အနာဂတ်မျိုးဆက်များ အတွက် ဘုံအမွေအနှစ်များအား လက်ဆင့်ကမ်းပေးခြင်း
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)
စက်တင်ဘာလ ၂၉ ရက်နေ့၊ ၂၀၂၀ ခုနှစ်
ထောက်ရှုချက်
နိုင်ငံ့ရေပိုင်နက် အတွင်းနှင့် နိုင်ငံ့ရေ ပိုင်နက် ကျော်လွန်သည့် ပင်လယ်ရေအောက် ကြမ်းပြင်နှင့် အလားတူ အရင်းအမြစ်များသည် လူသားအားလုံး၏ ဘုံအမွေအနှစ် ဖြစ်သည်။ ထိုလူ့ဘုံ အမွေအနှစ်အား ကာကွယ်ရမည် ဖြစ်သလို အနာဂတ် မျိုးဆက်များ အတွက်လည်း ၎င်းဘုံအမွေအနှစ်ကို လက်ဆင့် ကမ်းတတ်ဖို့ လိုအပ်ပါသည်။
ထောက်ရှုရန် မေးခွန်း
နေ့စဉ်ရက်ဆက် အသက်အရွယ်ရလာသော ကလေးငယ်များ ကဲ့သို့ နောင်လာမည့် မျိုးဆက်သစ်များ အတွက် မည်ကဲ့သို့သော ကမ္ဘာမြေကို ကျွန်ုပ်တို့ အမွေပေးခဲ့လိုပါသနည်း။
ကျွန်ုပ်တို့သည် အနာဂတ်မျိုးဆက်များအတွက် အမွေကို ခိုးယူဖျက်ဆီးနေသူများ ဖြစ်ပါသလား။
လက်တွေ့လုပ်ဆောင်ရန်
ရေချွေတာ သုံးစွဲတတ်ရန် ကလေးငယ်များအား သွန်သင်ပေးပါ။ မိုးရေခံနည်းနှင့် ၎င်းတို့ မိုးရေအား နေအိမ်တွင် အသုံးပြုနိုင်မည့် ရိုးရှင်းသော နည်းလမ်းများအား သင်ကြားပေးပါ၊ ဤသို့ဖြင့် ကလေးငယ်မာ်းသည် ရေချွေတာသည့် အလေ့အထကို ရရှိလာကြမည် ဖြစ်ပါသည်။
ရေကစား အရုပ်သေနတ်များ၊ ရေပိုက်များနှင့် ရေပန်းများတွင် ရေဖြုန်းတီးမှုများ ဖြစ်လာလျှင် ကလေးငယ်များအား အသိပေးပါ။
အပိတ်ဆုတောင်း
အိုသခင်၊ အနာဂတ် မျိုးဆက်သစ်များအား သဘာဝ သယံဇာတ အရင်းအမြစ်များအား လက်ဆင့်ကမ်း ပေးနိုင်ရန် အလို့ငှာ ဖန်ဆင်းခံ ကမ္ဘာမြေအား တာဝန်ယူစိတ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်စေရန်၊ သစ်ပင်များနှင့် ဘိုးဘေးတို့ အမွေပေးခဲ့သည့် အရင်းအမြစ်များ အားလုံးကို ကာကွယ်စောင့်ရှောက်တတ်ရန် အလို့ငှာ ကျွန်ုပ်တို့အား အားပေးကူညီ၊ အလင်းပေးတော်မူပါမည့် အကြောင်း
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။ အာမင်။
Translated by Lawrence Jangma Mung Song
2020-09-28 08:37:57