမွဲတေမှုသည် တစ်မျိုးတည်းရှိသည် မဟုတ်ပါ။ ဆင်းရဲနွမ်းပါးမှု၏ ဝိသေသလက္ခဏာများထဲတွင် ဂုဏ်သိက္ခာရှိသောဘဝတစ်ခုကို တည်ဆောက်ရန် လိုအပ်ချက်ရှိသောသူများလည်း ပါဝင်ပါသည်။ ထိုအခါမှာ ရွှေ့ပြောင်းဒုက္ခသည်များ၊ ဌာနေ၊ မူရင်းနှင့် အာဖရိကနွယ်ဖွားများ၊ အကြမ်းဖက်မှုနှင့် အလွဲသုံးစားပြုခံရသူများ အထူးသဖြင့် အမျိုးသမီးများ၊ ဆေးစွဲနေသူများ၊ ပြောရေးဆိုခွင့်ကို စနစ်တကျ ငြင်းဆိုခံနေကြရသော လူနည်းစုများ၊ စွန့်ပစ်ခံရသော သက်ကြီးရွယ်အိုများ၊ လူမျိုးရေးခွဲခြားမှု၊ ခေါင်းပုံဖြတ်မှုနှင့် လူကုန်ကူးမှုတို့၏ သားကောင်များ အထူးသဖြင့် အရွယ်မရောက် သေးသူများ၊ ခေါင်းပုံဖြတ်ခံရသော အလုပ်သမားများ၊ စီးပွားရေးအရ ဖယ်ထုတ်ထားပြီး နယ်အစွန်အဖျားများတွင် နေထိုင်ကြသူများတို့ ရှိကြပါသည်။ စဉ်ဆက်မပြတ် ထောက်ခံအားပေးမှု လိုအပ်နေသော ထိခိုက်လွယ်သူများတွင် အထိခိုက်နိုင်ဆုံးမှာ မိခင်သားအိမ်အတွင်းရှိ ကလေးငယ်များ နှင့် ၎င်းတို့၏မိခင်များ ဖြစ်ကြပါသည်။ ဓမ္မညီလာခံသည် မတူညီသော တိုက်ကြီးများတွင် နိုင်ငံများစွာကို နှောင့်ယှက်နေသောစစ်ပွဲများနှင့် အကြမ်းဖက်ဝါဒမှ ထွက်ပေါ်လာသော "ဆင်းရဲသားအသစ်" ငိုကြွေးသံကို သိရှိပြီး ၎င်းတို့ကို ဖြစ်စေသော အကျင့်ပျက် နိုင်ငံရေးနှင့် စီးပွားရေး စနစ်များကို ရှုတ်ချပါသည်။

) ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲမွဲတေမှုပုံစံများစွာနှင့်အတူ ကျွန်ုပ်တို့၏ကမ္ဘာသည် ဘဝ၏ အဓိပ္ပါယ် ကင်းမဲ့မှု အဖြစ် နားလည်သဘောပေါက်ထားသော ဝိညာဉ်ရေးရာဆင်းရဲနွမ်းပါးမှုကိုလည်း သိပါသည်။ မိမိကိုယ်ကို အလွန်အကျွံ စွဲလမ်းခြင်းသည် အခြားသူများကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်ကာ တစ်ကိုယ်ကောင်းဆန်မှုတွင် မိမိကိုယ်ကို တွယ်ကပ်စေနိုင်သည်။ မှတ်သားထားသည့်အတိုင်း ရုပ်ပစ္စည်းဆင်းရဲမှုနှင့် ဝိညာဉ်ရေးရာဆင်းရဲမွဲတေမှုတို့ ပေါင်းစည်းမိသောအခါ အချင်းချင်း၏ လိုအပ်ချက်များအတွက် အဖြေကိုရှာဖွေနိုင်သည်။ ဤသည်မှာ ဓမ္မညီလာခံ ကျင်းပနေသော သာသနာတော်၏ အမြင်ကို အခိုင်အမာဖြစ်စေသော အတူတကွ လျှောက်လှမ်းခြင်းဖြစ်ပြီးအတွင်းစိတ်ဖြင့် ဆင်းရဲသောသူတို့သည် မင်္ဂလာရှိကြ၏ (မာတေဦး ၅း၃) ဆိုသည့် ဧဝံဂေလိ တရားတော်မြတ်၌ ဖော်ပြထားသော မင်္ဂလာတရား၏ ပြည့်ဝသောအဓိပ္ပါယ်ကို ဖော်ထုတ် ပြသပါလိမ့်မည်။

) ဆင်းရဲသားတို့နှင့်အတူ ရပ်တည်ခြင်းဟူသည် ကျွန်ုပ်တို့၏ဘုံကမ္ဘာမြေအိမ်ကို ဂရုစိုက်ခြင်း၌ သူတို့နှင့် ပေါင်းစည်းခြင်း ဖြစ်သည်။ ကမ္ဘာမြေကြီး၏ ငိုကြွေးသံနှင့် ဆင်းရဲသားတို့၏ ငိုကြွေးသံသည် အတူတူပင် ဖြစ်သည်။ တုံ့ပြန်မှုမရှိခြင်းက ဂေဟဗေဒအကျပ်အတည်းနှင့် ရာသီဥတုပြောင်းလဲမှု အထူးသဖြင့် လူသားမျိုးနွယ်တို့၏ အသက်ရှင်သန်မှုအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ဓမ္မညီလာခံ ဖွင့်ပွဲနှင့် တိုက်ဆိုင်စွာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ထုတ်ဝေသော Laudate Deum က ထောက်ပြထားသည်။ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကို အများဆုံး ကြုံတွေ့ရသည့် နိုင်ငံများရှိ ခရစ်ယာန်အသင်းတော်များသည် ပြောင်းလဲခြင်း၏ အရေးတကြီးလမ်းစဉ်ကို စိတ်အား ထက်သန်စွာ သိရှိကြသည်။ ယင်းက ကမ္ဘာပေါ်ရှိ အခြားဒေသန္တရ ခရစ်ယာန် သာသနာတော်များ၏ ခရီးစဉ်အတွက် ၎င်းတို့၏ပံ့ပိုးကူညီမှုကို ကိုယ်စားပြုသည်။

) သာသနာတော်၏ကတိကဝတ်သည် ဆင်းရဲမွဲတေမှုနှင့် ချန်လှပ်ခြင်း၏ အကြောင်းရင်းများကို ရယူရမည် ဖြစ်သည်။ ၎င်းတွင် ဆင်းရဲသားများနှင့် ဖယ်ကျဉ်ခံထားရသူများ၏ အခွင့်အရေးများကို ကာကွယ်ရန် လုပ်ဆောင်ချက်များ ပါ၀င်ပြီး လူတစ်ဦးချင်း၊ အစိုးရများ၊ ကော်ပိုရေးရှင်းများ သို့မဟုတ် လူမှုအဖွဲ့အစည်းများမှ ကျူးလွန်သည့် မတရားမှုများကို လူသိရှင်ကြား ရှုတ်ချရန် လိုအပ်နိုင်ပါသည်။ ယင်းအတွက်၊ ၎င်းတို့၏ တောင်းဆိုချက်များနှင့် သဘောထားအမြင်များကို နားထောင်ခြင်းသည် ၎င်းတို့၏ စကားလုံးများကို အသုံးပြု၍ ထုတ်ဖော်ပြောကြားပေးရန် မရှိမဖြစ် လိုအပ်ပါသည်။

) ခရစ်ယာန်များသည် ဘုံကောင်းကျိုးကို တည်ဆောက်ရန်နှင့် အသက်၏ဂုဏ်သိက္ခာကို ကာကွယ်ရန်၊ သာသနာတော်၏ လူမှုရေးအယူဝါဒမှ လှုံ့ဆော်မှုရယူရန်နှင့် ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်ခြင်း (အရပ်ဘက် အဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့ အစည်းများ၊ လူထုလှုပ်ရှားမှုများ၊ အခြေခံလူတန်းစား အဖွဲ့အစည်းများ၊ နိုင်ငံရေး နယ်ပယ်များ စသည်) တက်ကြွစွာ ပါဝင်လုပ်ဆောင်ရန် ခရစ်ယာန်များသည် ကတိသစ္စာပြုရန် တာဝန်ရှိသည်။ သာသနာတော်သည် ၎င်းတို့၏ လုပ်ဆောင်မှုများအတွက် အလွန်ကျေးဇူးတင်ကြောင်း ဖော်ပြသည်။ လူမှုအသိုင်းအဝိုင်းများသည် ဤနယ်ပယ်များတွင် အလုပ်လုပ်သူများကို စစ်မှန်သော ပရဟိတစိတ်နှင့် အစေခံနိုင်ရန် ပံ့ပိုးကူညီပေးသည်။ သူတို့၏ လုပ်ဆောင်ချက်များသည် ဧဝံဂေလိတရားကို ကြေငြာခြင်းနှင့် ဘုရားသခင်၏ နိုင်ငံတော် ကြွလာချိန်တွင် ပူးပေါင်းလုပ်ဆောင်ခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။

၈) ဆင်းရဲသားများအကြား၊ ခရစ်ယာန်အသိုင်းအဝိုင်းသည် ချမ်းသာကြွယ်ဝသူ ဖြစ်သော်လည်း ကျွန်ုပ်တို့အတွက် ဆင်းရဲသားဖြစ်လာသော ခရစ်တော်ဘုရားရှင်၏ မျက်နှာတော်နှင့် ခန္ဓာတော်ကို တွေ့ကြုံခံစားရခြင်းကြောင့် ခရစ်တော်ဘုရားရှင်၏ ဆင်းရဲခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကြွယ်ဝချမ်းသာလာမည် (၂ကော ၈း၉) သူတို့နှင့် ရင်းနှီးရန်သာမက သူတို့ထံမှ သင်ယူရန် ဖိတ်ခေါ်ပါသည်။ ဓမ္မညီလာခံကျင်းပခြင်းဆိုသည်မှာ လမ်းခရီးဖြစ်သော ခရစ်တော်ဘုရားရှင်နှင့် အတူတကွ ခရီးပြုခြင်းကို ဆိုလိုလျှင် ဓမ္မညီလာခံ ကျင်းပနေသော သာသနာတော်သည် ဆင်းရဲသော သူတို့ကို သူမ၏ ဘဝကဏ္ဍပေါင်းစုံ၏ ဗဟိုချက်မတွင် ထားရန် လိုအပ်သည်- သူတို့၏ ဆင်းရဲဒုက္ခများ အားဖြင့် ဒုက္ခခံထမ်းခဲ့သော ခရစ်တော်ဘုရားရှင်ကို တိုက်ရိုက်သိခြင်း ဖြစ်သည် (cf. Evangelii gaudium, no. ၁၉၈) သူတို့ဘဝအသက်တာနှင့် သခင်ဘုရား၏ဘဝအသက်တာ ဆင်တူမှုသည် ဆင်းရဲသားများအတွက် ကယ်တင်ခြင်း သတင်းကောင်းကို လက်ဆောင်အဖြစ်ရရှိပြီး ဧဝံဂေလိတရား ဝမ်းမြောက်ရွှင်လန်းမှုကို သက်သေဖြစ်စေသည်။

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

) ကမ္ဘာ့နေရာအချို့တွင် သာသနာတော်သည် ဆင်းရဲသားများအတွက်၊ ဆင်းရဲသားများနှင့်အတူ ဆင်းရဲသည်။ ဆင်းရဲသားများကိုသူတို့ကိုနှင့်ကျွန်ုပ်တို့ကိုဆိုသည့်အသုံးအနှုန်း၌ သာသနာတော် ပရဟိတလုပ်ငန်း၏အရာဝတ္ထုများအဖြစ် ရှုမြင်ခြင်းကို ဂရုတစိုက် ရှောင်ရှားရမည့် အန္တရာယ်ရှိပါသည်။ ဆင်းရဲသားများကို ဗဟိုပြုကာ ၎င်းတို့ထံမှ သင်ယူခြင်းသည် သာသနာတော်က ပိုမိုလုပ်ဆောင်ရန် လိုအပ်သောအရာဖြစ်သည်။

) တရားမမျှတမှုအခြေအနေများကို ပရောဖက်ပြုရှုတ်ချခြင်းနှင့် သံခင်းတမန်ခင်းပုံစံများကို ပြန်လည် ချေပရန် လိုအပ်သည့် မူဝါဒချမှတ်သူများအား အားပေးထောက်ခံခြင်းသည် တက်ကြွသောတင်းမာမှုကို ထိန်းသိမ်းထားရမည်ဖြစ်သည်။ သို့မှသာ ရှင်းလင်းပြတ်သားမှုနှင့် အသီးအပွင့်များကို မဆုံးရှုံးစေရန် ဖြစ်သည်။ အထူးသဖြင့်၊ သာသနာတော်၏ ဖွဲ့စည်းပုံများမှ အများသူငှာ သို့မဟုတ် သီးသန့်ရန်ပုံငွေများ ကို အသုံးပြုခြင်းသည် ဧဝံဂေလိတရားတော်၏ တောင်းဆိုချက်များအတွက် လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ထားခြင်းမဟုတ်ကြောင်း သေချာစေရန် ဂရုပြုရမည်ဖြစ်သည်။

) ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုနယ်ပယ်များတွင် မည်သူ့ကိုမျှ ခွဲခြားဆက်ဆံခြင်း သို့မဟုတ် ချန်လှပ်ထားခြင်းမရှိဘဲ လုပ်ဆောင်ခြင်းသည် သာသနာတော်၏ အဖွဲ့ဝင်များနှင့် လူ့အဖွဲ့အစည်းအတွင်း အားအနည်းဆုံးလူများ၏ ပေါင်းစည်းမှုနှင့် ပူးပေါင်းပါဝင်မှုကို အားပေးသည့် သာသနာတော်တစ်ခု၏ ထင်ရှားသော လက္ခဏာတစ်ရပ် ဖြစ်သည်။ ဤနယ်ပယ်တွင် တက်ကြွလှုပ်ရှားနေသော အဖွဲ့အစည်းများသည် ၎င်းတို့ကိုယ်ကို ခရစ်ယာန်အသိုင်းအဝိုင်း၏ ဖော်ပြချက်များအဖြစ် မြင်တွေ့ရန်နှင့် ရင်းနှီးဖော်ရွေမှု မရှိသော ပရဟိတနေထိုင်မှုပုံစံကို ရှောင်ရှားရန် တိုက်တွန်းထားသည်။ ကွန်ရက်နှင့် ညှိနှိုင်းဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

) သာသနာတော်သည် ၎င်း၏ သမာဓိနှင့် လိုက်လျောညီထွေဖြစ်ကြောင်း သက်သေခံနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများတွင် အလုပ်လုပ်နေသူများသည် တရားမျှတမှု၏ တောင်းဆိုချက်များကို မည်ကဲ့သို့ ဖြည့်ဆည်းပေးသည်ကို ဆန်းစစ်ရာတွင် ရိုးသားရမည်။

) သာသနာတော်သည် ၎င်း၏ သမာဓိနှင့် လိုက်လျောညီထွေဖြစ်ကြောင်း သက်သေခံနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများတွင် အလုပ်လုပ်နေသူများသည် တရားမျှတမှု၏ တောင်းဆိုချက်များကို မည်ကဲ့သို့ ဖြည့်ဆည်းပေးသည်ကို ဆန်းစစ်ရာတွင် ရိုးသားရမည်။

အဆိုပြုချက်များ

) သာသနာတော်၏ လူမှုရေးအယူဝါဒသည် ထပ်ပြီးရင်းနှီးမြုပ်နှံရန် လိုအပ်သည့် လူသိနည်းလွန်းသည့် အရင်းအမြစ်တစ်ခု ဖြစ်သည်။ ဒေသဆိုင်ရာသာသနာတော်များသည် သာသနာတော်၏ အကြောင်း အရာများကို လူသိများစေရန်အတွက် သာမက သူမ၏လှုံ့ဆော်မှုကို လုပ်ဆောင်မှု ဖြစ်စေသည့် အလေ့အကျင့်များမှတစ်ဆင့်  သင့်မြတ်ဆီလျော်မှုကို မြှင့်တင်ရန် ၎င်းတို့ကိုယ်တိုင် ကတိပြုကြရမည် ဖြစ်သည်။

) ဆင်းရဲသားများနှင့် ဘေးဖယ်ခံထားရသူများနှင့် ထိတွေ့ဆက်ဆံခြင်း၊ ဘဝအတွေ့အကြုံများကို မျှဝေ ခံစားစေခြင်းနှင့် အစေခံခြင်းအားဖြင့် ခရစ်ယာန်အသိုက်အဝန်းမှ ပံ့ပိုးပေးသော ပြုစုပျိုးထောင်ခြင်း လမ်းကြောင်းအားလုံး၏ မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်းတစ်ခု ဖြစ်လာရမည် ဖြစ်သည်။ ၎င်းသည် အခြားရွေးချယ်စရာ မဟုတ်ဘဲ ယုံကြည်ခြင်း၏ လိုအပ်ချက်တစ်ခုဖြစ်သည်။ ဤအရာသည် သိက္ခာခံ ဓမ္မအမှုတော်ဆောင်များနှင့် သစ္စာသုံးပါးခံ သူတော်စင်ဘောင်သို့ တက်လှမ်းကြမည့်သူများ အတွက် အထူးသင့်လျော်ပါသည်။

) ဦးပဉ္ဇင်းကြီးတို့၏ အမှုတော်ဆောင်ခြင်းကို ပြန်လည်ထောက်ရှုဆင်ခြင်ခြင်း၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ဆင်းရဲနွမ်းပါးသူများအတွက် အစေခံခြင်းကို ပိုမိုခိုင်မာစေရန် မြှင့်တင်ပေးရမည် ဖြစ်သည်။ ပေါင်းစပ်ဂေဟစနစ်၏ သမ္မာကျမ်းစာနှင့် ဓမ္မသင်္ဂြိုလ် အခြေခံအုတ်မြစ်များကို သာသနာတော်၏ ၄) သင်ကြားမှု၊ ဝတ်ပြုကိုးကွယ်မှုနှင့် ကျင့်ထုံးများတွင် ပိုမိုရှင်းလင်းစွာ ဂရုတစိုက် ပေါင်းစည်းကြရမည် ဖြစ်သည်။

 

 

 

 

5. လူမျိုးနွယ်စုတိုင်း၊ ဘာသာစကားတိုင်း၊ လူမျိုးတိုင်းနှင့် နိုင်ငံတိုင်းမှ သာသနာတော်

တူညီမှုများ

) ခရစ်ယာန်များသည် တိကျသော ယဉ်ကျေးမှုများအတွင်း နေထိုင်ကြပြီး ဘုရားရှင်၏ နှုတ်ကပါဌ်တော် နှင့် စက္ကရမင်တူးများအားဖြင့် ခရစ်တော်ဘုရားရှင်ကို မိမိတို့အတွင်းသို့ ပင့်ယူလာကြသည်။ ပရဟိတလုပ်ငန်းတွင် ပါဝင်ခြင်းဖြင့်၊ နေရာတိုင်းနှင့် အချိန်တိုင်းတွင် စောင့်ကြိုနေသော ခရစ်တော်ဘုရားရှင်၏ နက်နဲရာအချက်များကို  နှိမ့်ချခြင်းနှင့် ပျော်ရွှင်မှုတို့ဖြင့် ကြိုဆိုကြသည်။ ဤနည်းဖြင့် ၎င်းတို့သည်အမျိုးအနွယ်အသီးသီး၊ ဘာသာစကားအသီးသီး၊ လူမျိုးအသီးသီး၊ တိုင်းနိုင်ငံအသီးသီးမှ သာသနာတော်ဖြစ်လာသည် (ဗျာ၊ :)

) သာသနာတော်တည်ရှိနေသည့် ယဉ်ကျေးမှု၊ သမိုင်းနှင့် ဒေသဆိုင်ရာ အကြောင်းအရာများသည် မတူညီသော ဝိညာဉ်ရေးနှင့် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖော်ပြသည်။ ယင်းက ဒေသန္တရ သာသနာတော်များ၏ ယဉ်ကျေးမှု၊ ၎င်းတို့၏ သာသနာပြုဦးစားပေးမှုများ၊ ၎င်းတို့ တစ်ဦးစီသည် ဓမ္မညီလာခံတွင် အပြန်အလှန် ဆွေးနွေးခြင်းသို့ ဆောင်ကြဉ်းပေးသည့် စိုးရိမ်မှုများနှင့် လက်ဆောင်များ၊ ၎င်းတို့ကို ဖော်ပြသည့် ဘာသာစကားများကို ပုံဖော်ပေးသည်။ ဓမ္မညီလာခံ နေ့ရက်များအတွင်း ကျွန်ုပ်တို့သည် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားနိုင်ခဲ့ပြီး အများအားဖြင့် သာသနာတော်ဖြစ်ခြင်း၏ များပြားသောဖော်ပြချက်များကို ပျော်ရွှင်စွာ ခံစားနိုင်ခဲ့သည်။

) သာသနာတော်များသည် ယဉ်ကျေးမှုပေါင်းစုံနှင့် ဘာသာပေါင်းစုံအခင်းအကျင်းများတွင် ပိုမိုနေထိုင် ကြပြီး၊ ဘာသာရေး နှင့် ယဉ်ကျေးမှုကြားတွင် အခြားအုပ်စုများနှင့် ညှိနှိုင်းဆွေးနွေးခြင်းသည် လူ့အဖွဲ့အစည်းကို တည်ဆောက်ရာတွင် မရှိမဖြစ် အရေးပါပါသည်။ ဤအခြေအနေများတွင် သာသနာတော်၏ သာသနာပြုခြင်း၌ အသက်ရှင်နေထိုင်ခြင်းသည် တံတားများ တည်ဆောက်ရန်၊ အပြန်အလှန်နားလည်မှုကို မွေးမြူရန်နှင့် အဖော်အဖြစ် လိုက်ပါလာသော သာသနာပြုခြင်းအားဖြင့် ထိတွေ့မှု၊ နားထောင်ခြင်းနှင့် သင်ယူခြင်းများ ပါဝင်သည့် တည်ရှိမှု၊ အစေခံမှုနှင့် ကြေညာ ဟောပြောခြင်း ပုံစံတစ်ခု လိုအပ်သည်။ စည်းဝေးပွဲ၌ နှိမ့်ချခြင်းနှင့် မြင့်မြတ်သောနေရာကို လေးစားမှု၏ သင်္ကေတအဖြစ် အခြားတစ်ဦးနှင့် ထိတွေ့ဆက်ဆံရန် "ဖိနပ်ချွတ်ရသည့်" ပုံသဏ္ဌာန် မကြာခဏ ထွက်ပေါ်လာသည်။

) ရွှေ့ပြောင်းသွားလာလှုပ်ရှားမှုများသည် ဒေသခံသာသနာတော်များကို ရောယှက်နေသော ယဉ်ကျေးမှု အသိုက်အဝန်း များအဖြစ် ပြန်လည်ပုံဖော်ပေးသည့် လက်တွေ့ဘဝတစ်ခုဖြစ်သည်။ မကြာခဏ ဆိုသလို ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များသည် နေရာရွှေ့ပြောင်းရခြင်း၊ စစ်ပွဲနှင့် အကြမ်းဖက်မှုများ၏ ဒဏ်ရာဒဏ်ချက်များကို ခံနေကြရပြီး သူတို့ကို ကြိုဆိုသော အသိုက်အဝန်းများ အတွက် အသစ်ပြန်လည်ဖြည့်တင်းပေးသည့်အရင်းအမြစ်များဖြစ်လာကာ ပထဝီအနေ အထားအရ ဝေးကွာသော ခရစ်ယာန် သာသနာတော်များနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်သည့် အခွင့်အလမ်းတစ်ခု ဖြစ်လာသည်။ ရွှေ့ပြောင်းနေထိုင်သူများအပေါ် ရန်လိုသည့် သဘောထားများတိုးလာနေချိန်တွင် ပွင့်လင်းမြင်သာစွာ ကြိုဆိုလက်ခံမှုကို ကျင့်သုံးရန်၊ ဘဝသစ်စီမံကိန်းတည်ဆောက်ရေးနှင့် လူမျိုး အချင်းချင်း စစ်မှန်သော ယဉ်ကျေးမှု သဟဇာတတည်ဆောက်ရာတွင် ၎င်းတို့နှင့်အတူ အဖော်အဖြစ် လိုက်ပါရန် ကျွန်ုပ်တို့ကို တောင်းဆိုထားသည်။ ရွှေ့ပြောင်းနေထိုင်သူများ၏ ဝတ်ပြုကိုးကွယ်ခြင်း ဆိုင်ရာ ဓလေ့ထုံးတမ်းစဉ်လာများနှင့် ဘာသာရေးအလေ့အထများကို လေးစားခြင်းသည် စစ်မှန်သော ကြိုဆိုလက်ခံမှု၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။

) သာသနာပြုများသည် ကမ္ဘာတစ်ဝှမ်းလုံးသို့ ဧဝံဂေလိသတင်းကောင်းကြေညာရန် သူတို့၏အသက်ကို ပေးလှူခဲ့ကြသည်။ သူတို့၏ ကြိုးစားအားထုတ်မှုများသည် ဧဝံဂေလိတရားတော်၏ အစွမ်းတန်ခိုးကို ထက်မြက်စွာ သက်သေခံပါသည်။ သို့ရာတွင်၊ ယနေ့ မိတ်သဟာယကို အဟန့်အတားဖြစ်စေပြီး နာကျင်စရာကောင်း၍ သမိုင်းအမွေအနှစ်တစ်ခုပါရှိသော စကားလုံးတစ်ခုဖြစ်သည့် "သာသနာ ပြုခြင်း"သည် အထူးဂရုစိုက်မှု နှင့် အာရုံခံနိုင်စွမ်း လိုအပ်ပါသည်။ အချို့သောနေရာများတွင် ဧဝံဂေလိ တရားကြေညာဟောပြောခြင်းသည် ကိုလိုနီပြုခြင်းနှင့် လူမျိုးတုံးသတ်ဖြတ်ခြင်းတို့နှင့် ဆက်စပ်လျက် ရှိပေသည်။ ဤအကြောင်းအရာများတွင် ဧဝံဂေလိတရားဟောပြောခြင်းသည် လုပ်ခဲ့သော အမှားများကို အသိအမှတ်ပြုရန်၊ ဤပြဿနာများအတွက် အာရုံခံနိုင်စွမ်းအသစ်ကို သင်ယူရန်နှင့် ကိုလိုနီနယ်ချဲ့စနစ်ကို ကျော်လွန်၍ ခရစ်ယာန်ဂုဏ်သိက္ခာများကို ဆက်လက်ရှာဖွေနေသော မျိုးဆက် တစ်ခုအား အဖော်ပြုပေးရန်တို့ လိုအပ်ပါသည်။ လေးစားမှုနှင့် နှိမ့်ချမှုတို့သည် ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖြည့်ဆည်းပေးကြောင်း အသိအမှတ်ပြုရန် အခြေခံ သဘောထားများ ဖြစ်ပြီး မတူညီသောယဉ်ကျေးမှုများနှင့် ထိတွေ့မှုများသည် ခရစ်ယာန်အသိုင်းအဝိုင်းများ၏ ယုံကြည်ခြင်းအပေါ် အသက်ရှင်နေထိုင်မှုနှင့် တွေးခေါ်မှုတို့ကို ကြွယ်ဝစေနိုင်သည်။

) သာသနာတော်သည် လူမျိုးပေါင်းစုံအကြား တစ်လုံးတစ်ဝတည်းဖြစ်ခြင်းကို တည်ဆောက်နေခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဘာသာပေါင်းစုံ အပြန်အလှန်ဆွေးနွေးမှုကို ကျင့်သုံးရန် လိုအပ်ကြောင်း အားပေး သင်ကြားပါသည်။ အကြမ်းဖက်မှုများနှင့် အကွဲကွဲအပြားပြားဖြစ်နေသော ကမ္ဘာကြီးတွင်၊ လူသားမျိုးနွယ်၏ စည်းလုံးညီညွတ်မှု၊ ၎င်း၏ ဘုံဇာစ်မြစ်နှင့် ဘုံကံကြမ္မာကို သက်သေအဖြစ် လူမှုတရားမျှတမှု၊ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ကျေအေးရေးနှင့် ဘုံကမ္ဘာမြေအိမ်အတွက် အလေးထားမှုတို့အပေါ် ညှိနှိုင်းပြီး ညီရင်းအစ်ကို စည်းလုံးညီညွတ်မှုတို့သည် ယခင်ထက် ပိုမိုအရေးကြီးလာနေပါသည်။ ဝိညာဉ်တော်မြတ်ဘုရားသည် ဘာသာတရားအသီးသီး၊ ခံယူချက် အသီးသီးနှင့် ယဉ်ကျေးမှုအသီးသီးရှိ အမျိုးသားနှင့် အမျိုးသမီးတို့၏ အသံများမှတစ်ဆင့် မိန့်ကြားနိုင် ကြောင်း သာသနာတော်က သိရှိထားပါသည်။  

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

) သာသနာတော်ဖြစ်ခြင်း၏ အမျိုးမျိုးသော ဖော်ပြချက်များ၏ ကြွယ်ဝမှုအပေါ် အာရုံခံစားနိုင်စွမ်းကို မွေးမြူရန် လိုအပ်သည်။ ၎င်းသည် သာသနာတော်တစ်ခုလုံး၏အတိုင်းအတာနှင့် ၎င်း၏ဒေသခံများ အကြား၊ သာသနာတော်၏ စည်းလုံးညီညွတ်မှု နှောင်ကြိုးကို လေးစားခြင်းနှင့် ကွဲပြားခြင်းကို အတား အဆီးဖြစ်စေသည့် တစ်မျိုးတည်းဖြစ်ခြင်း၏အန္တရာယ်များအကြား၊ တက်ကြွသော ဟန်ချက်ညီမှုကို ရှာဖွေရန် လိုအပ်ပါသည်။ အဓိပ္ပါယ်များနှင့် ဦးစားပေးမှုများသည် မတူညီသော အကြောင်းအရာများ ကြားတွင် ကွဲပြားကြပြီး ၎င်းသည် ဗဟို ချုပ်ကိုင်မှု လျှော့ချခြင်းပုံစံများနှင့် အလယ်အလတ် ဖြစ်စဥ် များကို ဖော်ထုတ်ခြင်းနှင့် မြှင့်တင်ခြင်းတို့ လိုအပ်သည်။

) သာသနာတော်သည် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ဘဝအသက်တာနှင့် ကိုယ်ကျင့်တရား၊ လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ ထောက်ရှုဆင်ခြင်မှုကဲ့သို့သော အရေးကြီးသော နယ်ပယ်များတွင် ကွဲပြားမှုနှင့် မယုံကြည်မှုတို့မှလည်း သက်ရောက်မှုရှိသည်။ တွေ့ဆုံဆွေးနွေးမှုများမှတဆင့် ၎င်းတို့၏ အကြောင်းရင်းများကို အသိအမှတ်ပြုရန်နှင့် ၎င်းတို့ကို ကျော်လွှားရန်အတွက် တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း ပြန်လည်ရှင်သန်ရေးနှင့် ပြန်လည် သင့်မြတ်ကျေအေးခြင်း၏ ရဲရင့်သောလုပ်ငန်းစဉ်များကို လုပ်ဆောင်ရန် လိုအပ်ပါသည်။

) ကျွန်ုပ်တို့၏ဒေသခံသာသနာတော်များတွင်၊ ဘဝအသက်တာ၏ သက်သေကို အာရုံစိုက်သည့် ဧဝံဂေလိတရား ဟောပြောခြင်း၊ လူသားတို့၏ တိုးတက်မှုအတွက် ကတိကဝတ်ပြုခြင်း၊ ယုံကြည်ခြင်း၊ ယဉ်ကျေးမှုများနှင့် ဆွေးနွေးညှိနှိုင်းခြင်းတို့နှင့် ဧဝံဂေလိတရားတော်ကို ရှင်းလင်းပြတ်သားစွာ ကြေညာဟောပြောခြင်းတို့ကြားတွင် တစ်ခါတစ်ရံ တင်းမာမှုများ ကြုံတွေ့ရတတ်သည်။ ထိုနည်းတူစွာ၊ ယေဇူးခရစ်တော်၏ ရှင်းလင်းပြတ်သားသော ကြေညာဟောပြောခြင်းနှင့် ပါရှိပြီးသော ဧဝံဂေလိ ဝိသေသလက္ခဏာများ (semina Verbi) ကို ရှာဖွေရာတွင် ယဉ်ကျေးမှုတစ်ခုစီ၏ ဝိသေသလက္ခဏာ များကို တန်ဖိုးထားခြင်းကြားတွင် တင်းမာမှုတစ်ခု ထွက်ပေါ်လာသည်။

) ဧဝံဂေလိသတင်းကောင်းနှင့် ဧဝံဂေလိတရား ဟောပြောသူ၏ ယဉ်ကျေးမှုအကြားတွင် ရှုပ်ထွေးမှုများ ဖြစ်နိုင်ချေကို စူးစမ်းလေ့လာရမည့်ကိစ္စရပ်တစ်ခုအဖြစ် ဖော်ပြထားပါသည်။

) ကုန်သွယ်မှုနှင့် အားကောင်းသော လက်နက်များ အသုံးပြုခြင်းဖြင့် ပဋိပက္ခများ ပျံ့နှံ့လာကာ အုပ်စုများစွာတွင် ပဋိပက္ခများကို အကြမ်းမဖက်သောနည်းဖြင့် ကိုင်တွယ်ဖြေရှင်းရာတွင် ပိုမိုဂရုတစိုက် တွေးခေါ်မှုနှင့် လေ့ကျင့် ပေးမှုများ၏ မေးခွန်းကို ဖြစ်ပေါ်စေပါသည်။ ဤသည်မှာ ခရစ်ယာန်များသည် ဆွေးနွေးညှိနှိုင်းခြင်းနှင့် အခြားဘာသာတရားများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအပါအဝင် ယနေ့ ကမ္ဘာကြီး အတွက် အရည်အချင်း ပြည့်မီသော ပံ့ပိုးကူညီမှုတစ်ခုဖြစ်သည်။

အဆိုပြုချက်များ

) ကျယ်ပြန့်လှသော ဆက်စပ်အကြောင်းအရာများအတွင်း လူများ၏ စိတ်နှလုံးကို လက်လှမ်းမီနိုင်သည့် လှပသော နည်းလမ်းဖြင့် ပြောဆိုရန် ကျွန်ုပ်တို့အသုံးပြုသည့် ဘာသာစကားများ၏ မေးခွန်းအား အသစ်တဖန် အာရုံစိုက်ရန် လိုအပ်ပါသည်။

) ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းပုံစံများကို စမ်းသပ်ခြင်းအတွက်၊ ၎င်းတို့၏ စီမံခန့်ခွဲမှုနှင့် အကဲဖြတ်မှု အတွက် ဝေမျှဝေထားသော မူဘောင်တစ်ရပ်ကို သတ်မှတ်ရန် လိုအပ်ပါသည်။ ပါဝင်ပတ်သက်သူ အားလုံးနှင့် ၎င်းတို့၏ အခန်းကဏ္ဍများကို ခွဲခြားသတ်မှတ်ရန်လည်း လိုအပ်ပါသည်။ ညီညွတ်စေရန် အတွက်၊ ဗဟိုချုပ်ကိုင်မှု လျှော့ချ ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပိုင်းခြားသိမြင်မှုလုပ်ငန်းစဉ်များသည် မတူညီသောအဆင့်ရှိ လုပ်ဆောင်သူအားလုံး၏ သဟဇာတဖြစ်မှုနှင့် ပံ့ပိုးကူညီမှုများကို ဆောင်ကြဥ်း ပေးသည့် အတူတကွခရီးပြုနေသောပုံစံဖြင့် ပြုလုပ်ရမည် ဖြစ်သည်။

) သူတို့ သို့မဟုတ် သူတို့အတွက် လုပ်ဆောင်မှုမဟုတ်ဘဲ အတူတကွ ခရီးပြုရာ လမ်းတစ်လျှောက်တွင် ဌာနေတိုင်းရင်းသားလူမျိုးများနှင့် သိုးထိန်းများ၏ ထိတွေ့ဆက်ဆံမှုအတွက် ပါရာဒိုင်းအသစ်များ လိုအပ်ပါသည်။ အဆင့်တိုင်း ဆုံးဖြတ်ချက်ချသည့်လုပ်ငန်းစဉ်များတွင် ၎င်းတို့၏ပါဝင်မှုသည် ပိုမိုတက်ကြွပြီး သာသနာပြုနေသည့် သာသနာတော်အတွက် အထောက်အကူဖြစ်စေနိုင်သည်။

) စည်းဝေးပွဲ၏လုပ်ဆောင်မှုမှ၊ ဒုတိယ ဗာတီကန် ကောင်စီ (Vatican II) ၏သွန်သင်ချက်များ၊ ဒုတိယ ဗာတီကန် ကောင်စီ နောက်ပိုင်း သာသနာတော်၏ သွန်သင်ချက်များနှင့် လူမှုရေးအယူဝါဒဆိုင်ရာ ပိုမိုကောင်းမွန်သော အသိပညာ ရရှိရန် တောင်းဆိုပါသည်။ ထိရောက်သော အစေခံခြင်းနှင့် တွေ့ဆုံဆွေးနွေးမှု၊ တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းတွင် သာသနာတော်များ ပေါင်းစည်းထားသော သာသနာတော်တစ်ခုဖြစ်ရန် ကျွန်ုပ်တို့၏ မတူညီသော ဓလေ့ထုံးတမ်းများကို ပိုမိုကောင်းမွန်စွာ သိရှိရန် လိုအပ်ပါသည်။

) ရွှေ့ပြောင်းအခြေချသူနှင့် ဒုက္ခသည်များ တိုးပွားလာနေပြီး သူတို့အား လက်ခံလိုစိတ် လျော့နည်း လာနေသော ကမ္ဘာကြီးတွင်၊ နိုင်ငံခြားသားများကို သံသယများ တိုး၍ ရှုမြင်လာသောအခါတွင် သာသနာတော်သည် တွေ့ဆုံဆွေးနွေးမှုနှင့် ထိတွေ့မှုတို့၏ ယဉ်ကျေးမှုဆိုင်ရာ ပညာရေး၊ အထူးသဖြင့် သိုးထိန်းများအား ပြုပြင်ပုံသွင်းခြင်း အစီအစဉ်များတွင် လူမျိုးရေးခွဲခြားမှုနှင့် မျက်ကန်းမျိုးချစ်ဝါဒကို တိုက်ဖျက်ခြင်းတို့တွင် ပြတ်ပြတ်သားသား ပါဝင်ရန် သင့်လျော်ပါသည်။ ရွှေ့ပြောင်းအလုပ်သမားများ ပေါင်းစည်းရေး ပရောဂျက်များတွင်လည်း ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။

) လူမျိုးရေးတရားမျှတမှုနယ်ပယ်တွင် တွေ့ဆုံဆွေးနွေးရေးနှင့် ဝေဖန်ပိုင်းခြားသိမြင်မှုဆိုင်ရာ ကတိကဝတ်ကို အကြံပြုလိုပါသည်။ သာသနာတော်အတွင်း လူမျိုးရေးမမျှတမှုကို ဖန်တီးခြင်း၊ သို့မဟုတ် ထိန်းသိမ်းခြင်းစနစ်များကို ဖော်ထုတ်ပြီး နှိမ်နင်းရမည်ဖြစ်သည်။ ကုစားခြင်းနှင့် ပြန်လည်သင့်မြတ်ကျေအေးရေး လုပ်ငန်းစဉ်များကို တည်ဆောက်ပြီး တွေ့ကြုံခံစားခဲ့ရသူများ၏ အကူအညီဖြင့် လူမျိုးရေးခွဲခြားမှု၏ အပြစ်ကို အမြစ်ပြတ် ချေမှုန်းရန် စတင်သင့်သည်။

6. သာသနာတော်၏ အရှေ့တိုင်းနှင့် လက်တင် ဓလေ့ထုံးတမ်းစဥ်လာများ

တူညီမှုများ

၁) အရှေ့တိုင်းကက်သလစ်အသင်းတော်များကြားတွင် စိန်ပီတာ၏ အရိုက်အရာကို ဆက်ခံသူ ပုပ်ရဟန်း မင်းကြီးနှင့် အပြည့်အ၀ တစ်လုံးတစ်ဝတည်းရှိသူများသည် သာသနာတော်တစ်ခုလုံးကို များစွာ ကြွယ်ဝစေသည့် ဓမ္မသင်္ဂြိုလ်ဆိုင်ရာ၊ ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ၊ အသင်းတော်တော်ဆိုင်ရာနှင့် ကာနွန် ဥပဒေဆိုင်ရာ တစ်မူထူးခြားမှုတို့ကိုလည်း ပါဝင်ခံစားကြသည်။ အထူးသဖြင့် မတူကွဲပြားမှုတွင် ၎င်းတို့၏ စည်းလုံးညီညွတ်မှုအတွေ့အကြုံများသည် အတူတကွ ခရီးပြုခြင်းကို နားလည်ရန်နှင့် လက်တွေ့ကျင့်သုံးရန် အဖိုးတန်သော ပံ့ပိုးကူညီမှုတစ်ခု ဖြစ်စေနိုင်သည်။

၂) သမိုင်းတစ်လျှောက်တွင်၊ ဤအသင်းတော်များအား ပေးအပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်သည် မတူညီ သောအဆင့်များကို ဖြတ်သန်းခဲ့ပြီး လက်တင်ဘာသာကို အသုံးပြုခြင်းကဲ့သို့သော ယခုအချိန် တွင် ခေတ်နောက်ကျနေသည်ဟု ယူဆသည့်အပြုအမူများကိုလည်း မှတ်တမ်းတင်ခဲ့သည်။ မကြာသေးမီ ဆယ်စုနှစ်များအတွင်း၊ ဤအသင်းတော်များ၏ တိကျမှု၊ ကွဲပြားမှုနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ကို အသိအမှတ်ပြုခြင်းလမ်းကြောင်းသည် သိသိသာသာ တိုးတက်လာသည်။

၃) အရှေ့တိုင်းကက်သလစ်အသင်းတော်မှ လက်တင်ဝိနည်း ဓလေ့ထုံးတမ်းကို ကျင့်သုံးသူ လူများစု ရှိသည့် နယ်မြေများသို့ အများအပြား ပြောင်းရွှေ့ ခြင်းသည် အရေးကြီးသော သိုးထိန်းဆိုင်ရာ မေးခွန်းများကို ထွက်ပေါ်လာစေသည်။ လက်ရှိ စီးဆင်းမှုသည် ဆက်လက် သို့မဟုတ် တိုးလာပါက၊ သူတို့၏ သက်ဆိုင်ရာနယ်မြေများထက် ပြင်ပသို့ ရောက်နေသော အရှေ့တိုင်း ကက်သလစ် အသင်းတော်များ၏ အဖွဲ့ဝင်များ ပိုမိုများပြားလာနိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့်  သူတို့ ရွှေ့ပြောင်းဝင်ရောက်လာခဲ့သောနိုင်ငံများတွင် အရှေ့တိုင်းဝိနည်းကို ကျင့်သုံးသောအသင်းတော်များကို တည်ထောင်ခြင်းသည် ပြဿနာကိုဖြေရှင်းရန် မလုံလောက်သော်လည်း၊ ပြောင်းရွှေ့လာကြသော အရှေ့တိုင်း ဘာသာတူများကို ဒေသဆိုင်ရာလက်တင်ဝိနည်းကျင့်သုံးသော အသင်းတော်များမှ အတူတကွ ခရီးပြုခြင်း ဟူသောခေါင်းစဥ်အောက်၌ ကူညီရန် လိုအပ်ပါသည်။ သူတို့အား မဝါးမြိုဘဲ ၎င်းတို့၏ ကိုယ်ပိုင်အထောက်အထားများကို ထိန်းသိမ်းကာ ၎င်းတို့၏သီးခြားအမွေအနှစ်များကို ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါသည်။

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

၁) အတူတကွ ခရီးပြုခြင်းကို နားလည်သဘောပေါက်ရန်နှင့် လိုက်နာကျင့်သုံးမှုများအတွက် အရှေ့တိုင်း ကက်သလစ် အသင်းတော်များ၏ အတွေ့အကြုံများဖြင့် ပံ့ပိုးကူညီမှုအား ဆက်လက် လေ့လာသင့်သည်။

၂) အသင်းတော်များ၏ ဓမ္မညီလာခံများမှ ရွေးကောက်တင်မြှောက်ထားသောဆရာတော်များကို ၎င်းတို့၏ နယ်မြေအတွက် ကိုယ်ပိုင်တရားစီရင်ပိုင်ခွင့် (sui iuris)ကို ပုပ်ရဟန်းမင်းကြီးမှ သဘောတူညီမှုနှင့် သာသနာပိုင် နယ်မြေပြင်ပတွင် ဆရာတော်များကို ပုပ်ရဟန်းမင်းကြီးမှ ခန့်အပ်ခြင်းနှင့်ပတ်သက်၍ အခက်အခဲအချို့ ရှိနေသေးသည်။ အရှေ့တိုင်း ကက်သလစ်ဆရာတော်ပိုင် နယ်မြေပြင်ပတွင် အရှေ့တိုင်း ကက်သလစ်ဆရာတော်ချုပ်များ၏ စီရင်ပိုင်ခွင့်အာဏာအား နယ်မြေချဲ့ထွင်ရန် တောင်းဆိုချက်ကို ပုပ်ရဟန်းမင်းကြီး၏ အုပ်ချုပ်စီမံရေးရုံးတော် (Holy See) နှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်း ဝေဖန်စဥ်းစားသုံးသပ်ခဲ့ကြပါသည်။

၃) မတူညီသော ကက်သလစ်သာသနာတော်များ၏ ဘာသာတူများ ရှိနေသည့်ဒေသများတွင် မတူကွဲပြားမှုများ၌ ထိရောက်သော စည်းလုံးညီညွတ်မှုကို မြင်သာပြီး တွေ့ကြုံခံစားနိုင်စေရန် နည်းလမ်းများကို ရှာဖွေရပါမည်။

၄) အရှေ့တိုင်း ကက်သလစ်အသင်းတော်များသည် ခရစ်ယာန်အားလုံးကြား စည်းလုံးညီညွတ်မှုဆီသို့ ဦးတည်သော ခရီးလမ်းအတွက် ပံ့ပိုးပေးနိုင်သည့် ပံ့ပိုးကူညီမှုနှင့် ဘာသာပေါင်းစုံနှင့် ယဉ်ကျေးမှု ဆိုင်ရာ အပြန်အလှန်ဆွေးနွေးမှုတွင် ၎င်းတို့ပါဝင်နိုင်သည့်အခန်းကဏ္ဍကို ကျွန်ုပ်တို့ ပြန်လည် သုံးသပ်ရန် လိုအပ်ပါသည်။

အဆိုပြုချက်များ

၁) အရှေ့တိုင်းကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးများနှင့် အရှေ့တိုင်း ကက်သလစ် ဆရာတော်ချုပ်များ ကောင်စီကို တည်ထောင်ရန် ပုပ်ရဟန်းမင်းကြီးထံ ပထမဦးစွာ တောင်းဆိုချက် ထွက်ပေါ်လာသည်။

၂) ၎င်းတို့၏ ကိုယ်ပိုင်အမှတ်လက္ခဏာနှင့် သာသနာပြုခြင်း၊ စစ်ပွဲနှင့် ကြီးမားသော ရွှေ့ပြောင်းနေထိုင်မှု အခြေအနေတွင် သိုးထိန်းဆိုင်ရာနှင့် ဥပဒေပြုရေးဆိုင်ရာ စိန်ခေါ်မှုများအတွက် အချို့က အရှေ့တိုင်း ကက်သလစ်အသင်းတော်များအတွက် ရည်ရွယ်ထားသော အထူးဓမ္မညီလာခံများ ခေါ်ယူကျင်းပရန် တောင်းဆိုကြသည်။

၃) အရှေ့တိုင်းနှင့် လက်တင် ဓမ္မသင်္ဂြိုလ်ဆရာများ၊ သမိုင်းပညာရှင်များနှင့် ကာနွန်ဥပဒေပညာရှင်များ၏ ပူးတွဲကော်မရှင်တစ်ရပ်ဖွဲ့စည်းရန် အဆိုပြုထားသည်။ ထိုကော်မရှင်မှ ထပ်မံလေ့လာရမည့် ကိစ္စရပ်များကို လေ့လာဆည်းပူးခြင်းနှင့် ရှေ့ဆက်ရမည့် အဆိုပြုချက်များကို တင်ပြရမည်ဖြစ်သည်။

၄) ပုပ်ရဟန်းမင်းကြီး၏ ဗဟိုစီမံခန့်ခွဲရေးရုံး (Roman Curia) ဌာနများတွင် အရှေ့ကက်သလစ် အသင်းတော်များ၏ အဖွဲ့ဝင်များကို လုံလောက်သော ကိုယ်စားပြုမှုရှိစေရန်နှင့် ၎င်းတို့၏ ရှုထောင့်မှ ပံ့ပိုးကူညီမှုဖြင့် သာသနာတော်တစ်ခုလုံး ကြွယ်ဝတိုးတက်စေရန်၊ မှတ်သားထားသည့် ပြဿနာများ၏ အဖြေကို ပိုမိုကောင်းမွန်စေပြီး အဆင့်တိုင်း၏ ဆွေးနွေးမှုများတွင်လည်း ပါဝင်ဆောင်ရွက် စေသင့်သည်။

၅) အရှေ့တိုင်း အသင်းတော်များရှိ ဘာသာတူများ၏ သမိုင်းအမွေအနှစ်များကို လေးစားသည့် လက်ခံမှုပုံစံများ မွေးမြူနိုင်ရန်၊ အဝေးရောက် အရှေ့တိုင်း ဘုန်းတော်ကြီးများနှင့် လက်တင် ဘုန်းတော်ကြီးများအကြား ဆက်ဆံရေးကို ပိုမိုလေးနက်စေသင့်ပြီး အချင်းချင်း အပြန်အလှန် သိနားလည်ခြင်းနှင့် ဓလေ့ထုံးတမ်းများအား အသိအမှတ်ပြုခြင်းတို့ကို မြှင့်တင်ပေးသင့်သည်။

7. ခရစ်ယာန်များ စည်းလုံးညီညွတ်ရေးလမ်းစဥ်

တူညီမှုများ

) ဤဓမ္မညီလာခံ-ပထမပိုင်း၏ အစည်းအဝေးကို ခရစ်ယာန်များအားလုံး တစ်လုံးတစ်ဝတည်းဖြစ်ရေး နိမိတ် လက္ခဏာဖြင့် ဖွင့်လှစ်ခဲ့သည်။ "အတူတကွ" အကြိုဆုတောင်းပွဲတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်နှင့်အတူ အခြားခေါင်းဆောင်များ၊ အခြားခရစ်ယာန်ဘာသာဝင်များ၏ ကိုယ်စားလှယ် အများအပြား ရောက်ရှိနေသည်ကို မြင်တွေ့ခဲ့ရသည်။ ယုံကြည်ခြင်းစည်းလုံးမှုနှင့် ကျေးဇူးတော်များ ဖလှယ်ခြင်းသဘောဖြင့် အတူတကွ လျှောက်လှမ်းလိုသည့် ပြတ်သားပြီး ယုံကြည်ရလောက်သည့် လက္ခဏာဖြစ်သည်။ ဤအလွန်ထင်ရှားသော ဖြစ်ရပ်သည်လည်း ကျွန်ုပ်တို့အား ခရစ်ယာန်များအားလုံး တစ်လုံးတစ်ဝတည်းဖြစ်ရေးအတွက် အချိန်အခါကောင်း (ecumenical Kairos) တွင်ရှိကြောင်း အသိအမှတ်ပြုရန်နှင့် ကျွန်ုပ်တို့ကို ပေါင်းစည်းစေသည့်အရာ သည် ကျွန်ုပ်တို့ကို ကွဲပြားစေခဲ့သည့်အရာထက် ပိုမိုကြီးမားကြောင်း ထပ်မံအတည်ပြုနိုင်စေခဲ့သည်။ အကြောင်းမူကား၊ ငါတို့တွင်သခင်တစ်ပါးတည်း၊ ယုံကြည်ခြင်းတစ်ပါးတည်း၊ ဆေးကြောခြင်း တစ်ပါးတည်း၊ လူသားအပေါင်းတို့၏ အဖ ဘုရားသခင် တစ်ဆူတည်း ရှိတော်မူ၏။ ထိုဘုရားသခင် သည် လူခပ်သိမ်းတို့ကို အုပ်စိုးတော်မူ၍ လူခပ်သိမ်းတို့အားဖြင့် လုပ်ဆောင်တော်မူလျက် လူခပ်သိမ်းတို့အထဲတွင် ရှိတော်မူ၏။ (ဧဖက် :-)

) အတိအကျပြောရမည်ဆိုလျှင် ဆေးကြောခြင်းမင်္ဂလာသည် အတူတကွ ခရီးပြုခြင်းနိယာမအားဖြင့် ခရစ်ယာန်များအားလုံး တစ်လုံးတစ်ဝတည်းဖြစ်ရေး၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးသည်။ ယင်းမှတစ်ဆင့် ခရစ်ယာန်အားလုံးသည် ယုံကြည်ခြင်းအနှစ်သာရ၌ ပါဝင်ကြသည်။ ယင်းအချက် ကြောင့် ဓမ္မညီလာခံ စည်းဝေးပွဲ၏ ဝေဖန်ပိုင်းခြားသိမြင်မှုလုပ်ငန်းစဉ်တွင် ပြုလုပ်ခဲ့သည့်အတိုင်း ၎င်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာကို ဘေးဖယ်ကာ ဂရုတစိုက် နားထောင်သင့်သည်။ ခရစ်ယာန်များအားလုံး တစ်လုံးတစ်ဝတည်းဖြစ်ရေး အမြင်မပါဘဲ အတူတကွ ခရီးပြုခြင်း မရှိနိုင်ပါ။

) ခရစ်ယာန်များအားလုံး တစ်လုံးတစ်ဝတည်းဖြစ်ရေးသည် ဝိညာဉ်ရေးရာ ပြန်လည်ဆန်းသစ်ခြင်း၏ ပထမနှင့် အရေးအကြီးဆုံးကိစ္စဖြစ်ပြီး နောင်တရခြင်းနှင့် မှတ်ဉာဏ်ပြန်လည်ကုသခြင်း လုပ်ငန်းစဉ် များကို တောင်းဆိုသည်။ စည်းဝေးပွဲသည် ခင်မင်ရင်းနှီးမှု၊ ဆုတောင်းခြင်းနှင့် အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများကို အစေခံရန် ကတိကဝတ်ပြုထားသော အခြားအသင်းတော်များ၏ ဓလေ့ ထုံးတမ်းစဉ်လာများမှ ခရစ်ယာန်များ၏ အသိဉာဏ်အလင်းရစေသော သက်သေခံချက်များအား ကျယ်လောင်စွာ ထွက်ပေါ်လာစေခဲ့သည်။ ဤခိုင်မြဲသော ကတိသစ္စာများကို ရည်ရွယ်အပ်နှံပြီး ခရစ်တော်၌ ယုံကြည်သူအားလုံးအနေဖြင့် စည်းလုံးပြီးဖြစ်သောအရာကို အာရုံစိုက်စေပါသည်။ ထို့ကြောင့်၊ နေ့စဉ်ဘဝအသက်တာတွင် ခရစ်ယာန်များအားလုံး တစ်လုံးတစ်ဝတည်း ဖြစ်ရေးသည် ပထမနှင့် အရေးအကြီးဆုံးဖြစ်သည်။ ဘာသာရေးနှင့် အဖွဲ့အစည်းဆိုင်ရာ ဆွေးနွေးပွဲများတွင် စိတ်ရှည်သည်းခံသော အပြန်အလှန်နားလည်မှုမှ ယုံကြည်မှုနှင့် ပွင့်လင်းမြင်သာမှု တိုးလာနေသော အငွေ့အသက်တစ်ခုတွင် ဆက်လက်တည်ရှိနေပါသည်။ 

) ကမ္ဘာကြီး၏ ဒေသများစွာတွင် ခရစ်ယာန်ညီအစ်ကိုမောင်နှမများသည် ယေဇူးခရစ်တော်ကို ယုံကြည်ခြင်းအတွက် အတူတကွ အသက်ပေးခဲ့ကြသည့် ခရစ်ယာန်များအားလုံး တစ်လုံးတစ်ဝတည်း ဖြစ်ရေး၏ သွေးသည် အရာအားလုံး၏ အထက်တွင် ရှိနေပါသည်။ ဓမ္မအာဇာနည်တို့၏ သက်သေခံချက်သည် မည်သည့်စကားလုံးများထက်မဆို ပို၍ ထက်မြက်သည်၊ စည်းလုံးညီညွတ်မှု သည် သခင်ဘုရား၏လက်ဝါးကပ်တိုင်မှ ဆင်းသက်လာသည်။

) ခရစ်ယာန်များအားလုံးကြားတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် ကျွန်ုပ်တို့ခေတ်၏ သိုးထိန်းဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အခြေခံကျသည့်အချက်တစ်ခုလည်း ဖြစ်သည်။ လောကီလူ့အဖွဲ့ အစည်းများတွင် ဧဝံဂေလိတရားတော်အသံကို ပိုမိုကြီးမားသောခွန်အားများဖြစ်စေပြီး ဆင်းရဲမွဲတေမှု အခြေအနေတွင် တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် အားနည်းသူတို့၏ ဂုဏ်သိက္ခာအတွက် အစေခံမှုတို့တွင် လူအများတို့ကို ပူးပေါင်းပါဝင် ဆောင်ရွက်စေပါသည်။ အမြဲတမ်း နေရာတိုင်းတွင် ၎င်းသည် အမုန်းတရားများ၊ အုပ်စုများ ကွဲစေသော၊ လူအများ နှင့် နိုင်ငံများအချင်းချင်း ရန်ဘက်ပြုနေသော ကွဲပြားမှုနှင့် စစ်ပွဲယဉ်ကျေးမှုများကို ကုစားရန် အဓိကအရင်းအမြစ်ဖြစ်သည်။

) မတူညီသောအသင်းတော်များ သို့မဟုတ် အသင်းတော်အသိုက်အဝန်းများနှင့်သက်ဆိုင်သော ခရစ်ယာန်များကြားတွင် လက်ထပ်ထိမ်းမြားခြင်း (ဂိုဏ်းကွဲခရစ်ယာန်များနှင့် လက်ထပ်ထိမ်းမြားခြင်း) သည် တစ်လုံးတစ်ဝတည်းရှိခြင်း၏ ဉာဏ်ပညာအား ရင့်ကျက်စေနိုင်ပြီး အချင်းချင်း ဧဝံဂေလိတရား ဟောပြောနိုင်သည့် ဖြစ်ရပ်မှန်များ ဖြစ်သည်။

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

) ကျွန်ုပ်တို့၏စည်းဝေးပွဲသည် ခရစ်ယာန်ဂိုဏ်းခွဲများအကြားမှ ကွဲပြားမှုကို သာသနာတော်၏ ဓမ္မညီလာခံဖွဲ့စည်းပုံအား နားလည်သဘောပေါက်သည့်နည်းဖြင့် ရိပ်မိနိုင်ခဲ့သည်။ Orthodox အသင်းတော်များတွင် အတူတကွ ခရီးပြုခြင်းကို ဆရာတော်များသာ ပိုင်ဆိုင်သော အခွင့်အာဏာကို အသုံးပြုလျက် တစ်ညီတစ်ညွတ် တစ်လုံးတစ်ဝတည်း စည်းဝေးဆုံးဖြတ်ခြင်းအဖြစ် (အရှေ့တိုင်း ကက်သလစ်အသင်းတော်တွင် ဆရာတော်ချုပ် ဦးဆောင်၍ အခြားဆရာတော်များပါဝင်သော စီမံအုပ်ချုပ်မှု ကောင်စီ the Holy Synod) အဖြစ် အကျဉ်းအားဖြင့် နားလည်သည်။ အကျယ်အားဖြင့်၊ ၎င်းသည် အသင်းတော်၏ဘဝနှင့် သာသနာပြုခြင်းတွင် ဘာသာတူအားလုံး၏ တက်ကြွစွာပါဝင်မှုကို ရည်ညွှန်းသည်။ ကျွန်ုပ်တို့၏ဆွေးနွေးမှုကို ကြွယ်ဝစေသည့် အခြားသော သာသနာ့အဖွဲ့အစည်း များတွင် အသုံးပြုနေသော လုပ်ဆောင်ချက်များအတွက် အကိုးအကားများ လိုအပ်မှုမရှိခဲ့ပါ။ ဤအရာများ အားလုံးကို ထပ်လောင်းလေ့လာရန် လိုအပ်ပါသည်။

) စူးစမ်းလေ့လာရမည့် အခြားအကြောင်းအရာသည် ၎င်းတို့၏ အပြန်အလှန်မှီခိုမှု၌ အဆင့်အမျိုးမျိုး (ဒေသန္တရဆိုင်ရာ၊ ဒေသကြီးများဆိုင်ရာ၊ တစ်ကမ္ဘာလုံးဆိုင်ရာ) တွင် အတူတကွခရီးပြုခြင်းနှင့် ဆရာတော်ကြီးများ၏ သာသနာပိုင်ဖြစ်ခြင်း (primacy) အကြား ဆက်စပ်မှု ဖြစ်သည်။ သာမညများနှင့် အာဃာတအစွဲများကို ကျော်လွှားရန်အတွက် သမိုင်းကို မျှဝေပြန်လည်ဖတ်ရှုရန် လိုအပ်ပါသည်။ လက်ရှိဖြစ်ပေါ်နေသော ခရစ်ယာန်များအားလုံး တစ်လုံးတစ်ဝတည်းဖြစ်ရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးမှုများသည် ပထမထောင်စုနှစ်၏ အလေ့အကျင့်များအရ၊ အတူတကွ ခရီးပြုခြင်း (synodality) နှင့် ဆရာတော်ကြီးများ၏ သာသနာပိုင်ဖြစ်ခြင်း (primacy) တို့သည် ဆက်စပ်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ခွဲ၍မရနိုင်သော အဖြစ်မှန်များဖြစ်ခြင်း ဟူသော ပိုမိုကောင်းမွန်သော နားလည်မှုကို ပေးစွမ်းပါသည်။ ဤသိမ်မွေ့သောအချက်၏ ရှင်းလင်းချက်ကို ရဟန်းမင်းကြီး၏ စာချွန်တော် ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းရှိရေးအတွက် ကတိကဝတ် (Ut unum sint) တွင် St. John Paul II မှ ထောက်ခံအားပေးထားသည့်အတိုင်း စည်းလုံးမှုဆောင်ရွက်ရာတွင် စိန်ပီတာ၏ တမန်တော် လုပ်ငန်းကို နားလည်သဘောပေါက်သည့်နည်းလမ်းဖြင့် ထောက်ရှုနိုင်ပါသည်။

) မစ္ဆားတရားတော်မြတ်၏ ဝေမျှခြင်းနှင့် ပတ်သက်သော ပြဿနာ (communicatio in sacris) ကို ဓမ္မသင်္ဂြိုလ်ဆိုင်ရာ၊ ကာနွန်ဥပဒေဆိုင်ရာနှင့် သိုးထိန်းဆိုင်ရာရှုထောင့်များမှ စက္ကရမင်တူးများနှင့် သာသနာတော်၏ တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း ဆက်နွယ်မှုအကြား ထောက်ရှု၍ ထပ်မံစစ်ဆေး သင့်သည်။ ဤပြဿနာကို ဘာသာကွဲလက်ထပ်ထိမ်းမြားထားသော ဇနီးမောင်နှံများက အထူးခံစား ရသည်။ ဂိုဏ်းကွဲခရစ်ယာန်များနှင့် လက်ထပ်ထားသော အိမ်ထောင်ရေးအပေါ် ပိုမိုကျယ်ပြန့်သော သုံးသပ်ချက်ကိုလည်း ထောက်ပြသည်။

) မူလကက်သလစ်ဘာသာတူ အများအပြားပါဝင်သည့်မည်သည့်ဂိုဏ်းကွဲခရစ်ယာန်များကိုမဆို လက်ခံသောအသိုင်းအဝိုင်းများနှင့် အလင်းကျေးဇူးရရှိသည့် ခရစ်ယာန်များ၏ပြန်လည် နိုးထခြင်းလှုပ်ရှားမှုများနှင့် ပတ်သက်၍ သုံးသပ်ရန်လည်း တိုက်တွန်းထားသည်။

 

အဆိုပြုချက်များ

၁) 2025 ခုနှစ်သည် ခရစ်ယာန်များအားလုံး စည်းလုံးညီညွတ်စေသည့် ယုံကြည်ခြင်း၏ သင်္ကေတ ဖြစ်သော Nicaea ကောင်စီ (AD 325ခုနှစ်တွင် ကျင်းပခဲ့သည်) နှစ်ပတ်လည်နေ့ ဖြစ်သည်။ ဤပွဲ၏ ဘုံအထိမ်းအမှတ်တစ်ခုသည် ယခင်က အငြင်းပွားဖွယ်ပြဿနာများကို ကောင်စီတွင် မည်သို့ဆွေးနွေး ဖြေရှင်းခဲ့သည်ကို ပိုမိုကောင်း မွန်စွာ နားလည်နိုင်စေရန် ကူညီပေးပါမည်။ 

) အလားတူ 2025 ခုနှစ်တွင် ဘုရားသခင်၏ အစီအမံအားဖြင့် ပါစကားပွဲတော်ရက်သည် ခရစ်ယာန် အသင်းတော်များ အားလုံးအတွက် တူညီသောနေ့ရက်တစ်ခုတည်း၌ ကျရောက်မည် ဖြစ်သည်။ ကျွန်ုပ်တို့၏အသက်နှင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းဖြစ်သော သခင်ဘုရား၏ ရှင်ပြန်ထမြောက်ခြင်း ပွဲကို ထိုနေ့ရက်တွင် ကျင်းပနိုင်စေရန်အတွက် ပါစကားပွဲတော်အတွက် တူညီသောနေ့စွဲတစ်ခုကို သတ်မှတ်လိုသောဆန္ဒကို စည်းဝေးပွဲမှ ထုတ်ဖော်ခဲ့သည်။

) အဆင့်တိုင်းတွင် ကက်သလစ်ဓမ္မညီလာခံလုပ်ငန်းစဉ်များ၌ အခြားသော ဂိုဏ်းဂဏများ၏ ခရစ်ယာန် များလည်း ဆက်လက်ပါဝင်ရန်နှင့် 2024 ခုနှစ်တွင်ကျင်းပမည့် ဓမ္မညီလာခံ-ဒုတိယပိုင်းတွင်လည်း ညီအစ်ကိုကိုယ်စားလှယ်များကို ပိုမိုဖိတ်ခေါ်ရန်လည်း ဆန္ဒရှိပါသည်။

) မျက်မှောက်ခေတ်တွင် ဘုံသာသနာပြုခြင်းနှင့်ပတ်သက်သော ခရစ်ယာန်များအားလုံး တစ်လုံးတစ်ဝ တည်းဖြစ်ရေး ဆိုင်ရာဓမ္မညီလာခံကို ခေါ်ယူကျင်းပရန် အဆိုပြုချက်ကို အချို့က တင်ပြခဲ့ကြသည်။

) ခရစ်ယာန်များအားလုံး တစ်လုံးတစ်ဝတည်းဖြစ်ရေးဆိုင်ရာ ဓမ္မအာဇာနည်ဗေဒကို ပြုစုရန် အဆိုပြုခဲ့ကြပါသည်။

ဒုတိယပိုင်း - နောက်လိုက်တပည့်တော်များအားလုံး၊ သာသနာပြုများအားလုံး

8. နောက်လိုက်တပည့်တော်များအားလုံး၊ သာသနာပြုများအားလုံး

တူညီမှုများ

) သာသနာတော်တွင် သာသနာပြုလုပ်ငန်းရှိသည်ဟု ပြောမည့်အစား၊ သာသနာတော်သည် 'သာသနာပြုရေးလမ်းစဉ်' ပင်ဖြစ်သည်ကို ကျွန်ုပ်တို့အတည်ပြုပါသည်။ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသကဲ့သို့ ငါသည်လည်း သင်တို့ကို စေလွှတ်၏” (ယော၊ ၂၀း၂၁) သာသနာတော်သည် သူ၏ သီးသန့်တာဝန်ကို ခမည်းတော်စေလွှတ်တော်မူသော ခရစ်တော်ထံမှ လက်ခံရရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်မြတ်ဘုရား၏ ပံ့ပိုးမှုနှင့် လမ်းညွှန်မှုဖြင့်၊ သာသနာတော်သည် ၎င်းကို မသိသေးသော သို့မဟုတ် လက်ခံကြိုဆိုသူများအား ဧဝံဂေလိ တရားတော်ကို ကြေညာပြီး သက်သေခံသည်။ သခင် ယေဇူး၏ သာသနာတော်တွင် အမြစ်တွယ် နေသော ဆင်းရဲသားများအတွက် ဦးစားပေး ရွေးချယ်မှုဖြင့် ယင်းကို လုပ်ဆောင်ကြသည်။ ဤနည်းအားဖြင့် မျိုးစေ့ဖြစ်သော သာသနာတော်သည် မိမိ၏တာဝန်ဖြစ်သည့် ဘုရားသခင်၏ နိုင်ငံတော်ရောက်စေရန်အတွက် ပူးပေါင်းလုပ်ဆောင်ကြသည်။ (Cf. LG 5) 

) ခရစ်ယာန်ဘဝကို အစပြုသော စက္ကရမင်တူးများကို ခံယူခြင်းဖြင့် သခင်ယေဇူး၏ တပည့်များ အားလုံးသည် သာသနာတော်၏ သာသနာပြုရေးလမ်းစဉ်အတွက် တာဝန်ရှိသည်။ သာမန်ဘာသာတူ အမျိုးသမီး အမျိုးသားများ၊ သူတော်စင်များ၊ ရဟန်းများအားလုံး ဂုဏ်သိက္ခာတန်းတူ ရှိကြသည်။ ၎င်းတို့သည် မတူညီသော ဆုကျေးဇူးတော်များနှင့် ခေါ်တော်မူခြင်းများကို ခံယူကြပြီး၊ ကွဲပြားသော အခန်းကဏ္ဍများနှင့် လုပ်ဆောင်ချက်များကို ကျင့်သုံးကြသော်လည်း အားလုံးကို ခရစ်တော်၌ တစ်ကိုယ်တည်းဖြစ်စေရန် သန့်ရှင်းသော ဝိညာဉ်တော်မြတ်ဘုရားမှ ဝိညာဉ်ခွန်အား ဖြည့်ပေးသည်။ (၁ကော ၁၂:၁၃) ၎င်းတို့အားလုံးသည် ဧဝံဂေလိတရားဟောပြောခြင်း၏ ကြည်နူးဖွယ် နှစ်သိမ့်မှု ခံစားရသော ဒေသန္တရအသိုက်အဝန်း၏ အပြန်အလှန် တက်ကြွမှုတွင် အားလုံးသည် နောက်လိုက် တပည့်တော်များ၊ သာသနာပြုများ ဖြစ်ကြသည်။ ပူးပေါင်းတာဝန်ယူမှု ကျင့်သုံးခြင်းသည် အတူတကွ ခရီးပြုခြင်းအတွက် မရှိမဖြစ်လိုအပ်ပြီး သာသနာတော်၏ အဆင့်တိုင်းတွင် လိုအပ်ပါသည်။ ခရစ်ယာန်တစ်ဦးစီသည် ကမ္ဘာပေါ်ရှိ သာသနာပြုလမ်းစဉ်တစ်ခု ဖြစ်သည်။

) မိသားစုသည် ခရစ်ယာန်အသိုင်းအဝိုင်း၏ မဏ္ဍိုင် ဖြစ်သည်။ မိဘဘိုးဘွားများနှင့် မိသားစုတွင် နေထိုင်ပြီး ၎င်းတို့၏ ယုံကြည်ခြင်းကို မျှဝေသူအားလုံးသည် ကနဦးသာသနာပြုများဖြစ်ကြသည်။  မိသားစုသည် ဘဝနှင့် ချစ်ခြင်းမေတ္တာ အသိုင်းအဝိုင်းတစ်ခုအနေဖြင့် ယုံကြည်ခြင်းနှင့် ခရစ်ယာန်ဘာသာကို သင်ယူလေ့ကျင့်ရန်အတွက် အခွင့်အရေး ကောင်းသောနေရာတစ်ခုဖြစ်ပြီး၊ လူမှုအသိုင်းအဝိုင်း၏ ပံ့ပိုးမှုလည်း လိုအပ်သည်။ မိသားစုဘဝ၏တောင်းဆိုချက်များ နှင့်အတူ သာသနာတော်အတွက်နှင့် သာသနာပြုလမ်းစဉ်တို့၏ တောင်းဆိုချက်များကိုလည်း ပါ၀င်ထမ်းဆောင် နိုင်ရန် မိဘများအတွက် အခွင့်အရေးဖန်တီးပေးဖို့ အထူးလိုအပ်သည်။

) သာသနာပြုလုပ်ငန်းသည် သာသနာတော်တခုလုံးပါ၀င်သည့် ကျေးဇူးတော်ဖြစ်ပါက သာမန်ဘာသာသူ များသည်လည်း ထိုသာသနာလုပ်ငန်းကို နယ်ပယ်အားလုံးနှင့် နေ့စဉ်ပုံမှန်အခြေအနေများတွင်လည်း တိုးတက်စေရန်အတွက် အရေးပါသောနည်းလမ်းများဖြင့် ပံ့ပိုးပေးနိုင်ပါသည်။ အထူးသဖြင့် ကမ္ဘာတဝှမ်းလုံးတွင် ဤမျှပြင်းထန်၍ အကျိုးသက်ရောက်မှုရှိသော ဒစ်ဂျစ်တယ် ယဉ်ကျေးမှုတွင်၊ လူငယ်ယဉ်ကျေးမှု၊ အလုပ်နှင့်စီးပွါးရေး၊ နိုင်ငံရေးနှင့် အနုပညာ ယဉ်ကျေးမှုလောကတွင်၊ သိပ္ပံနည်းကျ သုတေသန၊ ပညာရေးနှင့် လေ့ကျင့်ရေး၊ ကျွန်ုပ်တို့၏ကမ္ဘာကြီးကို စောင့်ရှောက်မှုတို့၌ သာမန်ဘာသာတူတို့လည်း ပါ၀င်၍ နေ့စဉ်အသက်တာတွင် သာသနာတော်ကို တည်ရှိစေပြီး၊ ဧဝံဂေလိတရားတော်ကို ကြေညာဟောပြောသူများဖြစ်ကြသည်။ သူတို့ရှိသည့်နေရာတိုင်းတွင် သူတို့၏ နေ့စဥ်ဘဝ အသက်တာ၌ ယေဇူးခရစ်တော်ကို သက်သေခံကာ အခြားသူများကိုလည်း ယုံကြည်ခြင်းကို မျှဝေသူများ ဖြစ်လာရန် ဖိတ်ခေါ်ခံရပါသည်။ ထူးခြားသောနည်းဖြင့် သူတို့၏ကျေးဇူးတော်များ၊ ချို့ယွင်းချက်များနှင့်အတူ သခင်ယေဇူးနှင့် ရင်းနှီးမှုတိုးလာကာ ထိုလူငယ်များသည် ၎င်းတို့နှင့် ရွယ်တူများထံ ဧဝံဂေလိတရား၏တမန်တော်များဖြစ်လာကြသည်။

) သာမန်ဘာသာဝင်များသည်လည်း ခရစ်ယာန်အသိုင်းအဝိုင်းအတွင်း အမှုတော်ဆောင်ခြင်း၌ ပိုမိုပါ၀င် လာကြသည်။ ၎င်းတို့ထဲမှ အများအပြားသည် သိုးထိန်းတို့၏အမှုတော်အား ထမ်းဆောင်မည့် အသိုင်းအဝိုင်းများကို စနစ်တကျစီမံခန့်ခွဲပြီး၊ ဘာသာရေးကို သင်ကြားပေးသူများ၊ ဓမ္မသင်္ဂြိုလ် ပညာရှင်များနှင့် ပြုစုပျိုးထောင်ပေးသူများ၊ ဝိညာဉ်ရေးလှုပ်ရှားသူများနှင့် ဓမ္မဆရာဆရာမများအဖြစ် ထမ်းဆောင်ကြပြီး အမျိုးမျိုးသော သာသနာနယ်ပယ်များနှင့် ဂိုဏ်းချုပ်/ဂိုဏ်းအုပ်သာသနာများတွင် ပါ၀င်အမှုထမ်းကြသည်။ ဒေသများစွာတွင် ခရစ်ယာန်အသိုင်းအဝိုင်းဘဝနှင့် သာသနာတော်၏ တာဝန်များသည် ဓမ္မဆရာများပေါ်တွင် မူတည်သည်။ ထို့အပြင် သာမန်ဘာသာတူများသည် ကာကွယ် စောင့်ရှောက်ပေးမှုများနှင့် စီမံအုပ်ချုပ်ပေးသူများအဖြစ် ပါ၀င်အစေခံကြသည်။ ဤအစေခံမှုများ အားလုံးမှာ မရှိမဖြစ် လိုအပ်သည်။ ထို့ကြောင့် လိုအပ်သော အရည်အချင်းများ ရရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်သည်။

) သာမန်ဘာသာဝင်တို့၏ များပြားလှသောကဏ္ဍများတွင် ဝိညာဉ်တော်ဘုရားထံမှ ၎င်းတို့ရရှိထား သော အထူးထူးအထွေထွေသော ကျေးဇူးများကို ဖော်ထုတ်ပြီး၊ အသိအမှတ်ပြုကာ လုံးဝတန်ဖိုးထား ရမည်။ အချို့သော အခြေအနေများတွင် ရဟန်းတော်များ ရှားပါးလာမှုအတွက် ကူညီပေးရန် သာမန် ဘာသာတူများကို ဖိတ်ခေါ်ခြင်းဖြင့် ၎င်းတို့၏ကဏ္ဍ ပျောက်ဆုံးသွားမှု အန္တရာယ်ကို ကာကွယ်နိုင်သည်။ အခြားအခြေအနေများတွင် ရဟန်းဘုန်းတော်ကြီးများသည် အရာရာတိုင်းကို ကိုယ်တိုင်လုပ်ဆောင်ကြသောကြောင့် သာမန် ဘာသာတူများ၏ ထူးခြားသော ကျေးဇူးတော်များနှင့် သာသနာလုပ်ငန်းများကို လျစ်လျူခြင်း သို့မဟုတ် အသုံးချမှု နည်းပါးခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။ သာမန်ဘာသာတူများကို သိက္ခာခံပြီးသူများကဲ့သို့ ဆောင်ရွက်စေခြင်းနှင့် ပတ်သက်ပြီး သဘောထား အမျိုးမျိုး ကွဲလွဲမှုများသည် ဘုရားသခင်၏ လူတို့အကြား မညီမျှမှုများနှင့် မညီညွတ်မှုများ တည်မြဲစေမည့် အန္တရာယ်ရှိသည် ဟု စည်းဝေးပွဲ၌ အများက တင်ပြခဲ့ကြပါသည်။

ရ) Mission ad gentes (ဒုတိယဗာတီကန် ကောင်စီမှ ထုတ်ပြန်သည့် သာသနာတော်၏ သာသနာပြုခြင်း လုပ်ဆောင်ချက် အမိန့်ညွှန်ကြားစာ)သည် သာသနာတော်များအတွင်း အပြန်အလှန်အကျိုးပြုသည်။ အဘယ်ကြောင့်ဆိုသော် သာသနာပြုများသာမက သာသနာတစ်ခုလုံးပါ၀င်နေသောကြောင့် ဆုတောင်းခြင်း၊ ပစ္စည်းများ ဝေမျှသုံးစွဲခြင်းနှင့် သက်သေခံခြင်းတို့ ပြုလုပ်ရန်အတွက် လှုံ့ဆော်ပေး သည်။ ရဟန်းတော်များနည်းပါးသော သာသနာများတွင် ဤသာမန်ဘာသာတူများ၏ အပ်နှံမှုကို မစွန့်သင့်သည်သာမက၊ ခေါ်တော်မူခြင်းများစွာ ရရှိသော သာသနာများတွင်လည်း၊ ခန့်အပ်ခံရသော ဓမ္မအမှုတော်ဆောင်များ၏ စစ်မှန်သော ဧဝံဂေလိလုပ်ငန်းကို ပူးပေါင်းလုပ်ဆောင်စေခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိစေသည်။ သာသနာပြုများအားလုံး သာမန်ဘာသာတူ အမျိုးသမီး အမျိုးသားများ၊ သစ္စာသုံးပါးခံ သူတော်စင်များ၊ ဦးပဉ္ဇင်းကြီးများနှင့် ရဟန်းတော်များ၊ အထူးသဖြင့် သာသနာပြုအသင်းအဖွဲ့များနှင့် fidei donum သာသနာပြုအဖွဲ့ဝင်များသည် အသိပညာနှင့် ရရှိထားသော ကျေးဇူးတော်များကို ဖလှယ်ခြင်းအတွက် အရေးကြီးသော အရင်းအမြစ်တစ်ခု ဖြစ်သည်။

) အထူးသဖြင့် အများသူငှါနှင့် သာသနာပြုတို့၏ သဘောသဘာဝကို အပြည့်အဝဖော်ပြနိုင်သည်မှာ၊ သာသနာတော်၏ သာသနာပြုလုပ်ငန်းကို ကိုယ်တော်မြတ်စက္ကရမင်တူးမှ စဉ်ဆက်မပြတ် အားသစ်လောင်း ပြီး ခွန်အားဖြည့်တင်းပေးနေ သောကြောင့် ဖြစ်သည်။

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

) သာသနာပြုခြင်း၏ အဓိကသော့ချက်ဖြစ်သော ဝိညာဥ်တော်မြတ်ဘုရား၏ ဆုကျေးဇူးတော်များ (Charism) နှင့် ဓမ္မအမှုတော်ဆောင်ခြင်းတို့၏ ဆက်စပ်မှုအပေါ် ဓမ္မသင်္ဂြိုလ်ဆိုင်ရာ နားလည်သဘော ပေါက်မှုကို နက်နက်နဲနဲ ဆက်လက်၍ နားလည်ရန် လိုအပ်သည်။

) ဒုတိယဗာတီကန်ကောင်စီနှင့် နောက်ဆက်တွဲ သာသနာတော်၏ သွန်သင်ပိုင်ခွင့်အာဏာနှင့် သွန်သင် ချက်သည် လောကီရေးရာ၊ သို့မဟုတ် လောက၏ဖြစ်ရပ်မှန်များကို သန့်ရှင်းစေခြင်းနှင့် ပတ်သက်၍ သာမန်ဘာ သာတူတို့၏ တာဝန်ကို တင်ပြသည်။ သို့သော် လက်တွေ့မှာ သာသနာနယ်တပိုင်အဆင့်၊ ဂိုဏ်းချုပ်/ဂိုဏ်းအုပ်သာသနာအဆင့်၊ မကြာသေးမီကပင် သိုးထိန်းတို့၏အမှုကိစ္စများ၌ ကမ္ဘာ တစ်ဝှမ်းလုံးဆိုင်ရာ အဆင့်အထိ သာမန်ဘာသာတူတို့ကို သာသနာ့တာဝန်နှင့် ဓမ္မအမှုတော်ဆောင်ခြင်း ကိစ္စများ ပိုတိုး၍ အပ်နှံလာကြသည်။ ဓမ္မသင်္ဂြိုလ်ဆိုင်ရာ ဆင်ခြင်သုံးသပ်မှုနှင့် ကာနွန်ဥပဒေဆိုင်ရာ ပြဌါန်းချက်များသည် ဤအရေးကြီးသော တိုးတက်မှုများနှင့် ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။ အသင်းတော်က လုပ်ဆောင်သော သာသနာပြုလုပ်ငန်း၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်သည့် ဒွိတ္တဝါဒ (အကောင်းအဆိုး ဆန့်ကျင်ဘက်တို့ ဒွန်တွဲနေသည်ဟူသော သဘောတရား) များကို ရှောင်ရှားရန်လည်း လိုအပ်ပါသည်။

) သာသနာပြုလုပ်ငန်းအတွက် ဆေးကြောခြင်းခံယူပြီးသူအားလုံး၏ ပူးတွဲတာဝန်ကို မြှင့်တင်ရာတွင် မသန်စွမ်းသူများ၏ တမန်တော်စွမ်းရည်များကို ကျွန်ုပ်တို့အသိအမှတ်ပြုပါသည်။ သူတို့၏ ကြွယ်ဝ သော လူသားဆန်မှုဖြင့် ပေးဆပ်ဆက်ကပ် သော ဧဝံဂေလိအမှုတော်ဆောင်ခြင်းတွင် ပိုမိုကောင်းမွန်စွာ တန်ဖိုးထားစေလိုပါသည်။ သူတို့ရင်ဆိုင်နေရသော ဆင်းရဲဒုက္ခများ၊ ဘေးဖယ်ခံထားရခြင်းနှင့် ခွဲခြား ဆက်ဆံခံရခြင်းများကို တခါတရံ ခရစ်ယာန်အသိုင်းအဝိုင်းအတွင်း၌ပင် သူတို့တွေ့ကြုံ နေရသည်ကို ကျွန်ုပ်တို့မြင်တွေ့နိုင် ပါသည်။

) သိုးထိန်းဆိုင်ရာ သာသနာပြုလုပ်ငန်း၏ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်ပြီး ၎င်းတို့သည် သာမန်ဘာသာတူတို့၏ အထူးဆုကျေးဇူးများနှင့် ဓမ္မအမှုတော်ဆောင်ခြင်းများကို အဆင်သင့် အသိအမှတ်ပြုခြင်း၊ လှုပ်ရှားနှိုးဆော်ခြင်းအားဖြင့် အတူတကွ ခရီးပြုနေသော သာသနာတော်၏ သာသနာပြုလုပ်ငန်းထဲတွင် တက်ကြွစွာ ပါ၀င်နိုင်စေမည် ဖြစ်သည်။ ရဟန်းတော်များ၏ လမ်းညွှန်မှုအောက်တွင် သာသနာအသိုင်းအဝိုင်းရှိ လူများကို စေလွှတ်နိုင်မည် ဖြစ်ပြီး စေလွှတ်ထားပြီးသော သာသနာပြုများအတွက်လည်း အထောက်အကူဖြစ်စေမည်။ ဤနည်းအားဖြင့် ဤဖွဲ့စည်းပုံများသည် လူ့အဖွဲ့အစည်းအတွင်း၊ မိသားစုနှင့် လုပ်ငန်းခွင်အတွင်း ဘာသာတူများ ထမ်းဆောင်နေသည့် အဓိက သာသနာပြုလုပ်ငန်းသည် အတွင်းရေးကိစ္စများ၊ သို့မဟုတ် အဖွဲ့အစည်းဆိုင်ရာကိစ္စရပ်များကို အာရုံစိုက်ခြင်းထက် သာလွန်စေမည် ဖြစ်သည်။

) လုပ်ထုံးလုပ်နည်းလမ်းညွှန် (Instrumentum Laboris) တွင် အသုံးပြုသောဓမ္မအမှုတော်ဆောင်နေသော သာသနာတော်များ  “an all-ministerial Church” ဟူသောအသုံးအနှုန်း သည် နားလည်မှုလွဲမှားအောင် လမ်းကြောင်းပေးနိုင်သည်။  ဤမရှင်းလင်းမှုကို ဖယ်ရှားရန်အတွက် ၎င်း၏ အဓိပ္ပါယ်ကို ရှင်းလင်းရမည် ဖြစ်သည်။

အဆိုပြုချက်များ

) လူငယ်များ အထူးပါ၀င်ပတ်သက်မှုဖြင့် ဒေသခံအသင်းတော်များ၏ လိုအပ်ချက်နှင့်အညီ ဓမ္မအမှုတော်ဆောင်ခြင်းလုပ်ငန်း များဖွဲ့စည်းရာတွင် တီထွင်ဖန်တီးနိုင်သောစွမ်းရည် ပိုမိုလိုအပ်သည်။ မစ္ဆားတရား ပူဇော်ဝတ်ပြုခြင်းတွင် သမ္မာကျမ်းစာတော် မြတ်ဖတ်ကြားသောတာဝန်၊ သာသနာတော် တွင် ထမ်းဆောင်ခဲ့သောတာဝန်များထက် ပိုမိုကျယ်ပြန့်သောတာဝန်များကို ချဲ့ထွင်စဉ်းစားနိုင်သည်။ ယင်းသည် သင့်တော်သောအခြေအနေတွင် ဟောပြောခြင်းလည်း ပါ၀င်နိုင်သည်။ ထိုအရာသည် ဘုရားသခင်၏ နှုတ်ကပါဌ်တော်ကို သွန်သင်နိုင်သည့် ပြည့်ဝသော ဓမ္မအမှုတော်ဆောင်ခြင်း ဖြစ်လာနိုင်သည်။ မိသားစု ဘဝကို ကူညီရန်နှင့် လက်ထပ်ခြင်းစက္ကရမင်တူး ခံယူရန်ပြင်ဆင်နေသူများ အတွက် တာဝန်ပေးသည့် အမှုတော်ဆောင် လုပ်ငန်းကိုလည်း ပေးအပ်ရန် ကျွန်ုပ်တို့ စူးစမ်းလေ့လာနိုင်သည်။

) သာမန်ဘာသာတူတို့၏ ဆုကျေးဇူးတော်များနှင့် ဓမ္မအမှုတော်ဆောင်ခြင်းများကို သင့်လျော်သော နည်းလမ်းဖြင့် အသိအမှတ်ပြုခြင်းအခမ်းအနားများကို ထည့်သွင်းစဉ်းစားရန် ဒေသန္တရ သာသနာတော် များအား ဖိတ်ခေါ်လိုပါသည်။ ရဟန်းတော်များ လုပ်ပိုင်ခွင့်ရှိသော ဝတ်ပြုကိုးကွယ်ခြင်း အခမ်းအနားများတွင် ပြုလုပ်နိုင်သည်။  

9. သာသနာတော်၏ ဘဝအသက်တာနှင့် သာသနာပြုလမ်းစဉ်၌ အမျိုးသမီးများ

တူညီမှုများ

) ကျွန်ုပ်တို့ကို ဘုရားသခင်၏ ရွှေပုံသဏ္ဌာန်တော်နှင့်အညီ ဘုရားသခင်နှင့်တူအောင် ဖန်ဆင်းထားသည်။ ကနဦးတည်းက ဖန်ဆင်းခြင်းသည် စည်းလုံးညီညွတ်မှုနှင့် ကွဲပြားမှုကို ထင်ရှားစေပြီး၊ အမျိုးသမီးနှင့် အမျိုးသားများအား မျှဝေသောသဘာဝ၊  ခေါ်တော်မူခြင်းနှင့် ဦးတည်ရာပန်းတိုင်၊ လူသားဖြစ်ခြင်း ဆိုင်ရာ ကွဲပြားသော အတွေ့အကြုံနှစ်မျိူးကို ပေးအပ်သည်။ သမ္မာကျမ်းစာတော်မြတ်သည် အမျိုးသားများနှင့် အမျိုးသမီးများ၏ အပြန်အလှန်ပေါင်းစပ်မှုနှင့် အပြန်အလှန် ညီညွတ်မှု၊ ဘုရားသခင့် ဖန်ဆင်းခြင်း လက်ရာ၏ ဗဟိုအချက်အချာတွင်ရှိသော သူတို့အကြားရှိ ပဋိညာဉ်ကို သက်သေခံပါသည်။ သခင်ယေဇူးသည် အမျိုးသမီးများကိုလည်း တရားဝင် ပါ၀င်ဆွေးနွေးသူများ အဖြစ် သတ်မှတ်သည်။ သူတို့ကို ဘုရားသခင်၏ နိုင်ငံတော်အကြောင်း ပြောပြသည်။ သူတို့ကို တပည့်နောက်လိုက်အဖြစ် သတ်မှတ်သည်။ ဥပမာအားဖြင့် ဘက်သနီမြို့မှ မာရီယားကဲ့သို့ ဖြစ်သည်။ ကုသခြင်း၊ အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်း၊ အသိအမှတ်ပြုခံရခြင်းစသော တန်ခိုးများကို တွေ့ကြုံ ခံစားခဲ့ရသော ထိုအမျိုးသမီးမျာသည် ဂါလိလဲပြည်မှ ယေရုဆလင်မြို့ သို့ သွားသောလမ်းတွင် ကိုယ်တော်နှင့်အတူ လိုက်ပါသွားကြ၏။ (လုကာ၊ :-) ကိုယ်တော်သည် ပါစကားနေ့ နံနက်တွင် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြေညာသူအဖြစ် မာရီးယားမာဒလေနားကို ရွေးကောက်ခဲ့ ပါသည်။

) ခရစ်တော်၌ အမျိုးသားများနှင့် အမျိုးသမီးများသည် တူညီသော ဆေးကြောခြင်း၏ ဂုဏ်သိက္ခာနှင့် ကျေးဇူးတော်ကို ဝတ်ဆင်ကြပြီး (ဂလာတိ :၂၈) ဝိညာဉ်တော်မြတ်ဘုရား၏ ဆုကျေးဇူး အမျိုးမျိုးကိုလည်း အညီအမျှ ရရှိကြသည်။ ကျွန်ုပ်တို့အား ခရစ်တော်၌ ချစ်ခြင်းမေတ္တာကို အရင်းခံသော တစ်လုံး တစ်ဝတည်းရှိခြင်း၊ သခင်ခရစ်တော်၌ အပြိုင်အဆိုင်ကင်းသော ဆက်ဆံရေး ကျင့်သုံးလျက်၊ သာသနာတော်၏ အဆင့်ကဏ္ဍတိုင်းတွင် ပူးတွဲတာဝန်ယူရန် ကျွန်ုပ်တို့ကို ဖိတ်ခေါ်ထားသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ မိန့်ကြားချက်အတိုင်း၊ ကျွန်ုပ်တို့သည်မင်္ဂလာတရား ရှစ်ပါး၏အစွမ်းသတ္တိနှင့် ခေါ်ယူ စုရုံးထားသော လူမျိုးဖြစ်သည်။

) ဤဓမ္မညီလာခံအတွင်း အမျိုးသမီးနှင့် အမျိုးသားများအကြား အပြန်အလှန်အကျိုးပြုမှုဆိုင်ရာ အလွန်ကောင်းမွန်သော အတွေ့အကြုံကို ကျွန်ုပ်တို့ရရှိခဲ့ပါသည်။ သာသနာတော်သည် သိုးထိန်း လုပ်ငန်းဆိုင်ရာနှင့် စက္ကရမင်တူးပိုင်း ဆိုင်ရာတို့၌ အမျိုးသမီးများကို ပိုမိုပြတ်သားသော ကတိကဝတ်နှင့် လက်တွဲခေါ်ယူပေးမည်ကို ဓမ္မညီလာခံ၏ ယခင်လုပ်ငန်းစဥ်များ၌ တောင်းဆိုခဲ့ခြင်းကို အတူတကွ ထပ်မံပြောကြားခဲ့ကြပါသည်။ အမျိုးသမီးများသည် မိမိတို့၏ဘဝအဆင့်အမျိုးမျိုးတွင် မိမိတို့၏ ဝိညာဉ်ရေးဆိုင်ရာ အတွေ့အကြုံများကို ဝေမျှလိုပါသည်။ အမျိုးသမီးများသည်၊ အမျိုးသမီးငယ်များအဖြစ်၊ မိခင်များအဖြစ်၊ သူတို့၏ခင်မင်ရင်းနှီးမှုနှင့် ပေါင်းသင်းဆက်ဆံရေး၊ မိသားစုဘဝတွင် အသက်အရွယ် မရွေး၊ လုပ်ငန်းခွင်ဘဝနှင့် သစ္စာသုံးပါးခံယူထားသော သူတော်စင်ဘဝတို့ ပါ၀င်ကြသည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စီးပွါး ရေး၌ အဆင့်အတန်း ခွဲခြားမှု၊ ၎င်းတို့ကို အရာဝတ္ထုသဖွယ် သဘောထားသည့် သဘောထားကြောင့် လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုအတွက် အမျိုးသမီးများ အော်ဟစ်တောင်းဆိုနေကြဆဲ ဖြစ်သည်။ လူကုန်ကူးမှု၊ အဓမ္မရွှေ့ပြောင်းနေထိုင်ရမှု နှင့် စစ်ပွဲများကြောင့် အမျိုး သမီးများ စိတ်ဒါဏ်ရာရှိနေကြသည်။ အမျိုးသမီးများအတွက် သိုးထိန်းတို့၏ စောင့်ရှောက်မှုနှင့် တက်ကြွသော ထောက်ခံအားပေးခြင်းတို့ကို ဒွန်တွဲလုပ်ဆောင်သင့်သည်။

) အမျိုးသမီးများသည် သာသနာအုပ်စုများ၌ အများဆုံး ပါ၀င်လှုပ်ရှားသူများဖြစ်ပြီး မိသားစုတွင် ယုံကြည်ခြင်း၏ ပထမဆုံး သာသနာပြုများ ဖြစ်လေ့ရှိကြသည်။ သူတော်စင်အမျိုးသမီးများသည် တရားအားထုတ်သောအသင်းဂိုဏ်းဖြစ်စေ၊ သာသနာပြုများဖြစ်စေ၊ ကျွန်ုပ်တို့အလယ်တွင် အဓိကကျသော၊ ထင်ရှားသော လက်ဆောင်၊ သင်္ကေတနှင့် သက်သေတို့ ဖြစ်ကြသည်။ အမျိုးသမီး သာသနာပြုများ၊ ရဟန္တာမများ၊ ဓမ္မသင်္ဂြိုလ်ပညာရှင်နှင့် ထူးခြားသော ဝိညာဉ်ရေးကျင့်စဉ် ကျင့်သော အမျိုးသမီးများ၏ ရှည်လျားသော သမိုင်းကြောင်းသည် ယနေ့ခေတ် အမျိုးသမီး၊ အမျိုးသားများအတွက် ဝိညာဉ်အာဟာရနှင့် လှုံ့ဆော်မှုပေးနိုင်သော အရင်းအမြစ်တစ်ခု ဖြစ်သည်။

) နာဇရက်မြို့မှ မာရီယားသည် ယုံကြည်ခြင်း၌ စံထားရသော အမျိုးသမီးဖြစ်သည်သာမက ဘုရား၏ မယ်တော်လည်း ဖြစ်ပြီး ကျွန်ုပ်တို့အားလုံးအတွက် ဓမ္မသင်္ဂြိုလ်ဆိုင်ရာ၊ သာသနာတော်ဆိုင်ရာနှင့် ဝိညာဉ်ရေးဆိုင်ရာ တို့၏ လေးနက်သော အဓိပ္ပါယ်ကို ဖော်ဆောင်ပေးသော အရင်းအမြစ်လည်း ဖြစ်သည်။ မာရီယားသည် ကျွန်ုပ်တို့ကို လူသားအားလုံးနှင့်ဆိုင်ရာ ခေါ်တော်မူခြင်းကို သတိမူစေပြီး၊ ဘုရားသခင်ကို နားထောင်ရန် နှင့် ဝိညာဉ်တော်မြတ်ဘုရားအတွက် နှလုံးသားများကို ဖွင့်ထားရန် နှိုးဆော်ပေးသည်။ သူမသည် ပဋိသန္ဓေယူရခြင်းနှင့် ပြုစုပျိုးထောင်ရခြင်း၏ ပျော်ရွှင်မှုကိုသိသူ၊ နာကျင်မှုနှင့် ဒုက္ခဝေဒနာခံစားရခြင်းကိုလည်း ခံနိုင်ရည်ရှိသူဖြစ်သည်။ သူမသည် သားတော်ကို ဆင်းရဲသောအခြေအနေတွင် မွေးဖွားခဲ့ရခြင်း၊ တိုင်းတပါး၌ ခိုလှုံခဲ့ရခြင်း၊ သားတော် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံရခြင်း အတွက် ဝမ်းနည်း ကြေကွဲခဲ့ရသော်လည်း သားတော်၏ ရှင်ပြန်ထမြောက်ခြင်း၏ ဘုန်းဂုဏ်တော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်မြတ် ဘုရား၏ ဘုန်းဂုဏ်တော်ကိုလည်း သိပါသည်။

) အမျိုးသမီးအများအပြားသည် ရဟန်းတော်များနှင့် ဆရာတော်များ၏ လုပ်ဆောင်မှုများအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြသည်။ ဒဏ်ရာရနေသော သာသနာတော် အကြောင်းကိုလည်း ဖော်ပြခဲ့ကြသည်။ ရဟန်းများကြီးစိုး သောဝါဒ၊ လူမျိုးကြီးဝါဒ အတွေးအခေါ်နှင့် အခွင့်အာဏာကို အလွဲသုံးသောအပြုအမူများသည် သာသနာတော်ကို မျက်နှာပျက်စေပြီး စည်းလုံးမှုကိုလည်း ပျက်စီးစေသည်။ ထိရောက်သော ဖွဲ့စည်းပုံဆိုင်ရာပြောင်းလဲမှုတိုင်းအတွက် အခြေခံအုတ်မြစ်အဖြစ် လေးနက်သော ဝိညာဉ်ရေးရာ ပြောင်းလဲခြင်းတစ်ခု လိုအပ်ပါသည်။ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု၊ အာဏာနှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားလုပ်မှုများသည် တရားမျှတမှု၊ ကုစားရေးနှင့် ပြန်လည်သင့်မြတ်ကျေးအေးမှုတို့ အတွက် ဆက်လက်ကြွေးကြော် နေပါသည်။ သာသနာတော်သည် အားလုံးကို အကာအကွယ်ပေးသောနေရာ မည်သို့ဖြစ်နိုင် သနည်း။

) သာသနာတော်ရှိ အမျိုးသမီးနှင့် အမျိုးသားများအကြား ဆက်ဆံရေးတွင် ဂုဏ်သိက္ခာနှင့် တရားမျှတမှု အား နည်းသည့်အခါ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကမ္ဘာလူသားများကို ဟောပြောသက်သေခံခြင်းကို အားနည်းသွားစေပါသည်။ ကျွန်ုပ်တို့ ဓမ္မညီလာခံ၏လမ်းစဉ်သည် အချင်းချင်းဆက်ဆံရေးကို အသစ်ပြုပြင်ရန်နှင့် ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုအတွက် လိုအပ်ကြောင်း ပြသသည်။ ဤနည်းဖြင့် သာသနာလုပ်ငန်းတွင် ပူးတွဲတာဝန်ရှိသောသူများအဖြစ်၊ သာမန်ဘာသာတူများ၊ သူတော်စင် အမျိုးသမီး၊ အမျိုးသားများ၊ ဦးပဉ္ဇင်းကြီးများ၊ ရဟန်းတော်များနှင့် ဆရာတော်များအားလုံး၏ ပါ၀င်မှုနှင့်ပံ့ပိုးမှုကို ကျွန်ုပ်တို့ပိုမိုကောင်းမွန်စွာ ကြိုဆိုနိုင်မည်ဖြစ်သည်။

) အမျိုးသမီးများကို ပြဿနာ၊ သို့မဟုတ် ပြဿနာအဖြစ် ထပ်တလဲလဲပြောဆိုခြင်းမှ ရှောင်ကြဉ်ရန် ဓမ္မညီလာခံက တောင်း ဆိုပါသည်။ ယင်းအစား ကျွန်ုပ်တို့သည် ခွဲခြားခြင်း၊ ချန်လှပ်ထားခြင်း၊ ပြိုင်ဆိုင်မှုမရှိဘဲ အဓိကကျသူများအဖြစ် အတူတကွ မြင်သော ဘုရားသခင်၏ ကျယ်ပြန့်သော စီမံကိန်းတော်ကို ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်ရန် အမျိုးသားများနှင့် အမျိုးသမီးများ အတူတကွ ဆွေးနွေးသည့် သာသနာတော်တစ်ခုအဖြစ် မြှင့်တင်လိုပါသည်။

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

) ကမ္ဘာတဝှမ်းလုံးရှိ သာသနာတော်များသည် အမျိုးသမီးများ၏ တက်ကြွစွာပါ၀င်မှုကို အသိအမှတ် ပြုပြီး တန်ဖိုးထားရမည်ဖြစ်ကြောင်းနှင့် သာသနာတော်၏ အသက်နှင့် သာသနာနယ်ပယ်အားလုံးတွင် ၎င်းတို့၏ ဦးဆောင်မှု တိုးလာစေရန် ရှင်းလင်းပြတ်သားစွာ တောင်းဆိုခဲ့ကြသည်။ အားလုံး၏ အရည်အချင်းများနှင့် ဆုကျေးဇူးများကို ပိုမိုကောင်းမွန်စွာ ဖော်ပြရန်နှင့် သာသနာ၏ လိုအပ်ချက်များကို ပိုမိုတုန့်ပြန်နိုင်စေရန်၊ သာသနာတော်သည် လက်ရှိတာဝန်နှင့် သာသနာ လုပ်ငန်းများတွင် အမျိုးသမီးများ မည်သို့ပါ၀င်နိုင်မည်နည်း။ သာသနာလုပ်ငန်းသစ်များ လိုအပ်ပါက ဤအရာများကို မည်သူက၊ မည်သည့်အဆင့်၊ မည်သည့် နည်းလမ်းဖြင့် ပိုင်းခြားသင့်သနည်း။

) ဦးပဥ္ဇင်းကြီးအဆင့်သို့ အမျိုးသမီးများ တက်လှမ်းခွင့်နှင့် ပတ်သက်၍ မတူညီသော ရပ်တည်ချက်များကို ဖော်ပြခဲ့သည်။ အချို့သူများအတွက်၊ ဤအဆင့်သည် သာသနာတော်၏ ဓလေ့ထုံးတမ်းနှင့်မကိုက်ညီဟု ယူဆသောကြောင့် လက်မခံနိုင်ကြပေ။ အခြားသူများအတွက်မူ အမျိုးသမီးများအား ဦးပဥ္ဇင်းကြီး အဆင့်သို့ အမျိုးသမီးများအား ဝင်ခွင့်ပေးခြင်းသည် ရှေးဦးအသင်းတော်၏ အလေ့အကျင့်ကို ပြန်လည် ရရှိစေမည်။ အခြားသူများကမူ ၎င်းအား ခေတ်၏နိမိတ်လက္ခဏာများကို သင့်လျော်ပြီး လိုအပ်သော တုန့်ပြန်မှုအဖြစ် လက်ခံကာ သာသနာတော်၏ ဓလေ့ထုံးတမ်းအစဉ်အလာကိုလည်း သစ္စာစောင့်သိကာ သာသနာတော်ကို စွမ်းအင်အသစ်နှင့် တက်ကြွမှုကို ရှာဖွေသူ အများအပြား၏ စိတ်နှလုံးထဲတွင် ပဲ့တင်ထပ်မည်ကို တွေ့ရှိမည်ဟု မြင်ကြသည်။ ဤတောင်းဆိုချက်သည် စိုးရိမ်စရာ မနုဿဗေဒဆိုင်ရာ ရှုပ်ထွေးမှုအကြောင်း ပြောဆိုသည်ဟု အချို့က ထုတ်ဖော်ပြောဆိုကြပြီး အကယ်၍ ခွင့်ပြုပါက သာသနာတော်ကို ခေတ်သဘောအရ လိုက်လျောမည်ကို စိုးရိမ်ကြောင်း အချို့က ဖော်ပြကြသည်။

) ဤမေးခွန်းအတွက် ဆွေးနွေးမှုသည် ဦးပဥ္ဇင်းကြီးသိက္ခာနှင့်ဆိုင်သော ဓမ္မသင်္ဂြိုလ် (Diaconate Theology) အပေါ်ပိုမိုကျယ်ပြန့်သော ဆင်ခြင်သုံးသပ်မှုများနှင့်လည်း သက်ဆိုင်သည်။ (cf. below Chapter 11).

အဆိုပြုချက်များ

) ဒေသခံသာသနာတော်များသည် ၎င်းတို့၏လူမှုရေးအခြေအနေများတွင် အပယ်ခံအမျိုးသမီးအများစု အား နားထောင်ပေးခြင်း၊ အဖော်ပြုလမ်းညွှန်ပေးခြင်းနှင့် စောင့်ရှောက်မှုပေးခြင်းတို့ကို တိုးချဲ့လုပ် ဆောင်ရန် အားပေးပါသည်။

) အမျိုးသမီးများ ဆုံးဖြတ်ချက်ချသည့်လုပ်ငန်းစဉ်များတွင် ပါ၀င်နိုင်ပြီး သိုးထိန်းတို့၏ လုပ်ငန်းနှင့် ဓမ္မအမှုတော်ဆောင်ခြင်းတွင် တာဝန်ရှိကြောင်း သေချာစေရန် အရေးကြီးပါသည်။ ပုပ်ရဟန်းမင်းကြီး သည် ရောမ မြို့ရှိ သာသနာတော်၏ စီမံအုပ်ချုပ်ရေးရုံး (Roman Curia) အတွင်း တာဝန်ရာထူးများတွင် အမျိုးသမီးများ အရေအတွက်ကို သိသိသာသာတိုးပေးခဲ့သည်။ သာသနာတော်အတွင်း၌ အခြားသော အဆင့်များ၊ သူတော်စင်တို့၏ ဘဝနှင့် ဂိုဏ်းချုပ်/ဂိုဏ်းအုပ်သာသနာတို့တွင်လည်း ထိုသို့ဖြစ်သင့် သည်။ ပြဌာန်းချက်ကို ကာနွန်ဥပဒေနှင့်အညီ ပြုလုပ်ရန် လိုအပ်ပါသည်။

) ဓမ္မသင်္ဂြိုလ်ဆိုင်ရာနှင့် သိုးထိန်းဆိုင်ရာတို့အတွက် အကျိုးကျေးဇူးရရှိစေမည့် အမျိုးသမီးများ၏ ဦးပဥ္ဇင်းကြီးအဆင့်သို့ တက်လှမ်းနိုင်မှု သုတေသနကို ဆက်လက်လုပ်ဆောင်သင့်သည်။ ရဟန်းမင်းကြီး မှ အထူးဖွဲ့စည်းထားသော ကော်မရှင်များ၏ ဓမ္မသင်္ဂြိုလ်ဆိုင်ရာ၊ သမိုင်းဆိုင်ရာနှင့် သမ္မာကျမ်းစာတော်မြတ်၏ အနက်အဓိပ္ပါယ်ကို သိပ္ပံနည်းကျကျ သုတေသန ပြုထားသောရလဒ်ကို ထည့်သွင်းစဉ်းစားသင့်သည်။ ဖြစ်နိုင်လျှင် ဤသုတေသနရလဒ်များကို လာမည့်ဓမ္မညီလာခံသို့ တင်ပြသင့်သည်။

) သာသနာတော်အတွင်း အလုပ်သမားများအပေါ် မတရားမှုနှင့် တရားမျှတမှုမရှိသော အခကြေးငွေ ကိစ္စများ၊ အထူးသဖြင့် စျေးပေါသောအလုပ်သမားအဖြစ် မကြာခဏ ဆက်ဆံခံရသော သူတော်စင် အမျိုးသမီးများအတွက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပါသည်။

) ပြုစုပျိုးထောင်ခြင်းဆိုင်ရာ ပရိုဂရမ်များနှင့် ဓမ္မသင်္ဂြိုလ်ပညာဆိုင်ရာ လေ့လာမှုများတွင် အမျိုးသမီး များ ဝင်ရောက်ခွင့်ကို သိသိသာသာ ချဲ့ထွင်ရန် လိုအပ်သည်။ သိက္ခာခံဓမ္မအမှုတော်ဆောင်ခြင်းအတွက် ပိုမိုကောင်းမွန်သော ပြုစုပျိုးထောင်ပေးမှုဖြစ်စေရန် အမျိုးသမီးများကိုလည်း ရဟန်းဖြစ်သင်ကျောင်း များတွင် သင်ကြားရေးနှင့် လေ့ကျင့်ရေးအစီအစဉ်များတွင် ပါဝင်သင့်သည်ဟု ကျွန်ုပ်တို့ အကြံပြုပါ သည်။

) ၀တ်ပြုကိုးကွယ်ခြင်းဆိုင်ရာ စာအရေးအသားများနှင့် အသင်းတော်ထုတ် စာပေများသည် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးကို တန်းတူထည့်သွင်းစဉ်းစားသည့် ဘာသာစကားအသုံးပြုမှုကို ပိုမို အာရုံစိုက် ပြီး အမျိုးသမီးများ၏ အတွေ့အကြုံကို ပိုမိုကျယ်ပြန့်စွာ ဆွဲယူနိုင်သော စကားလုံးများ၊ ရုပ်ပုံများနှင့် ဇာတ်ကြောင်းများ ပါ၀င်ကြောင်း သေချာစေရန် လိုအပ်ပါသည်။

) အမျိုးသမီးများတို့အား ကာနွန်ဥပဒေအရ တရားစီရင်လုပ်ထုံးလုပ်နည်းအားလုံးတွင် တရားသူကြီးများ ဖြစ်လာစေရန် သင့်လျော်သော ပြုစုပျိုးထောင်မှုကို ရရှိရန် ကျွန်ုပ်တို့ အဆိုပြုပါသည်။

 

10. သူတော်စင်များ၊ သာမန် ဘာသာတူ အစုအဖွဲ့များနှင့် လှုပ်ရှားမှုများ ဝိညာဥ်တော်မြတ်ဘုရားနှင့် ပြည့်ဝသော အမှတ်လက္ခဏာ

တူညီမှုများ

) သာသနာတော်သည် အထူးခြားဆုံးမှ အရိုးရှင်းဆုံးဖြစ်ပါစေ။ ဝိညာဉ်တော်မြတ်ဘုရား ပေးသော အထူးထူး အထွေထွေ ဆုကျေးဇူးများမှ အမြဲအကျိုးခံစားရသည်။ ၎င်းတို့အားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်မြတ်ဘုရားသည် ရွှင်လန်းမှုနှင့် ကျေးဇူးသိစိတ်ဖြင့် သာသနာတော်ကို ပြန်လည် နုပျိုစေပါသည်။ ဘုရားသခင်၏ သန့်ရှင်းသောလူမျိုးတော်တို့သည် ရရှိသောဆုကျေးဇူးများဖြင့် သူ၏ သာသနာပြု လုပ်ငန်းကို ပံ့ပိုးပေးကာ လမ်းညွှန်ပေးပြီး သာသနာတော်ကို ထွန်းလင်တောက်ပစေသည့် ပံ့ပိုးကူညီမှုကို ဘုရားသခင်က အသိအမှတ်ပြုသည်။

) သာသနာတော်၏ ဝိညာဥ်တော်မြတ်ဘုရားနှင့် ပြည့်ဝသော (charismatic) ရှုထောင့်သည် ကြွယ်ဝသော သူတော်စင်ဂိုဏ်းဂဏ အသီးသီး၏ အသက်တာတို့ဖြင့် သိသာထင်ရှားလာသည်။ ဤသက်သေခံချက် သည် ခေတ်တိုင်းတွင် သာသနာတော် အသိုင်းအဝိုင်း၏ အသက်တာကို အသစ်ပြန်လည်ပြုပြင်ရန် အထောက် အကူဖြစ်စေပြီး လောကီရေးရာ၏ သွေးဆောင်ခြင်းကို ဆင်ခြင်သုံးသပ်ရန် မရပ်မနားဘဲ ဖြေဖျောက်မှု ပေးခဲ့ပါသည်။ မတူညီသောရည်ရွယ်ချက် အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသော သစ္စာသုံးပါးခံ သူတော်စင် မိသားစုဝင် အသီးသီးတို့သည် ၎င်းတို့၏ ဆုတောင်းမှုပုံစံဖြင့် ဖြစ်စေ၊ လူများကြား အစေခံခြင်းဖြင့်ဖြစ်စေ၊ အသိုင်းအဝိုင်းဘဝကို သက်သေခံ ခြင်းဖြင့်ဖြစ်စေ၊ တိတ်ဆိတ်စွာ တရားကျင့် သောဘဝ သို့မဟုတ် ရှေ့တန်းတွင် ယဉ်ကျေးမှု အသစ်များဖြင့် ရင်ဆိုင်နေသော အသိုင်းအဝိုင်းဖြစ်စေ၊ ခရစ်တော်၏ တပည့်နောက်လိုက်ဖြစ်ခြင်းနှင့် ဖြူစင်သော ဘဝ၏အလှကို သက်သေပြ နေကြသည်။ ပူဇော်အပ်နှံထားသော ဘဝတွင် ရှိနေကြသော သူတော်စင်များသည် အရေးကြီးသော သမိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ဦးစွာခံစားသိရှိကြပြီး ဝိညာဉ်တော် မြတ်ဘုရား၏ လှုံ့ဆော်မှုများကို လိုက်နာလေ့ ရှိသည်။ ယနေ့လည်း သာသနာတော်သည် ၎င်းတို့၏ ပရောဖက်ပြုချက်ဆိုင်ရာ အသံနှင့် လုပ်ဆောင်မှုကို လိုအပ်ပါသည်။ ခရစ်ယာန်အသိုင်းအဝိုင်းသည် ရာစုနှစ်များတလျှောက် သူတော်စင် အသိုင်းအဝိုင်းများတွင် စမ်းသပ်ခဲ့ကြ သည့် အတူတကွ ခရီးပြုခြင်း၏ လမ်းစဉ်များနှင့် ဝေဖန်ပိုင်းခြား သိမြင်မှုဆိုင်ရာ လုပ်ဆောင်မှုများကို အသိအမှတ်ပြုပြီး အာရုံစိုက်လိုကြသည်။ အတူတကွ ခရီးပြုခြင်း လမ်းစဉ်ကို လျှောက်လှမ်းရာတွင် ထိုသူများထံမှ အသိပညာများ သင်ယူနိုင်ကြောင်း ကျွန်ုပ်တို့ သိပါသည်။ အသင်းအဖွဲ့များနှင့် သူတော်စင် ဂိုဏ်းများစွာမှ ဝိညာဉ်တော်မြတ်ဘုရားကို နားထောင်ခြင်း သို့မဟုတ်၊ ဂိုဏ်း၏ပြည်နယ်နှင့် အထွေထွေ ညီလာခံများ၌ အလားတူ ဆင်ခြင်သုံးသပ် ဆုံးဖြတ်သော အချက်များတွင်၊ ဖွဲ့စည်းပုံများကိုအသစ်ပြုပြင်ရန်၊ သူတော်စင်ဘဝတို့၏ နေထိုင်မှုပုံစံများကို ပြန်လည် စဉ်းစားကာ အဆင်းရဲဆုံးနှင့် နီးစပ်ရာသို့ ဆန်းသစ်သော အစေခံမှုပုံစံများကို အသက်သွင်းနိုင်ရန် လုပ်ဆောင်ကြသည်။ မည်ရွေ့မည်မျှဖြစ်စေကာမူ အချို့ကိစ္စများတွင် တွေ့ဆုံဆွေးနွေးရန် နေရာမရှိ သော အာဏာရှင်ပုံစံ ဆက်လက် တည်မြဲနေမှုကို ကျွန်ုတို့တွေ့ရှိရသည်။

) ဘုရားသခင်၏လူမျိုးတော်တို့သည် ရှည်လျားသောသမိုင်းကြောင်းအရ အသိုင်းအဝိုင်းများတွင် အသစ် ပြန်လည် ဆန်းသစ်ခြင်း မျိုးစေ့များမှ သာသနာတော်၏ အသိုင်းအဝိုင်းအသစ်များအဖြစ်သို့ ပေါက်ဖွား လာခြင်းကို တူညီသော ကျေးဇူးတင်မှုဖြင့် အသိအမှတ်ပြုသည်။ သာမာန်ဘာသာတူ အသင်းအဖွဲ့များ၊ သာသနာတော်နှင့်ဆိုင်သော သာသနာပြုလှုပ်ရှားမှုများနှင့် အသိုင်းအဝိုင်းအသစ်များသည် ဆေးကြော ခြင်းခံယူပြီးသူ အားလုံး၏ ပူးတွဲတာဝန်ယူမှု ရင့်ကျက်ခြင်း၏ အဖိုးမဖြတ်နိုင်သော လက္ခဏာတစ်ရပ် ဖြစ်သည်။ ကွဲပြားသော ခေါ်တော်မူခြင်းများအကြား အချင်းချင်း တစ်လုံးတစ်ဝတည်းဖြစ်ခြင်းကိုကို မြှင့်တင်ရာတွင် ၎င်းတို့၏ အတွေ့အကြုံ၊ အထူးသဖြင့် ဧဝံဂေလိတရားတော်မြတ်ကို ကြေငြာသည့် တွန်းအား၊ စီးပွါးရေးအရ၊ လူမှုရေးအရ အခက်အခဲဖြစ်သောသူများအတွက် အများကောင်းကျိုးကို မြှင့်တင်ရန် ၎င်းတို့နှင့် နီးစပ်စွာ တည်ရှိပေးခြင်းတို့ကြောင့် အထူးတန်ဖိုး ရှိသည်။ ၎င်းတို့သည် ဓမ္မညီလာခံနှင့် အတူတကွခရီးပြုခြင်း၏ စံနမူနာများဖြစ်ပြီး သာသနာပြုလုပ်ငန်းအတွက် ပါ၀င် ဆောင်ရွက်သူများ ဖြစ်သည်။

) သူတော်စင်ဘဝနှင့် သာမန်ဘာသာတူ ဘာသာရေးအသင်းဝင်များ အထူးသဖြင့် အမျိုးသမီးများ၏ အမျိုးမျိုးသော အလွဲသုံးစားခံရမှုကိစ္စများသည် အခွင့်အာဏာကျင့်သုံးခြင်းတွင် ပြဿနာတစ်ရပ် ဖြစ်ကြောင်း အချက်ပြနေခြင်းဖြစ်ပြီး ပြတ်ပြတ်သားသားနှင့် သင့်လျော်သော ကြားဝင်ဆောင်ရွက် ပေးမှုများကို တောင်း ဆိုပါသည်။

 

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

) သာသနာတော်၏သွန်သင်ပိုင်ခွင့်အာဏာတွင် သာသနာတော်၏ ဘဝအသက်တာနှင့် သာသနာပြု လုပ်ငန်းတွင် စနစ်တကျဆင့်ကဲအုပ်ချုပ်မှုနှင့် ဝိညာဉ်တော်၏ဆုကျေးဇူးများ နှစ်ခုစလုံး၏ အရေးပါမှုကို သင်ကြားပေးသည့် ခိုင်မာသောအဖွဲ့တစ်ခု ရှိသည်။ ဤသည်မှာ သာသနာ့ဆိုင်ရာ နားလည်မှုနှင့် ဓမ္မသင်္ဂြိုလ်ဆိုင်ရာ သုံးသပ်မှုတွင် ပိုမိုတိုးတက်ရန် တောင်းဆိုသည်။ ထို့ကြောင့် ဓမ္မသင်္ဂြိုလ်ပညာရပ် သင်ကြားခြင်း၏ အရေးပါ မှုနှင့် ထိုသင်ကြားမှုအရ ခိုင်မာသော သိုးထိန်းဆိုင်ရာ သက်ရောက်မှုများကို အသစ်တဖန် ထည့်သွင်းစဉ်းစားသင့်ပါသည်။

) သာသနာတော်ထဲတွင် ဝိညာဉ်တော်မြတ်ဘုရား၏ ဆုကျေးဇူးအမျိုးမျိုးကို ပေါ်လွင်အောင် ထုတ်ဖော် ခြင်းသည် အငယ်ဆုံးသော ညီအစ်ကိုမောင်နှမများ၏ အပါးတွင် ပရောဖက်ပြုရန် ဘုရားသခင်၏ လူမျိုးတော်တို့၏ ကတိကဝတ်ကို အလေးအနက်ပြုခြင်းဖြစ်သည်။ ယခုခေတ် ယဉ်ကျေးမှုများကို ဝိညာဉ်ရေးရှုထောင့်များမှ လေးလေးနက်နက် ခံစားတတ်ရန် ဖြည့်ဆည်းပေးသည်။ ပူဇော်အပ်နှံထား သော သူတော်စင်များအပြင် သာမန်ဘာသာတူအဖွဲ့များ၊ သာသနာပြုလှုပ်ရှားမှုများနှင့် အသိုင်းအဝန်း အသစ်များ၊ ဒေသဆိုင်ရာ သာသနာတော်များတွင် တစ်လုံးတစ်ဝတည်းရှိခြင်းနှင့် သာသနာပြုလုပ်ငန်း လုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်ရာတွင် ဝိညာဥ်တော်မြတ်ဘုရား၏ ဆုကျေးဇူးတော်များကို အသုံးချ ကာ ပရောဖက်ပြုချက်များ ပါရှိသော သန့်ရှင်းမြင့်မြတ်ခြင်းဆီသို့ ဦးတည်နေသည့် ရှိပြီးသားလမ်း ကြောင်းများကို တိုးပွါးများပြားစေရန် လိုအပ်ကြောင်းကို လေးနက်စွာ နားလည်အောင်ပြုရန် လိုအပ်ပါသည်။

အဆိုပြုချက်များ

) ဆရာတော်ကြီးများနှင့် ပူဇော်အပ်နှံထားသောသူတော်စင်များအကြား ဆက်သွယ်ဆက်ဆံရေးနှင့် ပတ်သက်၍ ၁၉၇၈ခုနှစ်ထုတ် ဆရာတော်ကြီးများနှင့် သူတော်စင်များကြား အပြန်အလှန် ဆက်သွယ် ဆက်ဆံမှုဆိုင်ရာ လမ်းညွှန်ချက်များ (Mutuae relationes) စာတမ်းကို ပြန်လည်ပြင်ဆင်ရန် အချိန်ရောက်လာပြီဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ပါ၀င်သူအားလုံးနှင့်တိုင်ပင်ပြီး၊ ဤပြင်ဆင်ချက်ကို ဓမ္မညီလာခံပုံစံဖြင့် အပြီးသတ်ရန် ကျွန်ုပ်တို့ အဆိုပြုပါသည်။

) တူညီသောဆုံးဖြတ်ချက်တွင် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်နှင့် ပူဇော်အပ်နှံထားသော သူတော်စင် ဂိုဏ်းအသီးသီး၏ အကြီးအကဲများနှင့် တမန်တော်ကြီးများ၏ အမှုတော်ကို ဆောင်ရွက် သော အဖွဲ့အစည်းများ၏ တွေ့ဆုံဆွေးနွေးခြင်းများအကြား ထိတွေ့မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုပုံစံ များကို မြှင့်တင်ရန်အတွက် အတူတကွခရီးပြုနေသောအသင်းတော် စိတ်ဓါတ်နည်းစနစ်များ၊ ပြဌာန်း ပေးသောအချက်များကို ထားရှိရန် လိုအပ်ပါသည်။

) ဒေသန္တရသာသနာတော်များနှင့် သာသနာတော်အုပ်စုများ နှစ်မျိုးစလုံးအဆင့်တွင် အတူတကွ ခရီးပြု သော သာသနာပြုအဖွဲ့များ မြှင့်တင်ရန်အတွက် သာမန်ဘာသာတူအဖွဲ့များ၊ သာသနာ့ လှုပ်ရှားမှုများနှင့် အသိုင်းအဝိုင်းအသစ်များ၏ ကိုယ်စားလှယ်များ ပါဝင်သော ကောင်စီများနှင့် အကြံပေး အဖွဲ့များကို စနစ်တကျ ဖွဲ့စည်းရန် လိုအပ်သည်။ သို့မှသာ ဒေသခံ သာသနာတော်များ၏ ဘဝအသက်တာနှင့် လုပ်ဆောင်မှုများကြား  တည်တံ့သော ဆက်ဆံရေးကို မြှင့်တင်နိုင်မည် ဖြစ်သည်။

) ဓမ္မသင်္ဂြိုလ်ပညာဆိုင်ရာ ပြုစုပျိုးထောင်မှု အဆင့်တိုင်းတွင် အထူးသဖြင့် သိက္ခာခံ အမှုတော်ဆောင် များကို ပြုစုပျိုးထောင်ခြင်းတွင် သာသနာတော်၏ ထူးခြားသော အသွင်အပြင်ကို ပေးဆောင်သည့် ဝိညာဉ်တော် မြတ်ဘုရား၏ ဆုကျေးဇူးတော်ကဏ္ဍကို စောင့်ကြည့်ပြီး လိုအပ်ပါက အားဖြည့်သင့်သည်။

11. အတူတကွခရီးပြုနေသောသာသနာတော်၌ ဦးပဥ္ဇင်းကြီးများနှင့် ရဟန်းတော်များ

တူညီမှုများ

၁) ရဟန်းတော်များသည် ဆရာတော်နှင့် အဓိကပူးပေါင်းဆောင်ရွက်သူများဖြစ်ပြီး သူနှင့်အတူ ဖွဲ့စည်းထား သော သာသနာတော် ဖြစ်သည်။ (cf LG28) ဦးပဥ္ဇင်းကြီးများသည် ဘုရားသခင်၏လူတို့အား ၀တ်ပြုကိုးကွယ်ခြင်း၌ ဘုရားရှင်၏ နှုတ်ကပါဌ်တော်ကို အမှုတော်ဆောင်ရန် သိက္ခာပေးခြင်း ခံရသော်လည်း၊ အရာအားလုံးထက် မေတ္တာဂရုဏာကို လက်တွေ့ကျင့်ရန်အတွက် ဖြစ်သည်။ (cf LG 29) ဓမ္မညီလာခံ သည် ရဟန်းတော်များနှင့် ဦးပဥ္ဇင်းကြီးတို့အား လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ပြလိုပါသည်။ ၎င်းတို့သည် အထီးကျန်ခြင်း၊ တစ်ကိုယ်တည်း သီးသန့် ဖြစ်နေခြင်းတို့နှင့် တွေ့ကြုံနေရသည်ကို သတိ ပြုမိပါက၊ ဆုတောင်းခြင်း၊ ခင်မင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ခရစ်ယာန် အသိုင်းအဝိုင်း များက ကူညီပံ့ပိုးရန် အားပေးပါသည်။    

၂) ဦးပဥ္ဇင်းကြီးများနှင့် ရဟန်းတော်များသည် သိုးထိန်းဆိုင်ရာ သာသနာလုပ်ငန်း အမျိုးမျိုးတွင် ပါ၀င်နေ ကြသည်။ ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပိုင် သာသနာစီရင်စုများတွင် ဆင်းရဲသားများနှင့် ဘေးဖယ်ခံ ရသူများအား ဧဝံဂေလိတရား ဟောပြောခြင်း၊ ယဉ်ကျေးမှုနှင့် ပညာရေးလောကတွင်သာမက လူတို့အား သာသနာပြုခြင်း (mission ad gentes) ဥပုသ်သီလပေးသောနေရာများနှင့် ဝိညာဉ်ရေးဆိုင်ရာ ပြန်လည်ဆန်းသစ်သော နေရာများ နှင့် အခြားများစွာသောနေရာများတွင် ဓမ္မသင်္ဂြိုလ်ပညာ သုတေသန ပြုခြင်း၌ အမှုတော် ထမ်းဆောင်ကြသည်။ အတူတကွခရီးပြုနေသော သာသနာတော်တွင် သိက္ခာခံ အမှုတော်ဆောင်များသည် ဘုရားသခင်၏ လူတို့ကို အစေခံရန် လူများနှင့် နီးကပ်စွာနေထိုင်ရင်း၊ အားလုံးကို ကြိုဆိုလက်ခံရန်၊ နားထောင်ပေးရန်၊ လေးနက်သော ဝိညာဉ်ရေးနှင့် ဆုတောင်းမေတ္တာ ဘဝကို ပျိုးထောင်ပေးရန် ဖြစ်သည်။ အထူးသဖြင့် အခွင့်အာဏာကျင့်သုံးခြင်းကို ပြန်လည်ဆင်ခြင် သုံးသပ်ရန် လိုအပ်ပြီး သခင်ယေဇူးအား စံနမူနာယူရန် လိုအပ်သည်။ကိုယ်တော်သည် ဘုရားအဖြစ် တော်၌ ရှိသော်လည်း (……) မိမိ၌ ရှိသမျှကို စွန့်လွှတ်ပြီးလျှင် အစေခံဘဝကို ယူ၍ လူတို့၏ ပုံသဏ္ဍာန် အတိုင်း မွေးဖွားခြင်းကို ခံတော်မူ၏ (ဖိလိ :-) ရဟန်းတော်များနှင့် ဦးပဥ္ဇင်းကြီးများ၏ ဆက်ကပ် အပ်နှံခြင်းအားဖြင့် သိုးထိန်းကောင်းနှင့် အစေခံအဖြစ် ရှိနေသော ခရစ်တော်ကို လူအများသိအောင် လုပ်နိုင်ခဲ့သည်ကို ဤဓမ္မညီလာခံက အသိအမှတ်ပြုပါသည်။

၃) အမှုတော်မြတ်ဆောင်ရွက်ခြင်းနှင့် သာသနာလုပ်ငန်း၌ အတားအဆီးတခုမှာ ရဟန်းများကြီးစိုးရေး ၀ါဒပင် ဖြစ်သည်။ ရဟန်းကြီးစိုးရေးဝါဒသည် ဘုရားသခင်၏ ခေါ်တော်မူခြင်းကို နားလည်မှုလွဲမှားခြင်း မှ ပေါက်ဖွားလာကာ၊ ၎င်းအား အစေခံခြင်းအမှုထက် အခွင့်ထူးခံအဖြစ် ရှုမြင်ကာ မိမိကိုယ်ကို တာဝန်ခံ ရန် ငြင်းဆန်ပြီး လောကီပုံစံဖြင့် အာဏာကျင့်သုံး၍ မိမိကိုယ်ကိုထင်ပေါ်စေသည်။ ရဟန်းဘဝသို့ ခေါ်တော်မူခြင်း ဤသို့ ပုံပျက်နေခြင်းသည် ဘုရားသခင်၏ လူများနှင့် အနီးကပ် တွေ့ဆုံမှုနှင့် လိုအပ်နေသူ အများစုကြားဝယ် ခိုင်မာသောအစေခံခြင်းကို သင်ယူခြင်း အတွေ့အကြုံများအား သေချာစေရန် ပြုစုပျိုးထောင်ခြင်း၏ စောဆုံး အဆင့်များကိုလည်း စိန်ခေါ်ရန် လိုအပ်ပါသည်။ ကောင်းမွန်သော တစ်လုံးတစ်ဝတည်းရှိခြင်းတွင် ဝိညာဥ်တော် မြတ်ဘုရား၏ ဆုကျေးဇူးတော်များနှင့် ဓမ္မအမှုတော်မြတ်ကို ထမ်းဆောင်ရာတွင် ယနေ့ ရဟန်းတော် တို့သည် ဆရာတော်ကြီးများနှင့် ညီညွတ်ရမည်။ ကံမကောင်းစွာဖြင့် ရဟန်းများကြီးစိုးရေးဝါဒသည် တရားဝင် ခန့်အပ်ခြင်း ခံရသော အမှုတော်ဆောင်များကြားသာမက သာမန်ဘာသာတူများကြားတွင်ပါ ထင်ရှားပေါ်လွင်နိုင်သော စိတ်ထားတစ်ခု ဖြစ်သည်။

၄) ရဟန်းသိက္ခာခံယူပြီး အမှုတော်မြတ်ကို တွဲဖက်တာဝန်ယူမှုဝတ္တရားအရ ခန့်အပ်တာဝန်ပေးခြင်းကို ဆောင်ရွက်ရန်အတွက် တစ်ဦးတစ်ယောက်၏စွမ်းရည်နှင့် အားနည်းချက်များကို သိရှိထားရန် လိုအပ် သည်။ ထို့ကြောင့် လက်တွေ့ကျသော လူသားဆန်ခြင်းအတွက် ပြုစုပျိုးထောင်ခြင်းဆိုင်ရာ ချဉ်းကပ်မှု တွင် ယဉ်ကျေးမှုနှင့် ဝိညာဉ်ရေး ရှုထောင့်တို့အပြင် ခရစ်တော်၏ နောက်လိုက်တပည့်ဖြစ်ဖို့ရန်ကိုပါ ထည့်သွင်း ပြုစုပျိုးထောင်ပေးရန် အရေးကြီးပါသည်။ ဤကိစ္စတွင် လူငယ်တစ်ဦး၏ ဘဝကို ပြုစု ပျိုးထောင်ပေးသည့် မူရင်းမိသားစုနှင့် သူ၏ခေါ်တော်မူခြင်းကို ပံ့ပိုးကူညီခဲ့သော ခရစ်ယာန်အသိုင်း အဝိုင်း၊ သူ၏တိုးတက်မှု၌ လက်တွဲခေါ်ပေးခဲ့သော အခြားမိသားစုများ၏ ကူညီမှုကိုလည်း လျှော့တွက် မရပါ။

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

၁) ပြုစုပျိုးထောင်ခြင်းကဏ္ဍနှင့် ဆက်စပ်၍ ဆေးကြောခြင်းခံယူပြီးသူအားလုံးအတွက် အတူတကွ ခရီးပြုနေသော သာသနာတော်အတွင်း၌ အမှုတော်မြတ်ကို ထမ်းဆောင်ရန် ဦးပဥ္ဇင်းကြီးဘဝနှင့် ရဟန်းဘဝသို့  ပြုစုပျိုးထောင်ခြင်းကို အထူးအာရုံစိုက်ရန် လိုအပ်သည်။ ရဟန်းဖြစ်သင်ကျောင်း များနှင့် ရဟန်းဘဝနှင့် ဆိုင်သော အခြားသင်ကြားရေး အစီအစဉ်များသည် လူ့အသိုင်းအဝိုင်း၏ နေ့စဉ်ဘဝနှင့် ဆက်နွယ်သင့် ပါကြောင်း ဤဓမ္မညီလာခံ၌ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုခဲ့ကြသည်။ အာဏာရှင်ဆန်သော သဘော ထားများဆီသို့ ဦးတည်စေသော သမားရိုးကျဆန်သောစနစ်နှင့် အတွေးအခေါ်များ၏ အန္တရာယ်များကို ရှောင်ရှားရန်နှင့် စစ်မှန်သော ခေါ်တော်မူခြင်းဆိုင်ရာ တိုးတက်မှုကို ကြန့်ကြာစေသောအရာများကို ဟန့်တားရန် လိုအပ်ပါသည်။ ပြုစုပျိုးထောင်ခြင်း အစီအစဉ်များကို ပြန်လည်သုံးသပ်ရာ၌ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးခြင်းနှင့် ပြန်လည်စဉ်းစား သုံးသပ်ခြင်းတို့ လိုအပ်ပါသည်။

၂) ရဟန်းတို့၏ ဖြူစင်ခြင်းနှင့် ပတ်သက်၍ ကွဲပြားသော ထင်မြင်ယူဆချက်များကို ဖော်ပြခဲ့သည်။ ၎င်း၏ တန်ဖိုးသည် ကြွယ်ဝစွာ ပရောဖက်ပြုခြင်းဖြစ်ပြီး ခရစ်တော်အတွက် လေးနက်သောသက်သေအဖြစ် အားလုံးက တန်ဖိုးထားကြသည်။ အကြောင်းအရာများတွင် အားလုံးထက် အချို့က ရဟန်း၏ အမှုတော် မြတ်ကို ဓမ္မသင်္ဂြိုလ်နည်းပညာအရ လိုအပ်သည်ထက် ပိုမိုခက်ခဲစေသော ဂိုဏ်းဂဏနှင့် ယဉ်ကျေးမှု ဆိုင်ရာတို့ကို လာတင်းအသင်းတော်ရှိ စည်းကမ်းတာဝန်ဝတ္တရားအဖြစ် အကောင်အထည် ဖော်ရန် သင့်လျော်မှုရှိမရှိ မေးမြန်းကြသည်။ ဤဆွေးနွေးမှုသည် အသစ်မဟုတ်သော်လည်း နောက်ထပ် ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

အဆိုပြုချက်များ

၁) လာတင်းအသင်းတော်များတွင် ထာဝရဦးပဥ္ဇင်းကြီးသိက္ခာကို မတူညီသော သာသနာတော် နယ်ပယ်များတွင် မတူညီသောနည်းလမ်းများဖြင့် အကောင်အထည် ဖော်ခဲ့ကြသည်။ အချို့ဒေသခံ သာသနာတော်များသည် ယင်းကို လုံးဝအစပြုခြင်း မရှိပါ။ အခြားနေရာများတွင် ဦးပဥ္ဇင်းကြီးများကို ရဟန်းတော်များ ရှားပါးမှုအတွက် အစားထိုးမှုတစ်မျိုးအဖြစ် ယူကြသည်မှာ စိုးရိမ်စရာဖြစ်သည်။ တစ်ခါတစ်ရံတွင် သူတို့၏ ဓမ္မအမှုတော် ထမ်းရွက်ခြင်းကို လူ့အသိုင်းအဝိုင်းရှိ ချို့တဲ့သူများနှင့် ငတ်မွတ်နေသူတို့အား အစေခံခြင်းထက် ဝတ်ပြုကိုးကွယ်ခြင်း၌သာ ထုတ်ဖော်ပြသသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဒုတိယဗာတီကန်ကောင်စီ မှစတင်၍ ဦးပဥ္ဇင်းကြီးတို့၏ အမှုတော် ဆောင်ခြင်းလုပ်ငန်းကို မည်သို့အကောင် အထည်ဖော်ခဲ့သည်ကို အကဲဖြတ်ရန် ကျွန်ုပ်တို့ အကြံပြုအပ်ပါသည်။   

၂) ဓမ္မသင်္ဂြိုလ်ပညာ၏ ရှုထောင့်မှကြည့်လျှင် ရှေးဦးစွာ ဦးပဥ္ဇင်းကြီးသိက္ခာနှင့် ပတ်သက်ပြီး နားလည်ရန် လိုအပ်ပြီး၊ သူတို့၏ရဟန်းဘဝသို့ ကူးပြောင်းသည့်အဆင့်ကိုသာ ကြည့်ရမည် မဟုတ်ပါ။အသွင် ကူးပြောင်းရေး” (ရဟန်းဘဝသို့ ကူးပြောင်းမည့် ကြားကာလ) ပုံစံမှ ခွဲခြားရန် ဦးပဥ္ဇင်းကြီး၏ မူလ ပုံစံကိုအမြဲတမ်းအဖြစ်နှင့် အရည်အချင်းသတ်မှတ်ခြင်းမှာ လုံလောက်စွာ သဘောမပေါက်သေး သော ရှုထောင့်ပြောင်းလဲမှုတစ်ခု၏ အမြင် ဖြစ်သည်။   

၃) ဦးပဥ္ဇင်းကြီးသိက္ခာ၏ ဓမ္မသင်္ဂြိုလ်ပညာနှင့် ပတ်သက်ပြီး မသေခြာမရေရာရခြင်းမှာ လာတင်း အသင်းတော်တွင် Vatican II ပြီးမှသာ ဆင့်ကဲအုပ်ချုပ်မှုစနစ်အောက်သို့ ရောက်ရှိလာရသောကြောင့် ဖြစ်သည်။ အမျိုးသမီးများကို ဦးပဥ္ဇင်းကြီးသိက္ခာ ပေးသင့်မပေးသင့်နှင့် ပတ်သက်သည့် မေးခွန်းကို နက်နက်ရှိုင်းရှိုင်း လေ့လာရန် လိုအပ်သည်။

၄) သာသနာတော်၏ သာသနာပြုခြင်းနှင့် အတူတကွ ခရီးပြုခြင်း ရှုထောင့်မှ ရဟန်းသိက္ခာနှင့်ပတ်သက် သော ပြုစုပျိုးထောင်ခြင်းဆိုင်ရာများကို စေ့စေ့စပ်စပ် ပြန်လည်သုံးသပ်ရန် တောင်းဆိုထားသည်။ ပြုစုပျိုးထောင်ခြင်းနှင့်ပတ်သက်ပြီး မည်သို့ဖွဲ့စည်းထားသည်ကို ဆုံးဖြတ်သည့် ရဟန်းဘဝသို့ ခေါ်တော်မူခြင်း ကျေးဇူးတော် (Ratio fundamentalis) စာတမ်းကို ပြန်လည်သုံးသပ်ခြင်းကို ဆိုလိုပါသည်။ ရဟန်းတော်များနှင့် ဦးပဥ္ဇင်းကြီးများအား ဆက်လက်ပြုစုပျိုးထောင်ပေးခြင်းနှင့် ပတ်သက်လာလျှင် ဓမ္မညီလာခံလမ်းစဉ်ပုံစံကို လက်ခံကျင့်သုံးရန် တချိန်တည်းတွင် ကျွန်ုပ်တို့ အကြံပြုထားသည်။

၅) ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတတ်မှုယဉ်ကျေးမှုသည် အတူတကွခရီးပြုနေသော သာသနာတော် တည်ဆောက်ရာတွင် ရှေ့သို့တက်လှမ်းရန် အလွန်အရေးကြီးပါသည်။ ရဟန်းတော်များနှင့် ဦးပဥ္ဇင်းကြီး များသည် ၎င်းတို့၏ ဓမ္မအမှုတော်ဆိုင်ရာ တာဝန်ဝတ္တရားများကို မည်သို့ထမ်းဆောင်ကြသည်ကို ပုံမှန် စစ်ဆေးမှု ပြုလုပ်ရန် လုပ်ငန်းစဉ်များနှင့် ဖွဲ့စည်းပုံများကို ခွဲခြားသတ်မှတ်ရန် ဒေသခံသာသနာတော် များကို တောင်းဆိုပါသည်။ ပါ၀င်ဆောင်ရွက်နေသော အဖွဲ့အစည်းများ သို့မဟုတ် သိုးထိန်းတို့၏ နယ်လှည့် ကြည့်ရှုခြင်း ကဲ့သို့သော ရှိရင်းစွဲ အဖွဲ့အစည်းများသည် ဤလုပ်ငန်းအတွက် အစပြုသည့် အချက် ဖြစ်နိုင်ပြီး လူအများ ပါ၀င်လာစေရန် ဂရုစိုက်ရမည်။ အတားအဆီး သို့မဟုတ် ဗျူရိုကရက် အုပ်ချုပ်ရေးစနစ်၏ ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန် ဤလုပ်ဆောင်နည်းများသည် ဒေသအလိုက်နှင့် မတူကွဲပြားသော ယဉ်ကျေးမှုများနှင့် လိုက် လျောညီထွေ ဖြစ်စေရန် လိုအပ်ပါသည်။ လိုအပ်သော လုပ်ငန်းစဉ်အမျိုးအစား ဝေဖန်ပိုင်းခြားမှုကို ဒေသဆိုင်ရာ သို့မဟုတ် တိုက်ကြီးအဆင့်တွင် ထည့်သွင်း စဉ်းစားနိုင်သည်။

၆) ဖြစ်ရပ်တစ်ခုခြင်းစီအလိုက် အခြေအနေအရ ၎င်းတို့၏ရခဲ့သော ပြုစုပျိုးထောင်မှုနှင့် အတွေ့အကြုံကို အသိအမှတ်ပြု၍ ဓမ္မအမှုတော်ဆောင်ခြင်းနှင့် သိုးထိန်းတို့၏တာဝန်များမှ ထွက်ခွါသွားသော ရဟန်းတော်များကို ပြန်လည်လက်ခံခြင်းအတွက် ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားသင့်သည်။

12. သာသနာတော်နှင့် တစ်လုံးတစ်ဝတည်းရှိကြသော ဆရာတော်ကြီးများ

တူညီမှုများ

၁) ဒုတိယ ဗာတီကန် ကောင်စီ (Vatican II) အရ၊ တမန်တော်ကြီးများ၏  ဆက်ခံသူများအဖြစ် ဆရာတော်ကြီးများသည် ဒေသခံသာသနာတော်များ၊ သာသနာတော်များကြားနှင့် သာသနာတော် တစ်ခုလုံးနှင့် တစ်လုံးတစ်ဝတည်း ရှိခြင်းတွင် တည်ရှိကြသည်။ ထို့ကြောင့် ဆရာတော်၏ ပုံသဏ္ဍာန်ကို ဘုရားသခင်က အပ်နှင်းထားသောလူများ၊ ရဟန်းတော်များ၊ ဦးပဥ္ဇင်းကြီးများ၊ သစ္စာသုံးပါးခံ သူတော်စင်များ၊ အခြားဆရာတော်ကြီးများနှင့် ရောမမြို့၏ ဆရာတော်ကြီးဖြစ်သော ပုပ်ရဟန်းမင်းကြီးတို့၏ ပင့်ကူမျှင်သဖွယ် ယှက်နွယ်နေသော ဆက်ဆံရေး ကွန်ရက်တွင်သာ လုံလောက်စွာ နားလည်နိုင်သည်။ ထို့အပြင် ထိုဆက်နွယ်မှုသည် သာသနာပြုခြင်းဆီသို့ စဉ်ဆက်မပြတ် ဦးတည်နေသည်။ 

၂) ဆရာတော်သည် ဧဝံဂေလိတရားတော်ကို ကြေငြာဟောပြောခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်းအတွက် သူ၏ သာသနာတော်တွင် အဓိကတာဝန်ရှိသူ ဖြစ်သည်။ သူသည် ခရစ်ယာန်အသိုင်းအဝိုင်းကို လမ်းပြပြီး ဆင်းရဲမွဲတေ မှုနှင့် ထိခိုက်လွယ်ဆုံးသူများကို ခုခံကာကွယ်ပေးသည့် သိုးထိန်းဆိုင်ရာ စောင့်ရှောက်မှုကို မြှင့်တင်ပေးသည်။ စည်းလုံးခြင်း၏ မြင်သာသော စည်းလုံးညီညွှတ်မှု နိယာမအဖြစ်၊ ဆရာတော်ထံတွင် အထူးသဖြင့်၊ ဧဝံဂေလိ တရားတော်နှင့် လူ့အသိုင်းအဝိုင်း၏ အများကောင်းကျိုး အတွက် ဝိညာဉ်တော်မြတ်ဘုရား၏ မတူညီသော ဆုကျေးဇူးတော်များနှင့် ဓမ္မအမှုတော်ဆောင်ခြင်း များကို ဝေဖန်ပိုင်းခြား၍ ညှိနှိုင်းဆောင်ရွက်ရမည့် တာဝန် ရှိသည်။  စီမံအုပ်ချုပ်ရေးကို ပူးတွဲတာဝန်ယူ မှု၊ ဘုရားသခင်၏ လူများဖြစ်သော ဘာသာတူများကို နားထောင်ခြင်းဖြင့် တရားဟောခြင်း၊ သန့်ရှင်းစင်ကြယ်စေခြင်း၊ နှိမ့်ချခြင်းနှင့် နောင်တတရားတို့ဖြင့် ဝတ်ပြုကိုးကွယ်ခြင်းကို ကျင်းပခြင်း တို့ကို ဓမ္မညီလာခံ လမ်းစဥ်ဖြင့် လုပ်ဆောင်သည့်အခါမှသာ ဤဓမ္မအမှုတော်ဆောင်ခြင်းကို သိရှိ နိုင်ပေလိမ့်မည်။

၃) ဒေသန္တရသာသနာတော်ရှိ ဓမ္မညီလာခံဆိုင်ရာ လုပ်ငန်းစဉ်ကို ရှင်သန်တက်ကြွစေကာ "အားလုံး၊ အချို့နှင့် တစ်ခု" အကြား အပြန်အလှန်ဆက်ဆံရေးကို မြှင့်တင်ရာတွင် ဆရာတော်သည် မရှိမဖြစ် အခန်းကဏ္ဍတစ်ခု ဖြစ်သည်။ ဝေဖန်ပိုင်းခြားသိမြင်မှုနှင့် ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်များတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသော "အချို့" ပံ့ပိုးကူညီမှုဖြင့် "တစ်ဦးတည်း" ဖြစ်သော ဆရာတော်၏ ဓမ္မအမှုတော်ဆောင်ခြင်းသည် ဘာသာတူ "အားလုံး" ပါဝင်မှုကို တန်ဖိုးထားသည်။ ဆရာတော် ကိုယ်တိုင် ဓမ္မညီလာခံဆိုင်ရာ ချဉ်းကပ်နည်းကို လက်ခံကျင့်သုံးသည့် ခံယူချက်သည် ရဟန်းတော်များ နှင့် ဦးပဥ္ဇင်းကြီးများ၊ သာမန်ဘာသာတူများနှင့် သစ္စာသုံးပါးခံ သူတော်စင်များကို မည်ကဲ့သို့ အတူတကွ ခရီးပြုခြင်း လုပ်ငန်းစဥ်တွင် ပြတ်ပြတ်သားသား သြဇာသက်ရောက်စေမည်နည်း။ ဆရာတော်သည် အားလုံးအတွက် အတူတကွ ခရီးပြုခြင်း၏ စံနမူနာ ဖြစ်သည်။

၄) သာသနာတော်ကို ဘုရားသခင်၏မိသားစုအဖြစ် ရှုမြင်သည့်အခြေအနေမျိုးတွင်၊ ဆရာတော်အား အားလုံး၏ ဖခင်တစ်ဦးအဖြစ် မှတ်ယူကြသည်။ သို့ရာတွင်၊ လောကီလူ့အဖွဲ့အစည်းများတွင် သူ၏ လုပ်ပိုင်ခွင့်အာဏာကို တွေ့ကြုံခံစားရပုံနှင့်ပတ်သက်၍ အခက်အခဲတစ်ခုရှိသည်။ ဆရာတော်၏ ရုပ်ပုံသဏ္ဍာန်သည် အရပ်ဘက် အာဏာပိုင်များ၏ ရုပ်ပုံသဏ္ဍာန်နှင့် ထင်ယောင်ထင်မှားဖြစ်မည်ကို စိုးရိမ်ရ၍ ဆရာတော်အရိုက်အရာ၏ စက္ကရမင်တူးဆိုင်ရာ သဘောသဘာဝကို မျက်ခြေမပြတ်ရန် အရေးကြီးသည်။

၅) ဆရာတော်များ၏ မျှော်လင့်ချက်များသည် အလွန်မြင့်မားလေ့ရှိပြီး အုပ်ချူပ်ရေးပိုင်းနှင့် ဥပဒေရေးရာ ကတိကဝတ်များ များပြားလွန်ကဲသည်ဟု ခံစားရကြောင်းနှင့် ထိုအရာများကြောင့် ၎င်းတို့၏ တာဝန်များကို အပြည့်အဝ အကောင်အထည်ဖော်ရန် ခက်ခဲစေကြောင်း ဆရာတော်အများ အပြားက ထုတ်ဖော်ပြောဆိုသည်။ ဆရာတော်သည် မိမိ၏ ချို့ယွင်းချက်နှင့် ကန့်သတ်ချက်များကို သိရှိရမည်ဖြစ်ပြီး တစ်ခါတစ်ရံတွင် လူသားဖြစ်စေ ဝိညာဉ်ရေးအရဖြစ်စေ သူလိုအပ်သော ပံ့ပိုးကူညီမှု ကင်းမဲ့သည့် အချိန်လည်း ရှိပေသည်။ အထီးကျန်သည့် ခံစားချက်သည် အဆန်းမဟုတ်ပေ။ ထို့ကြောင့် တစ်ဖက်တွင် ဆရာတော်၏ တာဝန်အတွက် မရှိမဖြစ် လိုအပ်သော အရာများကို အာရုံစိုက်ရန်၊ တစ်ဖက်တွင် ဆရာတော်များ ကိုယ်တိုင်အကြား၊ ဆရာတော်များနှင့် ၎င်းတို့၏ ရဟန်းတော်များကြား တွင် စစ်မှန်သော ညီရင်းအစ်ကိုစိတ်ကို မွေးမြူရန် အရေးကြီးသည်။

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

၁) ဓမ္မသင်္ဂြိုလ်အဆင့်တွင်၊ ဆရာတော်နှင့် ဒေသခံသာသနာတော်ကြား အပြန်အလှန်ဆက်ဆံရေး၏ အရေးပါမှုသည် သိသိသာသာ နက်ရှိုင်းရန် လိုအပ်သည်။ သူ၏ ဒေသခံသာသနာတော်အား လမ်းပြရန်၊ တစ်ချိန်တည်းတွင် ၎င်း၏သမိုင်း၊ ထုံးတမ်းစဉ်လာများနှင့် ဝိညာဥ်တော်မြတ်ဘုရား၏ ဆုကျေးဇူးတော် များ ကြွယ်ဝမှုကို အသိအမှတ်ပြု ထိန်းသိမ်းစောင့်ရှောက်ရန် ဖိတ်ခေါ်ခံရသည်။

၂) သိက္ခာခံခြင်း စက္ကရမင်တူးနှင့် တရားစီရင်ပိုင်ခွင့်အကြား ဆက်နွယ်မှုမေးခွန်းကို ပိုမိုနက်ရှိုင်းစွာ လေ့လာရန် လိုအပ်သည်။ Lumen Gentium[1]  နှင့် Apostolic Constitution Praedicate Evangelium[2]  ကဲ့သို့သော မကြာသေးမီက သွန်သင်ချက်များကို လေ့လာခြင်း၏ ရည်ရွယ်ချက်မှာ ဆရာတော်၏ ခွဲဝေ တာဝန်ယူမှုနိယာမနှင့် အတိုင်းအတာ၊ ပုံစံနှင့် ပူးတွဲတာဝန်ယူမှုတို့၏ သက်ရောက်မှုများတို့၏ အရင်းခံ ဖြစ်သော ဓမ္မသင်္ဂြိုလ်နှင့် တရားဝင်စံနှုန်းများကို ရှင်းလင်းစေရန် ဖြစ်သည်။

၃) ဆရာတော်ကြီးများအားလုံး၏ တစ်ကိုယ်တည်း တစ်စိတ်တည်းဖြင့် သာသနာတော်အား အုပ်ချုပ် ဦးဆောင်မှုအတွင်း သဘောတူညီချက် အပြည့်အ၀မရှိသော ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စရပ်များကို ပြောဆိုရန် တောင်းဆိုခံရသည့်အခါ ဆရာတော်အချို့က မသက်မသာ ဖြစ်ရကြောင်း ထုတ်ဖော်ပြောဆိုကြသည်။ ဆရာတော်ကြီးများ တစ်ညီတစ်ညွှတ် တစ်လုံးတစ်ဝတည်း လုပ်ဆောင် ခြင်းနှင့် ဓမ္မသင်္ဂြိုလ်ဆိုင်ရာ၊ သိုးထိန်းဆိုင်ရာ အမြင်များ ကွဲပြားမှုအကြား ဆက်နွယ်မှုအပေါ် ထပ်လောင်း သုံးသပ်ရန် လိုအပ်ပါသည်။

၄) အတူတကွ ခရီးပြုနေသော သာသနာတော်တစ်ခုအတွက် တစ်သားတည်းပါဝင်မှုသည် အရွယ် မရောက်သေးသူများနှင့် ထိခိုက်လွယ်သူများကို အကာအကွယ်ပေးရန်အတွက် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအတွက် ပွင့်လင်းမြင်သာမှုနှင့် လေးစားမှုတို့ရှိသော ယဉ်ကျေးမှုကို အာမခံပါ သည်။ အလွဲသုံးစားမှု တားဆီးကာကွယ်ရေးအတွက် ရည်ညွှန်းသည့် နောက်ထပ်ဖွဲ့စည်းပုံများ ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်ပါသည်။ ဆရာတော်ကြီးများစွာသည် အလွဲသုံးစားလုပ်ခြင်းကို ကိုင်တွယ်ခြင်း၏ ထိလွယ်ရှလွယ်ပြဿနာသည် တရားသူကြီးကဏ္ဍနှင့် ဖခင်၏အခန်းကဏ္ဍကို ညှိနှိုင်းရန် ခက်ခဲသော အခြေအနေတွင် ရောက်ရှိနေပါသည်။ တရားစီရင်ရေး တာဝန်အတွက် တရားဝင် အသိအမှတ် ပြုထားသော အခြားအဖွဲ့တစ်ခုကို ခန့်အပ်ခြင်း၏ သင့်လျော်မှုကို စူးစမ်းလေ့လာသင့်သည်။

အဆိုပြုချက်များ

၁) တရားဝင်မသတ်မှတ်ရသေးသော ပုံစံများဖြင့် ဆရာတော်၏ စွမ်းဆောင်ရည်ကို ပုံမှန်ပြန်လည် သုံးသပ်ရန်အတွက် ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ ၎င်း၏ အခွင့်အာဏာပုံစံ၊ ဂိုဏ်းချုပ်/ဂိုဏ်းအုပ်သာသနာ ပိုင်ဆိုင်မှုများ၏ စီးပွားရေး စီမံခန့်ခွဲမှုနှင့် ပါ၀င်သော အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာများနှင့် ဖြစ်နိုင်ခြေရှိသော အလွဲသုံးစားမှု အမျိုးမျိုးတို့အား ကာကွယ်ခြင်းတို့ကို ကိုးကားရန် လိုအပ်ပါသည်။ တာဝန်ခံမှုရှိသည့် ယဉ်ကျေးမှုသည် ပူးတွဲတာဝန်ယူမှု ကို မြှင့်တင်ပေးသည့်အပြင် အလွဲသုံးစား လုပ်မှုများမှ အကာအကွယ်ပေးသည့် အတူတကွ ခရီးပြုနေသော သာသနာတော်၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်သည်။

၂) နိုင်ငံသို့မဟုတ် ဒေသအလိုက်ဖွဲ့စည်းထားသော ဆရာတော်ကြီးများ အဖွဲ့ချုပ် ကောင်စီ (Episcopal Council) (can. 473 §4) ဂိုဏ်းချုပ်/ဂိုဏ်းအုပ်သာသနာ၏ သိုးထိန်းလုပ်ငန်းဆိုင်ရာကောင်စီ (Diocesan Pastoral Council) နှင့် ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပိုင် သာသနာစီရင်စုရှိ သိုးထိန်းလုပ်ငန်းဆိုင်ရာ ကောင်စီ Eparchial Pastoral Council (CIC can. 511, CCEO can 272) တို့ကို မဖြစ်မနေ ပြုလုပ်ရန် တောင်းဆိုမှုများရှိပြီး၊ ဂိုဏ်းချုပ်/ဂိုဏ်းအုပ် သာသနာအဖွဲ့များကို တရားဝင်စည်းကမ်းချက်များ ပါဝင်သော ပိုမို၍ လုပ်ငန်းလည်ပတ်မှုရှိသည့်  ပူးတွဲတာဝန် ထမ်းဆောင်စေရန် လုပ်ဆောင်ရပါမည်။    

၃) စည်းဝေးပွဲသည် ဆရာတော်အရိုက်အရာအတွက် ဆရာတော်လောင်းများ ရွေးချယ်ခြင်းဆိုင်ရာ စံနှုန်း များကို ပြန်လည်သုံးသပ်ရန်၊ ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ် သံအမတ် Apostolic Nuncio အခွင့်အာဏာကို နိုင်ငံသို့မဟုတ်ဒေသအလိုက် ဆရာတော်ကြီးများ အဖွဲ့ချုပ်များ၏ ပါဝင်မှုဖြင့် ချိန်ညှိ ရန် တောင်းဆိုထားသည်။ ဘုရားသခင်၏ လူများဖြစ်သော ဘာသာတူများနှင့် တိုင်ပင်ဆွေးနွေးမှု တိုးချဲ့ ရန် တောင်းဆိုမှုများလည်း ရှိပါ သည်။ ရွေးချယ်ရေး လုပ်ငန်းစဉ်တွင် မမျှတသော ဖိအားအောက်မှ ကင်းဝေးစေရန် နှင့် တိုင်ပင်ဆွေးနွေးမှု လုပ်ငန်းစဉ်တွင် သာမန်ဘာသာတူများနှင့် သစ္စာသုံးပါးခံ သူတော်စင် ပိုမိုများပြားစွာ ပါဝင်ရန် တောင်းဆိုမှုများ လည်း ရှိပါသည်။

၄) ဆရာတော်အများအပြားသည် ဂိုဏ်းချုပ်သာသနာပိုင် ဒေသများ၏ ဖွဲ့စည်းပုံကို ပြန်လည်စဉ်းစားရန်နှင့် အားကောင်းစေရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။ သို့မှသာ ဒေသအတွင်း တစ်ညီ တစ်ညွှတ် တစ်လုံးတစ်ဝတည်း လုပ်ဆောင်ခြင်း၏ ခိုင်မာသော ဝိသေသလက္ခဏာများဖြစ်သည့် ညီရင်း အစ်ကိုစိတ်ထားမှု အပြန်အလှန်ပံ့ပိုးမှု၊ ပွင့်လင်းမြင်သာမှုနှင့် ပိုမိုကျယ်ပြန့်သော တိုင်ပင်ဆွေးနွေးမှုများ သည် ဆရာတော်များ အကြား သာမန် လုပ်ရိုးလုပ်စဥ် အလေ့အကျင့်များ ဖြစ်လာပေမည်။

13. ဆရာတော်ကြီးများနှင့် အတူရှိသော ပုပ်ရဟန်းမင်းကြီး

တူညီမှုများ

၁) ဓမ္မညီလာခံဆိုင်ရာ စွမ်းအားသည် ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီး၏ ဓမ္မအမှုတော်ဆောင်ခြင်းနှင့် ပတ်သက်၍လည်း အလင်းသစ်ကို ထွန်းလင်းစေခဲ့ပါသည်။ အမှန်စင်စစ် အတူတကွခရီးပြုခြင်းသည် ဒေသန္တရ၊ ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာအဆင့်များတွင် အများနှင့်ဆိုင်သော (“အားလုံး”) လုပ်ဖော် ကိုင်ဖက်များနှင့်ဆိုင်သော(အချို့)နှင့် ပုဂ္ဂိုလ်ရေးရာ(တစ်ခုတည်း) အတိုင်းအတာတို့ကို တူညီစွာ သရုပ်ဖော်သည်။ အများနှင့်ဆိုင်သော သွင်ပြင်လက္ခဏာအတွက် ဘုရား၏လူမျိုးတစ်ခုလုံး ပါဝင်ပြီး သာသနာတော်၏ လုပ်ဖော်ကိုင်ဖက်ဆိုင်ရာ ရှုထောင့်သည် ကက်သလစ်ဆရာတော်ကြီးများ၏ ဓမ္မအမှုတော်ဆောင်ခြင်းနှင့် သက်ဆိုင်သကဲ့သို့ ပုပ်ရဟန်းမင်းကြီး၏ တမန်တော်ကြီး စိန်ပီတာ့ ဓမ္မအမှု တော်မြတ်သည် အတူတကွခရီးပြုခြင်းဆိုင်ရာရွေ့လျားမှု၌လည်း ပါဝင်သည်ကို မြင်တွေ့နိုင်ပါ သည်။ ထို့ကြောင့် အတူတကွခရီးပြုခြင်း၊ တစ်စည်းတစ်လုံး တစ်ညီတစ်ညွတ်တည်းရှိခြင်းနှင့် သာသနာပိုင် ချုပ်ဖြစ်ခြင်းတို့သည် တစ်ခုကိုတစ်ခု ရည်ညွှန်းသည်။ သာသနာပိုင်ချုပ်ဖြစ်ခြင်းသည် အတူတကွ ခရီးပြုခြင်းနှင့် တစ်စည်းတစ်လုံး တစ်ညီတစ်ညွှတ်ရှိခြင်းအတွက် လိုအပ်ပြီး ၎င်းတို့နှစ်ခုစလုံးသည် လည်း သာသနာပိုင်ချုပ်ဖြစ်ခြင်းကို ကျင့်သုံးရန်အတွက် ရည်ညွှန်းသည်။

၂) ခရစ်ယာန်အားလုံး စည်းလုံးညီညွတ်မှုကို မြှင့်တင်ခြင်းသည် ပုပ်ရဟန်းမင်းကြီး၏ ဓမ္မအမှုတော် ဆောင်ခြင်းအတွက် မရှိမဖြစ် လိုအပ်သော ကဏ္ဍတစ်ခု ဖြစ်သည်။ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ တစ်လုံး တစ်ဝတည်း ဖြစ်ရေးအတွက် ပြုလုပ်ခဲ့သော ကာလတလျှောက်လုံးအရ စိန်ပီတာ၏ အရိုက်အရာကို ဆက်ခံသော ပုပ်ရဟန်းမင်းကြီး၏ တာဝန်ကို လေးလေးနက်နက်နားလည်ကြပြီး၊ အနာဂါတ်၌လည်း ဆက်လက် လုပ်ဆောင်ရမည်။ စိန့် John Paul II   Ut unum sint  စာချွန်တော်၌ ဖိတ်ခေါ်ခြင်းကို တုန့်ပြန်မှု၌၎င်း၊ ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းရှိခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုတို့မှ ရရှိသော ဆုံးဖြတ်ချက်များအားဖြင့်သော်၎င်း၊ သာသနာပိုင်ချုပ်ဖြစ်ခြင်း၊ တစည်းတလုံးတည်း တညီတညွတ် တည်းရှိခြင်းနှင့် အတူတကွခရီးပြုခြင်းနှင့် သူတို့၏ အပြန်အလှန် အကျိုးပြုသော ဆက်ဆံရေးများကို ကက်သလစ်များအတွက် နားလည်သဘောပေါက်ရန် အကူအညီဖြစ်နိုင်ပေသည်။

၃) ပုပ်ရဟန်းမင်းကြီး၏ ဗဟိုစီမံခန့်ခွဲရေးရုံး (Roman Curia) ကို ပြန်လည်ပြုပြင်ပြောင်းလဲမှုသည် ကက်သလစ် သာသနာတော် ဓမ္မညီလာခံခရီး၏ အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။ သာသနာ တော်၏ သွန်သင်ချက် “Praedicate evangelium “ တွင် Roman Cruia သည် ပုပ်ရဟန်းမင်းကြီးနှင့် ဆရာတော်များကြားတွင် မရပ်တည်ဘဲ နှစ်ဖက်လုံး၏ သဘောသဘာဝအရ သင့်လျော်သော နည်းများဖြင့် တာဝန်များကို ဖြည့်စွက်ပေးနေခြင်းဖြစ်သည်ကို အလေးအနက် ဖော်ပြထားသည်။ (EP I.8). “တစ်လုံးတစ်ဝတည်းရှိသော အသက်တာ” (EP I.4) နှင့်အကျိုးပြုဗဟိုချုပ်ကိုင်မှုလျော့ချ ခြင်း” (EP II.2) အပေါ် အခြေခံသည့် ပြုပြင်ပြောင်းလဲမှုကို အားပေးသည်။ ဗဟိုစီမံခန့်ခွဲရေးရုံးတော်ရှိ ဌာနများ (Roman dicasteries) တွင် အဖွဲ့ဝင်အဖြစ်ရှိသော ဆရာတော်များသည် သာသနာပိုင် ဆရာတော်များ ဖြစ်သည်။ ထိုအချက်သည် ကက်သလစ်ပီသကြောင်းကို ဖော်ပြပြီး Roman Curia နှင့်ဒေသခံ သာသနာတော်များ အကြား ဆက်ဆံရေးကို မြှင့်တင်သင့်သည်။ Predicate evangelium  ကို ထိထိရောက်ရောက် အကောင်အထည်ဖော်လိုပါက Curia အတွင်း၌ ပို၍ကြီးမားသော အတူတကွခရီးပြုခြင်းကို မြှင့်တင်ပြီး၊ မတူညီသော ဌာနများတွင်လည်း အတူတကွခရီးပြုကြရမည်။

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

၁) အတူတကွခရီးပြုနေသော သာသနာတော်အတွင်း ဆရာတော်ကြီးများ၏ အရိုက်အရာကို  အသစ် ပြုပြင်ထားသော နားလည်မှုသည် ရောမမြို့၏ ဆရာတော်ကြီးဖြစ်သော ပုပ်ရဟန်းမင်းကြီး၏ ဓမ္မအမှု တော်ဆောင်ခြင်းနှင့် ပုပ်ရဟန်းမင်းကြီး၏ ဗဟိုစီမံခန့်ခွဲရေးရုံး၏ အခန်းကဏ္ဍကို မည်သို့ အကျိုးပြု ကြောင်း ထိုးထွင်းကြည့်ရန် လိုအပ်ပါသည်။ ဤအချက်သည် သာသနာတော်၏ အုပ်ချုပ်မှု၌ ပူးတွဲ တာဝန်ယူမှုအပေါ် သိသိသာသာ သက်ရောက်မှု ရှိသည်။ ကမ္ဘာတဝှမ်းလုံး အတိုင်းအတာအရ ကက်သလစ် သာသနာတော်၏ ကာနွန်ဥပဒေနှင့် အရှေ့တိုင်းအသင်းတော်များ၏ ကာနွန်ဥပဒေတို့သည် ပုပ်ရဟန်းမင်းကြီး၏ သာသနာလုပ်ငန်းတွင် ပို၍ တစ်လုံးတစ်ဝတည်း လုပ်ဆောင်ရန် အခွင့်အရေး ပေးထားသည်။ ယင်းတို့ကို လက်တွေ့ကျင့်သုံးရာတွင် အနာဂတ်၌ ပိုမိုတိုးတက်အောင် လုပ်ဆောင် ရန်နှင့် အချိန်နှင့် တပြေးညီ လုပ်ဆောင်ရန် လိုအပ်သည်။

၂) ရဟန်းအမတ်/ကာဒီနယ်များသည် ရဟန်းမင်းကြီး၏ သိုးထိန်းအမှုတော်တွင် ပူးပေါင်း ဆောင်ရွက်နိုင် သည့် နည်းလမ်းများနှင့် သာမန်နှင့် ထူးခြားသော ရဟန်းမင်းကြီး ဦးဆောင်၍ ရဟန်းအမတ် ကာဒီနယ်များ ပါဝင်သည့် သာသနာတော်၏ တရားရေး ခုံရုံးအဖွဲ့ကောင်စီ (consistories) များတွင် ၎င်းတို့၏ တစ်စည်းတစ်လုံးတည်း တစ်ညီတစ်ညွှတ်တည်း ဝေဖန်ပိုင်းခြားသိမြင်မှုကို မြှင့်တင်နိုင်သည့် နည်းလမ်းများကို အတူတကွခရီးပြုခြင်းသည် အလင်းပြနိုင်သည်။

၃) ရဟန်းမင်းကြီး ဦးဆောင်သော ရဟန်းအမတ်/ကာဒီနယ်များ၏ အဖွဲ့ဝင်များအကြား အပြန်အလှန် သိကျွမ်းမှုနှင့် တစ်လုံးတစ်ဝတည်းရှိခြင်းကို ထိန်းသိမ်းရန် အသင့်လျော်ဆုံးနည်းလမ်းများကို လေ့လာ ရန်မှာ သာသနာတော်၏ ကောင်းကျိုးအတွက် အရေးကြီးပါသည်။

အဆိုပြုချက်များ

၁) မိမိတို့သာသနာ အသီးသီး၏ အဖြစ်အခြေအနေကို တင်ပြရန် ဆရာတော်ကြီးများမှ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်အား သွားရောက်တွေ့ဆုံ ဂါရဝပြုခြင်း (ad limina Apostolorum Visit) များသည် ရဟန်း မင်းကြီး၊ Roman Curia ရှိ သူနှင့်အနီးကပ်ဆုံး ပူးပေါင်း ဆောင်ရွက်သူများနှင့် ဒေသခံ သာသနာတော် များ၏ သိုးထိန်းများအကြား ဆက်ဆံရေး၏ အမြင့်ဆုံးအချိန် ဖြစ်သည်။ တစ်ညီတစ်ညွတ် တစ်လုံးတစ်ဝတည်း လုပ်ဆောင်ခြင်းနှင့် အတူတကွခရီးပြုခြင်း၊ တစ်လုံးတဝတည်းရှိခြင်းတို့ကို တိုးတက်စေမည့် ပွင့်လင်းမြင်သာသော အပြန်အလှန် ဖလှယ်မှုဆိုင်ရာ အခွင့်အရေးများ အမြဲပိုမိုရရှိ လာစေရန် ၎င်းတို့ဆောင်ရွက်သည့်ပုံစံကို ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။ 

၂) သာသနာတော်၏ ဓမ္မညီလာခံလမ်းစဉ်အရ အခြေအနေအမျိုးမျိုး၏ ကွဲပြားမှုကို ပိုမိုအာရုံစိုက်ရန်နှင့် ဒေသခံသာသနာတော်များ၏ အသံကို ပိုမိုဂရုတစိုက်နားထောင်ရန်၊ ဆရာတော်များ၏ တိုင်ပင် ဆွေးနွေးမှုကို တိုးမြှင့်ရန် Roman Curia ဌာနများအတွက်လိုအပ်ပါသည်။

၃) ၎င်းတို့၏ လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့စေရန်နှင့် ပြီးပြည့်စုံစေရန် ၎င်းတို့၏ တာဝန်များ ကို ထမ်းဆောင်သည့် နိုင်ငံများရှိ ဒေသဆိုင်ရာသာသနာတော်များမှ ရဟန်းမင်းကြီးကိုယ်စားလှယ်များ လုပ်ဆောင်မှုများအား အကဲဖြတ်ခြင်းပုံစံများကို သတ်မှတ်ရန် သင့်လျော်ပုံရသည်။

၄) ရဟန်းမင်းကြီးဆိုင်ရာ ဓမ္မအမှုတော်ဆောင်ခြင်း၏ အစေခံမှုတွင် အတူတကွခရီးပြုနေသော ကောင်စီ အဖြစ် ကာဒီနယ်ကောင်စီ (C-9) အတွေ့အကြုံကို မြှင့်တင်ရန်နှင့် အားကောင်းလာစေရန် အဆိုပြုထားပါသည်။

) ဒုတိယဗာတီကန်ကောင်စီ၏ သွန်သင်ချက်အရ၊ Roman Curia ရာထူးတာဝန်ကြီးမားသောပုဂ္ဂိုလ် (prelates) များကို ဆရာတော်များအဖြစ် ခန့်အပ်ရန် အခွင့်ကောင်း ရှိမရှိ ဂရုတစိုက် အကဲဖြတ်ရန် လိုအပ်ပါသည်။

 

 

 

တတိယပိုင်း - ကတိသစ္စာများ ယှက်နွယ်ခြင်း၊ လူ့အဖွဲ့အစည်းတည်ဆောက်ခြင်း

14. ပြုစုပျိုးထောင်ခြင်းသို့ အတူတကွ ခရီးပြုခြင်းဆိုင်ရာ ချဥ်းကပ်မှု

တူညီမှုများ

၁) ဆေးကြောခြင်းခံပြီးသူတိုင်းသည် သခင်ဘုရား၏ ဆုကျေးဇူးများကို တုံ့ပြန်သည့်အနေဖြင့် မိမိတို့၏ ပြုစုပျိုးထောင်ပုံကို ဂရုစိုက်ရန်၊ မိမိတို့ရရှိထားသောအရည်အချင်းများကို အသုံးပြု၍ အသီးအပွင့် များရရှိစေပြီး ထိုအသီးအပွင့်များကို အများအတွက် အစေခံခြင်း၌ အသုံးပြုရန် ဖိတ်ခေါ်ခံရပါသည်။ သခင်ဘုရားက တပည့်တော်ကြီးများကို ပြုစုပျိုးထောင်ခဲ့သည့်အချိန်ကာလသည် သာသနာတော်ကြီး ကို ပြုစုပျိုးထောင်ရန် အရေးကြီးကြောင်း ဖော်ပြသည်။ ၎င်းသည် နောက်ခံတွင် မကြာခဏ ဖြစ်ပွားသော်လည်း ၎င်းသည် သာသနာပြုခြင်းအတွက် အဆုံးအဖြတ်ဖြစ်သည်။ ဤလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ကြသူများအားလုံးကို ကျေးဇူးတင်ကြောင်းနှင့် အားပေးစကားပြောကြားလိုပြီး သာသနာတော်၏ အတူတကွ ခရီးပြုခြင်းမှ ပေါ်ပေါက်လာသော ပြုစုပျိုးထောင်ခြင်းဆိုင်ရာ လမ်းညွှန်မှုအသစ်များကို ကြိုဆိုရန် ဖိတ်ခေါ်အပ်ပါသည်။

၂) တပည့်တော်ကြီးများကို သခင်ယေဇူး၏ ပြုစုပျိုးထောင်ပုံသည် ကျွန်ုပ်တို့လိုက်နာရမည့်ပုံစံဖြစ်သည်။ ကိုယ်တော်ရှင် သည် သင်ကြားရုံမျှမကဘဲ သူ့ဘဝကို သူတို့နှင့် ဝေမျှခဲ့သည်။ သူ၏ကိုယ်ပိုင်ဆုတောင်းပုံ နမူနာအားဖြင့် 'ကျွန်ုပ်တို့ကို ဆုတောင်းတတ်အောင် သင်ပေးပါ' ဟု တောင်းဆိုခဲ့သည်။ လူအစုအဝေး တို့ကို ကျွေးမွေးခြင်းဖြင့် ငတ်မွတ်သောသူတို့ကို မစွန့်ပစ်ရန် သွန်သင်တော်မူ၏။ ယေရုဇလင်မြို့သို့ လမ်းလျှောက်တော်မူခြင်းဖြင့် လက်ဝါးကပ်တိုင်သို့ လမ်းပြတော်မူ၏။ ပြုစုပျိုးထောင်ခြင်းသာလျှင် အဓိကအားဖြင့် တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်အရည်အချင်းများကို အားကောင်းစေကြောင်း ကျွန်ုပ်တို့သည် ဧဝံဂေလိတရားမှ သင်ယူကြသည်။ ၎င်းသည် ရှုံးနိမ့်ခြင်းနှင့် ကျရှုံးခြင်းများကိုပင် အသီးအပွင့်ဖြစ်စေနိုင်သော ဘုရားသခင့် နိုင်ငံတော်၏ 'ယုတ္တိဗေဒ' အဖြစ်သို့ ပြောင်းလဲနိုင်ပေသည်။

၃) ဘုရားသခင်၏ သန့်ရှင်းသောလူမျိုးများသည် ပြုလုပ်ခံအရာဝတ္ထုများဖြစ်ရုံသာမက ပြုစုပျိုးထောင် ခြင်းဆိုင်ရာ ပထမနှင့် အဦးဆုံး ပူးပေါင်းတာဝန်ယူရမည့် အကြောင်းအရာ ဖြစ်သည်။ အမှန်တကယ်တွင် ပထမဦးဆုံး ပြုစုပျိုးထောင်ခြင်းသည် မိသားစုအတွင်း၌သာလျှင် ဖြစ်တည်ခဲ့သည်။ ဤနေရာ၌ ကျွန်ုပ် တို့သည် ကျွန်ုပ်တို့၏ မိဘဘိုးဘွားများ၏ ဘာသာစကားအမှန်ပင် ဒေသိယစကား၌ယုံကြည်ခြင်း ပထမဆုံးသော ကြေငြာဟောပြောချက်ကို လက်ခံရရှိလေ့ရှိပါသည်။ ထို့ကြောင့် သာသနာတော်ရှိ ဓမ္မအမှုတော်တစ်ခုကို ဆောင်ရွက်သူများသည် ဘာသာတူအသိုက်အဝန်းအတွက် မရှိမဖြစ်လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုတစ်ခုတွင် ဘုရားသခင်၏ ဘာသာတူလူအားလုံး၏ ဉာဏ်ပညာဖြင့် ၎င်းတို့၏ ဆက်ကပ်မှုကို ရောယှက်ရမည်။ ဤသည်မှာ အတူတကွ ခရီးပြုခြင်းသဘောဖြင့် နားလည်သဘောပေါက်သော ပြုစုပျိုးထောင်ခြင်း၏ ပထမဆုံးသော လက္ခဏာဖြစ်သည်။

) ခရစ်ယာန်ဘဝအစပြုမှုတွင် ကျွန်ုပ်တို့၏ ပြုစုပျိုးထောင်ခြင်းလမ်းကြောင်းကို မည်သို့လမ်းညွှန်ရမည် ကို ကျွန်ုပ်တို့ တွေ့ရှိပါသည်။ ခရစ်ယာန်ပြုစုပျိုးထောင်ခြင်း၏ ဗဟိုအချက်အချာသည် ဧဝံဂေလိ သတင်းကောင်းကို ကြေညာဟောပြော ခြင်း၏ နက်နဲမှုတစ်ခုဖြစ်ပြီး၊ ဆိုလိုသည်မှာ၊ ကျွန်ုပ်တို့အား အသက်အသစ်၏လက်ဆောင်ကိုပေးသော ယေဇူးခရစ်တော်နှင့် တွေ့ဆုံခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့ အားလုံးသည် သန့်ရှင်းစင်ကြယ်ခြင်းသို့ ဖိတ်ခေါ်ခြင်းခံရသော အပြစ်သားများ ဖြစ်ကြောင်း ခရစ်ယာန်ဘာသာဝင်ရန် ပြင်ဆင်ခြင်းဆိုင်ရာ ယုတ္တိဗေဒက သတိပေးသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ပြန်လည်သင့်မြတ်ကျေအေးခြင်းစက္ကရမင်တူးကို ပြီးမြောက်စေသည့် ပုဂ္ဂိုလ်ရေး ဆိုင်ရာ ပြောင်းလဲခြင်းဆီသို့ ဦးတည်သောခရီးတစ်ခုတွင် ကျွန်ုပ်တို့ပါဝင်နေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သက်သေခံခြင်းများ၏ ပံ့ပိုးမှုဖြင့် သန့်ရှင်းစင်ကြယ်လိုသောဆန္ဒကို အားဖြည့်ပေး ပါသည်။

၅) ဘုရားသခင်၏ လူများ ပြုစုပျိုးထောင်သည့်နေရာ အများအပြားရှိသည်။ ဓမ္မသင်္ဂြိုလ်ဆိုင်ရာ ပြုစု ပျိုးထောင်ခြင်းအပြင်၊ ဓမ္မညီလာခံမှ အခြားကျွမ်းကျင်မှုများဖြစ်သည့်  ပူးတွဲတာဝန်ယူမှု၊ နားထောင်မှု နှင့် ပိုင်းခြားသိမြင်မှု၊ ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းရှိရေးနှင့် ကိုးကွယ်မှုဆိုင်ရာ ဘာသာတရားအချင်းချင်း နှီးနှောဖလှယ်ခြင်း၊ အဆင်းရဲဆုံးသူများအား အစေခံခြင်းနှင့် ကျွန်ုပ်တို့၏ ဘုံကမ္ဘာမြေအိမ်ကို စောင့်ရှောက်ခြင်း၊ "ဒစ်ဂျစ်တယ်သာသနာပြုများ" အဖြစ် ထိတွေ့ဆက်ဆံခြင်း၊ ဝေဖန်ပိုင်းခြားသိမြင်မှုလုပ်ငန်းစဉ်များကို ပံ့ပိုးပေးခြင်း၊ ဝိညာဉ်တော်မြတ်ဘုရား၌ စကားစမြည် ပြောဆိုခြင်း၊ အများဆန္ဒ တည်ဆောက်ခြင်းနှင့် ပဋိပက္ခဖြေရှင်းခြင်း သင်တန်းများ ပို့ချပေးရန် တောင်းဆိုခဲ့သည်။ ဘာသာတူအသိုက်အဝန်း၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်သင့်သော ကလေးများနှင့် လူငယ်များကို ဘုရားစကား/ဘာသာတရားအကြောင်း သင်ကြားပေးခြင်းကိုလည်း အထူးဂရုပြုသင့်သည်။

၆) အတူတကွ ခရီးပြုနေသော သာသနာတော်၏ပြုစုပျိုးထောင်ခြင်းကို အတူတကွ ခရီးပြုခြင်းအားဖြင့် လုပ်ဆောင်ရန် လိုအပ်သည်- ဘုရားသခင်၏လူအပေါင်းတို့သည် အတူတကွ ခရီးပြုနေရင်း အတူတကွ စုဖွဲ့ခြင်းဖြစ်ပါသည်။ သိုးထိန်းဆိုင် ရာဓမ္မအမှုတော်ဆောင်ခြင်း၏နယ်ပယ်များစွာတွင် တွေ့ရှိရသည့် 'ကိုယ်စားလှယ်' စိတ်ထားကို ကျော်လွှားရန် လိုအပ်သည်။ အတူတကွ ခရီးပြုခြင်း၏သော့ချက်တွင် ပြုစုပျိုးထောင်ခြင်းသည် ဘုရားသခင်၏လူများအား ၎င်းတို့၏ဆေးကြောခြင်း စက္ကရမင်တူးကြောင့် ရရှိသော ခေါ်တော်မူခြင်းကို မိသားစု၊ လုပ်ငန်းခွင်၊ သာသနာတော်အတွင်း၊ လူမှုရေးနှင့် ဉာဏနယ်ပယ် များတွင် အပြည့်အဝနေထိုင်နိုင်စေရန် ရည်ရွယ်သည်။ လူတစ်ဦးစီသည် ၎င်း၏ကိုယ်ပိုင် အရည်အချင်းများနှင့် ခေါ်တော်မူ ခြင်းများနှင့်အညီ သာသနာတော်၏ သာသနာပြုခြင်းတွင် တက်ကြွစွာ ပါဝင်နိုင်စေရန် ရည်ရွယ်သည်။

 

 

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

၁) ငယ်ရွယ်သူများ ၎င်းတို့၏ကိုယ်ရေးကိုယ်တာနှင့် လိင်ပိုင်းဆိုင်ရာ ကိုယ်ပိုင်လက္ခဏာများ ရင့်ကျက် လာစေရန်နှင့် ငယ်ဖြူဘဝနှင့် သစ္စာပြုထားသော သန့်ရှင်းစင်ကြယ်ခြင်းဘဝသို့ ခေါ်တော်မူခြင်း ခံရသူများ၏ ရင့်ကျက်မှုကို ပံ့ပိုးပေးရန် အတွက် ပေါင်းသင်းဆက်ဆံရေးနှင့် လိင်ပညာပေးလုပ်ငန်းကို လုပ်ဆောင်ရန် ကျွန်ုပ်တို့ အကြံပြုအပ်ပါသည်။ ဤကဏ္ဍများတွင် ပြုစုပျိုးထောင်ခြင်းသည် လူ့ဘဝ၏ အဆင့်တိုင်းတွင် လိုအပ်သောအကူအညီဖြစ်သည်။

၂) လူ့သိပ္ပံပညာ အထူးသဖြင့် စိတ်ပညာနှင့် ဓမ္မသင်္ဂြိုလ်ပညာတို့ကြားတွင် ဤချဉ်းကပ်မှုများသည် ဘေးချင်းကပ်လျက် တည်ရှိနေရုံမျှမက ၎င်းတို့ကို ပိုမိုရင့်ကျက်သည့် အနှစ်ချုပ်အဖြစ် ပေါင်းစပ်ထား သော လူသားအတွေ့အကြုံကို နားလည်သဘောပေါက်ရန်အတွက် နက်ရှိုင်းစွာဆွေးနွေးရန် အရေးကြီး ပါသည်။

၃) ယခင်ဓမ္မညီလာခံများက တောင်းဆိုထားပြီးဖြစ်သည့်အတိုင်း သိက္ခာခံ ဓမ္မအမှုတော်ဆောင်ခြင်းများ အတွက် ပြုစုပျိုးထောင်ခြင်းဆိုင်ရာအစီအစဉ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုရန် လိုအပ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သူတို့အတွက် အမျိုးသမီးများနှင့် မိသားစုများ၏ ပံ့ပိုးကူညီမှုကို မည်ကဲ့သို့ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်သည်ကို အထူးအာရုံစိုက်ခြင်းဖြင့် ပြုစုပျိုးထောင်ခြင်း အစီအစဉ်များကို စေ့စေ့စပ်စပ် ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။

၄) ဒစ်ဂျစ်တယ်ရွေးချယ်မှုများ ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ရရှိနိုင်သောအရင်းအမြစ်အားလုံးကို အသုံးပြု၍ တစ်သက်တာ ပြုစုပျိုးထောင်ခြင်းနှင့် သင်ယူခြင်းဆိုင်ရာ ယဉ်ကျေးမှုကိုဖန်တီးရန် ဒေသအဆင့်တွင် ဆရာတော်ကြီးများအဖွဲ့ချုပ်များကို အတူတကွ လုပ်ဆောင်ရန် အားပေးပါသည်။  

အဆိုပြုချက်များ

၁) အတူတကွ ခရီးပြုခြင်းသဘောတရားအရ၊ ဘုရားသခင်၏လူများအားလုံး (သာမန်ဘာသာတူ၊ သူတော်စင်နှင့် သိက္ခာခံ ဓမ္မအမှုတော်ဆောင်များ)အတွက် ပူးပေါင်းပြုစုပျိုးထောင်ခြင်းအတွက် ရည်ရွယ်ပြီး ဒီဇိုင်းရေးဆွဲထားသော အစီအစဉ်များကို ဦးစားပေးလုပ်ဆောင်သင့်သည်ဟု ကျွန်ုပ်တို့ အဆိုပြုပါသည်။ ဒေသန္တရသာသနာတော်များအတွင်း ဤပရောဂျက်များကို အားပေး အားမြှောက် ပြုသင့်ပါသည်။ ဒစ်ဂျစ်တယ်ရွေးချယ်စရာများဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ရရှိနိုင်သော အရင်းအမြစ် အားလုံးကို အသုံးပြုကာ လက်ရှိပြုစုပျိုးထောင်ခြင်းယဉ်ကျေးမှုကို ဖန်တီးရန်အတွက် ဒေသအဆင့်တွင် အတူတကွ လုပ်ဆောင်ရန် ဆရာတော်ကြီးများအဖွဲ့ချုပ်များအား တိုက်တွန်းပါသည်။

၂) ယခင် ဓမ္မညီလာခံများက တောင်းဆိုထားပြီးဖြစ်သည့်အတိုင်း သိက္ခာခံဓမ္မအမှုတော်ဆောင်များ ပြုစုပျိုးထောင်ရေး အစီအစဉ်များတွင် ဘုရားသခင်၏လူ အများအပြားကို ကိုယ်စားပြုသင့်သည်။ အမျိုးသမီးများ၏ ပါဝင်ပတ်သက်မှုသည် လည်း အထူးအရေးကြီးပါသည်။

၃) သိက္ခာခံ ဓမ္မအမှုတော်ဆောင်ခြင်းအတွက် အမှုတော်ဆောင်လောင်းများ ရွေးချယ်ရန် လိုအပ်ချက်များ ပြည့်မီကြောင်း သေချာစေရန် ရဟန်းလောင်းများနှင့် ကိုက်ညီမှုရှိသော ပြင်ဆင်ပေးမှုအစီအစဥ်များကို  လိုအပ်ပါသည်။

၄) သိက္ခာခံ ဓမ္မအမှုတော်ဆောင်များ ပြုစုပျိုးထောင်ခြင်းကို မတူညီသော ဒေသန္တရဆိုင်ရာ အကြောင်းအရာများတွင် အတူတကွ ခရီးပြုနေသော သာသနာတော်နှင့် ကိုက်ညီသောပုံစံဖြင့် ရေးဆွဲသင့်ပါသည်။ တိကျသောလမ်းကြောင်းများပေါ် မစတင်မီ အမှုတော်ဆောင်လောင်းများသည် ခရစ်ယာန်အသိုင်းအဝိုင်းအတွင်း ဘဝ၏အစပိုင်းတွင် သိသာထင်ရှားသော အတွေ့အကြုံရှိသင့်သည်။ ပြုစုပျိုးထောင်ခြင်းကို ဘာသာတူတို့၏ သာမန်ဘဝမှ ခွဲထွက်၍ အတုအယောင်ပတ်ဝန်းကျင်ကို ဖန်တီးခြင်း မပြုသင့်ပါ။ ဓမ္မအမှုတော်ဆောင်ခြင်းအတွက် ပြုစုပျိုးထောင်ခြင်းဆိုင်ရာ လိုအပ်ချက်များ ကို အကာအကွယ်ပေး ခြင်းဖြင့်၊ ကျွန်ုပ်တို့သည် တရားဒေသနာတော်ဟောကြားခြင်း၊ စက္ကရမင်တူးများ ကျင်းပပေးခြင်းနှင့် ကရုဏာလုပ်ငန်းများတို့တွင် ဘုရားသခင်၏လူမျိုးတော်အတွက် စစ်မှန်သော အစေခံခြင်း စိတ်ဓာတ်ကို မွေးမြူနိုင်မည်ဖြစ်သည်။ ၎င်းသည် ရဟန်းတော်များနှင့် ထာဝရ ဦးပဉ္ဇင်းကြီးများအတွက် ရဟန်းဘဝသို့ ခေါ်တော်မူခြင်းကျေးဇူးတော် (Ratio fundamentalis) စာတမ်းကို ပြန်လည်ပြင်ဆင်ရန် လိုအပ်နိုင်သည်။

၅) လာမည့် ဓမ္မညီလာခံ-ဒုတိယပိုင်းအတွက် ကြိုတင်ပြင်ဆင်ရာတွင် ရဟန်းတော်များအတွက် ကနဦးနှင့် ဆက်လက်ပြုစုပျိုးထောင်ရန် တာဝန်ရှိ ပုဂ္ဂိုလ်များ၏ ညှိနှိုင်းဆောင်ရွက်မှုသည် အတူတကွ ခရီးပြုခြင်း လုပ်ငန်းစဥ်များအား မည်ကဲ့သို့ လက်ခံရရှိသည်ကို အကဲဖြတ်ရန်နှင့် အတူတကွ ခရီးပြုနေသော သာသနာတော်နှင့် ကိုက်ညီမည့် အာဏာကျင့်သုံးမှုပုံစံကို မြှင့်တင်နိုင်မည့်အပြောင်းအလဲများကို အဆိုတင်သွင်းရန် လိုအပ်ပါသည်။

15. သာသနာတော်ဆိုင်ရာ ဝေဖန်ပိုင်းခြားသိမြင်မှုနှင့် အဖွင့်မေးခွန်းများ

တူညီမှုများ

) ဝိညာဉ်တော်မြတ်ဘုရား၌ စကားပြောဆိုခြင်း၏ အတွေ့အကြုံသည် ပါဝင်သူတိုင်းအတွက် အကျိုးရှိ စေပါသည်။ ကျွန်ုပ်တို့၏ ပြောဆိုဆက်ဆံမှုပုံစံ၊ တစ်ဦးတစ်ယောက်၏အမြင်များကို ဖော်ပြခြင်းနှင့် အချင်းချင်း နားထောင်ခြင်းတွင် လွတ်လပ်မှုကို အခွင့်ထူးပေးထားသည့်အတွက် အလွန်တန်ဖိုးထား ပါသည်။ ထိုအချက်က အခြားသူများ၏ ရပ်တည်ချက်ကို ထောက်ခံသည့်အကြောင်းပြချက်ကို ဦးစွာ နားမထောင်ဘဲ ကျွန်ုပ်တို့ကိုယ်ပိုင်ရပ်တည်ချက်ကို ထပ်လောင်းပြောဆိုမှုအပေါ် အခြေခံ၍ စကားစစ်ထိုးရန် အဆောတလျင် ပြုလုပ်ခြင်းကို ရှောင်ရှားနိုင်စေခဲ့ပါသည်။

) ဤအခြေခံချဉ်းကပ်မှုသည် သာသနာတော်အတွင်း အငြင်းပွားဖွယ်ကိစ္စရပ်များကို ဂရုတစိုက် ထည့်သွင်းစဉ်းစားနိုင်စေပါသည်။ ထိုကိစ္စရပ်များမှာ ဒစ်ဂျစ်တယ်နည်းပညာများနှင့် ဉာဏ်ရည်တု ဆိုင်ရာ လူသားမျိုးနွယ်အပေါ် အကျိုးသက်ရောက်မှုများ၊ အကြမ်းမဖက်မှုနှင့် တရားဝင်သော ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှု၊ ဓမ္မအမှုတော်ဆောင်ခြင်းနှင့် ဆက်စပ်သောကိစ္စ ရပ်များ၊ လိင်စိတ်နှင့် "ရုပ်ခန္ဓာ" နှင့်ဆက်စပ်သောကိစ္စရပ်များ စသည်တို့ ဖြစ်ကြပါသည်။

) ဤနယ်ပယ်နှင့် အခြားနယ်ပယ်များတွင် စစ်မှန်သော သာသနာဆိုင်ရာ ဝေဖန်ပိုင်းခြားသိမြင်မှုကို ဖွံ့ဖြိုးတိုးတက်စေရန်၊ ကောင်းစွာသိရှိပြီး ဆင်ခြင်သုံးသပ်၍ ဘုရားသခင်၏ နှုတ်ကပါဌ်တော်နှင့် သာသနာတော်၏ သွန်သင်ချက်နှင့်အညီ ဤမေးခွန်းများကို ချဉ်းကပ်ရန် လိုအပ်ပါသည်။ လစ်ဟာနေသောဖော်မြူလာများကို ထပ်ခါတလဲလဲ မဖြစ်စေရန်အတွက်၊ ကျွန်ုပ်တို့သည် လူသားနှင့် လူမှုရေးသိပ္ပံဆိုင်ရာ ဆွေးနွေးမှုများအပြင် ဒဿနိကဗေဒနှင့် ဓမ္မသင်္ဂြိုလ်ဆိုင်ရာ ဆင်ခြင်သုံးသပ်မှုတို့ ပါ၀င်သည့် ဆွေးနွေးပွဲအတွက် အခွင့်အရေးတစ်ခုလိုအပ်ပါသည်။

) ဤအငြင်းပွားဖွယ်ကိစ္စများစွာ၏ အဓိကအချက်မှာ အချစ်နှင့် အမှန်တရားကြားက ဆက်ဆံရေးနှင့် အငြင်းပွားဖွယ်ရာ ကိစ္စများစွာအပေါ် အကျိုးသက်ရောက်မှုရှိခြင်း၏ မေးခွန်းဖြစ်သည်။ ဤဆက်ဆံရေးသည် စိန်ခေါ်မှုတစ်ခုဟု မယူဆမီတွင်၊ အမှန်တကယ်အားဖြင့် ခရစ်တော်၌ ထင်ရှားသော ကျေးဇူးတော်တစ်ခုအဖြစ် သတ်မှတ်ရမည် ဖြစ်သည်။ အကြောင်းမူကား၊ သခင်ယေဇူးသည် ဆာလံသီချင်းတွင် ပါရှိသော ကတိတော်ကို ပြည့်စုံစေရန် ဆောင်ကြဥ်းခဲ့၏ချစ်ခြင်းမေတ္တာနှင့် သစ္စာစောင့်သိခြင်းတို့သည် တွေ့ဆုံကြလိမ့်မည်။ ဖြောင့်မတ်ခြင်းတရားနှင့် ငြိမ်းချမ်းသာယာခြင်းတို့ သည် အချင်းချင်း နမ်းကြလိမ့်မည်။ သစ္စာစောင့်သိခြင်းသည် မြေကြီးမှ ထွက်ပေါ်လာလိမ့်မည်။ ဖြောင့်မတ်ခြင်းတရား သည် ကောင်းကင်မှ ငုံ့ကြည့်ပေလိမ့်မည်။ (Ps 85:10-11)  

) ဧဝံဂေလိကျမ်းပိုဒ်များစွာက သခင်ယေဇူးသည် လူတို့၏ တမူထူးခြားသော ကိုယ်ရေးကိုယ်တာ ဇာတ်လမ်းနှင့် အခြေအနေတွင် တွေ့ဆုံခဲ့ကြောင်း ဖော်ပြသည်။ ကိုယ်တော်သည် မလိုမုန်းထားမှုများ၊ သို့မဟုတ် စိတ်ကူးဖြင့် ကြိုတင်သတ်မှတ် တံဆိပ်ကပ်ခြင်း ရှုထောင့်မှ အစပြုသည်မဟုတ်ပေ။ သို့သော် နားလည်မှုလွဲမှားခြင်းနှင့် ငြင်းပယ်ခံရခြင်းတို့ကို တွေ့ကြုံခံစားရသည့်တိုင် သူကိုယ်တိုင် စိတ်နှလုံးအကြွင်းမဲ့ ပြုမူခဲ့သည့် ဆက်ဆံရေး၏ စစ်မှန်မှုမှ စတင်သည်။ သခင်ယေဇူးသည် ထုတ်ဖော်မပြနိုင်သည့် အခြေအနေမျိုးတွင်ပင် လိုအပ်နေသူများ အကူအညီတောင်းသည့် အော်ဟစ်သံ ကို အမြဲနားထောင်နေတော်မူ၏။ ကိုယ်တော်သည် ချစ်ခြင်းမေတ္တာကို ခံစားစေပြီး ယုံကြည်မှု ပြန်လည်ရရှိစေသောအမူအရာများဖြင့် ထိတွေ့ဆက်ဆံပါသည်။ ကိုယ်တော်၏ တည်ရှိခြင်း နှင့်အတူ အသက်တာသစ်ကို ဖြစ်စေတော်မူသည်။ သခင်ယေဇူးနှင့် တွေ့ဆုံပြီးသောသူများသည် ဘဝအသက်တာ ပြောင်းလဲသွားကြပါသည်။ ဤသို့ဖြစ်ရခြင်းမှာ သခင်ယေဇူး သယ်ဆောင်ထား တော်မူသော သမ္မာတရားသည် အကြံဥာဏ်မဟုတ်၊ ကျွန်ုပ်တို့အလယ်၌ ဘုရားသခင် ကိုယ်တော်တိုင် တည်ရှိနေသောကြောင့် ဖြစ်သည်။ ကိုယ်တော်ပြုမူသောချစ်ခြင်းမေတ္တာသည် ခံစားချက်တစ်ခုမျှ သာမဟုတ်၊ သမိုင်းကိုပြောင်းလဲစေသော ကောင်းကင်နိုင်ငံတော်၏ တရားမျှတမှု ဖြစ်သည်။

) ကျွန်ုပ်တို့ကိုယ်တိုင်က တစ်ဦးချင်းဖြစ်စေ၊ အသိုက်အဝန်းနှင့်ဖြစ်စေ ပြောင်းလဲခြင်းအားဖြင့် တခြားသူများကို ပံ့ပိုးပေးနိုင်ပါသည်။ သခင်ယေဇူး၏ ရှင်းလင်းသော ဧဝံဂေလိဦးတည်ချက်ကို သိုးထိန်းဆိုင်ရာ ရွေးချယ်မှုများအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ကျွန်ုပ်တို့ကြုံတွေ့ရသောအခက်အခဲမှာ ဧဝံဂေလိတရားတော်နှင့်အညီ အသက်ရှင်ရန် ကျွန်ုပ်တို့ ရုန်းကန်မှု၏ လက္ခဏာတစ်ရပ် ဖြစ်သည်။ ကျွန်ုပ်တို့သည် အယူဝါဒကို ကြမ်းတမ်းစွာ၊ စီရင်ဆုံးဖြတ်သောသဘောထားဖြင့် အသုံးပြုပါက၊ ကျွန်ုပ်တို့သည် ဧဝံဂေလိတရားတော်ကို သစ္စာဖောက်ရာ ရောက်ပါသည်။ ကျွန်ုပ်တို့သည် 'ပေါ့ပေါ့ တန်တန်ဖြင့်' ကရုဏာတရားကို ကျင့်သုံးပါက၊ ဘုရားသခင်၏မေတ္တာတော်ကို ဖော်ပြနိုင်မည် မဟုတ်ပါ။ သမ္မာတရားနှင့် မေတ္တာတရား၏စည်းလုံးမှုသည် ညီအစ်ကိုမောင်နှမများကြားတွင် အရှိအတိုင်းပင် အခြားသူများ၏အခက်အခဲများကို ကျွန်ုပ်တို့၏အခက်အခဲများအဖြစ်ခံယူလျက် သူတို့အား  ခံနိုင်ရည်ရှိစေရန် ရည်ညွှန်းသည်။ လက်တွဲဖော်အဖြစ်လိုက်ပါသည့်လမ်းကြောင်းကို စိတ်ရှည်စွာ လိုက်လျှောက်ခြင်းဖြင့်သာ ဤစည်းလုံးညီညွတ်မှုကို ရရှိနိုင်ပါသည်။

) ကိုယ်ပိုင်အမှတ်လက္ခဏာနှင့်လိင်ပိုင်းဆိုင်ရာကိစ္စများ၊ ဘဝအဆုံးသတ်မှု၊ ရှုပ်ထွေးသော အိမ်ထောင် ရေး အခြေအနေများနှင့် ဉာဏ်ရည်တုဆိုင်ရာ ကိုယ်ကျင့်တရားပြဿနာများကဲ့သို့သော အချို့သော ပြဿနာများသည် လူ့အဖွဲ့အစည်းတွင်သာမက သာသနာတော်တွင်ပါ မေးခွန်းအသစ်များ ထွက်ပေါ် လာသောကြောင့် အငြင်းပွားစရာများ ဖြစ်နေပါသည်။ တခါတရံတွင် ကျွန်ုပ်တို့တိုးတက်စေခဲ့သော မနုဿဗေဒအမျိုးအစားများသည် သိပ္ပံပညာရှိ အတွေ့အကြုံ သို့မဟုတ် အသိပညာမှ ပေါ်ထွက်လာသောအရာများ၏ ရှုပ်ထွေးမှုကို နားမလည်နိုင်သောကြောင့် ပိုမိုတိကျမှုနှင့် နောက်ထပ်လေ့လာမှုများ လိုအပ်ပါသည်။ လူတစ်ဦးချင်းစီနှင့် သာသနာတော်၏ခန္ဓာကိုယ်ကို ထိခိုက်စေသည့် ရိုးရှင်းသော စီရင်ဆုံးဖြတ်မှုများကို လျစ်လျူမရှုဘဲ ဤသုံးသပ်ချက်အတွက် လိုအပ်သောအချိန်ကိုယူ၍ ၎င်းတွင် ကျွန်ုပ်တို့၏ အကောင်းဆုံးစွမ်းအင်များကို ရင်းနှီးမြှုပ်နှံရန် အရေးကြီးပါသည်။ သာသနာတော်၏ သွန်သင်ခြင်းသည် ဤကိစ္စရပ်များစွာ အပေါ် လမ်းညွှန်မှု ပေးထားပြီးဖြစ်သော်လည်း ဤသွန်သင်ချက်သည် သိုးထိန်းဆိုင်ရာကျင့်စဉ်သို့ အနက်အဓိပ္ပါယ် ဖွင့်ဆိုရန် လိုအပ်နေသေးကြောင်း ထင်ရှားသည်။ နောက်ထပ်ရှင်းလင်းချက်များ လိုအပ်နေသည့်တိုင်၊ ဆုတောင်းခြင်းနှင့် စိတ်နှလုံး ပြောင်းလဲခြင်းတို့ ပါဝင်သော သခင်ယေဇူး၏လုပ်ဆောင်ချက်များသည် ရှေ့ဆက်ရမည့်လမ်းကို ပြသသည်။

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

) ဤဇစ်မြစ်အပေါ် သစ္စာရှိသော သာသနာတော်၏ကျင့်စဉ်တစ်ခုအား ရှုမြင်ခြင်းဖြင့် ခရစ်တော်၏ ဗျာဒိတ်တော်မှ စီးဆင်းလာသော ချစ်ခြင်းမေတ္တာနှင့် အမှန်တရားတို့၏ မူလရောယှက်မှုအပေါ် သာသနာတော်၏ ထောက်ရှုသုံးသပ် ချက်ကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပါသည်။

) နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများအား ၎င်းတို့၏ အသိပညာများကို ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ဝိညာဉ်ရေးရာနှင့် ပေါင်းစပ်ကာ ၎င်းတို့ကမ်းလှမ်းသောအရာသည် စစ်မှန်သော သာသနာတော်၏ အစေခံမှုတစ်ခုဖြစ်စေရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ ဤအကြောင်းအရာတွင် အတူတကွ ခရီးပြုခြင်း ဟူသည်မှာ သာသနာပြု အစေခံခြင်း ဆောင်ရွက်ရာ တွင် အတူဝေမျှခံစားသော ရည်ရွယ်ချက်တစ်ခုဖြင့် ကွဲပြားသောအခြေအနေများတွင် အတူတကွပါဝင်စဉ်းစားရန် အဆင်သင့် ဖြစ်ခြင်း ဖြစ်သည်။

) ဘုရားသခင်၏သန့်ရှင်းသောလူများ နေ့စဉ်ကြုံတွေ့ရသော ဘဝအတွေ့အကြုံနှင့် အစေခံခြင်း၌ အသုံးပြုသည့် နေရာများကို အစပြု၍ ဓမ္မသင်္ဂြိုလ်ပညာနှင့် ယဉ်ကျေးမှု သုတေသနပြုနိုင်သည့် အခြေအနေများကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ကျွန်ုပ်တို့ဖော်ထုတ်တွေ့ရှိခဲ့သည်။

အဆိုပြုချက်များ

) အငြင်းပွားဖွယ် အယူဝါဒဆိုင်ရာ၊ သိုးထိန်းဆိုင်ရာနှင့် ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်များအပေါ် မျှဝေပိုင်းခြားသိမြင်နိုင်စေမည့် အစပြုမှုများသည် ဘုရားသခင်၏နှုတ်ကပါဌ်တော် သာသနာတော်၏ သွန်သင်ချက်၊ ဓမ္မသင်္ဂြိုလ်ဆိုင်ရာ ထောက်ရှုသုံးသပ်ချက်နှင့် ဓမ္မညီလာခံအတွေ့အကြုံကို လေးမြတ်မှု တို့အရ ဖော်ဆောင်သင့်သည်ဟု ကျွန်ုပ်တို့ အဆိုပြုပါသည်။ လျှို့ဝှက်မှုကို ကာကွယ်ပေးပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုကို အားပေးသည့် အဖွဲ့အစည်းဆိုင်ရာ အခြေအနေတွင် မတူ ကွဲပြားသော ကျွမ်းကျင်မှုနှင့် နောက်ခံများရှိသည့် ကျွမ်းကျင်သူများအကြား နက်ရှိုင်းစွာ ဆွေးနွေးခြင်းဖြင့် ၎င်းကို ပြီးမြောက်စေနိုင်သည်။ သင့်လျော်သောအခါတွင် ထည့်သွင်းစဉ်းစားရမည့် ကိစ္စရပ်များမှ သက်ရောက်မှုရှိသူများအား တိုက်ရိုက်ပါဝင်စေသင့်သည်။ ယင်းကဲ့သို့ လုပ်ဆောင်ချက်များကို လာမည့် ဓမ္မညီလာခံ-ဒုတိယပိုင်းမတိုင်မီ အဆိုပြုသင့် သည်။

16. နားထောင်ပေးပြီး အတူလက်တွဲအဖော်ပြုပေးသည့်သာသနာတော်ဆီသို့

တူညီမှုများ

) ကျွန်ုပ်တို့၏ စည်းဝေးပွဲအပါအဝင် ဓမ္မညီလာခံခရီး၏ ပထမနှစ်နှစ်တာကာလအတွင်း နားထောင်ခြင်း သည် ကျွန်ုပ်တို့၏အတွေ့အကြုံကို အကောင်းဆုံးဖော်ပြသည့် စကားလုံးဖြစ်သည်။ နားထောင် ပေးခြင်းနှင့် နားထောင်ပေးခံရခြင်း ဖြစ်သည်။ နားထောင်ခြင်းသည် လေးနက်သော လူသားတို့၏ လက်တွေ့ဘဝတစ်ခုဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်းစီ၏ ဆက်ကပ်မှုကို လက်ခံရရှိစဉ်တွင် တစ်ဦးတစ်ယောက်၏ခရီးအတွက် ပံ့ပိုးပေးသည့် အပြန်အလှန် အကျိုးပြုသည့် တက်ကြွမှုတစ်ခု ဖြစ်သည်။

) ဒေသန္တရအဆင့် ဓမ္မညီလာခံလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့ကြသူ အများအပြားနှင့် အထူးသဖြင့် သာသနာတော် သို့မဟုတ် လူ့အဖွဲ့အစည်းအတွင်း ပစ်ပယ်ခြင်းခံရသောသူများသည် သာသနာတော်မှ သာသနာတော်အတွင်း ပြောဆိုကြားနာရန် ဖိတ်ခေါ်ချက်ကြောင့် အလွန်အံ့သြခဲ့ကြသည်။ လေးလေးနက်နက် နားထောင်ခြင်းသည် ဂုဏ်သိက္ခာကို အသိအမှတ်ပြုခြင်း၏ အတွေ့အကြုံတစ်ခု ဖြစ်ပြီး လူများနှင့် လူမှုအသိုင်းအဝိုင်းကို ထိတွေ့ဆက်ဆံရာတွင် အားကောင်းသော နည်းလမ်းတစ်ခု ဖြစ်သည်။

) သခင်ယေဇူးကို ကျွန်ုပ်တို့၏ ဘဝဗဟိုချက်တွင် ထားရှိရန် အတ္တကင်းစင်ခြင်းသည် အတိုင်းအတာ တစ်ခုအထိ လိုအပ်သည်။ ဤရှုထောင့်တွင် နားထောင်ပေးခြင်းသည် တစ်ဖက်သားကို နေရာပေးရန် အတွက် လိုလိုလားလား မိမိကိုယ်အား 'ဗဟိုမပြုခြင်း'ကို ဆိုလိုသည်။ ဝိညာဉ်တော်မြတ်ဘုရား၌ တက်ကြွသောပြောဆိုမှုများတွင် ဤအရာကို ကျွန်ုပ်တို့တွေ့ကြုံခံစားခဲ့ရပါသည်။ ၎င်းသည် တောင်းဆိုထားသော ခြိုးခြံရသည့် လေ့ကျင့်ခန်းတစ်ခုဖြစ်သည်။ လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင် ကန့်သတ်ချက်များနှင့် ၎င်းတို့အမြင်၏ တစ်စိတ်တစ်ပိုင်းဖြစ်မှုကို အသိအမှတ်ပြုရန် လုပ်ဆောင် ရမည့် လေ့ကျင့်ခန်းဖြစ်သည်။ ထို့အတွက်ကြောင့်၊ ၎င်းသည် သာသနာတော် အသိုင်းအဝန်း၏ နယ်နိမိတ်ကို ကျော်လွန်၍ မိန့်ကြားတော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်ထံမှ လာသော စကားသံကို နားထောင်ပြီး ပြောင်းလဲမှုနှင့် နှလုံးသားပြောင်းလဲခြင်းခရီးကို စတင်နိုင်စေပါသည်။

) နားထောင်ခြင်းသည် ခရစ်တော်ဗေဒဆိုင်ရာ အရေးပါမှု ဖြစ်သည်။ ဆိုလိုသည်မှာ သခင်ယေဇူးက သူကြုံတွေ့ခဲ့ရသူများအပေါ် ထားခဲ့သည့် သဘောထားကို အတုယူခြင်းဖြစ်သည် (ဖိလိ :-၁၁) ၎င်းသည် မိမိတို့၏ကိုယ်ပိုင်နာမဖြင့်သာမက အသိုင်းအဝိုင်း၏အမည်ဖြင့် ဆေးကြောခြင်းခံသူများ၏ လုပ်ဆောင်ချက်များကို နားထောင်နေသည့် သာသနာတော်ဖြစ်သောကြောင့် သာသနာဆိုင်ရာ တန်ဖိုးလည်း ရှိသည်။

) သာသနာတော်သည် ဓမ္မညီလာခံလုပ်ငန်းစဉ်တလျှောက် လူများစွာနှင့် အဖွဲ့များကို တွေ့ထိကာ နားထောင်ပြီး အတူလိုက်ပါရန် တောင်းဆိုသည်။ ကျွန်ုပ်တို့သည် နားထောင်ခြင်းနှင့် အတူလက်တွဲ အဖော်ပြုခြင်းကို တောင်းဆိုခဲ့သည့် လူငယ်များအတွက် ကျင်းပခဲ့သော 2018 ဓမ္မညီလာခံနှင့် ဤဓမ္မညီလာခံတွင် လူငယ်များအတွက် ဦးစားပေးရွေးချယ်မှု လိုအပ်ကြောင်းကို အတည်ပြုပြီး ဦးစွာပထမနှင့် အဓိကအကျဆုံးသော လူငယ်များကို ဖော်ပြထားပါသည်။

) သာသနာတော်သည် ရဟန်းတော်များ သို့မဟုတ် သာသနာတော်မှ ခန့်အပ်ထားသော ပုဂ္ဂိုလ်များ၏ လိင်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ရေး၊ စီးပွားရေး၊ အဖွဲ့အစည်းဆိုင်ရာ၊ အာဏာနှင့် အသိစိတ်ကို အလွဲသုံးစားပြုခြင်းခံရသူများနှင့် အသက်ရှင် ကျန်ရစ်သူများ၏အသံများကို အထူးအာရုံစိုက်ပြီး အာရုံခံစား နားထောင်ရန် လိုအပ်သည်။ စစ်မှန်သောနားထောင်ခြင်းသည် ကုစားခြင်း၊ နောင်တရခြင်း၊ တရားမျှတခြင်းနှင့် ပြန်လည်သင့်မြတ်ကျေအေးခြင်းဆီသို့ လမ်းကြောင်း၏အခြေခံကျသော အရာတစ်ခုဖြစ်သည်။

) စည်းဝေးပွဲသည် ဘဝ၏ရင်းမြစ်အဖြစ် အသိအမှတ်ပြုထားသည့် အိမ်ထောင်ရေးနှင့် လိင်ကျင့်ဝတ်ဆိုင်ရာ သာသနာတော်၏ ထုံးတမ်းစဉ်လာနှင့် သင်ကြားမှုတွင် သစ္စာရှိရှိ ရွေးချယ်မှုအဖြစ် တစ်ယောက်တည်းနေခြင်းကို လက်ခံသူတိုင်းအတွက် ၎င်း၏ ရင်းနှီးမှုနှင့် ထောက်ခံမှုကို ဖော်ပြသည်။ ခရစ်ယာန်အသိုင်းအဝိုင်းများကို ၎င်းတို့နှင့် နီးကပ်စေရန်၊ ၎င်းတို့ကို နားထောင်ရန်နှင့် ၎င်းတို့၏ကတိကဝတ်တွင် အတူလက်တွဲအဖော်ပြုလိုက်ပါရန် ဖိတ်ကြား ထားသည်။

) မတူညီသောနည်းလမ်းများဖြင့် ၎င်းတို့၏အိမ်ထောင်ရေးအခြေအနေ၊ အထောက်အထား သို့မဟုတ် လိင်စိတ်ကြောင့် သာသနာတော်မှ အပယ်ခံရခြင်း သို့မဟုတ် ဖယ်ထုတ်ခံရခြင်းဟု ခံစားရသူများ ကိုလည်း နားထောင်ပေးပြီး အတူလက်တွဲ အဖော်ပြုလိုက်ပါပေးရန် တောင်းဆိုပါသည်။ စီရင်ဆုံးဖြတ်/ ဝေဖန်ကဲ့ရဲ့ခံရမည်ကို မကြောက်သော၊ နားထောင်ပေးသော၊ လေးစားခံရသော၊ လုံခြုံသည်ဟု ခံစားရနိုင်သောအိမ်ဟု ခေါ်ဆိုနိုင်သည့် နေရာတစ်ခုကို လိုလားသောသူများ၊ သာသနာတော်မှ စိတ်ထိခိုက်စေခြင်း သို့မဟုတ် လျစ်လျူရှုထားမိသူများအတွက် မေတ္တာ၊ ကရုဏာနှင့် ကိုယ်ချင်းစာတရားတို့ကို ဤစည်းဝေးပွဲမှ နက်ရှိုင်းစွာ ခံစားခဲ့ရပါသည်။ နားထောင်ခြင်းသည် ဘုရားသခင်၏အလိုတော်ကို ရှာဖွေရာတွင် အတူတကွလျှောက်လှမ်းခြင်းအတွက် မရှိမဖြစ် လိုအပ်သည်။ ခရစ်ယာန်များသည် လူတိုင်းလူတိုင်း၏ ဂုဏ်သိက္ခာကို အမြဲလေးစားကြောင်း စည်းဝေးပွဲက ထပ်လောင်းပြောကြားခဲ့သည်။

) ကျွန်ုပ်တို့၏ မညီမျှသော လူ့အဖွဲ့အစည်းအတွင်း ဆင်းရဲမွဲတေမှု၊ ချန်လှပ်မှုနှင့် ဘေးဖယ်ထားမှု ပုံစံအမျိုးမျိုးကို ခံစားနေကြရသူများသည်လည်း ချစ်ခြင်း၊ နားထောင်ခြင်းနှင့် အတူအဖော်ပြုပေးခြင်း တို့ကို ရှာဖွေရန်အတွက် သာသနာတော်ထံသို့ ပြန်လှည့်လာကြသည်။ ဤနားထောင်ခြင်းသည် သာသနာတော်အား ဆင်းရဲမွဲတေမှုနှင့် ဘေးဖယ်ထားမှု၏ အဖြစ်မှန်များကို နားလည်သဘော ပေါက်စေပြီး ဆင်းရဲဒုက္ခခံစားရသူများနှင့် ခင်မင်ရင်းနှီးစေပါသည်။ အရေးကြီးသည်မှာ ၎င်းသည် ဒုက္ခရောက်နေသူများက သာသနာတော်အား ဧဝံဂေလိတရားဟောပြောရန်လည်း ကူညီပေးသည်။ သူတို့ကို နားထောင်ခြင်းသည် သာသနာတော်က သူတို့၏အမြင်ကို နားလည်စေပြီး သူတို့ဘက်မှ တိကျသေချာစွာ ရပ်တည်စေသည်။ သူတို့အား ဧဝံဂေလိတရားကို ဟောပြောနိုင်စေသည်။ အကျဉ်းကျနေသူများအား နားထောင်ပေးပြီး လိုက်ပါဆောင်ရွက်ပေးသူ အားလုံးကို ကျေးဇူး အထူးတင်ရှိပါသည်။ အထူးသဖြင့် ထိုသူတို့သည် သခင်ဘုရား၏ ကရုဏာမေတ္တာတော်ကို တွေ့ကြုံခံစားရန်နှင့် အသိုင်းအဝိုင်းမှ အထီးကျန်ခြင်းကို မခံစားရရန် လိုအပ်သည်။ငါသည် ထောင်ထဲ၌ ရှိနေသောအခါ သင်တို့သည် ငါ့ထံသို့ လာကြ၏။ (မာတေး ၂၅း၃၆) ဟူသော သခင်ဘုရား၏ စကားတော်ကို သာသနာတော်ကိုယ်စား သူတို့သည် သိရှိကြသည်။

၁၀) လူများစွာသည် စွန့်ပစ်ရန် နီးစပ်သော အထီးကျန်မှုအခြေအနေကို တွေ့ကြုံခံစားနေကြရသည်။ သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်သူများသည် လူ့အဖွဲ့အစည်းတွင် မကြာခဏ မမြင်နိုင်ပေ။ ကျောင်းထိုင်ဘုန်းတော်ကြီးတပိုင် သာသနာစီရင်စုများနှင့် ခရစ်ယာန်အသိုင်းအဝိုင်းများကို ၎င်းတို့နှင့် ရင်းနှီးပြီး နားထောင်ပေးရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ငါသည် ဖျားနာသောအခါ သင်တို့သည် ငါ့ကို ကြည့်ရှုကြ၏(မာတေး ၂၅:၃၆) ဧဝံဂေလိကျမ်းစကားများဖြင့် အလင်းပေးထားသော ကရုဏာလုပ်ငန်း များသည် ပါဝင်ပတ်သက်သူများနှင့် ပိုမိုကျယ်ပြန့်သောအသိုင်းအဝိုင်း၏ ကတိသစ္စာကို ထိန်းသိမ်းရန် အတွက် လေးနက်သော အဓိပ္ပာယ်ရှိသည်။

၁၁) နောက်ဆုံးအနေဖြင့် သူတို့၏အသံကို အလွယ်ကူဆုံး ကြားနိုင်သူများသာမကဘဲ သာသနာတော်က လူတိုင်းအား နားထောင်ချင်ပါသည်။ အချို့သောဒေသများတွင်၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် လူငယ်များ၊ အမျိုးသမီးများနှင့် လူနည်းစုများကဲ့သို့ အချို့သော အုပ်စုများ၏အဖွဲ့ဝင်များသည် အများသူငါ သို့မဟုတ် ဘာသာရေးဆိုင်ရာနေရာများတွင် လွတ်လပ်စွာ ပြောဆိုရန် ပိုမိုခက်ခဲနိုင်သည်။ ဖိနှိပ်ချုပ်ချယ်သော အာဏာရှင်အစိုးရများ အောက်တွင် နေထိုင်ခြင်းသည်လည်း ဤလွတ်လပ်မှုကို ပျက်ပြားစေသည်။ အလားတူပင် ခရစ်ယာန် အသိုက်အဝန်းအတွင်း အခွင့်အာဏာကျင့်သုံးခြင်းသည် လွတ်မြောက်ခြင်းထက် ဖိနှိပ်ခံရသည့် အခြေအနေ ဖြစ်နိုင်သည်။

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

) နားထောင်ခြင်းသည် ခြွင်းချက်မရှိ လက်ခံမှု လိုအပ်သည်။ ၎င်းသည် ဧဝံဂေလိတရားကို အလျှော့အတင်း ကြေညာခြင်း သို့မဟုတ် အဆိုပြုထားသည့် သဘောထား သို့မဟုတ် ရပ်တည်ချက်ကို ထောက်ခံခြင်းကို မဆိုလိုပါ။ သခင်ယေဇူးသည် ခြွင်းချက်မရှိ နားထောင်ပေးသောလူများအတွက် နယ်ပယ်အသစ်နှင့် လမ်းကြောင်းသစ်များကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ကျွန်ုပ်တို့ကြုံတွေ့ရသူများအား ကယ်တင်ခြင်းသတင်းကောင်းကို ဝေမျှရန်အတွက် ကျွန်ုပ်တို့လည်း အလားတူ လုပ်ဆောင်ရန် ဖိတ်ခေါ်ခံရပါသည်။

၂) ကမ္ဘာ့နေရာအတော်များများတွင် ခရစ်ယာန်အသိုင်းအဝိုင်းငယ်များသည် နားထောင်ခြင်း အလေ့အကျင့်များကို ဆေးကြောခြင်းခံယူပြီးသူများကြားတွင် မွေးမြူကြသည်။ အထူးသဖြင့် မြို့ပြအခြေ အနေများနှင့် လိုက်လျောညီထွေ ဖြစ်အောင် မည်သို့လုပ်ဆောင်နိုင်သည်ကို ရှာဖွေခြင်းဖြင့် ၎င်းတို့၏အလားအလာကို မြှင့်တင်ရန် ကျွန်ုပ်တို့အား တောင်းဆိုထားပါသည်။

အဆိုပြုချက်များ

၁) ဖယ်ကြဉ်ခံရသည်ဟု ခံစားနေရသူများအား ပိုမို၍ ကြိုဆိုသော သာသနာတော်အဖြစ် ခံစားရ စေရန်အတွက် မည်သည့်အရာများ ပြောင်းလဲရန်လိုအပ်မည်နည်း။ နားထောင်ပေးခြင်းနှင့် အတူလက်တွဲ အဖော်ပြုပေးခြင်းသည် လူတစ်ဦးချင်းစီ၏ လုပ်ဆောင်ချက်များသာမကဘဲ သာသနာတော်၏ အပြုအမူပုံစံတစ်ခုဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မတူညီသောအဆင့်များရှိ ခရစ်ယာန် အသိုင်းအဝိုင်းများ၏ ရဟန်းတော်တို့၏ သာမန် တာဝန်ဝတ္တရားဆိုင်ရာ စီမံကိန်းများ ရေးဆွဲခြင်းနှင့် လုပ်ငန်းလည်ပတ်မှု ဖွဲ့စည်းပုံအတွင်း ဝိညာဉ်ရေးအရ အတူလက်တွဲ အဖော်ပြု ပေးခြင်းကို အပြည့်အဝ အသုံးပြုရန် နေရာတစ်ခုကို ရှာဖွေရမည်ဖြစ်သည်။ အတူတကွ ခရီးပြုနေသော သာသနာတော်သည် နားထောင်သည့် သာသနာတော်ဖြစ်ရန် လိုအပ်ပြီး ဤကတိကဝတ်ကို လက်တွေ့လုပ်ဆောင်ခြင်းသို့ အကောင်အထည်ဖော်ရန် လိုအပ်သည်။

) ကျွန်ုပ်တို့သည် ဤအလုပ်ကို စာရွက်ပေါ်မှ စတင်ခြင်းမဟုတ်ပါ။ များပြားလှသောအဖွဲ့အစည်းများနှင့် ဖွဲ့စည်း တည်ဆောက်ပုံများသည် အဆင်းရဲဆုံးသောသူများအတွက် ကရုဏာအဖွဲ့ (Caritas) အတူလက်တွဲ အဖော်ပြုပေးသည့်အလုပ်၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များအကြား၊ သူတော်စင်များ သို့မဟုတ် သာမန်ဘာသာတူအသင်းအဖွဲ့များနှင့် ဆက်စပ်နေသော အခြား အကြောင်းအရာများစွာတို့တွင် တန်ဖိုးရှိလှသည့် နားထောင်ခြင်းလုပ်ငန်းကို လုပ်ဆောင်နေကြ ပါသည်။ ဤနားထောင်ခြင်းလုပ်ငန်းကို ဒေသခံ သာသနာတော် အသိုင်းအဝိုင်းနှင့် ပိုမိုပါဝင်နိုင်သည့်နည်းလမ်းဖြင့် ချိတ်ဆက်ခြင်းသည် ဤအလုပ်ကို ကိုယ်စားလှယ်လွှဲအပ်ခြင်း မဟုတ်ဘဲ အသိုင်းအဝိုင်းတစ်ခုလုံး၏ ဘဝတစ်စိတ်တစ်ပိုင်းအဖြစ် မြင်တွေ့ နိုင်စေပါသည်။

) နားထောင်ခြင်းနှင့် အတူလက်တွဲအဖော်ပြုပေးသည့် အစေခံခြင်းကို ဆောင်ရွက်ပေးသူများသည် ပုံစံအမျိုးမျိုးဖြင့် ထိတွေ့ဆက်ဆံလာသူများ၏ အတွေ့အကြုံများကို ထည့်သွင်းစဉ်းစားကာ လုံလောက်သော ပြုစုပျိုးထောင်မှု လိုအပ်ပါသည်။ သူတို့သည် အသိုင်းအဝိုင်း၏ ပံ့ပိုးကူညီမှုကိုလည်း ခံစားစေရန် လိုအပ်ပါသည်။ ၎င်းတို့အတွက်မူ အသိုင်းအဝိုင်းများသည် ၎င်းတို့၏ကိုယ်စား လုပ်ဆောင်နေသည့် ဤအစေခံခြင်း၏အဓိပ္ပါယ်ကို အပြည့်အဝ သိရှိလာပြီး ဤနားထောင်ခြင်း၏ အသီးအပွင့်များကို ရရှိရန် လိုအပ်ပါသည်။ ဤအစေခံခြင်းကို ပိုမိုထင်ရှားစေရန်အတွက် နားထောင်ခြင်းနှင့် အတူလက်တွဲ လျှောက်လှမ်းပေးသည့် ဓမ္မအမှုတော်ဆောင်ခြင်းတစ်ခုကို တည်ထောင်ရန် ကျွန်ုပ်တို့ အဆိုပြုပါသည်။ ၎င်းသည် ဆေးကြောခြင်းခံယူခြင်းတွင် အခြေခံပြီး မတူညီသောအခြေအနေများနှင့် လိုက်လျောညီထွေ ဖြစ်သင့်သည်။ ဤဓမ္မအမှုတော်ဆောင်ခြင်းကို အပ်နှင်းသည့်နည်းလမ်းသည် အသိုင်းအဝိုင်း၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်သင့်သည်။

) အာဖရိကတိုက်နှင့် မဒါဂါစကာရှိ ဆရာတော်ကြီးများအဖွဲ့ချုပ် SECAM (Symposium of the Episcopal Conferences of Africa and Madagascar) အနှစ်ချုပ်စာတမ်းသည် တချိန်ထဲတွင် မယားအများယူခြင်းဆိုင်ရာမေးခွန်းနှင့် ခရစ်ယာန် ဘာသာသို့ ယုံကြည်သက်ဝင်လာသော တစ်ချိန်ထဲတွင် မယားအများအပြားရှိသူများနှင့် အတူလက်တွဲအဖော်ပြုပေးရန် ဓမ္မသင်္ဂြိုလ်ဆိုင်ရာနှင့် သိုးထိန်းဆိုင်ရာ ဝေဖန်ပိုင်းခြား သိမြင်မှုကို မြှင့်တင်ရန် အားပေးပါသည်။

17. ဒစ်ဂျစ်တယ် ပတ်ဝန်းကျင်၌ သာသနာပြုခြင်း

တူညီမှုများ

) ဒစ်ဂျစ်တယ်ယဉ်ကျေးမှုသည် ကျွန်ုပ်တို့၏အဖြစ်မှန်ကို ခံယူပုံ၏ အခြေခံပြောင်းလဲမှုကို ကိုယ်စားပြု ပြီး အကျိုးဆက် အနေဖြင့် ကျွန်ုပ်တို့အချင်းချင်း၊ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်နှင့် ဘုရားသခင်နှင့်ပင် ဆက်စပ်နေပါသည်။ ဒစ်ဂျစ်တယ်ပတ်ဝန်း ကျင်သည် ကျွန်ုပ်တို့၏ သင်ယူမှုလုပ်ငန်းစဉ်များအပြင် ကျွန်ုပ်တို့၏ အချိန်၊ နေရာ၊ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာ၊ လူအချင်းချင်း ဆက်ဆံရေးနှင့် ကျွန်ုပ်တို့၏ တွေးခေါ်ပုံအများအပြားကိုလည်း အမှန်တကယ် ပြောင်းလဲစေသည်။ အစစ်အမှန်နှင့် အတုအယောင် ပူးတွဲတည်ရှိခြင်းဆိုသည့်ဝါဒသည်ဒစ်ဂျစ်တယ်နိုင်ငံသားများဟုခေါ်သော အထူးသဖြင့် အငယ်ဆုံးသော လူများ၏ လက်တွေ့ဘဝနှင့် အတွေ့အကြုံကို လုံလောက်စွာ မဖော်ပြနိုင်ပါ။

) ထို့ကြောင့် ဒစ်ဂျစ်တယ်ယဉ်ကျေးမှုသည် ခေတ်ပြိုင်ယဉ်ကျေးမှုတွင် သာသနာတော်၏ သက်သေခံချက်အတွက် အရေးပါသောအတိုင်းအတာတစ်ခုအဖြစ် သာသနာပြုခြင်း၏ ကွဲပြားသော နယ်ပယ်တစ်ခု မဟုတ်ပါ။ ထို့ကြောင့် ၎င်းသည် အတူတကွ ခရီးပြုနေသော သာသနာတော်တစ်ခုတွင် အထူးအရေးပါသောအချက် ဖြစ်သည်။

) သာသနာပြုများသည် ခရစ်တော်နှင့်အတူ နယ်နိမိတ်အသစ်များသို့ အမြဲသွားလေ့ရှိကြပြီး သန့်ရှင်းသော ဝိညာဉ်တော်မြတ်ဘုရားသည် ၎င်းတို့အား တွန်းအားပေးကာ ရှေ့သို့ ပို့ဆောင်ခဲ့သည်။ သူတို့၏ လက်ကိုင်ဖုန်းများနှင့် တက်ဘလက်များမှတဆင့် သူတို့ဝင်ရောက်သောနေရာများအပါအဝင် လူများသည် အဓိပ္ပာယ်နှင့် ချစ်ခြင်းမေတ္တာကို ရှာဖွေနေသောနေရာအားလုံး၌ ယနေ့ခေတ် ယဉ်ကျေးမှုကို ရောက်ရှိရန် ကျွန်ုပ်တို့အပေါ်တွင် မူတည်နေပါသည်။

) ကျွန်ုပ်တို့သည် ဒစ်ဂျစ်တယ်ယဉ်ကျေးမှုကို ဦးစွာနားမလည်ဘဲ ဧဝံဂေလိတရား ဟောပြောနိုင်မည် မဟုတ်ပေ။ ဒစ်ဂျစ်တယ်ယဉ်ကျေးမှုနှင့် ပတ်သက်ပြီး လေးနက်စွာ တိုက်ရိုက်အတွေ့အကြုံ ရှိလေ့ရှိသည့် လူငယ်များထဲတွင်မှ ရဟန်းဖြစ်ကျောင်းသားများ၊ ရဟန်းငယ်များ၊ ငယ်ရွယ်သော သူတော်စင် ကျား/မများတို့သည် ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်တွင် သာသနာတော်၏တာဝန်ကို ထမ်းဆောင်ရန် အသင့်တော်ဆုံးဖြစ်ပြီး သိုးထိန်းများအပါအဝင် အသိုင်းအဝိုင်းတစ်ခုလုံးကို ဒစ်ဂျစ်တယ်ယဉ်ကျေးမှု၏ ပြောင်းလဲတိုးတက်မှုတို့ကို ရင်းနှီးလာစေရန်  အတူလက်တွဲ အဖော်ပြု သွားရမည် ဖြစ်သည်။

) ဓမ္မညီလာခံလုပ်ငန်းစဉ်အတွင်း၊ ဒစ်ဂျစ်တယ် ဓမ္မညီလာခံ (သာသနာတော်သည် သင့်ကို နားထောင် နေပါသည်ပရောဂျက် “Digital Synod” (“Church Listens to You” Project) အစပျိုးမှု များသည် သာသနာပြုသော့ဖြင့် ချဉ်းကပ်လာသော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်၏ အလားအလာကို ဖော်ပြနေပါသည်။ ၎င်းတွင် ပါဝင်ပတ်သက်သူများ၏ တီထွင်ဖန်တီးမှုနှင့် ရက်ရောမှု၊ ၎င်းတို့အား သင်တန်းပေးခြင်း၊ အတူလက်တွဲ အဖော်ပြုခြင်းနှင့် အရွယ်တူ အဆင့်တူချင်း ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းများပေးအပ်ခြင်းတို့သည့် အရေးကြီးပါသည်။

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

) အင်တာနက်သည် ကလေးများနှင့် မိသားစုများ၏ ဘဝတွင် အသုံးပြုမှု ပိုမိုများပြားလာသည်။ ၎င်းသည် လူတို့၏ဘဝ တိုးတက်စေရန် အလားအလာကောင်းများရှိသော်လည်း ၎င်းသည် ခြိမ်းခြောက်ခြင်း၊ သတင်းအမှားများ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် စွဲလမ်းခြင်းကဲ့သို့သော ထိခိုက်ဒဏ်ရာရမှုများကိုလည်း ဖြစ်စေနိုင်သည်။ အွန်လိုင်းနေရာသည် ဘေးကင်းရုံသာမက ဝိညာဉ်ရေးအရ အသက်ပေးသည့်နေရာဖြစ်စေရန်အတွက် ခရစ်ယာန်အသိုင်းအဝိုင်းမှ မိသားစုများကို မည်သို့ပံ့ပိုးပေးနိုင်သည်ကို ထည့်သွင်းစဉ်းစားရန် အရေးတကြီးလိုအပ်ပါသည်။

) အလွန်ကောင်းမွန်သော ဘုရားစကား/ယုံကြည်ခြင်းကို မျှဝေခြင်း (catechesis) နှင့် ယုံကြည်ခြင်းကို ပြုစုပျိုးထောင်ခြင်းအတွက် ပံ့ပိုးပေးပြီး အဖိုးတန်၍ အသုံးဝင်သော သာသနာတော်နှင့် သက်ဆိုင်သည့် အွန်လိုင်း အစပျိုးမှု များစွာရှိပါသည်။ ကံမကောင်းစွာဖြင့်၊ ယုံကြည်ခြင်းနှင့်ဆိုင်သော ပြဿနာများကို အပေါ်ယံ၊ ပိုကွဲပြားပြီး အမုန်းပွားသည့်ပုံစံဖြင့် ဖြေရှင်းသည့်နေရာများလည်း ရှိပါသည်။ သာသနာ တော်အနေနှင့်သော်လည်းကောင်း၊ တစ်ဦးချင်း ဒစ်ဂျစ်တယ်သာသနာပြုများအနေဖြင့် သော်လည်းကောင်း ကျွန်ုပ်တို့၏အွန်လိုင်းကို အသုံးပြုနေခြင်းသည် ကျွန်ုပ်တို့နှင့် ဆက်သွယ် ပြောဆိုသူများအတွက် တိုးတက်စေသောအတွေ့အကြုံတစ်ခုရရှိစေရန် မည်ကဲ့သို့သေချာကြောင်း ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် မေးရန် တာဝန်ရှိပါသည်။

) အွန်လိုင်းတမန်တော်လုပ်ငန်းပဏာမဆောင်ရွက်မှုများသည် အစဉ်အလာအရ နားလည်ထားသော နယ်မြေနယ်နိမိတ်များ ထက် ကျော်လွန်၍ ကျယ်ပြန့်သောလက်လှမ်းမီမှုနှင့် နယ်ပယ်ရှိသည်။ ယင်းက ၎င်းတို့အား မည်ကဲ့သို့ ထိန်းကျောင်းနိုင် သနည်းနှင့် ကြီးကြပ်ကွပ်ကဲမှုအတွက် မည်သည့် သာသနာပြု အာဏာပိုင် တာဝန်ရှိသင့်သည်ဟူသော အရေးကြီးသည့် မေးခွန်းများ ထွက်ပေါ်လာသည်။

) လက်ရှိ သာသနာ့နယ်နိမိတ်နှင့် ဂိုဏ်းချုပ်/ဂိုဏ်းအုပ်သာသနာဆိုင်ရာ ဖွဲ့စည်းပုံများကို အသစ်ပြန်လည် ပြင်ဆင်ရန်အတွက် ဒစ်ဂျစ်တယ် သာသနာပြု နယ်နိမိတ်အသစ်၏ သက်ရောက်မှုများကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ တိုးတက်လာနေသော ဒစ်ဂျစ်တယ်ကမ္ဘာတွင် သာသနာပြုပုံစံအသစ် အတွက် စွမ်းအင်အသစ်များကို ထုတ်လွှတ်မည့်အစား ကျွန်ုပ်တို့လုပ်ဆောင်နေသည်များကို ဆက်လက် ထိန်းသိမ်းမည့် စိတ်ကူးအတွင်း ပိတ်မိနိုင်ခြင်းကို ကျွန်ုပ်တို့မည်သို့ရှောင်ရှားနိုင်မည်နည်း။

၅) COVID-19 ကပ်ရောဂါသည် အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ထိခိုက်လွယ်သော အသိုင်းအဝိုင်း၏ အဖွဲ့ဝင်များ ကြုံတွေ့နေရသော သီးသန့်ဖြစ်မှုနှင့် အထီးကျန်မှုအတွေ့အကြုံများ၏ သက်ရောက်မှုများကို လျှော့ချပေးသည့် ဖန်တီးမှုအမြောက်အမြားရှိသော သိုးထိန်းဆိုင်ရာ အွန်လိုင်းအစပျိုးမှုများကို လှုံ့ဆော်ပေးပါသည်။ ကက်သလစ်ပညာရေးအဖွဲ့အစည်းများသည် lockdown ကာလအတွင်း ပြုစုပျိုးထောင်ခြင်းနှင့် ယုံကြည်ခြင်းကို ဝေမျှခြင်းအား ဆက်လက် ပေးစွမ်းနိုင်ရန် အွန်လိုင်း ပလက်ဖောင်းများကို ထိရောက်စွာ အသုံးပြုပါသည်။ ဤအတွေ့အကြုံက ကျွန်ုပ်တို့ကို သင်ပေးခဲ့သောအရာများနှင့် ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်၌ရှိသော အသင်းတော်၏ သာသနာပြုခြင်း အတွက် ရေရှည်အကျိုးရှိနိုင်ခြင်းဆိုသည့်အရာများကို အကဲဖြတ်ရန် လိုအပ်ပါသည်။

) လူငယ်များသည် အလှတရားကို ရှာဖွေနေကြစဥ်၊ လူငယ်များစွာသည် ၎င်းတို့အား ခေါ်ဖိတ်ရန် ဆက်လက်ကြိုးစား နေသည့် သာသနာတော်၏ ရုပ်ပိုင်းဆိုင်ရာနေရာများကို စွန့်ပစ်ခဲ့ကြပြီး အွန်လိုင်းနေရာများကို နှစ်သက်နေကြသည်။ ဤအရာသည် ၎င်းတို့အား ထိတွေ့ဆက်ဆံရန် ကြိုးစားပုံနှင့် ပြုစုပျိုးထောင်ခြင်းနှင့် ယုံကြည်ခြင်းကို ဝေမျှခြင်းတို့အား ပေးအပ်နိုင်ရန်အတွက် သက်ရောက်မှုများရှိသည်။ ဤအရာသည် သိုးထိန်းဆိုင်ရာရှုထောင့်မှ စဉ်းစားရမည့်အရာများ ဖြစ်သည်။

အဆိုပြုချက်များ

) ကျွန်ုပ်တို့သည် ဒစ်ဂျစ်တယ်သာသနာပြုများအဖြစ် လုပ်ဆောင်နေပြီးဖြစ်သောသူများကို အသိ အမှတ်ပြုခြင်း၊ ပြုစု ပျိုးထောင်ခြင်းနှင့် အတူလက်တွဲပေးခြင်းတို့အတွက် အခွင့်အလမ်းများ ဖော်ဆောင်ရန် လိုအပ်ပြီး ၎င်းတို့အကြား ကွန်ရက်ချိတ်ဆက်မှုကိုလည်း လွယ်ကူချောမွေ့စေပါသည်။

) အခြားဘာသာဝင်များ သို့မဟုတ် ဘာသာမဲ့များပါဝင်သည့် သြဇာရှိသူများ၏ ပူးပေါင်းကွန်ရက်များကို ဖန်တီးရန် အရေးကြီးပါသည်။ သို့သော် လူ့ဂုဏ်သိက္ခာ၊ တရားမျှတမှုနှင့် ကျွန်ုပ်တို့၏ ဘုံကမ္ဘာမြေ အိမ်ကို ဂရုစိုက်မှုတို့အား မြှင့်တင်ပေးမည့် ဘုံအကြောင်းတရားများကို လက်တွဲ လုပ်ဆောင် လိုသည့်သူများဖြစ်ရန် အရေးကြီးပါသည်။

18. ပူးပေါင်းပါဝင်ဆောင်ရွက်မှုအတွက် ဖွဲ့စည်းပုံများ

တူညီမှုများ

) သာသနာတော်၏ ဘာသာတူများအနေနှင့်၊ ဆေးကြောခြင်းခံယူပြီးသူအားလုံးသည် ၎င်းတို့၏ ခေါ်တော်မူခြင်း၊ အရည်အချင်းနှင့် အတွေ့အကြုံများအလိုက် သာသနာပြုရန်အတွက် ပူးတွဲတာဝန် ရှိပါသည်။ ထို့ကြောင့်၊ အားလုံးသည် ခရစ်ယာန်အသိုင်းအဝိုင်းနှင့် သာသနာတော်တစ်ခုလုံးကို ပြုပြင် ပြောင်းလဲရန် စိတ်ကူးနှင့် ဝေဖန်ပိုင်းခြားသိမြင်နိုင်သော ခြေလှမ်းများကို ပံ့ပိုးပေးပါသည်။ ဤနည်း အားဖြင့်၊ သာသနာတော်သည်ဧဝံဂေလိတရားဟောပြောခြင်း၏ ချိုမြိန်နှစ်သိမ့်ရွှင်လန်းမှုကို တွေ့ကြုံခံစားရသည်။ အတူတကွ ခရီးပြုခြင်း၏ရည်ရွယ်ချက်မှာ အဖွဲ့များ ပေါင်းစပ်ဖွဲ့စည်းခြင်းနှင့် လုပ်ဆောင်မှုတို့အားဖြင့် ပုံပေါ်စေသော သာသနာပြုခြင်း ဖြစ်သည်။ ပူးတွဲတာဝန်ယူမှုသည် သာသနာပြုခြင်းအတွက် ဖြစ်သည်။ ဤအရာသည် ကျွန်ုပ်တို့အား သခင်ယေဇူး၏နာမတော်၌ အမှန်တကယ် စုစည်းမိကြောင်း သက်သေပြသည်၊ ၎င်းသည် ဗျူရိုကရေစီ ကန့်သတ်ချက်များနှင့် အာဏာ၏ လောကီယုတ္တိဗေဒတို့တွင် အဖွဲ့များအား ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းတို့မှ လွတ်မြောက် စေပြီး စည်းလုံးညီညွတ်မှုကို ဖြစ်ထွန်းစေသည်။

) မကြာသေးမီက ထုတ်ပြန်သော သာသနာတော်၏သွန်သင်ချက် (အထူးသဖြင့် Lumen gentium နှင့် Evangelii gaudium)အရ သာသနာပြုခြင်းတွင် အားလုံး၏ပူးတွဲတာဝန်ယူမှုသည် ခရစ်ယာန် အသိုင်းအဝိုင်း ဖွဲ့စည်းပုံနှင့် ဒေသန္တရသာသနာတော်တစ်ခုလုံးရှိ အစေခံမှုအားလုံး၊ အသင်းအဖွဲ့ အားလုံး၊ သိုးထိန်းဆိုင်ရာ အဖွဲ့တစ်ခုချင်းတို့၏ အခြေခံစံနှုန်းဖြစ်ရမည်။ (cf ၁ကော် ၁၂း၄-၃၁) ကမ္ဘာပေါ်ရှိ သာသနာပြု သာမန်လူပုဂ္ဂိုလ်များကို သင့်လျော်စွာ အသိအမှတ်ပြုခြင်းသည် ခရစ်ယာန် အသိုင်းအဝိုင်းအား စောင့်ရှောက်ခြင်းကို ဆရာတော်များနှင့် ရဟန်းတော်များကိုသာလျှင် တာဝန်ပေးခြင်းအတွက် အကြောင်းပြချက်တစ်ခုဖြစ်လာမည်မဟုတ်ပေ။

) အမြင့်ဆုံးသောအခွင့်အာဏာသည် ပူးပေါင်းပါဝင်ဆောင်ရွက်နေသော အဖွဲ့အစည်းများ၏ အစည်း အဝေးတိုင်း၊ တိုင်ပင်ဆွေးနွေးမှုတိုင်းနှင့် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်တိုင်းကို လှုံ့ဆော်ပေးသည့် ဘုရားသခင်၏ နှုတ်ကပါဌ်တော်ဖြစ်သည်။ ထိုသို့ဖြစ်ရန်၊ အဆင့်တိုင်းတွင်၊ စုဝေးခြင်းသည် ကိုယ်တော်မြတ်စက္ကရမင်တူးမှ အဓိပ္ပါယ်နှင့် ခွန်အားကို ထုတ်ယူပြီး ဘုရားရှင်၏ နှုတ်ကပါဌ်တော်ကို ကြားနာပြီး ဆုတောင်းခြင်းဖြင့် မျှဝေရန် လိုအပ်ပါသည်။

၄၀ အတူတကွ ခရီးပြုနေသော သာသနာပြုအသိုင်းအဝိုင်းတစ်ခု၏ ဝေဖန်ပိုင်းခြားသိမြင်မှုနှင့် ဆုံးဖြတ် ချက်ချခြင်းအတွက် ကောင်စီအသီးသီး၏ ပေါင်းစည်းမှုသည် တမန်တော်စိတ်သဘောထားရှိသော အမျိုးသားနှင့်အမျိုးသမီးများအဖြစ် ရှိရမည်ဖြစ်သည်။ ထိုတမန်တော် စိတ်သဘောထားရှိ/မရှိကို ဘုရားကျောင်း၌ မကြာခဏရောက်ရှိနေခြင်းမဟုတ်ဘဲ သာမန်ဘဝအသက်တာတွင် စစ်မှန်သော ဧဝံဂေလိ သက်သေခံများအဖြစ် ခွဲခြားသိမြင်နိုင်ပေသည်။ ကမ္ဘာနှင့် ကမ္ဘာ့အစွန် အဖျားများတွင် ပါဝင်လှုပ်ရှားနေသော အဖွဲ့များအပါအဝင် ၎င်းတို့ကိုယ်တွင်း၌ ပဲ့တင်ထပ်နေခြင်းဖြင့် သာသနာပြု အဖြစ် နေထိုင်ပြီးသောသူတို့၏အသံကို ကြားစေနိုင်သောအခါ ဘုရားသခင်၏လူများသည် သာသနာပြုများအဖြစ် ပိုမိုပီသလာပါ သည်။

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

) ကျွန်ုပ်တို့ မျှဝေပေးခဲ့သော အကြောင်းအရာများအရ၊ များစွာသောသူတို့သည် လုပ်ငန်းတာဝန်နှင့် မကိုက်ညီဟု ခံစားရသောအခါ ကောင်စီအသီးသီးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို မည်သို့ မြှင့်တင်နိုင်သနည်းဟု မေးမြန်းရန် အရေးကြီး ပါသည်။ ဘာသာတူတစ်ဦးစီသည် သာသနာတော်၏ သာသနာပြုခြင်းအတွက် လုပ်ငန်းစဉ်များနှင့် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဥ်တွင် ပါဝင်လာသည့် အခါ အတူတကွ ခရီးပြုခြင်းသည် ကြီးထွားလာသည်။ ဤသဘောအရ၊ ဘုရားသခင်၏ နှုတ်ကပါဌ်တော်နှင့် ကိုယ်တော်မြတ်စက္ကရမင်တူးပတ်လည်တွင် နေ့စဉ်နှင့်အမျှ နီးကပ်စွာ နေထိုင်နေသော ထွန်းသစ်စ သာသနာတော်များရှိ ခရစ်ယာန်အသိုင်းအဝိုင်းငယ်များစွာမှ ကျွန်ုပ်တို့အား အားပေးနေပါသည်။

) ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ တမန်တော်ဆိုင်ရာ နှိုးဆော်စာမိသားစုအတွင်းရှိ ချစ်ခြင်းမေတ္တာ (Amoris Laetitia) တွင် ပုပ်ရဟန်းမင်းကြီးက ပူးပေါင်းပါ၀င်ဆောင်ရွက်နေသော အဖွဲ့အစည်းများ၏ဖွဲ့စည်းမှုကို ပြုပြင်ပြောင်းလဲရန် သာသနာတော်အား အပ်နှင်းခဲ့ပြီး၊ ဤတာဝန်ကို ထပ်မံနှောင့်နှေး၍ မရပါ။ ချစ်မှုရေးရာ ပေါင်းသင်းဆက်ဆံရေး ရှုပ်ထွေးသည့်အခြေအနေများတွင် နေထိုင်နေသော ဆေးကြောခြင်းခံပြီးသူ အမျိုးသားများနှင့် အမျိုးသမီးများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည်ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ၊ သိုးထိန်းဆိုင်ရာ၊ ပညာရေးနှင့် အဖွဲ့အစည်းဆိုင်ရာ မူဘောင်များတွင် လက်ရှိကျင့်သုံးနေသော ဖယ်ကြဉ်ခြင်းပုံစံအမျိုးမျိုးကို ဝေဖန်ပိုင်းခြား သိမြင် နားလည်ရန် လိုအပ်သည့် မတူညီသော သာသနာ့အစေခံမှုများတွင် ဖော်ပြနိုင်ပါသည်။ (299) ဤဝေဖန်ပိုင်းခြားသိမြင်မှုသည် အချို့သော ဒေသန္တရသာသနာတော်များတွင် တွေ့ကြုံခဲ့ရသည့် အတိုင်း ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပိုင် သာသနာစီရင်စုနှင့် ဂိုဏ်းချုပ်/ ဂိုဏ်းအုပ် သာသနာ အသိုင်းအဝိုင်းတို့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုအဖွဲ့များမှ ဖယ်ထုတ်ခြင်းနှင့်လည်း သက်ဆိုင် ပါသည်။

) သာသနာတော်ဆိုင်ရာ တစ်လုံးတစ်ဝတည်းဖြစ်ခြင်း ထူးခြားမှု၏ရှုထောင့်မှကြည့်လျှင်- အတူတကွ ခရီးပြုခြင်း၏ တိုင်ပင်ဆွေးနွေးမှုနှင့် ဆင်ခြင်တုံတရားဆိုင်ရာရှုထောင့်များကို မည်သို့ပေါင်းစပ် နိုင်မည်နည်း။ ဘုရားသခင့်လူများ၏ ဝိညာဥ်တော်နှင့် ပြည့်ဝသော ဓမ္မအမှုတော်ဆောင်ခြင်းဆိုင်ရာ ကျေးဇူးတော်အမျိုးမျိုးကို ပေးအပ်ထားသောကြောင့် အကြံပေးခြင်း၊ ဝေဖန်ပိုင်းခြားသိမြင်ခြင်းနှင့် ဆုံးဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းတာဝန်များကို အမျိုးမျိုးသော ပူးပေါင်းပါဝင် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများတွင် ကျွန်ုပ်တို့မည်သို့ပေါင်းစပ်နိုင်မည်နည်း။

အဆိုပြုချက်များ

) ဧဝံဂေလိတရားတော်၏တက်ကြွသောအကြောင်းအရာအဖြစ် ဘုရားသခင်၏လူများကို နားလည်မှု အပေါ် အခြေခံ၍ ခရစ်ယာန်အသိုင်းအဝိုင်းနှင့် ဒေသန္တရ သာသနာတော်များရှိ သိုးထိန်းဆိုင်ရာ ကောင်စီများ၏ မဖြစ်မနေပြုလုပ်ရမည့်တာဝန် ဖြစ်သောဥပဒေပြုခြင်းကို ကျွန်ုပ်တို့ အကြံပြု အပ်ပါသည်။ ဆေးကြောခြင်းစက္ကရမင်တူး၏ အကျိုးကျေးဇူးကြောင့် သာမန်ဘာသာတူများ၏ သင့်လျော်သောပါဝင်မှုဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အားကောင်းစေရန်၊ ဝေဖန်ပိုင်းခြား သိမြင်သော ဆုံးဖြတ်ချက်များချရာတွင် ၎င်းတို့ပါဝင်နိုင်သည့်အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်း သည်လည်း နှစ်လိုဖွယ်ကောင်းပေလိမ့်မည်။

) ပူးပေါင်းပါ၀င်ဆောင်ရွက်နေသော အဖွဲ့အစည်းများသည် တာဝန်ဝတ္တရားဆောင်ရွက်သူများ၏ ပွင့်လင်းမြင်သာသော တာဝန်ခံမှုကို တွေ့ကြုံခံစားနိုင်ရန် ကိုယ်စားပြုပါသည်။ ၎င်းတို့၏ ကတိကဝတ်များကို ကျွန်ုပ်တို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံနေစဥ်၊ အပြန်အလှန်အားဖြင့် ၎င်းတို့ဖော်ပြသော လူမှုအသိုင်းအဝိုင်းအတွက် တာဝန်ခံသည့်ယဉ်ကျေးမှုကို ကျင့်သုံးရန် သူတို့အား ဖိတ်ခေါ်ပါသည်။

19. သာသနာတော်တစ်ခုလုံး၏ တစ်လုံးတစ်ဝတည်းရှိခြင်း၌ သာသနာတော်များ၏ အဖွဲ့များ

တူညီမှုများ

) သန့်ရှင်းသောဝိညာဉ်တော်မြတ်ဘုရားသည် အများအကျိုးအတွက် သူ၏ကျေးဇူးတော်များကို ကြွယ်ဝစွာ ဝေငှပေးသောကြောင့် သာသနာတော်တစ်ခုစီတိုင်း၊ သာသနာတော်တစ်ခုလုံး၏ တစ်လုံး တစ်ဝတည်းဖြစ်ခြင်းတွင် ပူဇော်စရာများစွာ ရှိသည်ကို ကျွန်ုပ်တို့ယုံကြည်ပါသည်။ သာသနာတော်အား ခရစ်တော်၏ကိုယ်ခန္ဓာအဖြစ် ကျွန်ုပ်တို့ ရှုမြင်သောအခါ၊ ဘာသာတူအမျိုးမျိုးတို့သည် အပြန်အလှန်မှီခိုပြီး တူညီသောအသက်တာရှိကြသည်ကို ပို၍လွယ်ကူစွာ နားလည်နိုင်သည်။ "ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုသည် ဝေဒနာခံစားရပါလျှင် အခြားသော အစိတ်အပိုင်းများအားလုံး သည်လည်း အတူတကွ ခံစားကြရ၏။ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဂုဏ်ပြုချီးမွမ်းခြင်း ခံရလျှင်၊ အားလုံးသော အစိတ်အပိုင်းများသည် အတူတကွ ဝမ်းမြောက်ရွှင်လန်းကြ၏ (၁ကော် ၁၂:၂၆) ထို့ကြောင့် ကျွန်ုပ်တို့သည် ဤရှုထောင့်မှ ထွက်ပေါ်လာသည့် ဝိညာဉ်ရေးသဘောထားများ ဖြစ်သည့် နှိမ့်ချခြင်းနှင့် ရက်ရောမှု၊ လေးစားမှုနှင့် မျှဝေမှုတို့ကို တိုးပွားစေလိုပါသည်။ ဝိညာဉ်ရေးကြွယ်ဝမှု၊ သာသနာပြုနောက်လိုက်တပည့်ဖြစ်ခြင်းနှင့် ရုပ်ဝတ္ထုပစ္စည်းများ ဖလှယ်မှုသည် အမှန်တကယ် လက်တွေ့ဖြစ်လာစေရန် အပြန်အလှန် အသိပညာတိုးပွားလိုစိတ်နှင့် လိုအပ်သော ဖွဲ့စည်းပုံများကို ပြင်ဆင်ရန်လည်း အရေးကြီးပါသည်။

) ဒေသန္တရသာသနာတော်များ အုပ်စုဖွဲ့ခြင်းဆိုင်ရာ မေးခွန်းသည် သာသနာတော်အတွင်း အတူတကွ ခရီးပြုခြင်းကို အပြည့်အဝကျင့်သုံးခြင်းအတွက် အခြေခံဖြစ်ကြောင်း သက်သေပြခဲ့သည်။ ဒေသန္တရ သာသနာတော်များ အစုအဖွဲ့များ ပါ၀င်သည့် အတူတကွ ခရီးပြုခြင်းနှင့် တစ်ညီတစ်ညွတ် တစ်စုတစ်စည်းတည်းရှိခြင်းကို မည်သို့ပြင်ဆင်ရမည်နည်းဟူသော မေးခွန်းကို ဖြေကြားရာတွင် ဆရာတော်ကြီးများအဖွဲ့ချုပ်များနှင့် ကမ္ဘာ့တိုက်ကြီးများအဆင့် ဓမ္မညီလာခံဆိုင်ရာလုပ်ငန်းစဥ် ပထမ အဆင့်၏ သင့်လျော်သောလုပ်ဆောင်မှုအတွက် သာသနာတော်၏ဝေဖန်ပိုင်းခြားသိမြင်မှု အရေးကြီးပုံ ကို ဤစည်းဝေးပွဲမှ သဘောတူခဲ့သည်။

) ကာနွန် ဥပဒေနှင့် အရှေ့တိုင်းအသင်းတော်များအတွက် ကာနွန်ဥပဒေမှ ပေးအပ်ထားသော အဖွဲ့အစည်းများကို ဒေသန္တရ သာသနာတော်များမှ နားလည်သဘောပေါက်သောအခါတွင် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ပုံကို ဓမ္မညီလာခံဆိုင်ရာလုပ်ငန်းစဉ်က ပြသထားသည်။ သာသနာတော်ကြီးတစ်ခုလုံး (Ecclesia tota)သည် သာသနာတော်များ တစ်လုံးတစ်ဝတည်း ရှိခြင်း ဖြစ်သည်ဟူသောအချက်သည် ဆရာတော်တစ်ပါးစီအား သာသနာတော် တစ်ခု၏သိုးထိန်းအဖြစ် မရှိမဖြစ်လိုအပ်သော ဓမ္မအမှုတော်ဆောင်ခြင်းဖြစ်သကဲ့သို့ သာသနာတော် အားလုံးအတွက် (sollicitudo omnium Ecclesiarum)  စောင့်ရှောက်ရမည့် သူ၏တာဝန်ကို ထမ်းဆောင် ရန် ပို၍တိုက်ရိုက်နှောင်ဖွဲ့မှုရှိ သောနည်းလမ်းဖြင့် လိုအပ်ပါသည်။

) ဆရာတော်ကြီးများအဖွဲ့ချုပ်များသည် ဓမ္မညီလာခံလုပ်ငန်းစဉ်၏ ပထမအဆင့်တွင် တိကျ ပြတ်သားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ လုပ်ငန်းစဉ်သည် ကမ္ဘာ့တိုက်ကြီးများအဆင့်တွင် အတူတကွ ခရီးပြုခြင်းနှင့် တစ်ညီတစ်ညွတ် တစ်စုတစ်စည်းတည်းရှိခြင်းကို လိုအပ်ကြောင်း ထွက်ပေါ်လာခဲ့သည်။ ဤအဆင့်တွင် လည်ပတ်နေသောအဖွဲ့များသည် ဒေသန္တရဖြစ်ရပ်မှန်များနှင့် ဘာသာတရားကို ရိုးရာယဥ်ကျေးမှုပြုခြင်းလုပ်ငန်းစဉ်များကို လေးစားလိုက်နာသော အတူတကွ ခရီးပြုခြင်းကို အထောက်အကူပြုသည်။ ဤနည်းလမ်းများဖြင့် သာသနာတော်၏အုပ်ချုပ်မှုတွင် တစ်ပုံစံတည်းဖြစ်မှုနှင့် ဗဟိုချုပ်ကိုင်မှုအန္တရာယ်ကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း စည်းဝေးပွဲက ထုတ်ဖော်ပြောကြားခဲ့သည်။

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

) သာသနာ့ဖွဲ့စည်းပုံအသစ်များ မဖန်တီးမီ၊ တည်ရှိပြီးသော ဖွဲ့စည်းပုံများကို ခိုင်ခံ့စေရန်နှင့် ပြန်လည် အသက်သွင်းရန် လိုအပ်ပါသည်။ သာသနာတော်အဖွဲ့များနှင့်ပတ်သက်သော ပြုပြင်ပြောင်းလဲမှု၏ ဂယက်ရိုက်ခတ်မှုများကို သာသနာတော်ဆိုင်ရာနှင့် တရားဝင်ဖြစ်မှုဆိုင်ရာ လေ့လာမှုပြုလုပ်ရန် လိုအပ်သည်၊ သို့မှသာ ၎င်းတို့သည် ပိုမိုပြည့်စုံသော အတူတကွခရီးပြုခြင်း၏အမှတ်လက္ခဏာအဖြစ် ယူဆနိုင်စေလိမ့်မည်။

) ပထမထောင်စုနှစ် သာသနာတော်၏ ဓမ္မညီလာခံအလေ့အထများကို ထည့်သွင်းစဉ်းစားခြင်းဖြင့်၊ ရှေးဟောင်း အဖွဲ့အစည်းများကို လက်ရှိစည်းမျဉ်းအတိုင်း ပြန်လည်ရရှိနိုင်ပုံကို ရှာဖွေလေ့လာပြီး ဆရာတော်ကြီးများ အဖွဲ့ချုပ်များကဲ့သို့သော အသစ်ဖန်တီးထားသောအဖွဲ့အစည်းများနှင့် သဟဇာတ ဖြစ်အောင် လုပ်ဆောင်ရန် ကျွန်ုပ်တို့အကြံပြုအပ်ပါသည်။

) ဆရာတော်ကြီးများ အဖွဲ့ချုပ်များ၏ အယူဝါဒဆိုင်ရာနှင့် တရားစီရင်ရေးဆိုင်ရာ သဘောသဘာဝကို ဆက်လက် လေ့လာရန် လိုအပ်ပါသည်။ ဒေသအလိုက် ပေါ်ပေါက်လာသော အယူဝါဒဆိုင်ရာ မေးခွန်းများ အပါအဝင် စုပေါင်းလုပ်ဆောင် မှုဖြစ်နိုင်ခြေကို အသိအမှတ်ပြုကာ Motu Proprio Apostolos suos[3]  အပေါ်  ပြန်လည်သုံးသပ်ခြင်းကို ပြုလုပ်ရန် လိုအပ်ပါသည်။

) မကြာသေးမီက သြစတြေးလျနိုင်ငံ စုံညီအစည်းအဝေးတွင် ရရှိခဲ့သော သာသနာပြုစံနမူနာကို လိုက်နာကာ သီးခြားကောင်စီ (စုံညီနှင့် စီရင်စုအလိုက်)ကို ရည်ညွှန်းသောစည်းမျဥ်းများကို ပြန်လည် ပြင်ဆင်နိုင်ပါသလား။

အဆိုပြုချက်များ

) ကာနွန်ကျင့်ထုံးဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည့် ဖွဲ့စည်းပုံများထဲတွင်၊ သာသနာ့စီရင်စု သို့မဟုတ် ဂိုဏ်းချုပ်သာသနာ တို့၏နယ်မြေအတွင်းရှိ ဒေသဆိုင်ရာသာသနာတော်များအတွက် တစ်လုံးတစ်ဝ တည်း ဖြစ်စေသည့်နေရာအဖြစ် ပြန်လည် ရယူပြီး ခိုင်မာစေသင့်သည်။

) သက်ဆိုင်ရာအာဏာပိုင်များသည် သာသနာတော်အုပ်စုများနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် ထိုးထွင်းသိမြင်မှုများနှင့်အညီ ဒေသဆိုင်ရာ၊ နိုင်ငံအလိုက်နှင့် ကမ္ဘာ့တိုက်ကြီးများအဆင့်များတွင် အတူတကွ ခရီးပြုခြင်းကို ဖော်ဆောင်သင့်သည်။

) လိုအပ်ပါက၊ မည်သည့်ဆရာတော်ကြီးများ အဖွဲ့ချုပ်နှင့်မှ မသက်ဆိုင်သောဆရာတော်များကို အကျိုးပြုရန်နှင့် နိုင်ငံနယ်နိမိတ်တစ်လျှောက်ရှိ ခရစ်ယာန်သာသနာတော်များအကြား တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းကို မြှင့်တင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ သာသနာ့နယ်ပယ်များကို ဖန်တီးရန် ကျွန်ုပ်တို့ အကြံပြုအပ်ပါသည်။

) လက်တင်ဝိနည်းကို ကျင့်သုံးသည့်နိုင်ငံများတွင်လည်း အရှေ့တိုင်းကက်သလစ်အသင်းတော်များ၏ ဆင့်ကဲ့အုပ်ချုပ်မှု ရှိသည်။ ကျွန်ုပ်တို့သည် နိုင်ငံအဆင့် ဆရာတော်ကြီးများအဖွဲ့ချုပ်များတွင် အရှေ့တိုင်းဆရာတော်များကို ၎င်းတို့၏ ကိုယ်ပိုင်ကျင့်ထုံးဖြင့် တည်ထောင်ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မပျက်စီးစေဘဲ ပါဝင်စေရန် အကြံပြုအပ်ပါသည်။

) တိုက်ကြီးတစ်ခုစီ၏ သီးခြားထူးခြားချက်ကို လေးစားကာ ခရစ်ယာန်သာသနာတော်များ၏ ဆရာတော်ကြီးများ အဖွဲ့ချုပ်များနှင့် ခရစ်ယာန်သာသနာတော်များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ထည့်သွင်းစဉ်းစားပြီး ဘုရားသခင်၏ လူအမျိုးမျိုးကို ပါဝင်စေသော ၎င်းတို့၏ ကိုယ်စားလှယ်တော် များနှင့်အတူ ကမ္ဘာ့တိုက်ကြီးများအဆင့် ဓမ္မညီလာခံများ၏ စံစည်းမျဥ်းများအတိုင်း ပြင်ဆင်ခြင်းကို လုပ်ဆောင်သင့်သည်။

20. ဆရာတော်ကြီးများ၏ ဓမ္မညီလာခံနှင့် သာသနာတော်၏ စည်းဝေးပွဲများ

တူညီမှုများ

၁) အတူတကွလျှောက်လှမ်းခြင်းအတွေ့အကြုံသည် ပင်ပန်းနွမ်းနယ်နေချိန်၌ပင် စည်းဝေးပွဲသည် ဘုရားသခင်၏ လူမျိုးတော်ဖြစ်ရခြင်း၏ ဧဝံဂေလိဝမ်းမြောက်မှုကို ခံစားခဲ့ရသည်။ ဤဓမ္မညီလာခံ ခရီး၏ ဤအဆင့်တွင် ပါ၀င်သော အတွေ့အကြုံအသစ်များကို ယေဘုယျအားဖြင့် ကြိုဆိုကြသည်။ အထင်ရှားဆုံးအရာများမှာ ဓမ္မညီလာခံ အခမ်းအနားကျင်းပခြင်းမှ လုပ်ငန်းစဥ်တစ်ခုသို့ ကူးပြောင်းခြင်း (Apostolic Constitution Episcopalis communio[4]  မှဖော်ပြသည့်အတိုင်း) ဖြစ်သည်။ ဆရာတော်များနှင့်အတူ အခြားအဖွဲ့ဝင်များ၊ အမျိုးသမီးများနှင့် အမျိုးသားများ ညီအစ်ကို မောင်နှမ ကိုယ်စားလှယ်များ၏ တက်ကြွစွာ တက်ရောက်ခြင်း၊ စည်းဝေးပွဲအတွက် ပြင်ဆင်သည့် ဥပုသ်စောင့်ခြင်း၊ စိန့်ပီတာရင်ပြင်တွင် မစ္ဆားတရားတော်မြတ်ပူဇော်ခြင်း၊ ဆုတောင်းခြင်း၏ အငွေ့အသက်နှင့် ဝိညာဉ်တော်မြတ်ဘုရား၌ စကားပြောဆိုခြင်းနည်းလမ်း၊ Paul VI ခန်းမ၌ စည်းဝေးပွဲ၏ ထူးခြားသော အခင်းအကျင်းအစီအစဥ်တို့ ဖြစ်ကြပါသည်။

) ဆရာတော်ကြီးများ၏ ဓမ္မညီလာခံစည်းဝေးပွဲသည် ၎င်း၏ ထင်ရှားသော သိုးထိန်းဆရာတော်ဆိုင်ရာ အမှတ်လက္ခဏာ ကို ထိန်းသိမ်းထားစဉ်၊ သာသနာတော်အသက်တာ၏ အတူတကွ ခရီးပြုခြင်း (အားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု) ရှုထောင့်နှင့် တစ်ညီတစ်ညွတ် တစ်စည်းတစ်လုံးတည်းရှိခြင်း (သာသနာတော်တစ်ခုလုံးအတွက် ဆရာတော်ကြီးများ၏ ထိန်းသိမ်းစောင့်ရှောက်မှု) ရှုထောင့်နှင့် အမြင့်ဆုံးအဆင့် (ရောမမြို့မှ ဆရာတော်၊ ပုပ်ရဟန်းမင်းကြီး၏ အစေခံခြင်း၊ တစ်လုံးတစ်ဝတည်း ရှိခြင်းအတွက် အာမခံသူ) ရှုထောင့်တို့အကြား ပင်ကိုယ်ဆက်စပ်မှုကို ဤအခါသမယတွင် ထင်ရှားစေခဲ့သည်။

) ဓမ္မညီလာခံလုပ်ငန်းစဉ်သည် ကျွန်ုပ်တို့ကို အားပေးသည့် ကျေးဇူးတော်အချိန်အခါ ဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သာသနာတော်၏ဘဝအသက်တာနှင့် သာသနာပြုခြင်းကို လမ်းညွှန်ပေးနိုင်သော အတူတကွ ခရီးပြုခြင်း ယဉ်ကျေးမှုအသစ်ကို တွေ့ကြုံခံစားရန် အခွင့်အရေးကို ပေးလျက် ရှိသည်။ သို့သော် သာသနာပြု အတူတကွ ခရီးပြုခြင်းသို့ တစ်ဦးချင်းစီ၏ ပြောင်းလဲမှု မပါရှိပါက ပူးတွဲတာဝန်ယူမှုပုံစံများကို ဖန်တီးရန် မလုံလောက်ကြောင်း ကျွန်ုပ်တို့ ပြန်လည် သတိရမိပါသည်။ ဓမ္မညီလာခံဆိုင်ရာလုပ်ငန်းစဉ်များသည် သာသနာတော်၏အဆင့်တိုင်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ၎င်းတို့၏ ဓမ္မအမှုတော်ဆောင်ခြင်းနှင့် ဝိညာဥ်တော်မြတ်ဘုရား၏ ကျေးဇူးတော်များ၏ အကျိုးကျေးဇူးများကြောင့် ဖိတ်ခေါ်ခံရသူ၏ တစ်ဦးချင်းတာဝန်ယူမှုကို မလျော့ပါးစေဘဲ ထို့ထက် ပို၍တောင်းဆိုပါသည်။

ထည့်သွင်းစဥ်းစားရမည့် ကိစ္စရပ်များ

) ဆရာတော်ကြီးများသည် သက်သေခံများအဖြစ် ဓမ္မညီလာခံတက်ရောက်ခြင်းအား ဂုဏ်ပြု ကြိုဆိုပါသည်။ သို့သော်လည်း စည်းဝေးပွဲ၏ သိုးထိန်းဆရာတော်ဆိုင်ရာ အမှတ်လက္ခဏာအပေါ် တင်းပြည့်/အပြည့်အ၀ အဖွဲ့ဝင်များအဖြစ် ၎င်းတို့၏တည်ရှိနေမှုအပေါ် အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ မေးခွန်းထုတ်နေဆဲဖြစ်သည်။ ဆရာတော်ကြီးများ၏ သီးခြားတာဝန်ကို လုံလောက်စွာ နားမလည်နိုင်သည့် အန္တရာယ်ရှိသည်ဟု အချို့က မြင်ကြသည်။ ဆရာတော်မဟုတ်သည့် အဖွဲ့ဝင်များကို စည်းဝေးပွဲ၏အစိတ်အပိုင်းအဖြစ် ခေါ်ဝေါ်သည့်စံနှုန်းများကိုလည်း ရှင်းလင်းရန် လိုအပ်ပါသည်။

) နိုဝင်ဘာလ 2021 ခုနှစ် ပထမအကြိမ် လက်တင်-အမေရိကန်နှင့် ကာရေဘီယံ ဒေသဆိုင်ရာ စည်းဝေးပွဲ၊ ဘရာဇီးရှိ ဘုရားသခင့် လူများ၏ သက်ရှိများနှင့် သြစတြေးလျ စုံညီကောင်စီ ကဲ့သို့သော အတွေ့အကြုံများကို အစီရင်ခံခဲ့သည်။ ဘုရားသခင့် လူအားလုံး၏ ပံ့ပိုးကူညီမှုများမှ ဆုံးဖြတ်ချက်များ နှင့် ဆရာတော်ကြီးများ၏ သီးခြားတာဝန်ကို ပိုမိုရှင်းလင်းအောင် ခွဲခြမ်းစိတ်ဖြာခြင်းအတွက် (လွန်လွန်ကဲကဲ ခွဲထုတ်ခြင်းမရှိဘဲ) အနာဂတ်တွင် အတူတကွ ခရီးပြုခြင်းနှင့် တစ်စည်းတစ်လုံး တစ်ညီတစ်ညွတ်တည်းရှိခြင်းကို မည်သို့ပေါင်းစပ်ရမည်ကို နက်ရှိုင်းအောင် လုပ်ဆောင်ရန် ကျန်ရှိနေပါသည်။ အတူတကွ ခရီးပြုခြင်း၊ တစ်စည်းတစ်လုံး တစ်ညီတစ်ညွတ်တည်းရှိခြင်းနှင့် လုပ်ပိုင်ခွင့်တို့ကို တသမတ်တည်း သို့မဟုတ် မျဉ်းဖြောင့်ပုံစံအတိုင်း အဓိပ္ပာယ်မကောက်ယူသင့်ဘဲ ကွဲပြားသော ပူးပေါင်းတာဝန်ယူမှုရှိသည့် ပြောင်းလဲနေသောကြေညာစာအရသာ အဓိပ္ပာယ် ကောက်ယူသင့်သည်။

) ဒေသဆိုင်ရာအဆင့်တွင်၊ အစဥ်လိုက်ဖြစ်သော အဆင့်များ (သာသနာ့ စည်းဝေးပွဲ၊ ထို့နောက် ဆရာတော်ကြီးများ၏ စည်းဝေးပွဲ)ကို စဥ်းစားရန် ဖြစ်နိုင်ချေရှိသည်။ ကက်သလစ် သာသနာတော် တစ်ခုလုံးအား ကိုးကား၍ ဤအရာကို မည်သို့တင်ပြနိုင်မည်ကို သင့်လျော်ကြောင်း မှတ်ယူ နိုင်ပေသည်။ ဤစည်းဝေးပွဲတွင် ချမှတ်ထားသော ဖော်မြူလာသည် ဤလိုအပ်ချက်ကို ဖြည့်ဆည်းပေးသည်ဟု အချို့က ယုံကြည်ကြသည်။ အခြားသူများက ဆရာတော်ကြီးများ၏ စည်းဝေးပွဲသည် သာသနာ့စည်းဝေးပွဲပြီးမှ ဝေဖန်ပိုင်းခြားသိမြင်မှုကို ကောက်ချက်ချ နိဂုံးချုပ်ရန် အဆိုပြုကြသည်။ သို့တိုင်၊ အခြားသူများသည် ဓမ္မညီလာခံဆိုင်ရာ စည်းဝေးပွဲအဖွဲ့ဝင်များ၏ အခန်းကဏ္ဍကို ဆရာတော်များအတွက်သာ သီးသန့်ထားလိုကြသည်။

) စည်းဝေးပွဲ၏လုပ်ငန်းနှင့် သာသနာတော်၏ ဓမ္မညီလာခံဆိုင်ရာလုပ်ငန်းစဥ်များတွင် ကွဲပြားသော နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများ၊ အထူးသဖြင့် ဓမ္မသင်္ဂြိုလ်ဆရာများနှင့် ကာနွန်ဥပဒေ ပညာရှင်များက ပြုလုပ်သော ပံ့ပိုးကူညီမှုများလည်း ရှိပါသည်။

) ဓမ္မညီလာခံလုပ်ငန်းစဉ်နှင့် အင်တာနက်၊ မီဒီယာ ဆက်သွယ်ရေးတို့အကြား အပြန်အလှန် အကျိုးသက်ရောက်မှုကိုလည်း သုံးသပ်ရန် လိုအပ်မည်ဖြစ်ပါသည်။

အဆိုပြုချက်များ

) သာသနာတော်၏အဆင့်တိုင်းရှိ ဓမ္မညီလာခံလုပ်ငန်းစဉ်များကို အကဲဖြတ်သင့်သည်။

) ဆရာတော်များ၏ (၁၆)ကြိမ်မြောက် အထွေထွေညီလာခံ ပထမအစည်းအဝေး၏ အသီးအပွင့်များကို အကဲဖြတ်ရမည်။

 

 

PROCEEDING ALONG THE JOURNEY

ခရီးတစ်လျှောက် ရှေ့ဆက်ခြင်း

 

ဘုရားသခင်၏ နိုင်ငံတော်ကို မည်သည့်အရာနှင့် ငါတို့ခိုင်းနှိုင်းရမည်နည်း။

သို့မဟုတ် ၎င်းအတွက် မည်သည့်ပုံဥပမာကို ငါတို့အသုံးပြုရမည်နည်း။ (မာကု :၃၀)

 

သခင်ဘုရား၏ နှုတ်ကပါဌ်တော်သည် သာသနာတော်၏စကားလုံးများထက် သာလွန်သည်။ တပည့်တော်ကြီးများ၏ စကားလုံးများနှင့်၊ ဓမ္မညီလာခံ၏စကားလုံးများပင် သခင်ဘုရားကိုယ်တော်တိုင် မိန့်တော်မူသည့် နှုတ်ကပါဌ်တော်ကို ပဲ့တင်ထပ်ခြင်းမျှသာ ဖြစ်သည်။

သခင်ယေဇူးသည် ဘုရားသခင်၏ အုပ်စိုးမှုကို ကြေညာရန် ပုံဥပမာများဖြင့် ဟောပြောခြင်းကို ရွေးချယ်ခဲ့သည်။ လူ့ဘဝ၏ သာမန်အတွေ့အကြုံများ- သဘာဝကမ္ဘာ၊ လုပ်ငန်းခွင်၊ နေ့စဥ်အရာဝတ္ထု များတွင် ဘုရားသခင်၏ နက်နဲသောအရာများကို ဟောပြောရန် ရုပ်ပုံများကို သူတွေ့ရှိခဲ့သည်။ ဤနည်းအားဖြင့်၊ ဘုရားသခင်၏အုပ်စိုးမှုသည် ကျွန်ုပ်တို့၏ ကြောင်းကျိုး စဥ်းစားဉာဏ်ကို ကျော်လွန်နေသော်လည်း ကျွန်ုပ်တို့သည် ဤလောကအရာများတွင် ဘုရားသခင်၏ အုပ်စိုးခြင်းကို မြင်သည်ဖြစ်စေ၊ ဘယ်သောအခါမှ မမြင်သည်ဖြစ်စေ ကျွန်ုပ်တို့နှင့် မဝေးကြောင်းကို သူသိစေပါသည်။  

ယိုယွင်းပျက်စီးရန် ကံအကြောင်းပါလာသည့် အဖိုးမတန်သော၊ သို့မဟုတ် အရေးပါ အရာရောက်ခြင်း မရှိသော မြေကြီးပေါ်သို့ကျလာသည့် မျိုးစေ့တစ်ခုတွင် သူ၏ကိုယ်ပိုင်ကံကြမ္မာကို ကိုယ်စားပြုသည်ကို သခင်ယေဇူး မြင်တွေ့ခဲ့ရသည်၊ သို့သော် ရပ်တန့်၍မရနိုင်သော၊ ခန့်မှန်းမရနိုင်သော၊ ရှင်သန်နေသော အသက်တာသို့ ပြောင်းလဲမှုကို ပိုင်ဆိုင်ထားသည့် ရှင်ပြန်ထမြောက်ခြင်း (Paschal) ဖြစ်သည်။ ဤသည်မှာ အသက်ကို ပေးရန် ကြိုတင်ရည်မှန်းထားသော ပြောင်းလဲမှုဖြစ်သည်။ အများအတွက် မုန့်ဖြစ်စေခြင်းငှါ ထိုမုန့်သည် ကိုယ်တော်မြတ် စက္ကရမင်တူးဖြစ်ရန် ကြိုတင်ရည်မှန်း ထားသည့် မုန့်ဖြစ်လာပေသည်။

ယနေ့ခေတ်တွင် လူတို့သည် လွှမ်းမိုးချုပ်ကိုင်ရန် အချင်းချင်း ဆန့်ကျင်တိုက်လှန်ပြီး မြင်သာသောအရာကို စွဲလမ်းလာနေသည့် ယဉ်ကျေးမှုတွင်၊ သာသနာတော်သည် သခင်ယေဇူး၏ နှုတ်ကပါဌ်တော်များကို ပဲ့တင်ထပ်စေရန်၊ သူတို့၏အစွမ်းအစဖြင့် ပြန်လည်အသက်ပြန်ရှင်လာစေရန် အတွက် လုပ်ဆောင်ရန် ဖိတ်ခေါ်ခံရသည်။

ဘုရားသခင်၏ နိုင်ငံတော်ကို အဘယ်အရာနှင့် နှိုင်းယှဉ်နိုင်သနည်း၊ သို့မဟုတ် ၎င်းအတွက် အဘယ်ပုံဥပမာကို ကျွန်ုပ်တို့ အသုံးပြုမည်နည်း။ ကျွန်ုပ်တို့သခင်ဘုရား၏မေးခွန်းသည် ယခုကျွန်ုပ်တို့ ရှေ့တွင် ရှိနေသည့်အလုပ်အပေါ် အလင်းပေးသည်။ အရာရာကို ထိရောက်မှုနှင့် လုပ်ထုံးလုပ်နည်း စံနစ်တစ်ခုအဖြစ် လျှော့ချပြီး နယ်ပယ်များစွာတွင် ကျွန်ုပ်တို့ကို ဖြန့်ခွဲခြင်းသည် အကြောင်းကိစ္စမဟုတ်ပါ။ ယင်းအစား၊ ဤအစီရင်ခံစာ၏စကားလုံးများနှင့် အဆိုပြုချက် အများအပြားကြားတွင်၊ ဆုပ်ကိုင်နိုင်ခြင်း သာ အကြောင်းကိစ္စဖြစ်ပါသည်။ သေးငယ်သော မျိုးစေ့တစ်ခုဖြစ်သော်လည်း အနာဂတ်ကို သယ်ပိုးနိုင် သော အပင်တစ်ပင်၊ ၎င်းကို အများအတွက် အကျိုးရှိကာ ရင့်မှည့်လာအောင် ကြီးထွားနိုင်စေမည့် မြေဆီလွှာသို့ မည်ကဲ့သို့ပို့ဆောင်ရမည်ကို စိတ်ကူးစိတ်သန်းထုတ်ခြင်း ဖြစ်သည်။ဤအမှုအရာသည် မည်သို့ဖြစ်နိုင်မည်နည်းဘုရားသခင်၏ နှုတ်ကပါဌ်တော်ကိုကြားပြီးနောက် မာရီယားသည် နာဇရက်မြို့၌ မိမိကိုယ်ကို မေးခဲ့သည် (လု ၁း၃၄) အဖြေတစ်ခုသာရှိသည်- ဝိညာဉ်တော်မြတ်ဘုရား၏ အရိပ်တော်တွင် ခိုလှုံကာ သူ၏တန်ခိုးတော်ဖြင့် သင့်ကိုယ်အား ဖုံးလွှမ်းထားခွင့်ပြုခြင်းပင်ဖြစ်သည်။

ယခုအချိန်နှင့် ဓမ္မညီလာခံ-ဒုတိယပိုင်း ကြားကာလကို မျှော်ကြည့်သည့်အခါ၊ ယခုအချိန်အထိ ဓမ္မညီလာခံခရီးအတွက်နှင့် ၎င်းကို ကောင်းချီးပေးခဲ့သည့် ကျေးဇူးတော်များအတွက် သခင်ဘုရားကို ကျေးဇူးတင်ကြပါစို့။ သူတို့ ဓမ္မညီလာခံ ခရီးဆက်ကြစဉ်တွင် ဘုရားသခင်၏သစ္စာရှိလူများအတွက် သေချာသော မျှော်လင့်ချက်နှင့် နှစ်သိမ့်မှုလက္ခဏာဖြစ်သည့် အမိမယ်တော်မာရီယား၏ ကြားဝင်တောင်း လျှောက်ပေးခြင်းအတွက် ဓမ္မညီလာခံ နောက်တစ်ဆင့်ကို ကျွန်ုပ်တို့ အပ်နှံကြပါသည်။ ယနေ့ပွဲကျင်းပ သော တမန်တော်ကြီး စိန့်ဆိုင်မွန်နှင့် စိန့်ယုဒတို့မှ ဆုတောင်းပေးရန်အတွက်လည်း ကျွန်ုပ်တို့ အပ်နှံကြပါသည်။ ဤအနှစ်ချုပ် အစီရင်ခံစာကို ကိုယ်စားပြုသည့် မျိုးစေ့ငယ်လေးကို ကြိုဆိုရန် ကျွန်ုပ်တို့အားလုံးကို ဖိတ်ခေါ်ခံရပါသည်။

 

Adsumus Sancte Spiritus!

သန့်ရှင်းသော ဝိညာဥ်တော်မြတ်ဘုရား၊ ကိုယ်တော်၏မျက်မှောက်တော်၌ တပည့်တော်တို့ ရပ်နေကြပါ၏။

 

Rome, 28 October 2023, Feast of Ss. Simon and Jude, Apostles

ရောမ၊ 28 အောက်တိုဘာ 2023 တမန်တော်ကြီး စိန့်ဆိုင်မွန်နှင့် စိန့်ယုဒတို့၏ ပွဲနေ့။

 

 

TABLE OF CONTENTS

မာတိကာ

A Synodal Church in Mission

သာသနာပြုခြင်း၌ အတူတကွ ခရီးပြုနေသော သာသနာတော်

INTRODUCTION နိဒါန်း

PART 1 - THE FACE OF THE SYNODAL CHURCH

ပထမပိုင်း - အတူတကွ ခရီးပြုနေသော သာသနာတော်၏ သွင်ပြင်လက္ခဏာများ

1. Synodality: Experience and Understanding အတူတကွခရီးပြုခြင်း အတွေ့အကြုံနှင့် နားလည်မှု

2. Gathered and Sent by the Trinity ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူမှ  စုစည်းပြီး စေလွှတ်ခြင်း။

3. Entering the Community of Faith: Christian Initiation ယုံကြည်သူအသိုင်းအဝိုင်းထဲသို့ဝင်ရောက်ခြင်း- ခရစ်ယာန်ဘဝစတင်ခြင်း

4. People in Poverty, Protagonists of the Church’s Journey ဆင်းရဲသားများ၊ သာသနာတော်ခရီး၏ အဓိက ဇာတ်ဆောင်များ

5. A Church “out of every tribe, tongue, people and nation” လူမျိုးနွယ်စုတိုင်း၊ ဘာသာစကားတိုင်း၊ လူမျိုးတိုင်းနှင့် နိုင်ငံတိုင်းမှ သာသနာတော်

6. The Eastern Churches and Latin Church Traditions သာသနာတော်၏ အရှေ့တိုင်းနှင့် လက်တင် ဓလေ့ထုံးတမ်းစဥ်လာများ

7. On the Road Towards Christian Unity ခရစ်ယာန်များ စည်းလုံးညီညွတ်ရေးဆီသို့ လမ်းစဥ်

PART 2- ALL DISCIPLES, ALL MISSIONARIES ဒုတိယပိုင်း - နောက်လိုက်တပည့်တော်များအားလုံး၊ သာသနာပြုများအားလုံး

8. Church is Mission သာသနာတော်သည်ပင် သာသနာပြုလမ်းစဉ်ဖြစ်သည်

9. Women in the Life and Mission of the Church သာသနာတော်၏ ဘဝအသက်တာနှင့် သာသနာပြုခြင်း၌ အမျိုးသမီးများ

10. Consecrated Life and Lay Associations and Movements: a Charismatic Sign သူတော်စင်များ၊ သာမန် ဘာသာတူ အစုအဖွဲ့များနှင့် လှုပ်ရှားမှုများ ဝိညာဥ်တော်မြတ်ဘုရားနှင့် ပြည့်ဝသော အမှတ်လက္ခဏာ

11. Deacons and Priests in a Synodal Church အတူတကွ ခရီးပြုနေသော သာသနာတော်၌ ဦးပဥ္ဇင်းကြီးများနှင့် ရဟန်းတော်များ

12. The Bishop in Ecclesial Communion သာသနာတော်နှင့် တစ်လုံးတစ်ဝတည်းရှိကြသော ဆရာတော်ကြီးများ

13. The Bishop of Rome in the College of Bishops ဆရာတော်ကြီးများနှင့် အတူရှိသော ပုပ်ရဟန်းမင်းကြီး

PART 3 – WEAVING BONDS, BUILDING COMMUNITIES တတိယပိုင်း - ကတိသစ္စာများ ယှက်နွယ်ခြင်း၊ လူ့အဖွဲ့အစည်းတည်ဆောက်ခြင်း

14. A Synodal Approach to Formation ပြုစုပျိုးထောင်ခြင်းသို့ အတူတကွ ခရီးပြုခြင်းဆိုင်ရာ ချဥ်းကပ်မှု

15. Ecclesial Discernment and Open Questions သာသနာတော်ဆိုင်ရာ ဝေဖန်ပိုင်းခြားသိမြင်မှုနှင့် အဖွင့်မေးခွန်းများ

16. Towards a Listening and Accompanying Church နားထောင်ပေးပြီး အတူလက်တွဲအဖော်ပြုပေးသည့် သာသနာတော်ဆီသို့

17. Mission in the Digital Environment ဒစ်ဂျစ်တယ် ပတ်ဝန်းကျင်၌ သာသနာပြုခြင်း

18. Structures for Participation ပူးပေါင်းပါဝင်ဆောင်ရွက်မှုအတွက် ဖွဲ့စည်းပုံများ

19. Groupings of Churches within the Communion of the Whole Church သာသနာတော်တစ်ခုလုံး၏ တစ်လုံးတစ်ဝတည်းရှိခြင်း၌ သာသနာတော်များ၏ အဖွဲ့များ

20. The Synod of Bishops and Ecclesial Assemblies ဆရာတော်ကြီးများ၏ ဓမ္မညီလာခံနှင့် သာသနာတော်၏ စည်းဝေးပွဲများ

 

 

PROCEEDING ALONG THE JOURNEY

ခရီးတစ်လျှောက် ရှေ့ဆက်ခြင်း

 

 

 

 



[1] အယူဝါဒဆိုင်ရာ ကြေညာစာတမ်း၊ “သာသနာတော်”  ဒုတိယ ဗာတီကန်ကောင်စီ

[2] ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ထုတ်ပြန်သော တမန်တော်လုပ်ငန်းဆိုင်ရာ ကြေညာစာတမ်း “ပုပ်ရဟန်းမင်းကြီး၏ ဗဟိုစီမံခန့်ခွဲရေးရုံးတော်နှင့် ကမ္ဘာပေါ်ရှိ သာသနာတော်သို့ ထိုရုံးတော်၏ အစေခံမှု” မတ်လ 19၊ 2022 တွင် ထုတ်ပြန်သည် 

[3] ပုပ်ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် II အရှင်သူမြတ်မှ ထုတ်ပြန်ခဲ့သော “ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်များ၏ ဓမ္မသင်္ဂြိုလ်ဆိုင်ရာနှင့် တရားစီရင်ရေးဆိုင်ရာ သဘာဝ”

[4] ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် ထုတ်ပြန်သော “ဆရာတော်ကြီးများ၏ ဓမ္မညီလာခံ” အပေါ် အခြေခံမူဝါဒဆိုင်ရာ ကြေညာစာတမ်း


2024-01-22 21:27:41
NEWS AND EVENTS