Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ရဟန်းမင်းကြီးဖရန်စစ်မှ ဗာတီကန်အတွက် အရေးပါသည့်ဌါန ၂-ခုတွင် အမျိုးသမီးနှစ်ဦး ကိုခန့်အပ်လိုက်ခြင်း

 

ရဟန်းမင်းကြီးဖရန်စစ်သည် ဗာတီကန်ရဟန်းမင်းကြီးရုံးတော်၏ စာကြည့်တိုက်မှူး နေရာတွင်  Dr. Raffaella Vincenti အားလည်းကောင်း၊  ဘဏ္ဍာရေးဌါန၏ဘုတ်အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် ပရော်ဖက်ဆာ Antonella Sciarrone Alibrandi အားလည်းကောင်း အမျိုးသမီးနှစ်ဦးအား အသီးသီးခန့်အပ်လိုက်ကြောင်း ရဟန်းမင်းကြီးရုံးတော်မှ ကြေညာခဲ့သည်။

ပရော်ဖက်ဆာ Antonella Sciarrone Alibrandi ပါဝင်သည့်ဘဏ္ဍာရေးဌါန၏ ဘုတ်အဖွဲ့ သည် နိုင်ငံခြားဘဏ်များနှင့်ငွေကြေးဆက်ဆံရေး၊ ငွေကြေးခြစားမှုနှင့်အလွဲသုံးစားမှု စောင့်ကြည့်ရေး စသည့်တာဝန်များဆောင်ရွက်သည်။ သူမသည် အီတလီနိုင်ငံ မီလန်မြို့ရှိ the Sacred Heart ကက်သလစ်တက္ကသိုလ်တွင် ပရော်ဖက်ဆာ၊ စီးပွါးရေးနှင့် တရားဥပဒေဆိုင်ရာအသင်းအဖွဲ့ဥက္ကဌ၊ Union of Catholic Jurists တွင်အဖွဲ့ဝင်စသော တာဝန်ထမ်းဆောင်များ ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

မူရင်း-https://www.vaticannews.va/en/pope/news/2020-06/pope-francis-vatican-appointments-library-financial-information.html

ဘာသာပြန် OSC-CBCM (Myanmar)


2020-06-22 22:18:45
NEWS AND EVENTS