Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကွယ်လွန်သူတို့အဖို့ဆုတောင်းပေးရသော အင်ဒူဂျင်းသျှားကာလကို

နိုဝင်ဘာလတစ်လျှောက်လုံး တိုးမြှင့်ထားခြင်း

နိုဝင်ဘာလတွင်ပြုလုပ်မြဲဖြစ်သော ကွယ်လွန်သူတို့အဖို့ စုံလင်သောအင်ဒူဂျင်းသျှားနှင့် ပတ်သက်၍ သင့်လျော်သောအစီအစဉ်များချမှတ်ပေးပါရန် သာသနာတော်၏ တာဝန်ရှိသူများကတောင်းဆိုကြသဖြင့် “ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ မိမိ၏ အထူးလုပ်ပိုင်ခွင့်အာဏာကိုအသုံးပြု၍”ယခင်ပုံစံနှင့်မတူသော ပြုပြင်ပြောင်းလဲမှုအချို့ကို ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) ၏ပွဲနေ့ဖြစ်သည့် အောက်တိုဘာလ (၂၂) ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး သောကြာနေ့ (၂၃ ရက်) ၌ ထုတ်ပြန်ကြေညာလိုက်သည်။။
နိုဝင်ဘာလအတွင်း စုံလင်သောအင်ဒူဂျင်းသျှား
ကိုရိုနာကပ်ရောဂါကြောင့်သော်လည်းကောင်း၊ လူစုလူဝေးကို ရှောင်ကြဉ်ရခြင်းကြောင့် သော်လည်းကောင်း သင်္ချိုင်းသို့သွားရောက်၍ ကွယ်လွန်သူတို့အဖို့ဆုတောင်းခြင်းဖြင့် အင်ဒူဂျင်းသျှားရရှိနိုင်သည့်ကာလကို ယခင်နှစ်များတွင်သတ်မှတ်ထားသည့် (နိုဝင်ဘာလ ၁-၈ ရက်) အပြင် အချိန်ကာလတိုးမြှင့်ပေးလိုက်ပြီဖြစ်သည်။ ယခုနှစ်တွင်မူ နိုဝင်ဘာလအတွင်း မည်သည့်နေ့ရက်တွင်မဆို သင်္ချိုင်းသို့သွားရောက်ခြင်းဖြင့်လည်းကောင်း၊ အတွင်းစိတ်အားဖြင့် လည်းကောင်း၊ ကွယ်လွန်သူတို့အဖို့ အထူးဆုတောင်းပေးခြင်းဖြင့် အင်ဒူဂျင်းသျှားကို ရရှိနိုင်သည်။
ကွယ်လွန်သူတို့အဖို့ ဆုတောင်းရသောနေ့ အတွက် စုံလင်သောအင်ဒူဂျင်းသျှား
ယခုနှစ်တွင် All Souls’ Day ဖြစ်သော နိုဝင်ဘာလ (၂) ရက်နေ့နှင့်၊ အနီးစပ်ဆုံး တနင်္ဂနွေနေ့တွင်သာမက၊ (နိုဝင်ဘာလအတွင်း) မိမိအတွက်အဆင်ပြေသောနေ့ကိုရွေးချယ်ပြီး ယုံကြည်ခြင်းအချုပ်နှင့် ကောင်းကင်ဘုံမေတ္တာကို ရွတ်ဆိုခြင်းနှင့် အခြားသော လိုအပ်ချက်များကို ပြုလုပ်ဆောင်ရွက်ခြင်းဖြင့် စုံလင်သောအင်ဒူဂျင်းသျှားကို ရရှိနိုင်သည်။
အိမ်တွင်းမှပင်
ကိုရိုနာရောဂါနှင့်ပတ်သက်၍ ကန့်သတ်ချက်များကြောင့်သာမက အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပသို့ထွက်ခွင့်မရနိုင်သူများ မည်သူမဆို “အခြားသောဘာသာတူများနှင့်အတူ စိတ်ဝိညာဉ်အားဖြင့် ပေါင်းစပ်ပါဝင်၍” စုံလင်သောအင်ဒူဂျင်းသျှားကို ရရှိနိုင်မည်ဖြစ်သည်။
ဤအခြေအနေတွင် အပြစ်ကို လုံး၀ရှောင်ကြဉ်ခြင်းနှင့် စုံလင်သောအင်ဒူဂျင်းသျှား ရရှိရန်လိုအပ်ချက်များဖြစ်သော အာပတ်ဖြေခြင်း၊ ကိုယ်တော်မြတ်ပင့်ယူခြင်းနှင့် ရဟန်းမင်းကြီး၏ရည်ရွယ်ချက်များအတွက် ဆုတောင်းခြင်းတို့ကို ဆက်လက်ပြုလုပ်ကြရ မည်ဖြစ်သည်။
သခင်ယေဇူး၏ဆင်းတုတော်ရှေ့ (သို့မဟုတ်) မယ်တော်မာရိယာ၏ဆင်းတုတော် ရှေ့တွင် ဆုတောင်းမှုပြုကြရန်နှင့်၊ ဆုတောင်းမေတ္တာများအနက် ကွယ်လွန်သူတို့အဖို့ ဆိုအပ်သောမေတ္တာ၊ ကရုဏာရှင်ယေဇူးထံပြုအပ်သောမေတ္တာများ ရွတ်ဆိုခြင်း၊ Morning or Evening Prayer from the Office of the Dead၊ စိပ်ပုတီးစိပ်ခြင်း၊ ဈာပနအခမ်းအနားများတွင် ဖတ်ရှုရသည့် ကျမ်းချက်များအပေါ် ကမ္မဌာန်းထောက်ရှုခြင်း၊ ကရုဏာရေးလုပ်ငန်းများကို လုပ်ဆောင်ခြင်းနှင့် မိမိ၏နေ့စဉ်ဘ၀၌ ခံစားရသောဒုက္ခဝေဒနာများ အဆင်မပြေမှုများ အားလုံးကို ဘုရားရှင်ထံပူဇော်အပ်နှံခြင်းများပြုလုပ်ကြရန် အကြံပေးနှိုးဆော်ထားသည်။
ရဟန်းတော်များအတွက် လမ်းညွှန်ချက် -ဖျားနာသူတို့ကို အာပတ်ဖြေနားထောင်ပေးခြင်းနှင့် ကိုယ်တော်မြတ်ပေးခြင်းအတွက် အဆင်သင့်ရှိကြရန်နှင့်၊ ကွယ်လွန်သူတို့အဖို့ ဆုတောင်းရသောနေ့ တွင် မစ္ဆားတရား (၃) ကြိမ်ဟောရန်။
(၂၀၁၈ ပုံရိပ်များ)

2020-10-24 01:07:47
NEWS AND EVENTS