Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

တာဝန်သိ နိုင်ငံသားများ ဖြစ်စေရန် ဖိတ်ခေါ်ခြင်း
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၂၁ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

နိုင်ငံသားများနှင့် အသင်းအဖွဲ့များသည် ရပ်ရွာ စည်ပင်သာယာရေး သို့မဟုတ် ရပ်ရွာ အုပ်ချုပ်ရေး ကောင်စီ အဖွဲ့များတွင် ရေစီမံခန့်ခွဲရေး ပေါ်လစီ မူဝါဒများ ချမှတ်ရာ၌ ပူးပေါင်းပါဝင်ကြရန်နှင့် ရေပေးဝေသည့် လုပ်ငန်း ပုံမှန် လည်ပတ်မှုနှင့် ရေ အရည်အသွေးအား စောင့်ကြည့်အကဲခတ်ရန် တိုက်တွန်းပါသည်။

ထောက်ရှုရန် မေးခွန်း

ရေပေးဝေသည့် သက်ဆိုင်ရာ ဌာန အနေဖြင့် သောက်သုံးရေ စီမံခန့်ခွဲမှု အပိုင်းတွင် အများ ပါဝင်နိုင်ရန် ကျွန်ုပ်တို့ တိုက်တွန်းဖူးပါသလား။ နိုင်ငံသားတို့၏ တာဝန် အခွင့်အရေးအား အသုံးချရန် မည်သည်က ကျွန်ုပ်တို့အား တားဆီးထားပါသနည်း။

လက်တွေ့လုပ်ဆောင်ရန်

လူမှုဖူလုံရေး ဆိုင်ရာ အသင်းအဖွဲ့၏ အကူအညီဖြင့် သို့မဟုတ် ခရစ်ယာန် အသ်ိုင်းအဝိုင်း အဖွဲ့ဝင်များ၏ အကူအညီဖြင့် ရပ်ရွာအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ကာ ဒေသခံများ ရေမရရှိသည့် အခြေအနေအား ရုံးအရာရှိနှင့် ဆွေးနွေးပါ။

အပိတ်ဆုတောင်း

အိုသခင်၊ နိုင်ငံသား တစ်ဦး၏ တာဝန်ဝတ္တရားများအား ထမ်းဆောင်သော တာဝန်သိ နိုင်ငံသားများ ဖြစ်စေရန် ကျွန်ုပ်တို့အား ခွန်အားကျေးဇူးပေးသနားတော်မူပါ။
ဆင်းရဲနွမ်းပါးသူများ ရှိသည့် ရပ်ရွာဒေသများတွင် သောက်သုံးရေ ရရှိနိုင်စေရန် အလို့ငှာ ကျွန်ုပ်တို့သည် နိုင်ငံ့ ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်တတ်ကြပါစေ။
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။

အာမင်။

Translated by Lawrence Jangma Mung Song


2020-09-20 08:23:43
NEWS AND EVENTS