Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document
လုဒ်မယ်တော်ရှိရာသို့ဘုရားဖူးများ မလာရောက်နိုင်သည့်အတွက်
တိုက်ရိုက်ထုတ်လွှင့်မှုဖြင့်စီစဉ်တင်ဆက်ပေးသွားမည်
လုဒ်(Lourdes) မယ်တော်ထင်ရှားပြခဲ့သည့် ၁၈-ကြိမ်မြောက်နှင့်နောက်ဆုံး အကြိမ်ပြည့်ခဲ့သည့်ရက်ဖြစ်သော ဇူလိုင် ၁၆-ရက်နေ့တွင်ပြုလုပ်မည့် ဆုတောင်းခြင်း အစီအစဉ်များကိုလိုင်းဖြင့်တိုက်ရိုက်ထုတ်လွှင့်သွားရန်
တာဝန်ရှိသူများမှ ဆုံးဖြတ် လိုက်ကြသည်။
ထိုသို့မယ်တော့်ဂူလှိုင်ရင်ပြင်ပုံရိပ်နောက်ခံဖြင့်တိုက်ရိုက်ထုတ်လွှင့်ရင်း ဘာသာစကား ၁၀-မျိုးဖြင့်စိတ်ပုတီးစိပ်ခြင်း၊မစ္ဆားတရားဟောကြား ခြင်း၊ ရဟန္တာဘက်နဒက်၏ဓါတ်တော်ပင့်ဆောင်ကာစီတန်းလှည့်လည်ဆုတောင်းခြင်း များကို ဇူလိုင်လ ၁၆-ရက်နေ့မှစတင်ကာ ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။
လက်ရှိကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းလုံးတွင် လူပေါင်း ၁၃ သန်းကျော် ကူးစက်ခံနေ ရပြီဖြစ်ရာ ဤကိုရိုနာကပ်ရောဂါ ချုပ်ငြိမ်းသွားစေရန်အတွက်နှင့်၊ ဖျားနာသူများ အားလုံးအတွက် ဆုတောင်းပေးသည့် အနေနှင့်လည်းယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်သည်။
လုဒ်(Lourdes)သည်ကိုယ်၊စိတ်၊ဝိညာဉ်မကျန်းမာသူများသက်သာပျောက်ကင်းသည့် သန့်ရှင်းရာဌါနအဖြစ် ထင်ရှားလူသိများ ခဲ့သည်မှာ နှစ်ပေါင်း ၁၀၀-ပင် ကျော်လာပြီ ဖြစ်သည်။
လွန်ခဲ့သည့် ၁၈၅၆-ခုနှစ် ဇူလိုင်လ ၁၆-ရက်နေ့သည် အမိမယ်တော်မှ ဘက်နဒက်အား ၁၈-ကြိမ်မြောက်နောက်ဆုံးအနေနှင့်ထင်ရှားပြခဲ့ရာ “မိန်းမပျိုလေး ကိုမြင်ရတယ်။ ဒီလောက်လှလွန်းတဲ့မိန်းကလေးကို ကျမတစ်ခါမှမမြင်ဖူးဘူး”ဟု ဘက်နဒက်ဖွင့်ဟဝန်ခံခဲ့သည်။
ယခုမှာလနှင့်ချီ၍ဘုရားဖူးခရီးသည်များမလာရောက်နိုင်သောကြောင့်ဤဘုရားဖူးဌါန အနေနှင့် ဒေါ်လာ ၉-သန်းခန့်ဆုံးရှုံးမှုရှိနေသည်။ သို့ဖြစ်၍ ထိုနေရာ၏ အလုပ်သမား ပေါင်း အယောက် ၃၂၀-ကိုလည်း အလုပ်ချိန်လျှော့ချလိုက်ရပြီဖြစ်သည်။ Lourdes ဘုရားဖူးဌါန၏ အုပ်ချုပ်သူတစ်ဦးဖြစ်သော Olivier Ribadeau Dumas အနေဖြင့် ဤ ဘုရားဖူးနေရာကိုပြန်လည်ဖွင့်လှစ်နိုင်ရန်တောင်းဆိုကြိုးစားနေဆဲဖြစ်သည်။
Olivier Ribadeau Dumas က “နှစ်ပေါင်း၁၆၂-နှစ်လောက် ဒီ Lourdes နေရာဟာ မကျန်းမာသူများ၊ကိုယ်စိတ်နွမ်းပါး သူများနဲ့ရင်းနှီးကျွမ်းဝင်နေခဲ့တဲ့နေရာတစ်ခုပါ။ ဆုတောင်းခြင်း၊အစေခံဆက်ကပ်ခြင်းနဲ့ဘဝသင်ခန်းစာကောင်းများကိုရရှိဖို့ အစားထိုး မရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့ဘဝကိုမျှော်လင့်ခြင်းနဲ့ အဓိပ္ပါယ်များစွာ ပေးနိုင်တဲ့ မကုန်ဆုံးသွားမယ့် ဝိညာဉ်ရေးရတနာတွင်းကြီးပင်ဖြစ်တယ်။
ဒီသန့်ရှင်းတဲ့နေရာဟာဘုရားဖူးနေရာလာရောက်သူများရဲ့ငွေအား၊လူအား၊
အချိန် လှူဒါန်းမှုဒါနတွေအပေါ်မှီခိုပြီးလည်ပတ်နေရတာပါ။ ဘုရားဖူးသူများမရှိဘဲ ဒီနေရာ မရပ်တည်နိုင်ပါဘူး။
ဒါကြောင့်ဒီသန့်ရှင်းတဲ့ဘုရားဖူးနေရာအတွက် အကူအညီဖိတ်ခေါ်တောင်းခံရင်း၊ Lourdes ကို မိမိတို့ဝိညာဉ်ရေးအမွေအနှစ်တစ်ခုအဖြစ်မြတ်နိုး ခံယူထားသူတွေ အတွက် ဒီနေရာကို မလာမရောက်နိုင်ပေမယ့်ဖူးမြင်ပါဝင်နိုင်ကြစေဖို့
ရည်ရွယ်ပြီး တော့လည်း အခုလို ရုပ်သံထုတ်လွှင့်ပေးခြင်းဖြစ်ပါတယ်။
ကျွန်ုပ်တို့ဆီကိုနေရာအနှံ့ကနေ ခံစားရတဲ့ကျေးဇူးတော်ကိုသက်သေခံမှုတွေ၊ ဆုတောင်းမေတ္တာ တောင်းခံလွှာတွေ မရေမတွက်နိုင်အောင် ရောက်ရှိလာနေတာကို ကြည့်ခြင်းဖြင့်လည်း ဒီမယ်တော့်ဘုရားဖူးရင်ပြင်၊ Lourdes ဘုရားဖူးနေရာဌါဟာ တစ်ကမ္ဘာလုံးအတွက်၊ တစ်ကမ္ဘာလုံးနဲ့အတူဆုတောင်းနေတဲ့ ဗဟိုဌါနတစ်ခုဖြစ်တယ် ဆိုတာကို ပြသနေပါတယ်” ဟု ပြောဆိုခဲ့သည်။
ဤ Lourdes ဘုရားဖူးနေရာသို့ တစ်ကမ္ဘာလုံးမှဘုရားဖူးဧည့်သည် ၃-သန်းခန့် နှစ်စဉ်လာရောက်မြဲဖြစ်ကာ၊ ၅-သောင်းခန့်မှာ မသန်စွမ်း၊မကျန်းမာသူများဖြစ်သည်။ လွန်ခဲ့သည့်လပိုင်းများမှစ၍ ဤနေရာသို့ဘုရားဖူးလာမည့်ခရီးစဉ်များတစ်ခုပြီးတစ်ခု ဖျက်သိမ်းလိုက်ကြရပြီဖြစ်သည်။ ကပ်ရောဂါထိန်းချုပ်ရေးစီမံချက်အတိုင်း လိုက်နာ လျက် အနည်းငယ်သောဘုရားဖူးများသာ ဤနွေရာသီဘုရားဖူးကာလတွင်လာရောက် နိုင်ခဲ့ကြသည်။
ဘာသာပြန် OSC-CBCM (Myanmar)
..................................................................................................................................................
(မစ္ဆားတရား နာယူရန် လင့်ခ်နှင့် အချိန်များ)
7am – 7.30am: Mass (Italian)
10am – 10.30am: Mass (French)
11am – 11:30 a.m.: Mass (Italian)
2.30pm – 3pm: Rosary (Spanish)
3pm – 3.30pm: Rosary (English)
3:30 p.m. – 4:00 p.m.: Rosary (French)
5p.m. – 5:30 p.m.: English Mass
6p.m – 6:30 p.m : Rosary (Italian)
 
Photo: The statue of Our Lady of Lourdes in the grotto in the French shrine.
Credit: Alessio Di Cintio/CNA

2020-07-16 19:38:25
NEWS AND EVENTS