Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

တောင်ငူ ဂိုဏ်းအုပ်သသနာ ဆရာတော် နှင့် ရဟန်းတော်များ ၏ နှစ်ပတ်လည် ဝတ်စောင့်ပွဲ နှင့် အစည်းအဝေး

တောင်ငူကက်သလစ်သာသနာ ဆရာတော်နှင့်ရဟန်းတော်များ နှစ်ပတ်လည် ဝတ်စောင့်ခြင်းနှင့် အစည်းအဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၆ အထိ တောင်ငူမြို့ ကက်သလစ်ဆရာတော်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဝတ်စောင့်ခြင်းကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ ၆ ရက်တာ ကျင်းပပြုလုပ်ခဲ့ကြပြီး ၄ ရက်တာ အစည်းအဝေးကို ဒီဇင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့ အထိ ဆက်တိုက်ကျင်းပခဲ့ကြသည်။
ဒီဇင်ဘာလ ၂ရက် တနင်္ဂနွေနေ့တွင် ဆရာတော် အိုက်ဇက်ဓါနု နှင့်ရဟန်းတော်များ စုပေါင်းမစ္ဆားတရားတော်မြတ်၌ ဆီများကောင်းချီးပေးခြင်း အခမ်းအနားကိုလည်း ပြုလုပ် ခဲ့သည်။ ၎င်းအခမ်းအနားတွင် ဆရာတော်၊ ရဟန်းတော်များအတွက် အလှူရှင်များနှင့် ဘာ သာသူများမှ လှူဒါန်းပေးသော လှူဖွယ်ဝထ္ထုပစ္စည်းများကို တောင်ငူကျောင်းထိုင် Rev. Fr. ဂျွန်ဖိုးမင်း မှ ဦးဆောင်လျက် ဘာသာတူများနှင့်အတူ စီတန်းလှည့်လည်ကာ ကျောင်းတိုက်သို့ သွားရောက် ပေးလှူဆက်ကပ်ခဲ့ကြပါသည်။
၎င်းဝတ်စောင့်ခြင်းတွင် ရဟန်းတော် (၆၃) ပါး ပါဝင်ခဲ့ကြပါသည်။
ဒက်ဇူးမယ်(I.S.R)


2019-01-04 04:31:44
NEWS AND EVENTS