လူ့ဘောင်သစ် တစ်ခု အတွက် ပညာရေး
(ဖန်ဆင်းခြင်း၏ ရာသီစက်ဝန်း)
အောက်တိုဘာလ ၂ ရက်နေ့၊ ၂၀၂၀ ခုနှစ်
ထောက်ရှုချက်
ဖန်ဆင်းခံ သဘာဝ တရားဆိုင်ရာ အသိပညာများသည် စိတ်ခွန်အား ရရှိစေရန်နှင့် စိတ်နှလုံးနှိမ့်ချစေရန် အဖိုးတန် သင်ခန်းစာများ စဉ်ဆက်မပြတ် ပေးန်ိုင်သည် ဖြစ်ရာ ထိုအကြောင်းအရာများအား အခြားသူများကို သင်ကြားရမည် ဖြစ်သလို မိမိကိုယ်တိုင်လည်း လေ့လာရပေမည်။
ကျွန်ုပ်တို့သည် ဘုရား မဟုတ်သည့် အတွက် ကျွန်ုပ်တို့ လူသားတွင် ကန့်သတ်မှုများ ရှိနေပါသည်။
ကမ္ဘာမြေကြီးသည် ကျွန်ုပ်တို့ လူသားများ မတိုင်မီကတည်းက တည်ရှိခဲ့သလို ကမ္ဘာမြေအား ကျွန်ုပ်တို့ကို ပေးအပ်ထားသည့် လက်ဆောင်မွန် ဖြစ်ပါသည်။
ထောက်ရှုရန် မေးခွန်း
“ကျွန်ုပ်တို့သည် ဘုရား မဟုတ်သည့် အတွက် ကျွန်ုပ်တို့ လူသားတွင် ကန့်သတ်မှုများ ရှိနေပါသည်။
ကမ္ဘာမြေကြီးသည် ကျွန်ုပ်တို့ လူသားများ မတိုင်မီကတည်းက တည်ရှိခဲ့သလို ကမ္ဘာမြေအား ကျွန်ုပ်တို့ကို ပေးအပ်ထားသည့် လက်ဆောင်မွန် ဖြစ်ပါသည်။”
အထက်ဖော်ပြပါ စကားစုအား ဖတ်၍ မည်သည့် အတွေးပေါ်လာပါသနည်း၊ မည်သို့ ထောက်ရှု သုံးသပ်မိပါသနည်း။ ဖန်ဆင်းခံ သဘာဝ ပတ်ဝန်းကျင်အား ဂရုပြုမည့် အကြောင်းအား အခြားသူများအား မည်သို့ သင်ကြားပြောပြမည်နည်း။
လက်တွေ့လုပ်ဆောင်ရန်
မိသားစု တစ်ခု အနေဖြင့် ရေချွေတာမည့် နည်းများအား စာရွက်ပိုစတာကြီးပေါ်တွင် ရေးဆွဲကာ ၎င်းအား အိမ်ရှေ့တံခါး အနီး နံရံ၌ ကပ်စွဲထားပါ။ ၎င်းပိုစတာအား ဖတ်သည့် သူများအား ထောက်ရှုရမည့် မေးခွန်း တစ်ခုအား ပိုစတာတွင် ပါဝင်ရေးသားထားပါ။
အပိတ်ဆုတောင်း
အိုသခင်၊ ရေအား အလဟသ မလုပ်မိစေရန်၊ အလေအလွင့် မရှိစေရန် ထိန်းသိမ်းစောင့်ရှောက်တတ်သည့် ကျေးဇူးတော် ပေးသနားတော်မူပါ။ ရေချွေတာ စုဆောင်းမည့် နည်းလမ်းများအား အခြားသူများအား သွန်သင်ပြောပြမည့် ဉာဏ်အလင်းအား သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ပေးတော်မူပါ။
ကျွန်ုပ်တို့ သခင်၊ ယေဇူးခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ကြပါသည်။ အာမင်။
Translated by Lawrence Jangma Mung Song
2020-10-01 08:18:19