Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

စီးပွားရေးတန်ဖိုး
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၆ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

သောက်သုံးရေ ရရှိရေး အတွက် နည်းလမ်းများ၌ သောက်ရေရင်းမြစ် ပံ့ပိုးခြင်းနှင့် သယ်ယူပို့ဆောင်ရေး၊ ရေသန့်ချက်သည့် လုပ်ငန်းစဉ်များ ပါဝင်သည် ဖြစ်ရာ ၎င်းအဆင့်များတွင် ကုန်ကျစရိတ် ရှိပါသည်။ ထို့ကြောင့် သောက်သုံးရေ ရရှိရေးအတွက် ထုတ်လုပ်မှု လုပ်ငန်းစဉ်အား အသိအမှတ်ပြုရန် နှင့် စီးပွားရေး အရ ဆိုလျှင် သောက်သုံးရေ၌ ‘စီးပွားရေး တန်ဖိုး’ ရှိကြောင်း အသိအမှတ်ပြုရန် အရေးကြီးပါသည်။

ထောက်ရှုရန် မေးခွန်း

သောက်သုံးရေး ပေးဝေဖြန့်ဖြူးရေး စနစ်အကြောင်း ကျွန်ုပ်တို့ အကျွမ်းတဝင် သိရှိထားကြပါသလော။
တစ်ပတ်ကျော် ကြာအောင် ရေမရှိပဲ နေလျှင် မည်သည့် အကျိုးဆက်များ ဖြစ်လာနိုင်ပါသနည်း။
ထိုသို့ ဆိုလျှင် မိမိတို့ မည်သို့ အသက်ရှင်ရင်ဆိုင်ကြရမည်နည်း။

လက်တွေ့လုပ်ဆောင်ရန်

မိသားစု အလိုက် သို့မဟုတ် အဖွဲ့လိုက် စုစည်း၍ မိမိဒေသရှိ ရေသန့်ချက်သည့် စနစ်၊ ရေစုပ်ယူသည့် နေရာ တစ်ခုအား သွားရောက်ကာ ရေသန့်ချက်သည့် ဖြစ်စဉ်၊ ရေပေးဝေ ဖြန့်ဖြူးသည့် လုပ်ငန်းစဉ်အား လေ့လာပါ။

အပိတ်ဆုတောင်း

အိုသခင်၊ ကျွန်ုပ်တို့ နေအိမ်များသို့ သောက်သုံးရေ ဖြန့်ဖြူးပေးသည့် တာဝန်ယူထားသော မြို့တော် စည်ပင်သာယာရေး အတွက် လုပ်ဆောင်နေကြသော အာဏာပိုင် အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ အတွက် ကျွန်ုပ်တို့ ဆုတောင်းပါသည်။ ၎င်းတို့သည် လူအများ အကျိုး သယ်ပိုးရေးအား အစဉ်တစိုက် ဦးထိပ်ထား ဆောင်ရွက်နိုင်ရန် ကောင်းချီးမင်္ဂလာပေးတော်မူပါ။
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။

အာမင်။
Translated by Lawrence Jangma Mung Song


2020-09-06 08:25:36
NEWS AND EVENTS