Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Chattogram သာသနာ၏

ဂိုဏ်းချုပ်ဆရာတော်ကြီးMoses M. CSC Costa သည်  

Covid-19ရောဂါ ပြင်းထန်စွာခံစားနေရသည့်အတွက်

ကာဒီနယ်ချားစ်မောင်ဘို (SDB)မှ ဆုတောင်းပေးခြင်း

ဂိုဏ်းချုပ်ဆရာတော်ကြီး Moses M. Costa သည် Covid-19 ရောဂါကူးစက်ခံခဲ့ရကာ ဆေးရုံတွင် အထူး စောင့်ကြပ် ကုသမှုကိုခံယူနေသော်လည်း တိုးတက်မှုအလွန်နှေးနေသည်ဟူသော စိုးရိမ်ဖွယ်သတင်းကို ကြားသိရသည့်အတွက် ကာဒီနယ်ချားစ်ဘိုမှ ဆုတောင်းပေးကြောင်း ထုတ်ပြန်ခဲ့သည်။

ဆရာတော်ကြီး Moses ၏ အောက်စီဂျင်စက်ဖြင့်အသက်ရှုနေရသော်လည်း အသက်ရှုအတက်အကျ နှုန်းမြင့်နေသောကြောင့် အခြေအနေကိုအားမရကြောင်း ဆရာတော်ကြီးအတွက် အပူတပြင်း ပါဝင်ဆုတောင်းပေးကြရန်တောင်း ဆိုကြောင်း ဆရာတော်ကြီး၏လက်ထောက်(ကိုယ်စားလှယ်)ဖြစ်သူ Fr. Leonard C. Rebeiro က ထုတ်ပြန်အကြောင်းကြားထားပြီဖြစ်သည်။

ကာဒီနယ်ချားစ်ဘိုသည် ယခုသတင်းကိုကြားရသည့်အတွက် လွန်စွာစိုးရိမ်ထိတ်လန့်မိပါကြောင်း၊ ဆရာတော်ကြီးအမြန်ပြန်လည်ကျန်းမာလာစေရန် ကျွန်ုပ်သည် မြန်မာကက်သလစ်သသနာ အနေနှင့် ၎င်း၊ အာရှဆရာတော်များ အဖွဲ့ချုပ် (FABC)၏ ဥက္ကဌအနေ နှင့် ၎င်း၊ အာရှဆရာတော်များအားလုံး၊ အာရှတိုက်သားကက်သလစ်ဘာသာဝင်များအားလုံး နှင့်အတူ ဆုတောင်းပေးပါကြောင်းထုတ်ဖော် ပြောကြားခဲ့ကာ၊  ဆရာတော်ကြီး Moses သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဤကပ်ရောဂါစတင်ဖြစ်ပွါး လာချိန်နှင့်မြို့များ ပိတ်ထားရချိန်များတောက်လျှောက် လက်ရှိအချိန်ထိ သူ၏သိုးစုအတွက် မနားမနေ ကြိုးပမ်း စောင့်ရှောက်ခဲ့သူဖြစ်ကြောင်းလည်း ကာဒီနယ်ချားစ်ဘိုမှ ထည့်သွင်းပြောကြားသွားသည်။

ဤဆရာတော်ကြီး Covid-19 ရောဂါကူးစက်ခံနေရသည့်အကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းနှင့် နိုင်ငံတကာ သတင်းများတွင် အရေးတကြီးထည့်သွင်းကြေညာ၊ဖော်ပြထားသည်။

မူရင်း- http://www.ctgdiocnews.com/archbishop-moses-recovering-well-after-being-covid-19-positive/?fbclid=IwAR1sK2M-uz0KeK8YItPcO5-KCr1jTCLXGDn8fCSjn011EUxkKzBKgIhCyBI

ဘာသာပြန်

OSC-CBCM (Myanmar)


2020-06-18 22:00:24
NEWS AND EVENTS