Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document
ဒေသခံ ရပ်ရွာအသိုင်းအဝန်းများအား ထောက်ပံ့ကူညီပေးခြင်း
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)
 
စက်တင်ဘာလ ၂၅ ရက်နေ့၊ ၂၀၂၀ ခုနှစ်

ထောက်ရှုချက်

 
သဘာဝ ပတ်ဝန်းကျင်အား အလေးထား တန်ဖိုးထားသည့် စိုက်ပျိုးရေးသမားများ၊ လက်မှုထည်သမားများ၊ မွေးမြူရေး လုပ်ကိုင်သူများနှင့် တံငါသည် ငါးဖမ်းသူများအား အားပေး ပံ့ပိုးပေးသင့်ပါသည်။ ထို့အတူ ရေချွေတာရေး အတွက် ရေသိုလှောင်ကြသူများ၊ ရေအရည်အသွေး ဆန်းစစ်ကြသူများ၊ အလေအလလွင့် မရှိပဲ ထိရောက်စွာ ရေသုံးစွဲကြသူများနှင့် သဘာဝ ပတ်ဝန်းကျင် ဘေးထွက်ဆိုးကျိုး မရှိရန်၊ လျှော့ချရန် ကြိုပမ်းနေသူများအားလည်း ထောက်ပံ့ပေးသင့်ပါသည်။
 
ထောက်ရှုရန် မေးခွန်း
 
အကယ်၍ မိုးမမှန်သည့် မုတ်သုန်ရာသီတွင် လယ်သမားများ မည်သည့် အခက်အခဲကို ကြုံနိုင်မည်နည်း။ ရေရှားပါးချိန်တွင် လယ်သမား စိုက်ပျိုးရေးသမားများ မည်သည့် အခက်အခဲများ ကြုံမည်နည်း။ ပုံမှန် ဝင်ငွေ မရတော့မည့် စိုက်ပျိုးရေးသမား၏ မိသားစုတွင် ရေရှားပါးခြင်းကြောင့် မည်သည့် အကျိုးဆက်များ ကြုံတွေ့နိုင်ရပါမည်နည်း။
 
လက်တွေ့လုပ်ဆောင်ရန်
 
မိမိ အိမ်ခြံတွင် စိုက်ပျိုးထုတ်လုပ်သော အသီးအရွက်မှား၊ ငါးဟင်းတို့ကို ပုံမှန် ဝယ်ယူအားပေးပါ။
အဝတ်များ တောင်းအပြည့် ဖြစ်သည့် အခြေအနေမှာသာလျှင် အဝတ်လျှော်စက်ဖြင့် အဝတ်လျှော့်သင့် အကျင့်လုပ်ပါ။
 
အပိတ်ဆုတောင်း
 
အိုသခင်၊ မိုးရေ မျှော်ကိုး၍ စိုက်ပျိုးသူများ၊ ငါးလုပ်ငန်း လုပ်ကိုင်သူများ၊ နှင့် အခြား လူမှုထည် လုပ်ကိုင်သူများ အားလုံးနှင့် ၎င်းတို့၏ မိသားစု အတွက် ကျွန်ုပ်တို့ ဆုတောင်းပါသည်။
စိုက်ခင်း၌ သီးနှံအထွက်ကောင်းရန်နှင့် ၎င်းတို့သည် ရေရရှိရန် အဆင်ပြေပါမည့် အကြောင်း
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။
 
အာမင်။
Translated by Lawrence Jangma Mung Song

2020-09-24 07:20:22
NEWS AND EVENTS