Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မုံရွာမြို့မှ ရဟန်း၊ ကိုရင်၊ သီလှရှင် နှင့် ဘာသာဝင်များ စုပေါင်း၍
အကျဉ်းထောင်သို့ သွားရောက်ကာ ခရစ္စမတ်ပွဲကျင်းပပေးခဲ့

မုံရွာမြို့မှ ရဟန်း၊ ကိုရင်၊ သီလှ ရှင်နှင့် ဘာသာဝင်များသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်တွင် မုံရွာ အကျဉ်း ထောင်သို့ သွားရောက်ကာ ရစ္စမတ်ပွဲကျင်းပ ပေးခဲ့သည်။
အကျဉ်းထောင်သို့ သွားရောက် သည့်အဖွဲ့တွင် မုံရွာအုပ်စုရှိ ရဟန်းတော်များ ဖြစ်ကြသော ဘုန်းတော်ကြီး အန်ထော်နီ ဇော်ဝင်း၊ ဘုန်းတော်ကြီး သြဂတ်စတင်း တင်ထွန်း၊ ဘုန်းတော်ကြီး အောင်ကျော် ဇော်၊ ကိုရင် ရှိန်းထက်အောင်၊ ဂရုဏာရေး သီလှရှင် (၂)ပါး၊ စိန်ဂျိုးဇက် သီလှရှင် (၂)ပါး၊ စိန်အလွှိုက်ရှက် သီလှရှင် (၁)ပါး နှင့် မုံရွာမြို့ အသင်းအဖွဲ့များ ကိုယ်စား ဘာသာ ဝင် (၁ရ) ဦးတို့ ပါဝင်ခဲ့ကြသည်။
အကျဉ်းထောင်အတွင်း ခရစ္စမတ် ပွဲကျင်းပရန် အကျဉ်းဦးစီးမှူး ဗိုလ်မှူး ခင် မောင်ထွန်းမှ ခွင့်ပြုပေးခဲ့ပြီး ရဟန်းတော် များ နှင့် ဘာသာဝင်များ အဖွဲ့သည် အ ကျဉ်းသားများအား ခရစ္စမတ် သီချင်း သီဆို ခြင်း၊ အကများ ကပြခြင်းဖြင့် သတင်း ကောင်းကို ဝေမျှခဲ့ကြသည်။ ထို့နောက် အ ကျဉ်းထောင် ဝန်ထမ်းများနှင့် အကျဉ်းသား (၁၀၀၀) အား ညနေစာ လှူဒါန်းကျွေးမွေး ခဲ့ကြသည်။
အကျဉ်းဦးစီးမှူးဖြစ်သူ ဗိုလ်မှူး ခင်မောင်ထွန်းက ယခုကဲ့သို့ အကျဉ်းသား များကို လာရောက်ကြွေးမွေး၍ ခရစ္စမတ်ပွဲ ကျင်းပပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ပါ ကြောင်း ပြောကြားခဲ့ပြီး နောင်နှစ်များတွင် လည်း လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။
မုံရွာမြို့မှာ ရဟန်းတော်များ နှင့် ဘာသာဝင်အသင်းအဖွဲ့များ စုပေါင်း၍ မုံရွာ အကျဉ်းထောင်တွင် ပြီးခဲ့သည့် သုံးနှစ်မှ စတင်၍ နှစ်စဉ် ခရစ္စမတ်ပွဲ ကျင်းပပေးခဲ့ သည်မှာ ယခုနှစ်တွင် ၃ကြိမ် ပြည့်ခဲ့ပြီ ဖြစ် သည်။
ဝန်းထမ်းများနှင့် အကျဉ်းသား (၁၀၀၀) ကို ကျွေးမွေးရန် ဆန်ခြောက်အိတ်၊ ကုလားပဲတစ်အိပ်၊ ဝက်သား အချိန်(၈၀)၊ ဘာဘရာကျော် (၅) ပိ ဿာ ၊ ဆီ (၁၀) ပိ ဿာ၊ ငရုတ်သီးကြော်၊ အချဉ်ရည်တို့ အ တွက် မုံရွာရှိ ဘာသာဝင်များမှ ထည့်ဝင်လှူဒါန်းပေးခဲ့ကြခြင်းဖြစ်သည်။
Ref: Monywa Sisters
CBCM-OSC

NEWS AND EVENTS