Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

အနားယူသွားသော ပုပ်ဘေနဒစ်၏ကျန်းမာရေးစိုးရိမ်ရန်မရှိ

***********************************

ပုပ်ဘေနဒစ်ရဲ့ကျန်းမာရေးဟာစိုးရိမ်ရလောက်တဲ့အခြေအနေမဟုတ်ပါဘူးလို့ သူရဲ့ အတွင်းရေးမှူး ကာဒီနယ်ကြီး Archbishop George Ganswein ထံမှသိရပါတယ်။ သက်တော် ၉၃-နှစ်ရှိလာပြီဖြစ်တာကြောင့်လူကြီးရောဂါအနေနဲ့ နာကျင်ကိုက်ခဲတာတွေ တော့ရှိပေမယ့် ပြင်းထန်တဲ့ရောဂါမဟုတ်ဘူးလို့ဆိုပါတယ်။
ပုပ်ဘေနဒစ် ဟာ နေမကောင်းတဲ့သူ့အစ်ကိုဆရာတော်ကြီး Georg Ratzinger သွားတွေ့ပြီး ဂျာမဏီနိုင်ငံ ပြန်လာကတည်းက သိသိသာသာအားနည်းသွားပြီး စကား ပြောတဲ့အသံလည်းပိုပြီးတိုးညှင်းလာခဲ့တယ်။ ဒါပေမယ့် သူ့အသိစိတ်မှတ်ဉာဏ်နဲ့ အတွေးအခေါ်တွေ ကတော့ ပကတိကောင်းလျက်ပဲလို့ သိရပါတယ်။
ဘာသာပြန် OSC-CBCM (Myanmar)

2020-08-04 22:06:13
NEWS AND EVENTS