Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document
မနီလာမှ ဆရာ​တော်ပါးဘီလို ပြန်လည်ကျန်းမာလာခြင်း
--------------------------------------
ဇူလိုင်လ ၂၃ ရက်၊ ဖိလစ်ပိုင် ဆရာတော်ကြီးများအဖွဲ့ချုပ်သတင်းဌာန၏ ထုတ်ပြန်ချက်အရ ဆရာ​တော်ဘရောဒရစ်ခ်ပါးဘီလို သည် COVID-19 ရောဂါ စမ်းသပ်တွေ့ရှိခဲ့ပါသည်။ သြဂုတ်လ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ စမ်းသပ်စစ်ဆေးမှု၌ ရောဂါမတွေ့ရှိရတော့ကြောင်း သိရှိရပါသည်။ မိမိအတွက်ဆုတောင်းပေးခဲ့ကြသူများအား ဆရာ​တော်ကြီးက အွန်လိုင်းမှ ကျေးဇူးတင်ခဲ့ပါသည်။ ဆရာတော်ပါးဘီလိုက "ကျွန်ုပ်၌ ဗိုင်းရပ်စ်ပိုးမရှိတော့ပါဘူး။ဒါဟာသင်တို့ရဲ့ဆုတောင်းမေတ္တာကြောင့်
ဖြစ်ပါတယ်။ ဆုတောင်းမေတ္တာများဟာအမှန်တကယ်ပဲအစွမ်းထက်လှပါတယ်" ဟု ပြောကြားခဲ့ပါသည်။
ဆရာတော်ပါးဘီလိုသည် မနီလာဂိုဏ်းချုပ်သာသနာ၏ လစ်လပ်နေသော ဂိုဏ်းချုပ်ဆရာတော်နေရာ၌ တာဝန်ခံဆရာတော်အဖြစ် အမှုတော်ထမ်း​ဆောင်လျက်ရှိသူဖြစ်ပါသည်။
Photo:Bishop Broderick Pabillo, the apostolic administrator of the Archdiocese of Manila. FILE PHOTO
Source: CBCP News

2020-08-03 03:13:49
NEWS AND EVENTS