Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

CBCM donating to Ministry of Health, Yangon

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး
လုပ်ငန်းများအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် မှ လှူဒါန်း

မေလ ၈ ရက်၊ ၂၀၂၀ သောကြာနေ့ မွန်းလွဲ ၁း၃၀ က
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး
လုပ်ငန်းများအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (Catholic Bishops' Conference of Myanmar-CBCM) မှ ငွေကျပ် သိန်း (၄၀၀) တန်ဖိုးရှိ Scrub Suits ၅၀၀၀စုံ Surgical Mask ၁၀,၀၀၀ခု နှင့် Exam Gloves ၁၀,၀၀၀စုံ တို့ကို လှူဒါန်းခဲ့ပါသည်။ အဆိုပါလှူဒါန်းခြင်း အခမ်းအနား၌ ဘုန်းတော်ကြီး Peter စိန်လှိုင်ဦး (အလုပ်အမှုဆောင် အတွင်းရေးမှူး (CBCM)၊ စစ္စတာ Assumpta ရွှေ (အလုပ်အမှုဆောင် အတွင်းရေးမှူး (CRCM) နှင့် ဘုန်းတော်ကြီး Paulinus မြတ်ကြိုင် (OSC-CBCM) တို့ တက်ရောက်ခဲ့ကြပါသည်။ လှူဒါန်းခဲ့သော Scrub Suits များကို ကရုဏာရေးသီလရှင်များ၊ ကောင်းသောသိုးထိန်းသီလရှင်များ၊ စိန်ဂျိုးဇက်သီလရှင်များ၊ ဆပ်ဖြေခြင်းသီလရှင်များနှင့် စိန်ပေါလ်သီလရှင်များမှ လုပ်အားဒါနဖြင့် ကူညီချုပ်လုပ်ပေးခဲ့ကြခြင်းဖြစ်ပါသည်။ ဤအစီအစဉ်မှာ CBCM, CRCM နှင့် KMSS တို့၏ ပူးပေါင်းဆောင်ရွက်မှုလည်းဖြစ်ပါသည်။ ၎င်းအပြင်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ကူညီရေးအသင်း (CBCM) ၏ အစီအစဉ်ဖြင့် စိန်ဂျိုးဇက်ရဟန်းဖြစ်တက္ကသိုလ်၌ လူဦးရေ ၁၃၀ ဆန့်
စောင့်ကြည့်လူနာများထားရှိရန်ပြင်ဆင်ခဲ့ရာ သက်ဆိုင်ရာမှ
ခွင့်ပြုပြီးဖြစ်ပါသည်။ စောင့်ကြည့်လူနာများအတွက် လိုအပ်သော နေ့စဉ်အစာအဟာရနှင့် အခြေခံလိုအပ်ချက်များအတွက်လည်း ပါဝင်လှူဒါန်းကုသိုလ်ယူရန်ဖိတ်ခေါ်ထားပါသည်။ (OSC-CBCM)

ဆက်သွယ်ရန်၊
ဖါသာရ်ရေမွန်ဝေလင်းထွန်း
09761611204
.................................
ဖါသာရ်ဂျွန်လွမ်းမိုးနိုင်
09886740842


2020-05-08 03:01:05
NEWS AND EVENTS