Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ငရဲငယ် မှာရှိသော ဝိညာဉ်များအတွက် သတိရဆုတောင်းပေးရမည့်နေ့မြတ်

ခရစ်တော်၌ချစ်ခင်လေးစာအပ်ပါသော ကက်သလစ်ခရစ်ယာန်ဓမ္မမိတ်ဆွေများနှင့် ဂိုဏ်ပေါင်းစုံခရစ်ယာန်ဘာသာဝင် ဓမ္မမိတ်ဆွေအပေါင်းတို့
၂.၁၁.၂၀၂၀ ခုနှစ် တနလာ်နေ့သည် (ALL SOULS’ DAY ) ငရဲငယ် မှာရှိသော ဝိညာဉ်များအတွက် သတိရဆုတောင်းပေးရမည့်နေ့မြတ်ဖြစ်ပါသည်။ ၎င်းနေ့တွင် ဘုရားကျောင်းများတွင်မစ္ဆားတရား များပူဇော်ခြင်း ရှိပါသည်။ ဓမ္မမိတ်ဆွေများ အားလုံး ONLINE ဖြင့် မစ္ဆားတရားပူဇော်ခြင်း တွင်ပါဝင်ဆုတောင်းကြပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
(CORONA VIRUS) COVID-19 DISEASE ကပ်ရောဂါကြောင့် ယခုနှစ်တွင် ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဉယျာဉ်တော်နှင့် ထိန်ပင်ခရစ်ယာန်ဂိုဏ်းပေါင်းစုံဉယျာဉ်တော်များတွင် မစ္ဆားတရားပူဇော်ခြင်း မရှိပါ။
ငရဲငယ်မှရှိသော်ဝိညာဉ်များအတွက် သတိရဆုတောင်းပေးခြင်းကို လူစုလူဝေး မဖြစ်စေရန် အလို့ငှါ နိုဝင်ဘာလ (၂) ရက်နေ့တွင် အားလုံးသွားရောက်ပါဝင်ဆုတောင်းခြင်းများကိုရှောင်၍၊ နိုဝင်ဘာလ တစ်လလုံး မိမိတို့ အဆင်ပြေသည့်အချိန်များတွင် သွားရောက်ဆုတောင်းကြပါရန်နှင့် နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ထာသည့် (CORONA VIRUS) COVID-19 DISEASE ကပ်ရောဂါကြိုတင်ကာ ကွယ်ခြင်းစည်မျဉ်းစည်ကမ်းများကို တိကျစွာလိုက်နာကြပါရန်
ခရစ်တော်၌ ကြိုတင်အသိပေးအပ်ပါသည်။

2020-10-24 01:44:22
NEWS AND EVENTS