Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document
ရေတွင်းမှ ရေရရှိခြင်း၏ အကန့်အသတ်များ
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)
စက်တင်ဘာလ ၁၀ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

ကျေးလက်ဒေသ ကဲ့သို့ နေရာဒေသ အတော်များများတွင် ရေတွင်းမှ သမားရိုးကျ ရေယူကြလေ့ရှိသည်။
အောက်ဖော်ပြပါ အချက်များကြောင့် ရေတွင်းများအား အသုံးမပြုကြတော့ချေ။
• ရာသီဥတု အပြောင်းအလဲ သို့မဟုတ် မြေအနေအထား ပြောင်းလဲခြင်းကြောင့် ရေတွင်းမှ ရေပြန်လည် ရရှိသည့် နှုန်းထက် ရေတွင်းမှ ရေဆွဲထုတ်ယူသည့် နှုန်းသည် ပို၍ များသဖြင့် ရေတွင်းများ ခမ်းခြောက်ကုန်သည်။
• မြေအောက်ရေကြောသည် ငန်လာလျှင် သို့မဟုတ် ညစ်ညမ်းလာလျှင် ရေတွင်းများအား ဆက်လက် အသုံးမပြုတော့ချေ။
ထောက်ရှုရန် မေးခွန်း
ရေရှားပါးလာလျှင် ၎င်းတို့ နေ့တဓူဝ လုပ်မည့် အလုပ်များအား မည်သို့ စီမံလုပ်ဆောင်နိုင်ကြမည်နည်း။ အကယ်၍ လူအများ ရေရှားပါးမှု ကြုံလာလျှင် ၎င်းတို့၏ တကိုယ်ရေ တကာယ သန့်ရှင်းရေးနှင့် သန့်ရှင်းရေး အတွက် မည်သို့ ဖြစ်ရှင်းနိုင်ကြပါမည်နည်း။
လက်တွေ့လုပ်ဆောင်ရန်
မိမိနေထိုင်ရာ ဒေသအနီးအနားရှိ ကျေးရွာ/ ကျေးလက်ဒေသ တစ်ခုသို့ သွား၍ ၎င်းတို့ အသုံးပြုနေသော ရေတွင်းများအား လေ့လာပါ၊ ထိုရေတွင်းအား မည်သူတို့ အသုံးပြုနေကြပါသနည်း။
ရေသောက်လိုသည့် အချိန်တိုင်းတွင် ရေခွက်၏ တဝက်သာ ရေဖြည့်ပါ၊ လိုအပ်မှာသာလျှင် ကျန်သည့် ရေခွက် တဝက်အား ရေထပ်ဖြည့်ပါ။
အပိတ်ဆုတောင်း
အိုသခင်၊ ရေရှားပါးလာခြင်းကြောင့် နေအိမ်မှာ ဝေးကွာသည့် နေရာအထိ သွား၍ ရေခပ်ဆင်းကြသော အမျိုးသမီးများအားလုံး အတွက် ကျွန်ုပ်တို့ ဆုတောင်းပေးပါသည်။ ထိုသူတို့အား ကောင်းချီးပေးတော်မူပါ။ ထိုအမျိုးသမီးတို့၏ ဝန်ထုတ်ဝန်ပိုးအား လျော့ပါးစေတော်မူပါ။ အမျိုးသမီးများအား အမျိုးသားတို့က ပံ့ပိုးရန် အလင်းကျေးဇူးပေးတော်မူပါ။
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။
အာမင်။
Translated by Lawrence Jangma Mung Song

2020-09-09 08:51:16
NEWS AND EVENTS