Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဂျာမနီနိုင်ငံ၌ နာမကျန်းဖြစ်နေသော အစ်ကိုတော်ထံ ပုပ်ဘေနဒစ် (၁၆) ​အကြည့်အရှုကြွရောက်


အနားယူပြီးဖြစ်သော ပုပ်ဘေနဒစ် (၁၆) သည် နာမကျန်းဖြစ်နေသော အစ်ကိုတော် မွန်ဆီညော် ဂျော့ရာဇင်ဂါ အား တွေ့ဆုံရန် သီးသန့်ခရီးစဥ်အဖြစ် အကြည့်အရှုကြွ​​ရောက်နေ ပါသည်။ Regenburg ၌ (၉၆) နှစ်အရွယ်ရှိအစ်ကိုထံ အရှင်သူမြတ်ကြွရောက်သည့်ခရီးစဥ်ကို CNA (ဂျာမနီ) သတင်းဌာနမှ ဂျွန်လ (၁၈) ရက်နေ့က အတည်ပြုခဲ့ပါသည်။
၂၀၁၃ ခုနှစ်က ပုပ်ဘေနဒစ် အနားယူပြီးနောက် အီတလီနိုင်ငံပြည်ပခရီးစဥ်အတွက် ပထမဆုံး ခရီးစဥ်ဖြစ်ပါသည်။ ဤမိသားစုခရီးစဥ်မှာ မွန်ဆီညော် ဂျော့၏ ကျန်းမာရေးအခြေနေကြောင့်လည်းဖြစ်ပါသည်။ သက်တော် (၉၃) နှစ် ရှိပြီဖြစ်သော ပုပ်ဘေနဒစ်နှင့်အတူ သူ၏အတွင်းရေးမှူးဖြစ်သူ ဂိုဏ်းချုပ်ဆရာတော် ဂျော့ Gänawein လည်း အတူလိုက်ပါသွားပါသည်။
ဂျာမနီနိုင်ငံဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဂိုဏ်းအုပ်ဆရာတော်ကြီး ဂျော့ Bätzing က ရိုသေထိုက်လှပါသော ပုပ်ဘေနဒစ် ဂျာမနီနိုင်ငံသို့ကြွလာခြင်းအတွက် အလွန် ဝမ်းမြောက်ရပါကြောင်း၊ ကြွလာရခြင်းအကြောင်းအရင်းမှာ စိတ်မကောင်းစရာဖြစ်သော်လည်း နှစ်ပေါင်းများစွာ ဤဆရာတော်ကြီးများအဖွဲ့ချုပ်၏ အဖွဲ့ဝင်ဖြစ်ခဲ့ဖူးသူ မိမိ၏နေရပ်သို့ ကြွလာခြင်းအတွက် ဝမ်းသာရပါကြောင်း၊ ကျန်းမာရေးအခြေနေဆိုးဝါးလာနေသော အစ်ကိုတော်နှင့် နီးစပ်စွာရှိနေနိုင်ရန် အရှင်သူမြတ်မှာကြွလာခြင်းဖြစ်ကြောင်း၊ အရှင်သူမြတ်သည် ဂျာမနီ၌ ကောင်းမွန်စွာ နေထိုင်နိုင်ပါစေကြောင်း၊ အရှင်သူမြတ်၏ကြွရောက်ခြင်းနှင့် မွန်ဆီညော် ဂျော့၏ အခြေနေအတွက်လည်း နှလုံသားထဲမှ ဆန္ဒပြုဆုတောင်းပေးလျက်နေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Credit: CNA

Photo: 14.4.2012 Vatican
https://www.catholicnewsagency.com/…/benedict-xvi-visits-hi…
ဘာသာပြန် CBCM OSC


2020-06-18 22:07:35
NEWS AND EVENTS