Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဗန်းမော် ဂိုဏ်းအုပ် သာသနာ ဆရာတော် နှင့် ဘုန်းတော်ကြီးများ ၏ နှစ်ပတ်လည် ဝတ်စောင့်ခြင်း နှင့် အစည်းအဝေး

- ဗန်းမော်၊ ဒီဇင်ဘာ ၉-
နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ နှင့် ဒီဇင်ဘာလတွင် ပြုလုပ်လေ့ရှိသော ဗန်း မော် ဂိုဏ်းအုပ် သာသနာရှိ နှစ်ပတ်လည် ဝတ်စောင့်ခြင်း နှင့် အစည်းဝေးကို ယခုနှစ် ၂၀၁၈ ဒီဇင်ဘာလ ၉ ရက်မှ ၁၅ ရက်အထိ စိန်ပတ်ထရိတ် ကာသီဒြယ် ဘုရားရှိခိုး ကျောင်းဝင်းရှိ ဘုန်းတော်ကြီး နေအိမ် သုံး ထပ်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိ ရသည်။
နှစ်ပတ်လည်ဝတ်စောင့်ခြင်းကို ဒီဇင်ဘာလ ၉ ရက်မှ ၁၂ ရက်အထိ ပြု လုပ်ပြီး ဘားအံ ဂိုဏ်းအုပ် သာသနာ ဆရာ တော် ဂျပ်စတင်း စောမင်းတိုက် မှ ဦး ဆောင် သြဝါဒပေးခဲ့ပါသည်။
ဆရာတော်မှ ဘုန်းတော်ကြီးများ ၏ ဝတ်စောင့်ခြင်းတွင် ပထမနေ့၌် သန့်ရှင်း သော ဝိညာဉ်တော် (Holy Spirit)၊ ပျို ကညာ စင်မယ်တော် မာရီယား (Blessed Virgin Mary)၊ ကက်သလစ် ရဟန်း (Catholic Priest) ခေါင်းစဉ်များ ဖြင့် လည်း ကောင်း၊ ဒုတိယနေ့တွင် ရဟန်းတို့၏ ညီ ရင်းအစ်ကို ကဲ့သို့သော ခင်မင်ရင်းနှီးမူ (Priestly fraternity)၊ နှိမ့်ချခြင်းနှင့် မာန တရား (Humility and Pride)၊ သေခြင်း တရား (Death) ခေါင်းစဉ်များဖြင့် လည်း ကောင်း၊ တတိယနေ့တွင် နာခံခြင်း (Obedience )၊ ခရစ်ယာန် အဖွဲ့အစည်းများ (Christian Communities)၊ ဆုတောင်း ခြင်းနှင့်အလုပ် ( Prayer and Work )ခေါင်းစဉ်များဖြင့်လည်းကောင်း တရား သြဝါဒ ပေးခဲ့ပါသည်။
ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် ဝတ်စောင့်ခြင်းကို အဆုံးသတ်ကာ ဝတ်စောင့်ခြင်းကို ဦးဆောင် ပေးခဲ့သော ဆရာတော်ဂျပ်စတင်း စောမင်းတိုက်အား အမှတ်တရလက်ဆောင်နှင့်အတူ ကချင် အဆင်းပါရှိသော ကချင်အကျီ နှင့်ကချင် ခေါင်းပေါင်းတို့ဖြင့် ကျေးဇူးတင် ဂုဏ်းပြုချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ညနေပိုင်း တွင် ဝတ်စောင့်ခြင်းကို အောင်မြင်စွာပြီးစီး ကြောင်း ထိမ်းအမှတ်အနေဖြင့် ဂုဏ်ပြုည နေစာဖြင့် တည်ခင်းဧည့်ခံကာ၊ ဒီဇင်ဘာ ၁၃၊ ၁၄ ရက်နေ့တွင် ဂိုဏ်းအုပ်သာသနာ တစ်ခုလုံး၏ လိုအပ်ချက်များကို နှစ်ပတ် လည် အစည်းအဝေးတွင် ထည့်သွင်း ဆွေး နွေးခဲ့ကြောင်းသိရသည်။ ဤနှစ်ပတ်လည် ဝတ်စောင့်ခြင်းနှင့် အစည်းအဝေးသို့ ဗန်း မော် ဂိုဏ်းအုပ် သာသနာအတွင်းရှိ ဘုန်း တော်ကြီးများ အားလုံး ပါဝင်တက်ရောက်ခဲ့ ကြကြောင်းသိရသည်။
ND


2019-01-04 04:34:14
NEWS AND EVENTS