Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ပိုလန်နိုင်ငံတွင် ကပ်ရောဂါကြားမှပင် ကိုယ်တော်မြတ်ပွဲကျင်းပခြင်း

Bottom of Form

ကိုရိုနာကပ်ရောဂါထိန်းချုပ်မှုဆိုင်ရာ တင်းကျပ်မှုများရှိနေဆဲဖြစ်သော်လည်း ဇွန်လ ၁၁-ရက်နေ့၌ ပိုလန်နိုင်ငံ Warsaw မြို့မှ Stara Miłosna ရပ်ကွက်တွင် အစဉ်အလာရှိသည့်အတိုင်း ကိုယ်တော်မြတ်ကို အခမ်းအနားဖြင့်ပင့်ဆောင်ကာ စီတန်းလှည့်လည်ဆုတောင်းခဲ့ကြသည်။

ပွဲဦးဆောင်ကျင်းပသည့် ဆရာတော်ကြီးသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အစိုးရမှညွှန်ကြားထားသည့်အတိုင်းလိုက်နာကြရန် ပွဲပါဝင်မည့်ဘာသာတူများကို ကြိုတင်ကြေညာ တောင်းဆိုထားသည်။ 

ကက်သလစ်အသင်းတော်၏ ဝတ်ပြုကိုးကွယ်ခြင်း၌အရေးကြီးဆုံးတစ်ခုဖြစ်ကာ သခင်ခရစ်တော်၏ ကယ်တင်ခြင်းအသွေး၊အသားတော်မြတ်အားကိုးကွယ် ဂုဏ်ပြုသည့် ဤပွဲတော်တွင် ဘာသာတူများ သည် mask တပ်လျက် ပါဝင်ခဲ့ကြသည်။

ထိုနေ့က နေသာလျက် ရာသီဥတုလည်းကောင်းမွန်သည်။ မကြာမီကမှ ပထမကိုယ်တော်မြတ် ရခဲ့သော သမီးလေးများက ကိုယ်တော်မြတ် ပင့်ဆောင်ဖြတ်သန်းသည့် လမ်းတစ်လျှောက် နှင်းဆီပန်းများကြဲပေးခဲ့ကြသည်။

ထိုကြာသပတေးနေ့က Poznań ကာသီဒြယ်ဘုရားကျောင်းကြီးတွင် ဟောကြားသော ကိုယ်တော်မြတ်ပွဲတော် မစ္ဆားတရား၌လည်း ဂိုဏ်းချုပ်ဆရာတော်ကြီး Stanisław Gądecki မှ ကိုယ်တော်မြတ်အကြောင်းဩဝါဒဟောကြားရာ ပိုလန်မှာ သာသနာရေးဆိုင်ရာလက်ရှိ အသုံးပြု နေတဲ့ အလံပေါ်က ဆောင်ပုဒ်စာသားဟာ ‘အသက်ပေးသော ကိုယ်တော်မြတ်’ ဆိုတာဖြစ်တယ်၊ လူတို့ဟာ ကိုယ်တော်မြတ်ကို ထိုက်တန်စွာမပင့်ယူမိချိန်တွေရှိနိုင်တယ်၊ လုပ်ရိုးလုပ်စဉ်လိုခံယူမိ ချိန်တွေရှိနိုင်တယ်။ ဒါပေမယ့် ကျွန်ုပ်တို့ဟာ ကိုယ်တော်မြတ်အမြဲလိုလို ပင့်ယူ၊ဖူးမြော်တာ နှစ်သက် ကျင့်သားရနေသူတွေ ဖြစ်ကြတယ်။ ပုံမှန်မပင့်ယူဖြစ်တဲ့သူတွေတောင်မှ ကိုယ်တော်မြတ်ဆိုတာ သူတို့အတွက် အမြဲ အဆင်သင့်ရှိနေ၊ ခံယူလို့ရနေတာကို ယုံကြည်စိတ်ချထားကြပြီးသားပါ။ ကိုယ်တော်မြတ်မရှိဘဲ ကျွန်ုပ်တို့ အသက်မရှင်နိုင် ပါဘူး။ မစ္ဆားတရားမရနိုင်၊ ကိုယ်တော်မြတ် မပင့်ယူနိုင်ကြတဲ့ အခုလက်ရှိ အချိန်ကာလအားဖြင့် ကျွန်ုပ်တို့ကိုအသိပေးနေတဲ့အချက်က ကိုယ်တော်မြတ်ဆိုတာ ဝိညာဉ်ရဲ့အသက်ဖြစ်တယ်ဆိုတာပဲ။ ဒီကပ်ရောဂါကြောင့်လို့ပဲဆိုရမယ် သာသနာရဲ့အလံဆောင်ပုဒ် ‘အသက်ပေးသော ကိုယ်တော်မြတ်’ ဆိုတဲ့အချက်က အလံပေါ်က ဆောင်ပုဒ်စာသားမျှသာ မဟုတ်တော့ဘဲ ကျွန်ုပ်တို့ စိတ်နှလုံးထဲ ကနေကို ဖော်ထုတ်ကျင့်ကြံ ကြဖို့ဖြစ်လာခဲ့ပါပြီ” ဟုဆိုသည်။

ပိုလန်နိုင်ငံလူဦးရေ၏ ၉၃-ရာခိုင်နှုန်းမှာ ကက်သလစ်ဘာသာဝင်ဖြစ်၍ ဘာသာတူဦးရေ             ၃၈-သန်းခန့်နေထိုင်သောနိုင်ငံဖြစ်သည်။ အခြားဥရောပနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် ပိုလန်နိုင်ငံတွင် ကိုရိုနာကပ်ရောဂါ ထိခိုက်မှုများစွာလျော့နည်းသည်။

 ဤပွဲတော်ကိုဦးဆောင်ကျင်းပသော ဆရာတော်ကြီးက ‘အခုလို ကပ်ရောဂါကိုသတိနဲ့ ကာကွယ် ထိန်းချုပ်ရမယ့်အချိန်မှာ မိမိအတွက်ရော၊ သူတစ်ပါး အတွက်ရော ဘေးကင်းလုံခြုံစေမယ့် လမ်းညွှန်ချက်နည်းလမ်းများကို လိုက်နာရင်း ဂိုဏ်သိက္ခာရှိရှိနဲ့ ကျွန်ုပ်တို့ရဲ့ နက်နဲရာ ယုံကြည်ချက် ကိုဖော်ထုတ် ကျင်းပ သွားကြရအောင်’ ဟု သတိပေးပြောဆိုသွားသည်။

မူရင်း-https://www.catholicnewsagency.com/news/the-eucharist-gives-life-polish-catholics-celebrate-corpus-christi-amid-coronavirus-pandemic-41920?fbclid=IwAR1ah4VPW7U57E9Qqm1EKl6NOJaP2PB8AWM9ytmu6AdKJ1EWVmpj2VJjMHE

ဘာသာပြန်

OSC-CBCM (Myanmar)

 


2020-06-12 21:28:31
NEWS AND EVENTS