Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဗာတီကန်ဆက်သွယ်ရေးသတင်းဌါန၏အကြီးအကဲဖြစ်သူ

Dr. Paolo Ruffini ၏သတင်းစကား

      

ဗာတီကန်ဆက်သွယ်ရေးသတင်းဌါန၏အကြီးအကဲဖြစ်သူ Dr. Paolo Ruffini မှ အာဖရိက ကက်သလစ်သတင်းဆက်သွယ်ရေးတာဝန်ရှိသူများအား ရဟန်းမင်းကြီး သည် ၎င်းတို့နှင့်အတူရပ်တည်လျက်ရှိကြောင်းနှင့် အာဖရိကဘာသာစကားဖြင့် ကျွန်ုပ်တို့အတူရှိကြသည်ဟု အဓိပ္ပါယ်ရသည့် “Tuko Pamoja”ဆိုသည် နှင့်လည်း ကိုးကား ပြောဆို လိုက်သည်။ 

ဗာတီကန်ရေဒီယိုမှ အာဖရိကသို့ အင်္ဂလိပ်ဘာသာစကားဖြင့်သတင်းစတင် ထုတ်လွှင့် ခဲ့သည့် နှစ် ၇၀-ပြည့်အထိမ်းအမှတ်တွင် အာဖရိကမှ ကက်သလစ်သတင်း ဆက်သွယ် ရေး ဝဘ်ဆိုက် ပညာရှင်များနှင့်နှီးနှောဖလှယ်ရန်အွန်လိုင်းရုပ်သံဆွေးနွေးပွဲ စတင် သည့် နေ့တွင် Dr Ruffini က ဗာတီကန်မှထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဗာတီကန်ရေဒီယိုနှင့် SIGNIS Africa တို့ ပူးပေါင်းကာ  အင်္ဂလိပ်ဘာသာစကားနှင့် ထုတ်လွှင့်တင်ဆက်သည့်  အကြောင်းအရာမှာ အာဖရိက၏ လူမျိုးရေးနှင့်လူမှုရေး ခွဲခြားမှုကြောင့် အတိဒုက္ခရောက်ရသောအကြောင်းများ“Story-telling as a tool to manage racial and social tribulations in Africa.” ဖြစ်သည်။

ဗာတီကန်သတင်းဌါန မှထပ်မံတိုးချဲ့သွားမည့် ဆက်သွယ်ရေးအစီအစဉ်များကိုလည်း တင်ပြရင်း အာဖရိကကက်သလစ်မီဒီယာသမားများမှလည်း ဤကြိုးပမ်းမှုတွင် အားတက်သရောပါဝင်သွားကြရန်ဖိတ်ခေါ်လိုက်သည်။

၎င်းအွန်လိုင်းရုပ်သံဆွေးနွေးပွဲတွင် ချိတ်ဆက်ပါဝင် ခဲ့သူများမှာ-

-       အာဖရိက၏လူထုဆက်သွယ်ရေးတာဝန်ခံ ဆရာတော်ကြီး Emmanuel Badejo,

-       အာဖရိက၏ SIGNIS ဥက္ကဌ၊

-       Immaculate Heart of Mary သီလရှင်အသင်းဂိုဏ်းအကြီးအကဲ Mother Mary Claude Oguh,

-       ဂျေဆွဇ်ရဟန်း တစ်ပါးဖြစ်သော Fr. Federico Lombardi (SJ),

-       တောင်အာဖရိကမှ ပရော်ဖက်ဆာ ဘုန်းတော်ကြီးဖြစ်သူ Fr. Walter Ihejirika

-       နိုင်ဂျီးရီးယားရှိအမျိုးသမီးသီလသည် များအဖွဲ့ချုပ်၏ ဥက္ကဌဖြစ်သူ၊ လူဝတ်ကြောင် အမျိုးသမီး Ms Sheila Pires

တို့ အဓိက ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဤအာဖရိကဝဘ်ဆိုဒ်ဌါနခွဲမှတဆင့် ဗာတီကန်သတင်းများကို တင်ဆက်သူများစွာ တို့မှ အကြောင်းအရာစုံလင်စွာဖြင့် အပြည့်အဝထုတ်လွှင့်ပေးတော့မည်ဖြစ်သည်။

ဗာတီကန်ရေဒီယိုမှ အာဖရိကသို့အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်ခြင်း နှစ် ၇၀-ပြည့် အထိမ်းအမှတ်နေ့တွင် အွန်လိုင်းရုပ်သံဖြင့်ပြုလုပ်ခဲ့သောအဆိုပါ ဆွေးနွေးပွဲတွင် ပါဝင် ရန်ရုပ်သံလိုင်းပေါ်ရောက်ရှိနေသော သက်ဆိုင်ရာတာဝန်ရှိဆရာတော်၊ဘုန်းတော်ကြီး၊ သီလရှင်၊လူဝတ်ကြောင်များ၊ အာဖရိကတွင်သာမကဘဲ အခြားနေရာဒေသများ၌ ဆက်သွယ်ရေးတာဝန်ကိုလက်တွေ့လုပ်ဆောင်နေသူများနှင့် ဘာသာတူများအား ဂါရဝပြုကြိုဆိုနှုတ်ခွန်းဆက် စကားပြောဆိုပြီးနောက် ဗာတီကန်ဆက်သွယ်ရေး သတင်းဌါန၏အကြီးအကဲဖြစ်သူ Dr. Paolo Ruffini မှ အောက်ပါသတင်းစကား များကိုဆွေးနွေးပြောကြားသွားသည်။

Dr. Paolo Ruffini ပြောကြားခဲ့သည်မှာ- (ယခုအချိန်တွင် အွန်လိုင်းထုတ်လွှင့်မှုသည် အဓိကဖြစ်လာနေပြီ၊ ဆက်သွယ်ရေးလုပ်ဆောင်မှုသည် လူတစ်ဦးချင်းစီ ထံမှ ကောင်းကွက်များကို ဆွဲထုတ်ပေးနိုင်သည့်အပြင် ရှုထောင့်အမျိုးမျိုးပေးနိုင်သည် ဖြစ်ကာ ဆက်သွယ်ရေးရာဟူသည် အသွားနှစ်ဖက်ပါသည့်ဓါးကဲ့သို့ဖြစ်၍ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စေရန် တည်ဆောက်ရာရောက်နိုင်သကဲ့သို့ နားလည်မှုလွဲစေခြင်း၊ အမုန်းပွါးစေခြင်းနှင့် ရန်လိုမှုများပင်ပေါ်ပေါက်လာစေနိုင်သည်ကို သတိကြီးကြီး ထား ရန်လိုသည်၊ အသင်းတော်ကြီး၏ကိုယ်စားအနေနှင့် လုပ်ဆောင်နေသော ဆက်သွယ် ရေးသတင်းသမားများအလွန်လိုအပ်သည်။   

 

2019 စက်တင်ဘာ ၂၃-ရက် က ရဟန်းမင်းကြီးဖရန်စစ်မှ ဗာတီကန်ဆက်သွယ်ရေး ဌါန၏ဝန်ထမ်းများအားအသင်းတော်ကြီးအတွက်တော့ဆက်သွယ်ရေးကသာသနာ  ပြုတဲ့အလုပ်ပါပဲ။ ဘုရားရှင်ရဲ့နှုတ်ကပတ်တော်ဟောကြားရာမှာကုန်ကျရင်းနှီး မြုတ်နှံ ရတာ များလွန်းတယ်လို့မရှိဘူး။ ဒီလိုပဲ ဒါကိုလုပ်ကိုင်သူတို့ပိုင်ဆိုင်တဲ့ အရည်အချင်း တွေကိုလည်း အသီးအပွင့်အကျိုးအမြတ်ဖြစ်ထွန်း ကောင်ကောင်းကြီး အသုံးချကြပါ။ မိမိတို့ခံယူရရှိထားတဲ့ဆုကျေးဇူးတွေအပေါ်သစ္စာရှိဖို့နဲ့ပြုပြင်ပြောင်းလဲဖို့လိုတာရှိရင် ပြုပြင်ဖို့၊ပြောင်းလဲဖို့သတ္တိရှိရမယ်၊ စိတ်ပျက်အားလျော့မှုမရှိပါစေနဲ့ဟူသော ရဟန်း မင်းကြီး၏စကားကိုမှီ၍ အခက်အခဲစိန်ခေါ်မှုများကိုကြုံတွေ့ရင်ဆိုင်ရသော အာဖရိက ကက်သလစ်ဆက်သွယ်ရေးသမားများကို အားပေးလိုပါသည်။ စိတ်ပျက် အားလျော့မှု မရှိပါစေနှင့်ဟူသည့် ရဟန်းမင်းကြီးဖရန်စစ်၏ သတင်းသမားများအတွက် အားပေး စကားကို ဂရုမူအားယူစေလိုပါသည်။

 ကွဲရှလွယ်ပြီးမခိုင်မာမှုတွေ၊လမ်းစပျောက်မှုတွေကြုံရချိန်ရှိမယ် ဒီလိုအချိန်မျိုးမှာ အရေးကြီးတာနဲ့လိုအပ်တာက ကိုယ့်ကိုယ်ကိုပဲကြည့်မနေဘဲ အချင်းချင်း အားပေးရင်း အားလုံးနဲ့စုစည်းပြီးအတူတကွဆက်လှော်ခတ်ကြဖို့ပဲဟု ရဟန်းမင်းကြီးဖရန်စစ် ပြောခဲ့သည့်အတိုင်းကျွန်ုပ်တို့သည်ညီညွတ်လျက်ခရီးဆက်ကြရမည်။

ဆက်သွယ်ရေးသမားများ၏စိန်ခေါ်မှုမှာ အချိန်နှင့်တပြေးညီလုပ်ရခြင်း၊ယုံကြည်စိတ် ချရသောတင်ပြမှုလိုအပ်ခြင်း၊ အသင်းတော်သတင်းများထဲမှ သေချာခိုင်မာသည်များ ကိုသာအခြေပြုထုတ်ပြန်ရခြင်းစသည်တို့ရှိပေသည်။

သတင်းအတု၊သတင်းမှားများသာတွင်ကျယ်ပျံ့နှံ့နေခြင်းသည် လက်ရှိကမ္ဘာ၏ပြသနာ ဖြစ်သည်။   ဗာတီကန်သတင်းဌါနအနေဖြင့် အားထားယုံကြည်နိုင်သော သတင်းမှန် များ၊ အထူးသဖြင့်အသင်းတော်ကြီးသတင်းမှန်များကို တင်ဆက်နေသည့် အရင်းအမြစ် တစ်ခုအဖြစ်ရပ်တည်နေသည်ကို ဝမ်းမြောက်မိပါသည်

ယနေ့ရုပ်သံဆွေးနွေးမှုတွင် ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့၌ ရဟန်းမင်းကြီးဖရန်စစ် ပြောကြားခဲ့သော  ဖြစ်ရပ်အကြောင်းများပြောဆိုဖော်ထုတ်ပေးရန်အရေးကြီးသည်၊ ကမ္ဘာကြီးနှင့်လူသားတို့၏ဖြစ်ရပ်ထောင်ပေါင်းများစွာတို့သည်ဖော်ထုတ်တင်ပြပေးရန် လိုအပ်နေသည်ဟူသည့်အကြောင်းအရာပေါ်အခြေခံသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အဟောအပြောကောင်းလှသည့် ဆက်သွယ်သမားများတို့၊ အာဖရိက၏ အဖြစ်အပျက် များကိုဟောပြောဖော်ထုတ်ကြရန်လိုသည်၊ အာဖရိက၏အခက်အခဲနှင့် စိန်ခေါ်မှု များကိုလည်းကောင်း၊အောင်မြင်မှုများအကြောင်းနှင့်အသိုင်းအဝန်းအားပိုမိုကောင်းမွန် ပြောင်းလဲလာစေရန် ကြိုးပမ်းလုပ်ဆောင်နေသူများအကြောင်းကိုလည်းကောင်း ဟောပြောပြကြစေလိုပါသည်၊သင်တို့၏ထိုဟောပြောတင်ဆက်မှုများသည် ပဋိပက္ခ ဖြစ်ပွါးသည့်နေရာများအတွက် ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်စေမည့် အခွင့်အလမ်း၊ ပေါင်းကူးတံတားများဖြစ်စေနိုင်ပါသည်၊ ဆက်သွယ်ရေးတာဝန် ထမ်းဆောင်သူများ သည် မိမိတို့ရေးသားခြင်း၊ ကြေညာပြောကြားခြင်းနှင့်သာမကဘဲ လူ့အသိုင်းအဝိုင်း အတွက်မိမိလုပ်ဆောင်မှုနှင့်လည်း သက်သေခံကြရန်လိုပါမည်၊ကျွန်ုပ်တို့ ဆက်သွယ် ရေးသမားများအချင်းချင်း အလှမ်းကွာလျက်ရှိနေကြသော်လည်း အဖွဲ့အစည်းတစ်ခု အောက်၌ အဖွဲ့ဝင်များအဖြစ်အားလုံးစုစည်းပါဝင်လျက်ရှိနေကြ ခြင်းသည်ပင် အချင်းချင်းအပြန်အလှန် သတင်းဖလှယ်ရန်၊ယုံကြည်ချက်၊လုပ်ဆောင်မှု၊ မှန်ကန် သစ္စာရှိမှုဖြင့်ဆက်ဆံရေးစသည်တို့ကို ချိတ်ဆက်လုပ်ဆောင်နိုင်မည့် ကြီးမားသော ကွန်ယက်သဖွယ်ဖြစ်နေကြ
2020-07-29 19:46:35

NEWS AND EVENTS