Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကူးစက်ရောဂါပြဿနာနှင့်ပတ်သက်၍

ကာဒီနယ် ချားလ်စ်မောင်ဘို၏ သဘောထားထုတ်ပြန်ချက်

 

ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကူးစက်ရောဂါပြဿနာနှင့်ပတ်သက်၍

ရန်ကုန်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်
နှင့်
အာရှတိုက်၏ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သော

ကာဒီနယ် ချားလ်စ်မောင်ဘို၏ သဘောထားထုတ်ပြန်ချက်

ချစ်မိတ်ဆွေအပေါင်းတို့၊

သင်တို့အားလုံးအပေါ်သို့ ခရစ်တော်၏ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ။

    ကမ္ဘာတစ်ဝန်း၌ ယခုဖြစ်ပေါ်နေသော ကြောက်မက်ဖွယ် ကိုရိုနာဗိုင်းရပ်စ် (COVID 19) မှာ နိုင်ငံပေါင်း (၃၆)နိုင်ငံသို့ ကူးစက်ပြန့်ပွားလျက်ရှိနေပြီဖြစ်သည်။ အဆိုပါရောဂါပိုးကူးစက်ခံရသူ (၈၅၀ဝဝ)ကျော်ရှိခဲ့ပြီး လူနာ ပေါင်း(၃၀ဝဝ)ခန့်မှာလည်း အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ သန်းပေါင်း (၅၀ဝ)နီးပါးရှိသောလူတို့မှာ ခရီးသွားလာခွင့် ပိတ်ပင်ခံရခြင်း၊ မိမိတို့အိမ်တွင်း၌သာ နေထိုင်ရန် ကန့်သတ်ခံရခြင်း စသည့် ဆိုးရွားလှသောအခြေအနေမျိုးနှင့် ရင်ဆိုင်နေရပါသည်။ ရောဂါဖြစ်ပွား ရသည့်အကြောင်းရင်းနှင့် ယင်းအတွက် ကာကွယ်ဆေးမှာလည်း အဖြေရှာရ ခက်ခဲသော အနေအထား၌ပင် ရှိနေပါသေးသည်။ တရုတ်၊ တောင်ကိုရီးယား၊ အီရန်နှင့် အီတလီနိုင်ငံတို့မှာ နားလည်ရခက်ခဲသော ကပ်ဆိုး၏ထိုးနှက်ချက်ကို အဓိကကြုံတွေ့ခံစားရသောနိုင်ငံများဖြစ်ကြသည်။ ယခင်က ဆားရ်စ် (SARS)ယ မားရ်စ် (MARS) စသည့်ကပ်ရောဂါဆိုးများကျရောက်ခဲ့ပြီး ယခုအခါ (COVID 19) ခေါ် ကိုရိုနာဗိုင်းရပ်စ်ကို ကျွနု်ပ်တို့ရင်ဆိုင်နေရပြီဖြစ်သည်။ အဆိုပါဗိုင်းရပ်စ်သည် အလျင်အမြန်ကူးစက်ပြန့်ပွား လျက်ရှိရာ အင်အားကြီးနိုင်ငံကြီးများပင် ゞင်းကို ကြောက်ရွံ့ရသော အခြေအနေသို့ ရောက်ရှိနေလေပြီ။ ကမ္ဘာတစ်ဝန်းသို့ ဗိုင်းရပ်စ်ပိုးကူးစက်မှုမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ယင်းကြောင့် နိုင်ငံများစွာတွင် စီးပွားရေး ထိခိုက်ကျဆင်းမှုကို ကြုံတွေ့နေရသည်။ နိုင်ငံတကာခရီးသွားလာခြင်းများလျော့ကျသွားပြီး ခရီးသွားလုပ်ငန်းမှာလည်း များစွာထိခိုက်နစ်နာ လျက်ရှိသည်။ ゞင်းသည် ကမ္ဘာ့ကို ဖျက်ဆီးမည့်ကပ်ဆိုးမဟုတ်သော်ငြားလည်း ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့ (WHO)က ထိုကပ်ရောဂါကို လူသားမျိုးနွယ်စုအပေါ်သို့ အဆိုးရွားဆုံး သက်ရောက်မှုရှိသောရောဂါများထဲမှ တစ်ခုအဖြစ် သတ်မှတ်ကြေညာခဲ့ရပြီဖြစ်သည်။

    အန္တရာယ်ကြီးမားလှသောဗိုင်းရပ်စ်ကူးစက်ခံရသည့်လူများနှင့် နိုင်ငံများအတွက် စာနာသနား စိတ်ဖြင့် ကျွနု်ပ်တို့ အထူးစိတ်မကောင်းဖြစ်ကြရပါသည်။ ယခုအချိန်အခါသည် လူသားမျိုးနွယ် တစ်ခုလုံး၏စည်းလုံးချစ်ခင် မှုကို ပြသရမည့်အချိန်ဖြစ်ပါသည်။ အချင်းချင်းအပြစ်တင်ရမည့် အချိန် မဟုတ်ပါ။ အဆိုပါကပ်ရောဂါဆိုးကူးစက် ခံရသူများအတွက် သတိတရဖြင့် ဆုတောင်းပေးကြပါစို့။ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်ကပင်လျှင်  "အဆိုပါ ကူးစက်ရောဂါဆိုးကြောင့် ဒုက္ခဝေဒနာခံစားနေကြရသော ညီအစ်ကိုမောင်နှမများအတွက် ကျွနု်ပ်တို့အားလုံး ဆုတောင်းပေးကြပါစို့" ဟု မိန့်ဆိုလျက် အချင်းချင်းဆုတောင်းပေးကြရန် တောင်းဆိုနေပါသည်။

    အသက်၏အရှင် ထာဝရဘုရားသခင်သည် လူတို့အား ဘေးအန္တရာယ်အပေါင်းတို့မှ ကွယ်ကာတော်မူ သည်ဖြစ်၍ ဤရောဂါကို ဆုတောင်းမေတ္တာဖြင့် အပြင်းအထန်တွန်းလှန်ရန် အားလုံး အတူတကွ အားထုတ်ကြပါ စို့။ ရောဂါဝေဒနာခံစားနေရသောညီအစ်ကိုမောင်နှမများအတွက် ရည်ရွယ်၍ မစ္ဆားတရားပူဇော်ပေးခြင်း၊ ကိုယ် တော်မြတ်ဖူးမြော်ဆုတောင်းခြင်း စသည်တို့ကို ပြုလုပ်ကြပါစို့။ မြန်မာနိုင်ငံကက်သလစ်သာသနာတော်သည် ဤရောဂါကြောင့် အတိဒုက္ခရောက်ကြ ရသော ညီအစ်ကိုမောင်နှမများနှင့် နိုင်ငံများအတွက် ဆုတောင်းမေတ္တာ ပို့သလျက် ရှိပါသည်။

    ဘေးအန္တရာယ်များကျရောက်ခြင်းသည် ကျွနု်ပ်တို့လူသားများ၏ချစ်ခင်စည်းလုံးမှုကို ပြသ ရမည့် အချိန်ဖြစ်သည်။ စစ်ပွဲများ၊ သဘာဝဘေးအန္တရာယ်များ၊ ကပ်ရောဂါဆိုးကူးစက်ခြင်းများ ဖြစ်ပွားပြီး လူသားတို့သေကြေ ပျက်စီးရလျှင် နိုင်ငံနယ်နမိတ်အပိုင်းအခြားများ၊ အတားအဆီးများ မရှိတော့ပေ။ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် အသားအရောင်မရွေးဘဲ လူသားတို့ ငိုေြွကး ကြရသည်၊ ထိခိုက်သေကြေကြရသည်။ ယခုအခါ ကမ္ဘာ့တိုက်ကြီး  များမှ စိတ်ကောင်း နှလုံးကောင်း ရှိသူတို့သည် ဖေးမကူညီခြင်းများပြုလုပ်လျက်ရှိကြလေသည်။

    အန္တရာယ်ကပ်ဆိုးများကျရောက်ချိန်သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ရမည့် အချိန်လည်း ဖြစ်သည်။ သမ္မတ ကနေဒီ မိန့်ဆိုခဲ့သကဲ့သို့ သမိုင်းမှ သင်ခန်းစာမယူသောသူတို့သည် ထိုအမှားမျိုးကို ထပ်မံကျူးလွန်၍ ဘေးဒုက္ခရောက်ကြမည်သာဖြစ်လေသည်။

    ရောဂါဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ကာကွယ်ဆေးအပေါ်တွင်သာ အာရုံစိုက်မနေဘဲ လူတို့တည် ထောင်ထားသောအဖွဲ့အစည်းများ၏မောက်မာခြင်း၊ ရှက်ကြောက်မှုကင်းမဲ့ခြင်း စသည် တို့ကို ပို၍အာရုံစိုက် သင့်သည်။ မျက်စိဖြင့်ပင် မမြင်နိုင်သော ဗိုင်းရပ်စ်ပိုးက အင်အားကြီးနိုင်ငံများ၊ စီးပွားရေးဖွံ့ဖြိုးသောနိုင်ငံများအား ဒူးထောက်ဦးညွှတ်လာစေနိုင်သည်။ နျူကလီးယားလက်နက်များ ထုတ်လုပ်ခြင်း၊ လူသတ်လက်နက်အများ အပြားထုတ်လုပ်ခြင်း၊ များပြားလှသော တစ်ဦးချင်းဝင်ငွေ စသည်တို့သည် မျက်စိဖြင့်ပင်မမြင်နိုင်လောက်အောင် သေးငယ်သောဗိုင်းရပ်စ်ပိုးကို နိုင်ငံအတွင်းသို့ မဝင်ရောက်ရန် ကာကွယ်ပေးနိုင်ခြင်းမရှိချေ။ နျူကလီးယားဗုံးများ၊ ရာသီဥတုဖောက်ပြန်ခြင်းများ၏ နောက်တွင် လူသားတို့အတွက် တတိယအကြီးမားဆုံးဘေးအန္တရာယ်မှာ ဇီဝ လက်နက်များဖြစ်သည်။ ဘီလ်ဂိတ်က ဤကဲ့သို့သောကပ်ရောဂါများအတွက် အတူတကွပူးပေါင်း၍ ပြင်ဆင်ထား ကြရန် နိုင်ငံများကို တောင်းဆိုခဲ့ပြီးဖြစ်သည်။ နိုင်ငံများစွာတွင် ပြုလုပ်လျက်ရှိသည့် မျိုးဗီဇစမ်းသပ်ပြုပြင်ခြင်း၊ ဇီဝလက်နက်တိုက်ပွဲများပြင်ဆင်ခြင်း၊ ရာသီဥတုပြောင်းလဲဖောက်ပြန်စေခြင်း စသည်တို့မှာ လူသားတို့၏အနာ ဂတ်အား အကြီးအကျယ်ခြိမ်းခြောက်နေသောအရာများဖြစ်ကြသည်။ ယခု COVID 19 သည်ပင်လျှင် စမ်းသပ် မှုမှားယွင်းရာမှ ထွက်ပေါ်လာသောဗိုင်းရပ်စ်ပိုးဖြစ်နိုင်လေသည်။

    လူသားမျိုးနွယ်၏ ထိခိုက်လွယ်သောအဖြစ်နှင့် သေကြေပျက်စီးလွယ်သောအဖြစ်ကို နှိမ့်ချစိတ်ဖြင့် ကျွနု်ပ်တို့လက်ခံရမည့်အချိန်များလည်း ရှိသည်။

    ဘုရားမဲ့ဝါဒများစိုးမိုးလာခြင်း၊ စစ်လက်နက်ပိုင်ဆိုင်မှုအပေါ် တလွဲမာနထောင်လွှားခြင်း၊ နည်းပညာပိုင်း၌ ထိပ်တန်းရောက်ခြင်း စသည်တို့ကြောင့် များစွာသောနိုင်ငံ့ခေါင်းဆောင်တို့သည် မိမိတို့၌ အတိုင်းအဆမဲ့သော အစွမ်းများရှိနေသယောင် ထင်မှတ်လာကြသည်။ ကျွနု်ပ်တို့၏ ဘဝကို စိုးမိုးနိုင်သည့် တစ်ခုတည်းသောစွမ်းအားမှာ ဘုရားသခင်ပင်ဖြစ်သည်။ သဘာဝဘေးအန္တယ်များ၊ ကပ်ရောဂါဆိုးများသည် ကျွနု်ပ်တို့ရှင်သန်မှု၏အကန့် အသတ်ကို သတိပေးနေခြင်းသာဖြစ်လေသည်။  အစွမ်းထက်လှသည့်စစ်လက်နက်များရှိသော်ငြားလည်း မျက်စိ ဖြင့် မမြင်နိုင်သော သေးငယ်လှသည့် ဗိုင်းရပ်စ်ပိုးအောက်တွင် ကျွနု်ပ်တို့ကျရှုံးရလေသည်။ လူသတ်လက်နက် အမြောက်အမြား ရှိနေသော်လည်း အဆိုပါရောဂါအတွက် ကာကွယ်ဆေးကိုမူ မထုတ်လုပ်နိုင်သေးပေ။ လူ့ဘဝမှာ ရောင်းကုန်ပစ္စည်းသဖွယ်ဖြစ်လာသည်။ စီးပွားရေးအကျိုးအမြတ်တစ်ခုတည်းသာကြည့်သောအခါ လူ့ဘဝ၏ သန့်ရှင်းမွန်မြတ်မှုကို လျစ်လျူရှုလာကြသည်။ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် အရေးတို့၌ တရားမျှတမှုကင်းမဲ့ နေခြင်းကို တိုက်ဖျက်ရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က သတိပေးနှိုးဆော်ထားပြီးဖြစ်သည်။

    ကျမ်းစာတော်မြတ်က လူသားများအား အသက်ကိုသာ အမြဲတစေရွေးချယ်ရန် အစဉ်တစိုက် တိုက်တွန်း ထားသည်။ တရားဟောရာကျမ်း (၃၀း၁၉-၂၀)တွင် ထာဝရဘုရားသခင်၏တံပိုးမှုတ်သံမှာ ပြတ်သားလှပေသည်။ အသက်ကိုသာ ရွေးချယ်ကြပါ။

    "အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်ဟု သင့်တစ်ဖက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။ သို့ဖြစ်၍ သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည်အကြောင်း နှင့်လည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ချစ်၍ စကားတော်ကို နားထောင်သဖြင့် အသက်ရှင်ခြင်း အကျိုး၊ အသက်တာရှည်ခြင်းအကျိုးကို ပေးတော်မူသောကိုယ်တော်ကို ဆည်းကပ်မှီဝဲမည့်အကြောင်းနှင့်လည်း ကောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေး အာဗြာဟံ၊ ဣဇတ်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်၌ နေမည့် အကြောင်းနှင့်ယှဉ်သော အသက်တရားကို ရွေးချယ်လော့ဟု ဣသရေလအမျိုးအား ဟောပြော၏။"

    အရေးပေါ်အကူအညီများပေးရန် အသင့်အနေအထားရှိနေပြီဖြစ်သော်လည်း လူ့ဘဝ၏ အဓိပ္ပာယ်နှင့် လူသားတို့၏နောက်ဆုံးပန်းတိုင်ကို သိရှိရန် အမျိုးမျိုးသောအခြေအနေတို့ကို အထူးတလည်ဆန်းစစ်ရန် လိုအပ် လေသည်။ လူ့ဘဝ၏နက်ရှိုင်းသောတန်ဖိုးကို မသိရှိသောအရပ်၌ သန့်ရှင်းမွန်မြတ်သောအရာဟူသမျှကို ရောင်းကုန်သဖွယ် သဘောထားပြီး လူ့ဘဝကိုလည်း ဈေးကွက် အတွင်းမှ ကုန်ပစ္စည်းအစိတ်အပိုင်းတစ်ခုမျှသာ တန်ဖိုးထားလေသည်။ ရံဖန်ရံခါဆိုသကဲ့သို့ သဘာဝ ဘေးအန္တရာယ်များနှင့် ကပ်ရောဂါဆိုးများဖြစ်ပေါ်ခြင်းသည် ကျွနု်ပ်တို့၌ ကမ္ဘာဂြိုဟ် တစ်ခုတည်းသာ ရှိကြောင်းကို သတိပေးလျက်ရှိသည်။ ကျွနု်ပ်တို့ရပ်လျှင် အတူတကွရပ်၍ လဲကျလျှင်လည်း အားလုံး အတူတကွ လဲကျမည်သာဖြစ်သည်။ မိမိအကျိုးတစ်ခုတည်းကိုသာ ကွက်ကြည့် မနေဘဲ သင်ခန်းစာ ယူထိုက်သည်များကို သင်ယူမှတ်သားရပေလိမ့်မည်။

    ထိုအခြင်းအရာတို့မှာ ရေရှည်လုပ်ဆောင်ရမည့်အရာများဖြစ်ကြသည်။ လတ်တလော အရေးပေါ်လုပ် ဆောင်ချက်အနေဖြင့် ရောဂါကူးစက်ခံနေကြရသော ညီအစ်ကိုမောင်နှမများအတွက် ကျွနု်ပ်တို့ဆုတောင်းပေးကြရမည်။ ゞင်းတို့အား ကြင်နာမှုပြသကြရမည်။ လူသားတို့အောင်နိုင်မည့် အချိန်ရောက်လာပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျွနု်ပ်တို့သည် ကြင်နာသနား စိတ်ထားရန် အတွက် ကျေးဇူးတော်အလုံအလောက်ရရှိခဲ့ကြပြီးဖြစ်သည်။ ကျွနု်ပ်တို့အတူတကွ စုပေါင်းလုပ်ဆောင် ပါက ယခုတစ်ကြိမ်တွင်လည်း ဤကြောက်မက်ဖွယ်ကပ်ရောဂါဆိုး ကို အောင်နိုင်ပါလိမ့်မည်။

ရင်းနှီးချစ်ကြည်မှုများစွာဖြင့်၊


ကာဒီနယ်ချားလ်စ်ဘို၊ SDB
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်


2020-03-10 03:10:14
NEWS AND EVENTS