Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဘာသာရေးတင်းကျပ်သော ပါကစ္စတန်တွင်

ကက်သလစ်သတင်းဌါန(RVA) အား အစပြုဖွင့်လှစ်နိုင်ခြင်း

*******************************************

ပါကစ္စတန်နိုင်ငံတွင် ကက်သလစ်သတင်းထုတ်လွှင့်ခြင်းအဖြစ် Radio Veritas Asia (RVA) မှ အူဒူ (Urdu) ဘာသာဖြင့်အသံလွှင့်အစီအစဉ် ပထမဆုံး အစပြုခြင်း ကိုဇူလိုင်လ၂၅-ရက်နေ့က ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ ယခင်က ရေဒီယိုလိုင်းတို အစီအစဉ်နေရာတွင် အွန်လိုင်းဖြင့်ထုတ်လွှင့်သည့် အစီစဉ်သစ်နှင့် စတင်သွား မည် ဖြစ်ရာ ထိုနိုင်ငံမှကက်သလစ်ဘာသာဝင်များ၏ ဘာသာရေး ယုံကြည်ခြင်း အတွက် များစွာအကျိုးပြုစေနိုင်မည်ဖြစ်သည်။ ဤအစီအစဉ်ကို ပါကစ္စတန်သောတရှင်များ အတွက်အဓိကရည်ရွယ်သည်။
ဤအစီအစဉ်ကိုလူထုဆက်သွယ်ရေးကော်မစ်ရှင်ဥက္ကဌဖြစ်သူ Islamabad-Rawalpindi ၏ဂိုဏ်းချုပ်ဆရာတော်ကြီး Joseph Arshad မှ ဦးဆောင်ဖွင့်လှစ်ပေးခဲ့ကာ နားဆင်သူ သောတရှင်များကိုလည်း အသင်းတော်ကြီး၏သတင်းများကို၎င်း ငြိမ်းချမ်း ခြင်း၊ချစ်ခြင်းကို၎င်း ဆက်လက်ဖြန့်ဝေကြရန်တိုက်တွန်းနှိုးဆော်ခဲ့သည်။
“သတင်းတွေကို သောကြာနေ့တိုင်း မိနစ် ၂၀-ကြာ အွန်လိုင်းနဲ့ ထုတ်လွှင့် သွားမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်၊ လူ့အခွင့်အရေး၊ငြိမ်းချမ်းရေးလုပ်ဆောင်မှု၊ ပညာရေး၊ ကရုဏာရေး၊ ကက်သလစ်ဘာသာရေးနဲ့ ဘာသာပေါင်းစုံဆိုင်ရာ စတဲ့ အကြောင်းအရာများထည့်သွင်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ခရစ်တော်ရဲ့ သတင်း ကောင်းကို ဦးတည်ဟောကြားမှာဖြစ်ပြီး အဲဒီတရားတော်အားဖြင့် ဘာသာဝင် အချင်းချင်း၊ ဘာသာပေါင်းစုံအချင်းချင်း စည်းလုံးမှုအားကောင်းလာစေဖို့ပါ။ နောက်ပြီး ထုတ်လွှင့်မယ့် သတင်းတွေမှာ ကျွန်ုပ်တို့ သတင်းကောင်း ဌါနရဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်တဲ့ နိုင်ငံရေး၊စီးပွါးရေးသတင်းတွေကိုတော့ တားမြစ်၊ တည်းဖြတ်သွားမှာပါ” ဟု Director of the Workshop Audio Visual Education studio of the National Catholic Communication Center တစ်နိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆက်သွယ်ရေးဗဟိုဌာန၏ ရုပ်သံသင်ကြားရေးစတူဒီယို ဒါရိုက်တာဘုန်းတော်ကြီး ဖြစ်သူ Fr. Qaiser Feroz ကပြောကြားသည်။
Radio Veritas Asia(RVA) သည် အာရှကက်သလစ်ဆရာတော်များအဖွဲ့ချုပ်၏ စီစဉ်မှုလုပ်ငန်းဖြစ်သည်။
မူဆလင်နှင့်ခရစ်ယာန်ယှဉ်တွဲနေထိုင်သော ပါကစ္စတန်နိုင်ငံသည် သတင်း တင်းကျပ် မှုပြင်းထန်သည့်နိုင်ငံတစ်ခုဖြစ်သည်နှင့် ၂၀၁၆-ခုနှစ်တွင် တစ်နိုင်ငံလုံးလည်ပတ် နေသော အသင်းတော်ဆိုင်ရာ TV အစီအစဉ်များအားလုံးပိတ်ပင်ခံရသည်သာမက ထိုလုပ်ငန်းအတွက်လုပ်ငန်းလိုင်စင်ချမပေးခြင်း၊ နေရာ၊မြေများတားမြစ်ခြင်း၊ အခြား တိုင်းပြည်များမှ ဘာသာရေးနှင့်ဆက်နွယ်သောထုတ်လွှင့်မှုလိုင်းမှန်သမျှကို တရား မဝင်သတ်မှတ်ခြင်းများရှိခဲ့သည်။ ထိုအခြေအနေကြားတွင် အင်တာနက်မှ ထုတ်လွှင့်ပေးနေသည့် အစီအစဉ်အနည်းငယ်သာရှိသော ကက်သလစ် TV လိုင်းများ လည်း ပိတ်ပင်ခံရသည်။
ပါကစ္စတန်ခရစ်ယာန်များအတွက် ယခင်က ဂြိုလ်တု ဖြင့်ထုတ်လွှင့်သည့် အစီအစဉ် ဆောင်ရွက်ခဲ့သူ ဒါရိုက်တာ Saleem Iqbal ကလည်း “ဆယ်စုနှစ်များ ဖိနှိပ်မှု ခံခဲ့ရတဲ့ကြားက ကျွန်ုပ်တို့ ဒေသအာဏာပိုင်တွေရဲ့ အမျက်ဒေါသကနေ ရှောင်ရှားဖို့ ဘာသာရေးနဲ့ပတ်သက်ပြီး အကဲဆတ်တဲ့၊ ပြင်းထန်တဲ့အသုံးအနှုံး၊ တဖက်သတ် ဆွဲတဲ့ပြောဆိုထုတ်လွှင့်မှုမျိုး အစီအစဉ်ထဲမပါအောင် သတိထားပြီးရသလောက် ထုတ်လွှင့်ခဲ့ကြရပါတယ်၊ ရန်ပုံငွေမလုံလောက်တာကြောင့်လည်း ကက်သလစ်လိုင်း ၂၀-လောက်ရှိရာက ဆက်လက်မလည်ပတ်နိုင်တော့လို့ရပ်နားလိုက်ရတာတွေရှိခဲ့ တယ်”ဟု သူ့အတွေ့အကြုံကို ပြောပြသည်။
အမေရိကန်နိုင်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်၏ ၂၀၂၀-ခုနှစ်အတွက် တင်ပြချက်တွင် ပါကစ္စတန်နိုင်ငံအား အကြမ်းဖက်မှုနှင့် ဘာသာ ရေး ဖိနှိပ်မှုပြင်းထန်သောနိုင်ငံအဖြစ်သတ်မှတ်ခံရသည်။
ထိုသို့အယူဘာသာစွဲပြင်းထန်သည့်ရာဇဝတ်မှုဟု နိုင်ငံတကာအသိုင်းအဝိုင်းမှ စွပ်စွဲ ချက်ကိုကြားရပြီးနောက် ပါကစ္စတန်၏ အမြင့်ဆုံးတရားရုံးတော်မှ လူမှုမီဒီယာ များအားကန့်ကွက်ရာတွင် အစိုးရဆိုင်ရာ၊တရားစီရင်ရေးဆိုင်ရာ၊တပ်မတော်ဆိုင်ရာ များကိစ္စကိုသာ အဓိကပါဝင်သည့် အရိပ်အယောင်ပြောဆိုလာသည်။ အာဏာပိုင် များ၏ဤပြောကြားချက်ကိုကိုင်၍ Father Qaiser Feroz အပါအဝင် အသင်းတော် ခေါင်းဆောင်များ သည် အစိုးရအား လက်ရှိထုတ်လွှင့်နေသော သတင်းလိုင်းအစီအစဉ် ပိတ်ပင်ထားမှုများ ဖြေလျှော့ပေးရန်တောင်းဆိုခဲ့ကြသည်။
ပါကစ္စတန် ဆက်သွယ်ရေးအာဏာပိုင်များသည် ယခု ကပ်ရောဂါကြောင့်မြို့ပိတ်ကန့် သတ်ကာလတွင် အင်တာနက်မြန်ဆန်မှု ၁၅-ရာခိုင်နှုန်းခန့်မြှင့်ပေးခဲ့သည်။
တာဝန်ခံဘုန်းတော်ကြီး Father Qaiser Feroz က “အခုချိန်ဟာ အွန်လိုင်း ဝန်ဆောင်မှုခေတ်ပါ၊ ကျွန်ုပ်တို့လစဉ်သတင်းကို အသံစမ်းသပ်ထုတ်လွှင့် ပြီး နောက်တစ်ဆင့် ရုပ်သံနဲ့တင်ဆက်မှုတွေလုပ်သွားမှာပါ။ ဒါတွေဟာ အခုလို ကိုရိုနာ ကပ်ရောဂါအချိန်မှာ ကမ္ဘာကိုအပြောင်းအလဲပြုနိုင်ဖို့အချိန်ကောင်းဖြစ်ပါတယ်” ဟု လည်း ပြောကြားခဲ့ပါသည်။
ဘာသာပြန် OSC-CBCM (Myanmar)
Photo: Archbishop Joseph Arshad blessing the newsroom of Radio Veritas Asia (RVA) Urdu service
Credit: Vatican News

2020-08-01 21:52:32
NEWS AND EVENTS