Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

လွိုင်ကော် ကက်သလစ်ဂိုဏ်းအုပ်သာသနာ၏ သာသနာပိုင်ဆရာတော်ခန့်အပ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် မှ The Most Rev. Msgr. Celso ဘရွှေ အား

လွိုင်ကော် ကက်သလစ်ဂိုဏ်းအုပ်သာသနာ၏ သာသနာပိုင်ဆရာတော်အဖြစ်ခန့်အပ်ကြောင်း

မတ်လ ၂၉ ရက် ၂၀၂၃ ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် ညနေ ၅:၃၀ တွင် ထုတ်ပြန်ကြေညာစေသည်။

Msgr ဘရွှေ မှာ ဇူလိုင်လ ၂၂ ရက် ၁၉၆၄ ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး ဧပြီလ ၁၆ ရက် ၁၉၉၄ တွင် ရဟန်းသိက္ခာခံယူခဲ့သည်။ 

ဂိုဏ်းအုပ်ဆရာတော် Stephen Tjephe ပျံလွန်ပြီးနောက် ဒီဇင်ဘာလ ၂၁ ရက် ၂၀၂၀ မှစတင်ခါ လွိုင်ကော်ကက်သလစ်ဂိုဏ်းအုပ်သာသနာ ၏

တာဝန်ခံဘုန်းတော်ကြီးအဖြစ် အမှုတော်ဆောင်လျှက်ရှိပါသည်။

သိုးထိန်းဆရာတော်သစ်ရရှိခြင်းအတွက် လွိုင်ကော်ကက်သလစ်ဂိုဏ်းအုပ်သာသနာနှင့်အတူ

ဘုရားသခင်အားကျေးဇူးတင်ရင်း သိုးထိန်းဆရာတော်သစ် နှင့် သူ၏သိုးစုအတွက် ဆက်လက်၍ ဆုတောင်းပေးကြပါစို့။


2023-04-05 22:34:49
NEWS AND EVENTS