Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဓာတုဗေဒ အဆိပ်သင့်ပစ္စည်းများ
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)

စက်တင်ဘာလ ၂၃ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

ပတ်ဝန်းကျင်၌ ရေအဆိပ်သင့်ခြင်းသည် ကမ္ဘာအဝှမ်း စိုက်ပျိုးရေး ကဏ္ဍ၌ ဓာတုဗေဒ ပစ္စည်းများ အလွန်အမင်း အသုံးပြုခြင်းကြောင့် ဖြစ်ပြီး ထိုစိုက်ပျိုးရေး ကဏ္ဍတွင် တာဝန်ရှိသည်။ သဘာဝ ပတ်ဝန်းကျင်အား အလေးမထားကြသည့် သူများသည် သဘာဝ ပတ်ဝန်းကျင်အား ဆိုးဆိုးဝါးဝါး ထိခိုက်စေသည့် အတွက်ကြောင့် တံငါသမားများနှင့် ငါးလုပ်ငန်း လုပ်ကိုင်သူများသည် ၎င်းတို့၏ လုပ်ငန်းများ ယိုယွင်းထိခိုက်လာမှုကို မြင်နေရပေသည်။

ထောက်ရှုရန် မေးခွန်း

ကျွန်ုပ်တို့၏ ကျန်းမာရေးအား ထိခိုက်စေရုံမျှမက ရေ ညစ်ညမ်းစေခြင်း၊ ရေ အဆိပ်သင့်စေခြင်းတို့ ဖြစ်ပွားစေသည့် ဓာတုဗေဒ ပစ္စည်းများ အသုံးပြုမှု အကြောင်း သင် သိပါသလား။
အကြီးစား လုပ်ငန်းရှင်များက စိုက်ပျိုးရေးတွင် ဓာတုဗေဒ အလွန်အကျွံ သုံးစွဲခြင်းနှင့် အလွန်အကျွံ ငါးဖမ်းခြင်းကြောင့် အသေးစား စိုက်ပျိုးရေးသမားများနှင့် အသေးစား ငါးလုပ်သားများသည် သက်ရောက်မှုများအား မည်သို့ ကြုံကြိုက်နိုင်ပါသနည်း။
စွန့်စပ်ပစ္စည်းများကြောင့် မသန့်သော ရေအား သောက်သုံးလျှင် ဖြစ်နိုင်သည့် ဆိုးကျိုးများအား ဖော်ပြပါ။  

လက်တွေ့လုပ်ဆောင်ရန်

ရပ်ရွာဒေသများနှင့် မဝေးကွာသော နေရာတွင် တည်ရှိသော စက်ရုံများကြောင့် ဖြစ်သည့် စွန့်ပစ်ရေ၊ စွန့်ပစ် ပစ္စည်းများသည် ဒေသခံများ၏ ကျန်းမာရေးနှင့် သက်မွေးဝမ်းကြောင်း အလုပ်အက်ိုင်အား မည်သို့ သက်ရောက်မှုရှိသည်ကို လေ့လာပါ။
ဥပမာ - အိန္ဒိယနိုင်ငံ Kerala ဒေသတွင် ဖြစ်ပွားခဲ့သော ကိစ္စမျိုးအား လေ့လာပါ။
မီးဖိုချောင်၊ အိမ်သာ ရေချိုးခန်း၊ နေအိမ်သန့်ရှင်းရေး လုပ်သည့် အခါတွင် ဓာတုပစ္စ်ညးများ အသုံးပြုခြင်းအား ရှောင်ကြဉ်ပါ။ အဘယ်ကြောင့် ဆိုသော် ထိုသို့ ဆေးကြောခြင်းဖြင့် စွန့်ထုတ်ရေများသည် အဆိပ်အတောက် ဖြစ်ကာ မြေလွှာအား ဆိုးကျိုးသက်ရောက်စေသောကြောင့် ဖြစ်ပါသည်။

အပိတ်ဆုတောင်း

အိုသခင်၊ အကြီးစား စိုက်ပျိုးထုတ်လုပ်ရေးနှင့် အကြီးစား ငါးဖမ်းလုပ်ငန်းများမှ တဆင့် အကျိုးအမြတ်များစွာ ရရှိရန် လုပ်ဆောင်ကြသည့် စက်ရုံလုပ်ငန်းများကြောင့် သက်မွေးဝမ်းကြောင်း လုပ်ငန်းများ ထိခိုက်နေရသည့် အသေးစား စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် သာမန် ငါးဖမ်းသူများ အတွက် ကျွန်ုပ်တို့ ဆုတောင်းပေးပါသည်။
အိုသခင်၊ ၎င်းတို့သည် ကိုယ်ပိုင် အခွင့်အရေးများအတွက် တန်ပြန်ဆောင်ရွက်နိုင်မည့် မျှော်လင့်ချက်နှင့် ခွန်အားများအား ပေးသနားတော်မူပါမည့် အကြောင်း
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။

အာမင်။

Translated by Lawrence Jangma Mung Song


2020-09-22 07:41:45
NEWS AND EVENTS