Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

သောက်သုံးရေအား ပုဂ္ဂလိကပိုင်ပြုခြင်း
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၇ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

အများပိုင် သောက်သုံးရေအား လူသားထုတရပ်လုံး အတွက် အသက်ဆက်နိုင်ရန် ပေးဝေခြင်းအား ငြင်းဆန်၍ သောက်သုံးရေအား ကုန်ပစ္စည်း တစ်ခုကဲ့သို့ ပုဂ္ဂလိကပြု ပိုင်ဆိုင်ရေး၊ ရယူရေး၊ ထိန်းချုပ်ရေး၊ အသုံးချရေးနှင့် ကုန်သွယ်မှု ပြုရေးတို့အား လုပ်ဆောင်ရန် တွေးခေါ်လုပ်ဆောင်သော ကုမ္ပဏီများ၊ ရင်းနှီးမြုပ်နှံသူများ၊ နိုင်ငံရေး သမားများနှင့် စီးပွားရေး သီအိုရီများအား ပုပ်ဖရန်စစ်ရေးသားသည့် လောင်ဒါတိုစီ Laudato Si’ စာချွန်တော်က ဆန့်ကျင်ထားသည်။

ထောက်ရှုရန် မေးခွန်း

ရေဟူသည်မှာ သဘာဝ၌ အခကြေးငွေ မပေးရပဲ သုံးစွဲရယူနိုင်ပါလျှင် ရေအား ကုန်ပစ္စည်းတစ်ခုကဲ့သို့ မောင်ပိုင်ပြု၍ ရောင်းချခြင်းအား ပြုသင့်ပါသလော။ လူထု အများအပြားသည် လုံလောက်သော သောက်သုံးရေ ရရှိရန် ခက်ခက်ခဲခဲ လုံးပမ်းနေရချိန်တွင် ရေအား မောင်ပိုင်ပြု ရောင်းချ၍ အမြတ်ကြေး ကြီးကြီး ရရှိနေကြသော ကုမ္ပဏီများ၏ လုပ်ဆောင်ချက်သည် တရားမျှတပါ၏လော။

လက်တွေ့လုပ်ဆောင်ရန်

ရေသိုလှောင်ထားသည့် မြို့/ မြို့နယ် ရေသန့်စက်ရုံ၊ ရေသိုလှောင်ရုံသို့ သွားရောက်ကာ သောက်သုံးရေအား မည်သို့ သိုလှောင်ဖြန့်ဖြူးသည်၊ ထိုသို့ သန့်စင်သိုလှောင်သည့် အတွက် သောက်သုံးရေ ဈေးနှုန်းကုန်ကျစရိတ်အား လေ့လာပါ။
ရေပေးဝေသည့် လုပ်ငန်းအား မြို့တော် စည်ပင်သာယာရေး သို့မဟုတ် ဒေသခံ အုပ်ချုပ်ရေး အဖွဲ့က လုပ်ဆောင်သလော၊ သို့မဟုတ် ပုဂ္ဂလိက ကုမ္ပဏီအား လုပ်ခွင့်ပေး လုပ်ကိုင်စေသလော။
ရေပေးဝေ ဖြန့်ဖြူးသည့် လုပ်ငန်းမှ အမြတ်အစွန်းကြီးစွာ ရရှိနေသလော။
ရေအား ပုဂ္ဂလိကပြု၍ ရောင်းချနေလျှင် ထိုအကြောင်းအား  ဒေသခံ လူထု သိရှိနားလည်စေရန် အတွက် အုပ်စု တစ်စု ဖွဲ့ကာ မတူညီသည့် အမြင်များအား လေ့လာဆန်းစစ်ပါ။

အပိတ်ဆုတောင်း

အိုသခင်၊ မူဝါဒရေးရာ ချမှတ်သူများ အားလုံးသည် လောဘဇောဖြင့် ဆုံးဖြတ်ချက်ချမှတ်သူများ မဟုတ်ပဲ ရေဟူသည်မှာ လူသားတို့ အတွက် အခြေခံ လိုအပ်ချက် ဖြစ်ကြောင်း အလေးထား သိရှိစေရန် နှင့် သောက်သုံးရေဝယ်ယူရန် မတတ်နိုင်သော ဆင်းရဲသားများ အပေါ် ဝန်ထုတ်ဝန်ပိုး၊ ဘေးဒုက္ခရောက်ခြင်း မရှိစေရန် ကျွန်ုပ်တို့ တောင်းလျှောက်ပါသည်။
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။

အာမင်။
Translated by Lawrence Jangma Mung Song


2020-09-06 08:24:45
NEWS AND EVENTS