Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ရေသန့်စင်ခြင်း
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၁၈ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

အမှိုက်အညစ်အကြေး လျော့ပါးရေးနှင့် ရေဆိုးရေညစ်မှ ရေသန့်စင်ရေးထက် ပိုမို လုပ်ဆောင်ကြဖို့ ဖြစ်နိုင်ချေရှိပါသည်။ စွန့်ထုတ်ပြီးသော ရေဆိုးအား ရေသန့်စင်ခြင်းမှ ရလာသော ရေအား လယ်ယာ စိုက်ပျိုးရေး နှင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရေး အတွက် အသုံးပြုခြင်းသည် အစားအသောက် ထုတ်ကုန် တိုးမြှင့်ရေးနှင့် စွမ်းအင် ရရှိရေး အတွက် အခွင့်အလမ်းများ ပိုမိုများပြားစေနိုင်သလို သောက်ရေသန့် ထပ်တိုး လိုအပ်ချက်များကြောင့် ဖြစ်လာသော အလုပ်ဖိအားကိုလည်း လျော့ကျစေပါသည်။

ထောက်ရှုရန် မေးခွန်း

သင့်မိသားစု၌ ရေချိုးသန့်စင်ရန်၊ အသီးအရွက် ဆေးရန်၊ အဝတ်လျှော်ရန်၊ ပန်းကန်ဆေးရန် အတွက် ပြန်လည် အသုံးချပြီးသော ရေအား အသုံးပြုပါသလား။ အထက်ဖော်ပြပါ အိမ်အလုပ်များ၌ အသုံးချပြီးသော ရေအား ပြန်လည် အသုံးချနိုင်မည့် နည်းလမ်းများအား စိတ်ကူးစိတ်သန်းကောင်းဖြင့် ဖော်ပြပါ။

လက်တွေ့လုပ်ဆောင်ရန်

(အဝတ်လျှော်၊ အသီးအရွက် ပန်းကန်ဆေး၊ ရေချိုးသန့်စင်ခြင်းမှ ရလာသော ရေ) Greywater နှင့် (အိမ်သာအတွင်း အသုံးပြုပြီးသော ရေ) Blackwater အကြား ကွဲပြားချက်တို့အား လေ့လာပါ။
အသီးအနှံ၊ အရွက်များအား ဆေးကြောသည့် အခါ၌ ရေပိုက်မှ ရေဖွင့်ချသည့် အောက်တွင် ဆေးနေခြင်းထက် ရေထည့်ထားသော ရေဇလုံအိုးတွင်း၌ စိမ်၍ ဆေးပါ။ ယင်းနောက် ၎င်းရေအား အိမ်သာအတွင်း ရေပုံးအတွင်းသို့ ထည့်၍ နောက်တစ်ဖန် ပြန်အသုံးပြုပါ။

အပိတ်ဆုတောင်း

အိုသခင်၊ လူသားနှင့် သဘာဝ လောက ရေရှည်တည်တံ့ရန်နှင့် သက်ရှည်ကျန်းမာရန် အလို့ငှာ ကျွန်ုပ်တို့အား သောက်သုံးရေအား ပေးသနားသည့် ကိုယ်တော်ရှင်အား ကျေးဇူးတင်ပါသည်။
သောက်သုံးရေအား စနစ်တကျ အသုံးချနိုင်ရန်နှင့် ဖြစ်န်ိုင်လျှင် အသုံးချပြီးသော ရေအား ပြန်လည် သုံးစွဲနိုင်ရန် စိတ်ခွန်အားကို ပေးတော်မူပါ။

ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။

အာမင်။

Translated by Lawrence Jangma Mung Song


2020-09-17 07:42:28
NEWS AND EVENTS