Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

အများအကျိုး ဖြစ်ထွန်းစေသည့် သောက်သုံးရေ
(ဖန်ဆင်းခြင်း၏ ရာaသီစက်ဝန်း)

စက်တင်ဘာလ ၁၉ ရက်နေ့၊ ၂၀၂၀ ခုနှစ်

 



ထောက်ရှုချက်

နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာ ဆုံးဖြတ်ချက်များ သို့မဟုတ် ရေပေးဝေရေး အတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ စီးပွားရေး ဆိုင်ရာ အကျိုးအမြတ် အပေါ်သာ အခြေပြုသည့် ပုံစံထက် အများအကျိုးအတွက် ရည်ရွယ်၍ ဆုံးဖြတ်ချက် ချမှတ်ရန် လိုအပ်သည်။
(ဥပမာ - သကြား စိုက်ပျိုးထုတ်လုပ်ရေး၊ ဘီယာချက် လုပ်ငန်း သို့မဟုတ် ရေသန့်လုပ်ငန်း စသည့် စီးပွားရေး လုပ်ငန်းများသို့သာ ဦးတည် ရေပေးဝေခြင်း မပြုပဲ ဒေသခံများ အသုံးပြုရန် သောက်သုံးရေအား ပေးနိုင်ရမည်။)

ထောက်ရှုရန် မေးခွန်း

ဂက်စ် ကာဗွန်ပါသော အချိုရည် ဘီယာများအား မကြာခဏ သောက်သုံးပါသလား။ ထိုသို့ သောက်သုံးခြင်းဖြင့် ကျန်းမာရေး အတွက် ထိခိုက်မှု ရှိကြောင်း သင်သိပါသလား။

လက်တွေ့လုပ်ဆောင်ရန်

မိမိ အိမ်၌ အပါတ်တိုင်း ကာဗွန်ပါသော အချိုရည် ဘီယာ သောက်သုံးခြင်းအား စာရင်း ပြုစုထားပါ။
မိမိ အိမ်နှင့် ပါတီပွဲများ၌ ကာဗွန်ပါသော အချိုရည်၊ ဘီယာများ မသောက်သုံးမိအောင် စိတ်ဆုံးဖြတ်ပါ။
၎င်းတို့ကို သောက်မည့် အစား သံပရာရည် သို့မဟုတ် အိ်မ်တွင် ပြုလုပ်သော သဘာဝ အချိုရည်ကို သောက်သုံးပါ။  

အပိတ်ဆုတောင်း

အိုသခင်၊ အရသာရှိသော အရာများအားလုံးသည် ကျွန်ုပ်တို့၏ ကျန်းမာရေး အတွက် အကျိုးမပြုကြောင်း သဘောပေါက်ရန် ကူညီပေးတော်မူပါ။ ကျွန်ုပ်တို့၏ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်စေသော အစားအသောက်များအား ပိုမို သတိပြုမိနိုင်ရန် ကူညီမစတော်မူပါ။
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။

အာမင်။

Translated by Lawrence Jangma Mung Song


2020-09-18 08:39:41
NEWS AND EVENTS