Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ရဟန်းမင်းကြီးဖရန်စစ်မှ  “Laudato si” နှစ် သတ်မှတ်ခြင်းနှင့် ၎င်းအတွက် စီရင်ထားသောအထူးဆုတောင်းမေတ္တာဖြင့် ဆုတောင်းရန်နှိုးဆော်ခြင်း

 

ရဟန်းမင်းကြီးဖရန်စစ်မှ  “Laudato si” နှစ် သတ်မှတ်ခြင်းနှင့် ၎င်းအတွက် စီရင်ထားသောအထူးဆုတောင်းမေတ္တာဖြင့် ဆုတောင်းရန်နှိုးဆော်ခြင်း

ဖန်ဆင်းခြင်းနှင့်ကမ္ဘာမြေအိမ်ကိုထိန်းသိမ်းစောင့်ရှောက်ကြရန်နှိုးဆော်သော ရဟန်းမင်းကြီးဖရန်စစ်  Laudato si’ စာချွန်တော်ထုတ်ပြန်သည့် ၅-နှစ်မြောက် ခဲ့ပြီဖြစ်သည်။

သို့ဖြစ်၍ယခုနှစ် မေလ ၂၄-ရက်မှ နောက်နှစ် ၂၀၂၁ ခုနှစ် မေလ ၂၄-ရက်အထိ Laudato si’ နှစ်ဟု (တစ်နှစ်) သတ်မှတ်ကာ ထိုစာချွန်တော်ကိုထပ်မံ အသက်ဝင် စေလျက် လူသားနှင့်ကမ္ဘာမြေအိမ် ကောင်းကျိုး တိုးမြှင့်ဆောင်ရွက်သွားကြရန် တစ်ဖန်ဖိတ်ခေါ်နှိုးဆော်လိုက်ခြင်းဖြစ်သည်။

Laudato si’ နှစ်ဖွင့်လှစ်သည့်အခမ်းအနားတွင် ၎င်းအတွက် အထူးစီရင်ထားသော ဆုတောင်းမေတ္တာကို ရွတ်ဆိုဆုတောင်းခဲ့ပြီး ထိုဆုတောင်းမေတ္တာကို အားလုံးမှ ဆက်လက် ရွတ်ဆို ဆုတောင်းသွားကြရန် ဖြန့်ချိပေးလိုက်ပြီ ဖြစ်သည်။

ရဟန်းမင်းကြီးသည်ဤသို့ Laudato si’ နှစ်နှင့်ဆုတောင်းမေတ္တာကိုသတ်မှတ် ပေးခြင်း၏ ရည်ရွယ်ချက်မှာကမ္ဘာမြေအိမ်နှင့် ဆင်းရဲသားများ၏ငိုကြွေးသံကို ဆက်လက်အာရုံစိုက်မိကြစေရန် ဖြစ်သည်။

ကျွန်ုပ်တို့နေထိုင်တဲ့ ဒီကမ္ဘာမြေအိမ်နဲ့ အကာအကွယ်မဲ့တဲ့အားနည်းနွမ်းပါးသူ ညီအစ်ကို၊ မောင်နှမများအား ဝိုင်းဝန်းစောင့်ရှောက်ဖို့ စိတ်ကောင်းရှိသူ လူသား အားလုံးကို  ဖိတ်ခေါ်ပါတယ်ဟု ရဟန်းမင်းကြီးက ဆိုသည်။

Laudato si’ နှစ်အတွက် အထူးဆုတောင်းမေတ္တာ

ကမ္ဘာမိုးမြေနှင့်ရှိရှိသမျှအရာအားလုံးကိုဖန်ဆင်းသော အဖဘုရား                                                          ကျွန်ုပ်တို့ သည် ကိုယ်တော် ၏ ဖန်ဆင်းခြင်းအစိပ်အပိုင်းတစ်ခုဖြစ်သည်ကို သိမြင်နိုင်ရန် စိတ်နှလုံးကိုဖွင့်ပေးတော်မူပါ။                  အခက်အခဲကြုံချိန်များတွင်၎င်း အထူးသဖြင့်အကာအကွယ်မဲ့လျက်အားနည်းဆုံး အနွမ်းပါးဆုံးသူများနှင့်၎င်း အတူရှိတော်မူပါ။
ယခုကဲ့သို့ တစ်ကမ္ဘာလုံးကပ်ရောဂါကြုံနေရချိန်တွင်လည်း အချင်းချင်းဖေးကူမှု၊စည်းလုံးညီညွတ်မှုရှိကြကြောင်း နည်းလမ်းမျိုးစုံဖြင့်ပြသနိုင်ကြရန်လည်း ကူညီတော်မူပါ။                                                                             ယခင်ကထက် အရာရာအပြန်အလှန်ဆက်နွယ်၊အမှီသဟဲပြုနေကြမှု ပိုမိုထင်ရှားလာသောအချိန်ကာလတွင် ဘုံကောင်းကျိုးအတွက်ကြည့်မျှော်ကာ လိုအပ်ပါကအပြောင်းအလဲစိန်ခေါ်မှုများကိုလည်းလက်ခံပြုပြင်နိုင်စေပါ။ ကမ္ဘာမြေအိမ်၏ငိုကြွေးသံ၊ ဆင်းရဲသားများ၏ငိုကြွေးသံကို ကြားနိုင်စွမ်းနှင့်တုန့်ပြန်နိုင်စွမ်းပေးတော်မူပါ။                                                      ထိုသို့ဖြင့် ဤနာကျင်စွာငိုကြွေးသံများကို  လူသားနှင့်ကမ္ဘာအိမ် ရေရှည်တည်တံ့စေရာအကြောင်းနှင့် နီးစပ်ချစ်ခင်လာစေရာအကြောင်းရင်း ဖြစ်လာစေတော်မူပါမည့်အကြောင်း ခရစ်ယာန်တို့အားမှိုင်းမသော မယ်တော်သခင်မ၏ ကြင်နာခြင်းမျက်စိနှင့်စောင့်ကြည့်ဆုတောင်းပေးခြင်းအောက်၌ သခင်ခရစ်တော်၏နာမတော်အားဖြင့်တောင်းလျှောက်ကြပါသည်။                 အာမင်။

မူရင်း- https://www.vaticannews.va/en/pope/news/2020-05/pope-francis-appeals-for-laudato-si-year-prayer.html?fbclid=IwAR2iQih-yw52QZLURvkWk1hM_1121EqHOpeOigXxJa1RKdoEbp3pi0Qtzzk

Vatican News  

ဘာသာပြန်

            OSC-CBCM (Myanmar)

A swan with her cygnets in Strasbourgh, France


2020-06-04 20:01:11
NEWS AND EVENTS