Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကမ္ဘာတစ်ဝန်းရှိမိဘမဲ့ကလေးများအတွက် မိဘမဲ့ဂေဟာ၊စောင့်ရှောက်ရေးဂေဟာများထက် မိသားစုပုံစံ

ပျိုးထောင်ရေးသို့ဦးတည်ရန် Lancet အဖွဲ့အစည်းမှလှုပ်ရှားခြင်း

ဤအဖွဲ့အစည်း၏တင်ပြချက်အရမိသားစုနှင့်ကွဲကွာသည့်သန်းပေါင်းများစွာသောကလေးများ အတွက်စောင့်ရှောက်ရေးဂေဟာ၊မိဘမဲ့ကျောင်းများတွင်မဟုတ်ဘဲအကောင်းဆုံးမိသားစုအသိုက် အဝန်းဖန်တီးပေးသင့်သည်ဟု ဆိုသည်။
“မိဘမဲ့ကလေးတွေအတွက်တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပိုကောင်းအောင်ဆောင်ရွက်ဖို့ရည်ရွယ် ထားတာပါ။ ကျွန်တော်တို့ချိတ်ဆက်အဖွဲ့ဝင်များဖြစ်တဲ့ child health, child protection နဲ့ social welfare အားလုံးအရှိန်အဟုန်ယူပြီးလုပ်ဆောင်နေကြတာဖြစ်လို့ အခုလိုကိုဗစ်ကပ်ကာလဆိုပေမယ့် ထိရောက်မှုရှိမှာပါ။ အစိုးရပိုင်းကရော၊ စေတနာ့ဝန်းထမ်းတွေရော၊ ကျန်းမာရေးနဲ့ လူမှုအဖွဲ့က ကျွမ်းကျင်သူတွေရော စနစ်တကျပူးပေါင်းပြီး အချိန်နဲ့တပြေးညီ၊ ရေရှည်တည်တံ့မယ့်နည်းလမ်း၊ ကလေးများအရေးအဓိကဦးတည်မှု စတာတွေအပေါ်ချမှတ်ဆောင်ရွက်သွားရမှာပါ။ ကမ္ဘာမှာ ကလေးငယ် ၅သန်းနဲ့၆သန်းကြားဟာ မိဘမဲ့ကျောင်း၊စောင့်ရှောက်ရေးဂေဟာတွေမှာ ရှိနေကြပြီး အဲဒီထဲက ၁၃၇-နိုင်ငံလောက်ဟာ ဆင်းရဲပြီး၊ ပံ့ပိုးမှု မလုံလောက်တဲ့နေရာတွေဖြစ်နေတယ်။ ၈၀ ရာခိုင်နှုန်းလောက်သောကလေးတွေဟာ ကာယပိုင်းရော၊စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှေးကွေး ကြတယ်၊ စိတ်ပိုင်းဆိုင်ရာပြသနာ နှစ်ရှည် စွဲကပ်သွားတာရှိတယ်။ ဒီလိုရိုက်ခတ်မှုတွေက ၆-လနဲ့တစ်နှစ်ခွဲ ကလေး အရွယ်တွေကိုပိုအန္တရယ်ပေးနိုင်တာပါ။
HIV/AIDS ရောဂါနဲ့နောက်ဆက်တွဲသက်ရောက်မှု၊ ဆင်းရဲနွမ်းပါးမှု၊ လူမှုရေးချွတ်ယွင်းမှု၊ မိဘ တာဝန်မယူတတ်မှု၊ မသန်မစွမ်းဖြစ်မှု၊ သဘာဝဘေး၊လူလုပ်ဘေးအန္တရယ်၊ child abuse စတာတွေ ကြောင့်တချို့ဂေဟာတွေမှာကလေး ဦးရေ စုပြုံရောက်လာနေတာရှိတယ်။ ဒီလိုဂေဟာတွေ၊ အဖွဲ့အစည်းတွေက ကလေးစောင့်ရှောက်တဲ့ နေရာမှာ လိုအပ်ချက်တွေရှိတတ်တယ်၊ တာဝန်ယူတဲ့ လူတွေအရည်အချင်းမပြည့်တာ၊ ကလေး အကြောင်းနားမလည်တာ၊ငွေကြေးမတတ်နိုင်တာကြောင့် ဈေးနည်းတဲ့ဝန်ထမ်းတွေခန့်ထားရတာမျိုးတွေရှိတော့ ကလေးတွေကို မှန်မှန်ကန်ကန် မစောင့်ရှောက်နိုင်ကြဘူး။ ကလေးအချင်းချင်း အနိုင်ကျင့်ခံရတာရှိသလို ကြည့်ရှုသူတွေကနေ အနိုင်ကျင့်တာ၊အခွင့်အရေး ချိုးဖောက်တာတွေ လည်းရှိနေတယ်။ နောက်တစ်ခုက ဒီလိုဂေဟာ တွေ၊ အဖွဲ့အစည်းတွေကကလေးတွေဟာ သူတို့ ဆွေမျိုးသားချင်းတွေနဲ့ ဆက်သွယ်ဖို့တားမြစ် ခံရ တာတွေရှိပါတယ်။ ဒါဟာလူသားအတွက် လူမှုဆက်ဆံရေးနယ်ပယ်မှာ အဓိကအရေးပါတဲ့အခြေခံ အပိုင်းပါ၊ မတားမြစ်သင့်ပါဘူး။
ကလေးတွေကို ဂေဟာတွေကနေ မိသားစုပုံစံထိန်းကျောင်းတဲ့နေရာတွေဘက်ကိုပြောင်းပို့လိုက် တာနဲ့ အများကြီးပိုကောင်းလာတာ၊ ကာယပိုင်း၊စိတ်ပိုင်းတိုးတက်လာတာမျိုးလေ့လာတွေ့ရှိရ ပါတယ်။
ဒီလိုကျောင်းတို့၊ဂေဟာအဖွဲ့အစည်းတို့မှာရှိနေတဲ့ကလေးတွေကို မိသားစုသို့ပြောင်းရွှေ့ခေါ်ဆောင်ဖို့ ဆိုတာ နိုင်ငံတကာရဲ့သတ်မှတ်ချက်ပေါ်လစီနဲ့ချိတ်ဆက်ပြီးတိုင်းပြည်နဲ့ဒေသတွေရဲ့ လက်ခံမှု၊ အစပြု ပါဝင်ပူးပေါင်းမှုတွေ လိုအပ်မှာပါ။နောက်ပြီး ပြည်တွင်းပြည်ပအလှူရှင်များ၊ဘာသာရေး အခြေပြုအဖွဲ့အစည်းများ၊စေတနာ့ဝန်ထမ်းအဖွဲ့များမှလည်း လက်တွဲပူးပေါင်းပြီး ဒီစောင့်ရှောက် ရေး စနစ်မှာအားဖြည့်ပေးကြမယ်ဆိုရင် ကလေးတွေကိုကူညီပံ့ပိုးဖို့နဲ့ ကလေးလူကုန်ကူးခံရတဲ့ အန္တရယ်တွေကနေကာကွယ်ဖို့ အရှိန်ပိုကောင်းလာစေမှာပါ။ အရည်အသွေးမြင့် မိသားစုပုံစံ ထိန်းကျောင်းရေး အများကလက်ခံပြီးလက်တွေ့ကျင့်သုံးမှုတွင်ကျယ်လာသည်အထိ ကြိုးပမ်း ဆောက်တည်သွားကြဖို့ ရည်မှန်းထားတာပါ။
 
ဘာသာရေးအဖွဲ့အစည်းများက ဒီစနစ်လုပ်ဆောင်အကောင်အထည်ဖော်နိုင်ဖို့ အဓိကနေရာမှာ ရှိကြပါတယ်။ ဘာသာရေးအခြေပြုလူမှုအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ ဒီလုပ်ငန်းမှာပါဝင် သက်ဆိုင်သူများ ပူးပေါင်းအားထုတ်ပြီးလူတွေရဲ့အသိအမြင်၊ခံယူချက်၊ လက်တွေ့လုပ်ဆောင် နေပုံ တွေဟာ ကလေး တွေအတွက် မိသားစုဆန်စွာ၊ မိသားစုပုံစံပျိုးထောင်မှုတွေကို နားလည်လက်ခံ လာစေဖို့၊ လက်တွေ့ ပါဝင် လုပ်ဆောင်လာစေဖို့ ဝိုင်းဝန်းပြောဆိုပေးကြရန်၊ အမြင်ဖွင့်အစီအစဉ်များ ပြုလုပ်ပေးကြရန် တောင်းဆိုပါတယ်”ဟု The Lancet Psychiatry editor-in-chief Niall Boyce; Jane Godsland, editor-in-chief of The Lancet Child & Adolescent Health; and King's College London professor Edmund Sonuga-Barke စသည့် အဓိကဦးဆောင်နေသည့် ပုဂ္ဂိုလ်ကြီးများက ပြောကြားခဲ့သည်။ ဤစနစ်ကို ကက်သလစ်အသင်းတော်၊ အကျိုးအမြတ်မယူသောအဖွဲ့အစည်းအချို့နှင့် ဒေသခံအစိုးရတို့မှ ထောက်ပံ့ကာ စတင်စမ်းသပ်ထားသော ရဝမ်ဒါ (Rwanda)နိုင်ငံမှ မှတ်တမ်းအရ ကလေးများကို မိသားစုပုံစံဖြင့်ပျိုးထောင်ခြင်းကိုမြှင့်တင်သင့်ကြောင်းထောက်ပြချက်ရှိသည်။
ဤစနစ်အစီအစဉ်ကို အဓိကကူညီပံ့ပိုးပေးသည်မှာ လန်ဒန်အခြေစိုက် the Lumos Foundation အ ဖွဲ့အစည်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကလေးများသူငယ်လူမှုဖူလုံးရေးအဖွဲ့ဖြစ်သည့် Maestral International တို့မှဖြစ်သည်။ ကက်သလစ်အသင်းတော်အနေနှင့်လည်း Catholic Relief Services နှင့် the U.S.bishops’ international aid agency တို့မှ လက်တွေ့ကျကျတက်ကြွစွာပါဝင်နေခဲ့သည်။
၂၀၁၈-ခုနှစ်အောက်တိုဘာမှစ၍ စောင့်ရှောက်မှုနည့်ပုံစံ ပြောင်းလဲရေး “Changing the Way We Care” လှုပ်ရှားမှုအစီအစဉ်ကိုပြန်လည်စတင်ဆောင်ရွက်ခဲ့ကြကာ ၂၀၂၀-ခုနှစ် ဖေဖော်ဝါရီလတွင် Guatemala, Kenya, Moldova စသည့်နိုင်ငံများတွင်စတင်ခဲ့ပြီးဖြစ်ကာ Haiti, India, Indonesia, Lebanon နိုင်ငံများသို့လည်းထပ်မံတိုးချဲ့ အကောင်အထည်ဖော်သွားနိုင်ရန် မျှော်မှန်းထားသည်။
“ကျွန်တော်တို့ သက်ဆိုင်ရာဌါနတွေက ကိုရိုနာကပ်ရောဂါကာလဖြစ်ပေမယ်လည်း ရပ်မနေကြ ပါဘူး၊ COVID-19 နဲ့ယှဉ်တွဲပြီးသွက်သွက်လှုပ်ရှားနေကြတာဖြစ်လို့ ကျွန်တော်တို့ အလုပ် ပေါက်မြောက် နိုင်မှာပါ။နောက်တစ်နည်းပြောရမယ်ဆိုရင် ကျွန်တော်တို့ ကိုရိုနာဗိုင်းရပ် တွေကြား ထဲက ဆက်လက်လှုပ်ရှားနေကြပါတယ်၊ ဒီကပ်ရောဂါရဲ့ထိခိုက်မှုတွေ မိသားစုများနဲ့ကလေးများ အပေါ် သက်ရောက်နိုင်တဲ့အတိုင်းအတာကိုလည်း ထည့်စဉ်းစားနေကြပါတယ်”ဟုလည်း Megan Gilbert, a CRS ၏ပြောရေးဆိုခွင့်ရှိသူမှပြောကြားသည်။
မူရင်း-https://www.catholicnewsagency.com/news/worldwide-children-living-in-institutional-care-do-better-with-families-lancet-commission-says-17036?fbclid=IwAR2OqBzCsXIbXrFLnL2dsIQ_QLfq50o8TRVE-6smRwGA6ULdC-2iwtU3hIw
ဘာသာပြန် OSC-CBCM (Myanmar)

2020-06-26 21:32:24
NEWS AND EVENTS