ကာဒီနယ်ချားလ်စ်ဘို၏ ၂၀၂၄ ခုနှစ် ခရစ္စမတ် သတင်းစကား
ဓမ္မမိတ်ဆွေ အပေါင်းတို့
ခရစ္စမတ်သတင်းစကား ပြောပေးဖို့ ဖိတ်ခေါ်တဲ့အတွက် နှစ်ပေါင်းများစွာ မရိုးနိုင်တဲ့ သတင်းစကားကိုပဲ ပြောကြရမှာပဲ ဖြစ်ပါတယ်။ အဲ့ဒါက
“Glory to God in the Highest, and Peace on Earth”
“ကောင်းကင်ဘုံ၌ ဘုရားသခင်အား ဘုန်းတော်ဂုဏ်တော်ရှိပါစေ၊ မြေကြီးပေါ်၌ ငြိမ်းချမ်းခြင်းရှိပါစေ”
ခရစ္စမတ်ရောက်တိုင်း ချစ်ခင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်း ဆိုတဲ့ စကားလုံးတွေဟာ လေထဲမှာ ဝဲပျံနေပါတယ်။ ကျွန်ုပ်တို့အလယ်မှာ ဒီအရာတွေဟာ စကားလုံးပဲ မဟုတ်ဘဲနဲ့ ကျွန်ုပ်တို့တစ်ဦးစီရဲ့ နှလုံးသားထဲမှာ ချစ်ခင်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ပျော်ရွှင်ခြင်းတို့ ပြည့်ဝစွာ ခံစားရရှိကြပါစေလို့ ဦးစွာ ဆန္ဒပြု ဆုတောင်းပါတယ်။
၂၀၂၄ ခုနှစ်ကို နိဂုံးချုပ်ကြပြီး ၂၀၂၅ ခုနှစ်ထဲကို မျှော်လင့်ခြင်း အပြည့်နဲ့ ဝင်ရောက်နိုင်ဖို့ ဇန်နဝါရီလ တစ်ရက်နေ့မှာ ကျရောက်တဲ့ ၅၈ ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပေးပို့တဲ့ သဝဏ်လွှာကိုပဲ ပြန်လည် ဝေမျှပါရစေ။ သဝဏ်လွှာကို Forgive us our trespasses: grant us your peace – “ကျွန်ုပ်တို့၏လွန်ကျူးခြင်းမျာ
အမိကက်သလစ်အသင်းတော်က ၂၀၂၅ ခုနှစ်ကို ဂျူဘီလီနှစ်အဖြစ်ကျင်းမှာ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်က ကမ္ဘာတစ်ဝှမ်းလုံးမှာ မဟာ ဂျူဘီလီကို ကျင်းပခဲ့ကြတယ်။ ယခု ၂၀၂၅ ခုနှစ်ဟာ တတိယ ထောင်စုနှစ်ရဲ့ ပထဦးဆုံး ဂျူဘီလီနှစ်ဖြစ်ပါတယ်။ ဂျူဘီလီနှစ်ကို သတ်မှတ်ကျင်းပခြင်းဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဘုရားရဲ့လူများဖြစ်တဲ့အစ္စရေးလူ
ဂျူဘီလီနှစ်ကို အနှစ်သာရရှိရှိ ကျင်းပနိုင်ဖို့အတွက်၊ ခွင့်လွှတ်ခြင်းနဲ့ မျှော်လင့်ခြင်းတွေ ပြန်လည်နိုးထ ရှင်သန်စေဖို့အတွက် “ကျွန်ုပ်တို့၏ လွန်ကျူးခြင်းများကို အခွင့်လွှတ်တော်မူပါ” ဆိုကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာမြေကြီးကို ဒဏ်ရာအနာတရဖြစ်စေခဲ့မိတာတွေ၊ သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးခဲ့ မိတာတွေ၊ သယံဇာတတွေကို စစ်ပွဲတွေအတွက်ပဲ အသုံးပြုမိခဲ့တာတွေ၊ ပြောင်းရွှေ့နေထိုင်သူတွေအပေါ် လူသားမဆန်စွာပြုမူခဲ့မိတာတွေ အစရှိတဲ့ လွန်ကျူးမှုတွေအတွက် ကျွန်ုပ်တို့ အခွင့်တောင်းကြရမယ်။ ကမ္ဘာမြေကြီးနဲ့ လူသားတွေရဲ့ ငိုသံတွေကို နားထောင်ပြီး ပြုပြင်သင့်တာ ပြင်ကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းထားပါတယ်။
ပုပ်ရဟန်းမင်းကြီးက ပြုပြင်ပြောင်းလဲတဲ့ နေရာမှာ တစ်ဦးချင်း တစ်ယောက်ချင်းပြုပြင်တာထက် “Cluture - လုပ်နေကျပုံစံများ” နဲ့ “Structure - တည်ဆောက်ထားပုံများ” ကိုပြောင်းလဲကြဖို့ တောင်းဆို ထားပါတယ်။ ဒါမှ ရေရှည်တည်တံ့တဲ့ ပြောင်းလဲမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးက နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာ သတိထားစရာ အချက်နှစ်ချက်ကို မီးမောင်း ထိုးပြခဲ့ပါတယ်။ ပထမအချက်က ကမ္ဘာမြေရဲ့ သယံဇာတတွေဟာ အခွင့်ထူးခံအချို့အတွက်ပဲ မဟုတ် ပါဘူး၊ လူသားအားလုံးအတွက် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ကြွယ်ဝချမ်းသာခြင်းတွေဟာ ဘုရားသခင်ပေး သနားထားတဲ့ ကျေးဇူးတော်ဆိုတာ သိမှတ်ကြဖို့လိုပါတယ်။ ဒါမှ အများနဲ့ ဝေမျှသုံးစွဲတတ်ကြမှာ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော နိုင်ငံတကာကြွေးမြီကိစ္စဖြစ်ပါ
ဒီလို အဖြစ်ဆိုးတွေကနေ ရုန်းထွက်နိုင်ဖို့ဆိုရင် ကျွန်ုပ်တို့အားလုံးဟာ ဘုရားသခင်ရဲ့ သားသမီးများ ဖြစ်ကြတယ်၊ ရှင်သန်ခြင်းအတွက် တစ်ဦးနဲ့တစ်ဦးအပြန်အလှန်မှီခို
ပုပ်ရဟန်းမင်းကြီးက လက်တွေ့လိုက်နာဆောင်ရွက်ကြဖို့ အချက်သုံးချက်ကို တောင်းဆိုပါတယ်။
ပထမအချက်က နှစ်ထောင်ပြည့်နှစ် မဟာဂျူဘီလီအချိန်အခါမှာ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူး တောင်းဆိုခဲ့တဲ့အတိုင်း ကမ္ဘာ့နိုင်ငံများစွာကို ခြိမ်းခြောက်နေတဲ့ နိုင်ငံတကာ ကြွေးမြီး တွေကို တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ် အလုံးစုံဖြစ်ဖြစ် လျှော်ပစ်ပေးကြပါ။ အထူးသဖြင့် ဆင်းရဲလွန်းလို့ ဘယ်လိုမှ ပြန်ဆပ်နိုင်စွမ်းမရှိတဲ့ အကြွေးတွေကို လျှော်ပေးကြပါ။
ဒုတိယတောင်းဆိုချက်က လူတွေရဲ့ အသက်ကိုလေးစားကြပါ။ လူတစ်ယောက် မွေးဖွါးလာတဲ့ အချိန်ကစပြီး သဘာဝအတိုင်း သေဆုံးသည်အထိ ဂုဏ်သိက္ခာ ရှိရှိနဲ့ ရှင်သန်နိုင်ဖို့ ဝိုင်းဝန်း ဖေးမ ကူညီကြပါ။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အနာဂတ်ကိုမှ ပိတ်ပင်ဖျက်စီးတာမျိုးမလုပ်မိပါ
တတိယတောင်းဆိုချက်က ပုပ်ရဟန်းမင်းကြီး ဆဌမမြောက်ပေါလုနဲ့ ရဟန်းမင်းကြီး ဘနဒစ်တို့ တောင်း ဆိုခဲ့ကြတဲ့အတိုင်း စစ်လက်နက်တွေအတွက် ငွေကြေးသုံးစွဲခြင်းထက် လူသားတွေ တိုးတက်ဖွံ့ဖြိုးရေး အတွက် ပိုမိုအသုံးပြုကြဖို့ ဖြစ်ပါတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဆာလောင်မွတ်သိခြင်းကို လျှော့ချဖို့၊ ပညာရေးအတွက်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေအတွက် နှစ်စဉ်နိုင်ငံတကာရံပုံငွေကို သတ်မှတ်ထည့်ဝင် သုံးစွဲကြဖို့ တိုက်တွန်း တောင်းဆိုပါတယ်။
ဒီတောင်းဆိုချက်သုံးခုကို လက်ခံလိုက်နာသူတွေဟာ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းခြင်းကို ရရှိနိုင် ကြပါလိမ့်မယ်။ ဆာလံကျမ်း ၈၅:၁၀ “တည်ကြည်သော ချစ်ခြင်းမေတ္တာနှင့် သစ္စာတို့ ဆုံတွေ့ကြ လိမ့်မည်၊ ဖြောင့်မတ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့သည်လည်း ထွေးပွေ့နမ်းရှုပ် ကြလိမ့်မည်။” ဒီကျမ်းစကား အတိုင်း ငြိမ်သက်ခြင်းကို ကျွန်ုပ်တို့အမှန်တကယ်ရရှိကြပါ
ဆက်လက်ပြီး ပုပ်ရဟန်းမင်းကြီးက ကျွန်ုပ်တို့နှလုံးသားမှာ အတ္တ၊ ရန်လိုမုန်းတီးခြင်းနဲ့ အနာဂတ်အတွက် စိုးရိမ့်ကြောင့်ကြခြင်း လက်နက်များကိုစွန့်ပြီး ရက်ရောခြင်း၊ အခွင့်လွှတ်ခြင်းနဲ့ မျှော်လင့်ခြင်း များနဲ့ ဆင်မြန်းကြဖို့တောင်းဆိုပါတယ်။
ပုပ်ရဟန်းမင်းကြီး သီကုံးပေးတဲ့ ဆုတောင်းမေတ္တာနဲ့ နိဂုံးချုပ်ပါရစေ။
Forgive us our trespasses, Lord,
as we forgive those who trespass against us.
In this cycle of forgiveness, grant us your peace,
the peace that you alone can give
to those who let themselves be disarmed in heart,
to those who choose in hope to forgive the debts of their brothers and sisters,
to those who are unafraid to confess their debt to you,
and to those who do not close their ears to the cry of the poor.
အိုဘုရားသခင် ကျွန်ုပ်တို့သည် သူတစ်ပါးတို့အား အခွင့်လွှတ်သကဲ့သို့
ကျွန်ုပ်တို့၏ ကျူးလွန်ပြစ်မှားခြင်းများကို အခွင့်လွှတ်တော်မူပါ။
မိမိတို့၏နှလုံးသားတွင် လက်နက်စွန့်သူများ
မိမိတို့၏ ညီအစ်ကိုမောင်နှမတို့၏ ကြွေးမြီများအား မျှော်လင့်ခြင်း၌ လျော်ပစ်သူများ
ကိုယ်တော်ရှင်အပေါ် တင်ရှိနေသာ မိမိတို့၏ အကြွေးများအား ဝန်ခံရန် မကြောက်သူများ
ဆင်းရဲသားတို့၏ ငိုကြွေးသံများမှ မိမိတို့၏နားကို ပိတ်မထားသူများ
အစရှိသူတို့အား ကိုယ်တော်ရှင် တစ်ပါးတည်းသာ ပေးစွမ်းနိုင်သည့် ငြိမ်းချမ်းခြင်းကို
အခွင့်လွှတ်ခြင်း စက်ဝန်းတွင် ရှိနေကြသော ကျွန်ုပ်တို့အား ပေးသနားတော်မူပါ သခင်။
2024-12-22 03:34:05