Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

တောင်ငူဂိုဏ်းအုပ်သာသနာ၊ သာသနာပိုင်ဆရာတော်၏ အရိုက်အရာကို ဆက်ခံခွင့်ရှိသူ ဆရာတော်ခန့်အပ်

တောင်ငူဂိုဏ်းအုပ်သာသနာ၊ သာသနာပိုင်ဆရာတော်၏ အရိုက်အရာကို ဆက်ခံခွင့်ရှိသူ ဆရာတော် (Coadjutor Bishop) အဖြစ် မွန်ဆီညော် ဂျွန်စောဂေါဒီ အား တမန်တော်ကြီးများဖြစ်ကြသည့် ရှင်ပေတရူးနှင့် ရှင်ပေါလူးတို့၏ပွဲနေ့ ဂျွန်လ ၂၉ ရက် ၂၀၂၀ မြန်မာစံတော်ချိန် ညနေ ၅:၃၀ တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံရုံး (ဘန်ကောက်) မှ ထုတ်ပြန်လိုက်ပါသည်။
မွန်ဆီညော် ဂျွန်စောဂေါဒီ သည် လိပ်သို တိုက်နယ်သာသနာ၌ အောက်တိုဘာလ ၂၇ ရက်၊ ၁၉၅၅ တွင် ဖွားမြင်ခဲ့သည်။ ရဟန်းသိက္ခာကို ဧပြီလ ၉ ရက်၊ ၁၉၈၃ ခုနှစ်တွင် ခံယူခဲ့ပြီး ၂၀၁၇ ခုနှစ်မှ မတ်လ ၂၀၂၀ အထိ လွိုင်ကော်ဂိုဏ်းအုပ်သာသနာရှိ စိန်ဂျွန်မာရီဗီယာနေ ရဟန်းဖြစ်တက္ကသိုလ်၌ စာချဘုန်းတော်ကြီးအဖြစ်တာဝန်ထမ်း​ဆောင်ခဲ့ပါသည်။ လက်ရှိတွင် တောင်ငူဂိုဏ်းအုပ်သာသနာ၏ အကြံပေးအဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့နှင့် သာသနာ့ခုံရုံး တို့၌ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

 

2020-06-29 04:18:43
NEWS AND EVENTS