Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

အလှအပ ခံစားတတ်သော၊ လူ့ယဉ်ကျေးမှု စံတန်ဖိုး
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၄ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

ရေ၌ ‘လူ့-ယဉ်ကျေးမှု စံတန်ဖိုး’ တစ်ခု ရှိသည်။ လူသားထု သမိုင်း တခုလုံး၏ အောက်မေ့ဖွယ် အမှတ်သညာများသည်လည်း ရေ၌ တည်သည်။ လူ့သမိုင်းတလျှောက် အနုပညာ လက်ရာများနှင့် ကဗျာစာပေများသည် ရေမှ ဆင်းသက်လာသည်။
 
ထောက်ရှုရန် မေးခွန်း

ရေအသုံးချမှု၊ ရေအကြောင်း ရေးဖွဲ့သီဆိုထားသည့် သီချင်းများ သို့မဟုတ် ကဗျာများအား သင်မှတ်မိပါသလော။

လက်တွေ့လုပ်ဆောင်ရန်

ရေနှင့် ဆက်စပ်သော ပြဿနာ၊ အရေးကိစ္စများနှင့် ပတ်သက်၍ ရုပ်ရှင်ဇာတ်လမ်း တစ်ခု သို့မဟုတ် Youtube ဗီဒီယိုတစ်ခု ကြည့်ပါ။ ဥပမာ - Conservation International (CI) က ရိုက်ကူးထားသော Nature is Speaking – Penelope Cruz is Water ဟု အမည်ရသည့် ရေ၏ သဘာဝ အကြောင်း ရုပ်ရှင်အား ကြည့်ပါ။

အပိတ်ဆုတောင်း

အိုသခင်၊ အသက်ပေးသော ရေဖြစ်သော ယေဇူးသခင်အားဖြင့် ကျွန်ုပ်တို့သည် အခြားသူများအား ချစ်မြတ်နိုးတတ်ရန်နှင့် ဘဝ အခြေခံ အချက်များ ကင်းမဲ့နေသော သူများထံ ချဉ်းကပ် ကူညီပေးနိုင်မည့် စိတ်ဆန္ဒအား ကျွန်ုပ်တို့အား ပေးသနားတော်မူပါ။ 
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။

အာမင်။
Translated by Lawrence Jangma Mung Song


2020-09-03 08:35:00
NEWS AND EVENTS