Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကလေးသာသနာ၊ စိန်မေရီကာသီဒြယ်ဘုရားကျောင်း၌ ဗေလန်ကန်နီကျန်းမာခြင်း မယ်တော်နိုဗီနာ ဆုတောင်းပွဲတော် ကျင်းပ

    ကလေးဂိုဏ်းအုပ်သာသနာ၊ စိန် မေရီကာသီဒြယ် ဘုရားကျောင်းတွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗေလန်ကန်နီ ကျန်းမာ ခြင်းမယ်တော် နိုဗီနာဆုတောင်းပွဲတော်ကို သြဂုတ်လ (၂၉) ရက်နေ့မှ စက်တင်ဘာ (၈) ရက်နေ့အထိ စည်းကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
    အဆိုပါ ကျန်းမာခြင်းမယ်တော် နိုဗီနာကို ကလေးသာသနာပိုင် ဆရာတော် ကြီးဖဲလစ်မှ အဖွင့်မစ္ဆားတရားတော်မြတ်ဖြင့် ဦးဆောင် ဖွင့်လှစ်ပေးခဲ့ပါသည်။ အဖွင့် မစ္ဆားတရားတော်မြတ်တွင် ဆရာတော်ကြီး က အမိမယ်တော်သည် သားတော်ခရစ် တော်ယေဇူး၏ မိခင်ဖြစ်သကဲ့သို့ ကျွန်ုပ် တို့၏ မိခင်လည်းဖြစ်သောကြောင့် မယ် တော်မာရီးယား ခိုလှုံကိုးစားခြင်း၊ သဒ္ဒါ ကြည်ညိုခြင်း၊ ဂုဏ်ပြု ချီးမွမ်းခြင်းများအစဉ် အမြဲ ပြုလုပ်ကြရန် ဘာသာဝင်များအား မိန့်ကြားခဲ့သည်။
    ထို့အပြင် ဘုန်းတော်ကြီး Rev.Fr. Sebastian Mawi ကလည်း “ကျွန်ုပ်တို့သည် ခရစ်တော်၏ ခန္ဓာတည်းဟူသော အသင်း တော်တွင် ပါဝင်နေသောကြောင့် ခရစ်တော် ၏ မိခင်မာရီယားသည် ကျွန်ုပ်တို့၏ မိခင်၊ မယ်တော်မာရီယားသည် အသင်းတော်၏ မိခင်ဖြစ်လာရသည်” ဟု အသင်းတော်နှင့် အမိ မယ်တော် မာရီယားအကြောင်း ရှင်း လင်း ရာတွင် မြွှက်ကြားခဲ့သည်။
    နှစ်စဉ်အမြဲကျင်းပသော ကျန်းမာ ခြင်းမယ်တော် နိုဗီနာဆုတောင်းပွဲတော်တွင် ရပ်ဝေး၊ ရပ်နီးမှ ဘာသာဝင်များ၊ ရဟန်း၊ သီလှရှင်များပါဝင်ခဲ့ကြပြီး မယ်တော်ထံ အတူတကွ ဆုတောင်းခဲ့ကြသည်။
 စက်တင်ဘာ (၈) ရက်နေ့ မစ္ဆားတရား အပြီးတွင် ကိုယ်တော်မြတ်စက္ကရမင်တူးနှင့် မယ်တော်လှည့်ခြင်းကို  ကလေးမြို့ ပင်လုံ၊ တံတားဦး၊ ကွက်သစ်၊ ဆိပ်ကမ်းသာတို့၌ ပြုလုပ်ခဲ့ပြီး ၎င်းနေရာများတွင် မယ်တော့်ကို ချီးမွမ်းဂုဏ်ပြုသံများ၊ ဆုတောင်း စိပ်ပုတီး စိပ်သံများ ပဲ့တင်ထပ်လျက်ရှိပါသည်။ မယ် တော်လှည့်အပြီးတွင် မယ်တော့် ဗိမ္မာန် တော်၌ ကိုယ်တော်မြတ်ကောင်းကြီးမင်္ဂလာ၊ မယ်တော့်ထံပေးစာနှင့် အုန်းသီး များကို ကောင်းကြီးပေးခြင်းများနောက် မယ်တော် အလံချ၍ နိုဗီနာကို အဆုံးသတ် ခဲ့သည်။
     စိန်မေရီ ကာသီဒြယ်ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr. Dominic Langh ၏ စီမံပေးမှုနှင့် ဘာသာတူများ၏ ရက် ရောသောစိတ်ဖြင့် မယ်တော်ပွဲသို့ လာ ရောက်ပါဝင်ဆုတောင်းကြသော ဘာသာ တူများအားလုံးကို ညနေစာ မယ်တော့် ထမင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပါသည်။
      မောင်အေး (ကလေးသာသနာ)


2018-11-12 03:57:53
NEWS AND EVENTS