Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မျိုးကြဲသူစာစောင် ရာပြည့်ဂျူဘီလီ

၁၉၁၂ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့က အတွဲ (၁) အမှတ် (၁) ကို ထုတ်ဝေခဲ့သော မျိုးကြဲသူ စာစောင်သည် မြန်မာနိုင်ငံ ကကသလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ လစဉ်ထုတ် ဝိညာဉ်ရေး စာစောင် အနေဖြင့် ၂၀၁၉ ခုနှစ်တွင် အတွဲ ၁၀၀ ပြည့် မြောက် ရာပြည့်ဂျူဘီလီ သို့ ရောက်ရှိမည် ဖြစ်ပါသည်။
ခေတ်ကာလများစွာ၊ လူမှုရေး နိုင်ငံရေး စနစ်မျိုးစုံကြားတွင် ရှင်သန်ခဲ့သော ဤစာ စောင်မှာ ဘုရားသခင်၏ ကျေးဇူးတော်မပါလျှင် ရပ်တည်နိုင်စွမ်းရှိမည် မဟုတ်ပါ။
ဤကျေးဇူးတော်အတွက် ဘုရားသခင်၏ကြီးမြတ်ခြင်းကို ချီးမွမ်းရင်း၊ တစိုက်မတ် မတ် ပေးဆပ်လုပ်ကိုင်ခဲ့ကြသောသူများ၊ ပါဝင်ပံ့ပိုးခဲ့သော ကျေးဇူးရှင်များ၊ စာရေး သားခဲ့ကြသော ကလောင်ရှင်များ စသည့် သေသူရှင်သူများအတွက် ဆုတောင်း ပေးရင်း ကျေးဇူးတင်မစ္ဆားတရားတော်မြတ်ကို ဇန္နဝါရီလ ၁၂ ရက်နေ့တွင် ဖါတီမာ ဘုရားကျောင်း၌ နံနက် ၇း၃၀ နာရီတွင် ကျင်းပပူဇော်ပါမည်။
    ထို့နောက် ဂျူဘီလီ အထိမ်းအမှတ် စာကြည့်တိုက်ဖွင့်ခြင်းနှင့် စာပေဟော ပြောပွဲလည်း ပြုလုပ်မည်။ မိတ်ဆွေများအား ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။

၂၀၁၉ ခုနှစ်  ဇန္နဝါရီလ ၁၂ ရက် စနေနေ့

နံနက် ၇း၃၀    ဂျူဘီလီမစ္ဆားတရားတော်မြတ်
နံနက် ၈း၄၅    မျိုးကြဲသူစာကြည့်တိုက်ဖွင့်ပွဲ
နံနက် ၉း၃၀    မျိုးကြဲသူသမိုင်း တင်ပြခြင်း၊ စာပေဟောပြောပွဲ
        ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)| ဆရာ နေဝင်းမြင့်


2019-01-04 04:42:31
NEWS AND EVENTS