Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

သောက်ရေသန့် ရနိုင်မှု
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၁၅ ရက်နေ့၊ ၂၀၂၀ ခုနှစ်



ထောက်ရှုချက်

လူအားလုံးကို ခွဲခြား ဆက်ဆံမှု မရှိပဲ ဂုဏ်သိက္ခာနှင့် အညီ သောက်ရေသန့်အား ပုံမှန် အစဉ်မပြတ် ရရှိနိုင်ရေး အတွက် ရဟန်းမင်းကြီး ရုံးအဖွဲ့နှင့် ကက်သလစ် အသင်းတော်က စဉ်ဆက်မပြတ် အားပေးတိုက်တွန်းလေ့ရှိသည်။ ထို့အပြင် ရေအရည်အသွေးသည်လည်း အရောင်မရှိ၊ အနံ့မရှိ၊ ကောင်းမွန်သော အရသာ စသည့် ကောင်းမွန်သော အရည်အသွေး ရှိရပါမည်။

ထောက်ရှုရန် မေးခွန်း

ဆင်းရဲနွမ်းပါးသော သူများသည် သောက်ရေသန့် မရရှိခြင်းကြောင့် မည်သို့ သက်ရောက်မှု ရှိသနည်း။

လက်တွေ့လုပ်ဆောင်ရန်

ခရစ်ယာန် ရပ်ရွာလူထု၏ အကူအညီဖြင့် ဒေသတွင်းရှိ ဆင်းရဲသား ရပ်ကွက်သို့ သွားကာ ၎င်းတို့၌ သောက်ရေသန့် ရှိမရှိ သွားရောက်လေ့လာပါ။ ထိုသူတို့သည် သောက်ရေသန့် မရရှိလျှင် အခြားနေရာမှ သောက်ရေသန့် ရရှိရန် မည်သို့ စီစဉ်ပေးနိုင်မည်နည်း။
ဘေးကင်းလုံခြုံသော သောက်ရေသန့် ရရှိစေရန် ရိုးရှင်းသော နည်းလမ်းများအား လေ့ကျင့်သင်ယူပါ။
ရေအား ရေစစ် ကိရိယာများဖြင့် စစ်ယူခြင်း သို့မဟုတ် ရေကြိုချက်ခြင်းတို့ ပြုလုပ်ပါ။

အပိတ်ဆုတောင်း

အိုသခင်၊ သောက်ရေသန့် ရရှိရန် ခက်ခဲကြသည့် အိမ်ရာမဲ့များ၊ ဆင်းရဲသား ရပ်ကွက်တွင် နေထိုင်သူများ အတွက် ကျွန်ုပ်တို့ တောင်းလျှောက်ပါသည်။
ထိုသူတို့ နေ့တဓူဝ ကြုံတွေ့နေသော အခက်အခဲများအား ဖြေရှင်းရာ၌ လည်းကောင်း၊ အာဏာပိုင်များထံမှ သောက်ရေသန့် ရရှိရေး တရားမျှတစွာ ကြိုးပမ်းရာ၌ လည်းကောင်း ၎င်းတို့အား ခွန်အားပေးသနားတော်မူပါ။

ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။

အာမင်။

Translated by Lawrence Jangma Mung Song


2020-09-14 07:36:02
NEWS AND EVENTS