Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

အသင်းအဖွဲ့ တန်ဖိုး
ငြိမ်းချမ်းရေး အတွက် တန်ဖိုး
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၅ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

ရေသည် တံတားများ တည်ဆောက်နိုင်ရန်၊ ပူးပေါင်းဆောင်ရွက်မှု ပေါ်ပေါက်လာရန်နှင့် အမြင်ချင်း ဖလှယ်ဆွေးနွေးနိုင်ရန် အားပေးသည့် အရာ တစ်ခု ဖြစ်ရာ ရေသည် ‘အသင်းအဖွဲ့ တန်ဖိုး’ ဆိုနိုင်သော ဆက်သွယ်ပေါင်းကူးပေးသည့် အရာ ဖြစ်သလို ‘ငြိမ်းချမ်းရေး အတွက် တန်ဖိုး’ဟုလည်း ဆိုနိုင်သည်။  ထို့ကြောင့် ရပ်ရွာလူထု အသိုင်းအဝန်း အနေဖြင့် ရေရှားပါးမှုအား ထောက်ပြပြောဆိုရန်နှင့် ရေစီမံခန့်ခွဲမှု ပိုမို အားကောင်းရန် ဆောင်ရွက်ခြင်းသည် လူမှုရေး စည်းလုံးညီညွှတ်မှုနှင့် တစိတ်တဝမ်းဖြစ်မှုတို့ကို ဖြစ်ပေါ်စေသည်။
 
ထောက်ရှုရန် မေးခွန်း

ရေ အရေးကိစ္စနှင့် ဆက်စပ်၍ အခြားလူအများနှင့် လူမှု ဆက်ဆံရေး ပိုမို အားကောင်းစေသည့် လှုပ်ရှားမှုများအား သင် သတိပြုမိပါသလော။ ထိုသို့သော ဆက်ဆံရေးမျိုးများအား ပိုမို အားကောင်းရန် မည်သို့ ဆောင်ရွက်ရမည်နည်း။

လက်တွေ့လုပ်ဆောင်ရန်

ခရစ်ယာန် လူ့အသိုင်းအဝန်းငယ် တစ်ခု၌ သို့မဟုတ် အိမ်နီးနားချင်း ရပ်ရွာအဆင့်၌ အစည်းအဝေး တစ်ခုအား ဖိတ်ခေါ်ကာ
မိမိဒေသ၌ ရေချွေတာရန်၊ သောက်သုံးရေ စုဆောင်းရန် အရေးပါပုံနှင့် ထိုသို့ သောက်သုံးရေ ချွေတာစုဆောင်းမည့် နည်းလမ်းများအား ဆွေးနွေးပါ။

အပိတ်ဆုတောင်း

အိုသခင်၊ လူသားအချင်းချင်း တလုံးတဝတည်း ကိုယ်ချင်းစာစိတ်ရှိစေရန် လူသားအားလုံး အလယ်၌ ချင်ခင်ရင်းနှီးမှုနှင့် ဖော်ရွေကြင်နာမှု အားကောင်းစေရန် ကျွန်ုပ်တို့အား ခွန်အားပေးတော်မူပါ။
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။

အာမင်။
Translated by Lawrence Jangma Mung Song


2020-09-04 08:46:23
NEWS AND EVENTS