Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

အခြေခံကျသော၊ လူသားအားလုံးနှင့် သက်ဆိုင်သော လူ့အခွင့်အရေး
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၁၆ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

ရေသည် လူသားအပေါင်း အသက်ရှင် နေထိုင်ရေး အတွက် အဓိကကျသောကြောင့် ရေရရှိမှု အခြေအနေအား အခြားသော လူ့အခွင့်အရေး ပြဠာန်းချက်များ နှင့် နှိုင်းယှဉ်သတ်မှတ်ကာ ဘေးကင်းသန့်ရှင်းသော သောက်သုံးရေး ရရှိရေးသည် အခြေခံကျသော လူ့အခွင့်အရေး အဖြစ် အသင်းတော်က လက်ခံ အသိအမှတ်ပြုသည်။  

ထောက်ရှုရန် မေးခွန်း

ဘေးကင်းသန့်ရှင်းသော သောက်ရေသန့် ရရှိရေးသည် အခြေခံကျသော၊ လူသားအားလုံးနှင့် သက်ဆိုင်သော လူ့အခွင့်အရေး ဖြစ်လျှင် လူထု ရေရရှိစေရန် အတွက် အဓိက မည်သူ တာဝန်ရှိသနည်း။ အာဏာပိုင် အဖွဲ့အစည်း၊ အစိုးရဌာနတို့သည် လူထု ရေရရှိစေရန် မည်သို့ ပိုမို တာဝန်ခံမှု ရှိစေပါမည်နည်း။

လက်တွေ့လုပ်ဆောင်ရန်

မိမိ ပတ်ဝန်းကျင်၊ သို့မဟုတ် နီးစပ်ရာ စည်ပင်သာယာ နယ်နိမိတ်ရှိ ပြည်သူ အားလုံးသည် စည်ပင်သာယာ အဖွဲ့၊ သို့မဟုတ် အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ ရေရရှိမှု ရှိမရှိအား လေ့လာပါ။
ထိုဒေသတို့၌ ရေမရရှိသော သူများ ရှိပါသလား၊ ရေမရရှိလျှင် ရေ မရသည့် အကြောင်းရင်းအား လေ့လာပါ။
ထိုဒေသများ၌ ဒေသခံများ ရေမရရှိလျှင် ထိုဒေသရှိ ရပ်ရွာအုပ်ချုပ်ရေး ရုံးသို့ အွန်လိုင်းမှ တိုက်တွန်းတောင်းဆိုမှုမျိုး လုပ်ဆောင်နိုင်ပါသလား။

အပိတ်ဆုတောင်း

အိုသခင်၊ ဆင်းရဲမွဲတေမှုနှင့် အပယ်ခံ ရခြင်းကြောင့် သောက်ရေသန့် ရရှိရန် ခက်ခဲကြသူများ၊ သောက်ရေသန့် မရရှိကြသူများ အတွက် ကျွန်ုပ်တို့ တောင်းလျှောက်ပါသည်။
အိုသခင်၊ ကျွန်ုပ်တို့ နိုင်ငံရှိ မူဝါဒရေးရာ ချမှတ်သူတို့သည် မူဝါဒ ချမှတ်သည့် အခါ၌ ဆင်းရဲမွဲတေသူများ ထိခိုက်သက်ရောက်မှု မရှိစေရန် ဉာဏ်အလင်းပေး၊ လမ်းညွှန်ပေးတော်မူပါ။

ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။

အာမင်။

Translated by Lawrence Jangma Mung Song


2020-09-15 06:23:14
NEWS AND EVENTS