Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဖယ်ခုံဂိုဏ်းအုပ်သာသနာ၏ ကက်သီဒြယ်ကျောင်းသစ်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့
မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံအမတ် ဆရာတော် ပေါလ် ချန်အင်နမ် တက်ရောက်

    ဖယ်ခုံ ဂိုဏ်းအုပ်သာသနာ၏ သာ သနာ့ဗဟို ကျောင်းတိုက်ဖွင့်ပွဲ အခမ်းအနား ကို ဒီဇင်ဘာလ ၁၄ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ရဟန်းမင်း ကြီး၏ ကိုယ်စားလှယ်တော် (သံအမတ်) ပေါလ်ချန်အင်နမ်၊ ဖယ်ခုံ ဂိုဏ်းအုပ် သာသ နာ ဆရာတော်ကြီး ပီတာလှတို့နှင့် သာသ နာ အသီးသီးမှ ဆရာတော် (၇)ပါး တက် ရောက် ပါဝင်ခဲ့ကြသည်။
    အခမ်းအနားတွင် ရဟန်းမင်းကြီး ၏ ကိုယ်စားလှယ်တော် ပေါလ်ချန်အင်နမ်၊ ဖယ်ခုံဂိုဏ်းအုပ် သာသနာဆရာတော်ကြီး ပီတာလှတို့မှာ ဦးဆောင်ပြီး ဖယ်ခုံသာသနာ့ဗဟိုကျောင်းတိုက်သစ်အား ကောင်းချီး ပေးကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
    ကက်သီဒြယ် ဘုရားကျောင်းသစ် ဖွင့်ပွဲတွင် ရဟန်းမင်းကြီး၏ ကိုယ်စားလှယ် တော် ပေါလ်ချန်အင်နမ်မှ အမှာစကား မိန့် ကြားပေးခဲ့ရာတွင် “ဘုရားကျောင်းတော် ဆိုတာ ကျွန်ုပ်တို့ ဘဝအသက်တာရဲ့ ဗဟို ချက်မဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင် ကျိန်းဝပ်တော်မူသော ဗိမာန် တော်ဖြစ်ပြီး ကျွန်ုပ်တို့ ဘဝအသက်တာ အတွက် လိုအပ်သော ကျေးဇူးတော်များကို တောင်းလျောက်ရာ ဘုရားသခင်နဲ့ လာ ရောက်တွေ့ဆုံရာနေရာဖြစ်လို့ပါပဲ။” ဘုရား ကျောင်းသည် ဘုရားနှင့်လူနှင့်ကြား ဆက် သွယ်ရာ ဘုရားသခင်၏ သန့်ရှင်းဌာန ဖြစ်ကြောင်း မိန့်ကြားခဲ့ပြီး ဖယ်ခုံသာသနာ တော်ကြီး အတွက် ဂုဏ်ယူ ဝမ်းမြှောက် ကြောင်း မိန့်ကြားခဲ့သည်။
    ဖွင့်ပွဲအခမ်းအနားသို့ သာသနာ အသီးသီးမှ ဆရာတော်များ၊ ဘုန်းတော်ကြီး များ ၊သီလရှင်များ၊ ကိုရင်များနှင့် ဓမ္မမိတ် ဆွေများ ပါဝင်တက်ရောက် ခဲ့ကြပါသည်။ ဖွင့်ပွဲတွင် ဆရာတော်ကြီးများ၊ ဘုန်းတော် ကြီးများနှင့်အတူ စိပ်ပုတီး စိပ်ခြင်းကိုလည်း ပြုလုပ်ခဲ့ပြီး ညပိုင်းတွင် ဖျော်ဖြေရေး အစီ စဉ်များဖြင့် ဖျော်ဖြေခဲ့ကြသည်။
    ပီးမေသာသနာပြု ဘုန်းတော်ကြီး များ၏ ကြိုးစားအားထုတ်မှုကြောင့် ဖယ်ခုံ တိုက်နယ် အုပ်စုကို ၁၈၈၂ ခုတွင် တည် ထောင် နိုင်ခဲ့ပြီး ပထမဦးဆုံး သစ်သား ကျောင်းဆောင်ငယ် တစ်ဆောင်ကို ၁၉၁၈ ခုနှစ်တွင် ဆောက်လုပ်နိုင်ခဲ့ပြီး ရွှေနှလုံး တော် ဘုရားကျောင်းအဖြစ် အပ်နှံခဲ့ကြ သည်။ ဘာသာဝင်ဦးရေ တိုးပွားလာမှု ကြောင့် ၁၉၂၇ ခုနှစ်တွင် သစ်သားကျောင်း ဆောင်ကို ဖျက်သိမ်း၍ ကွန်ကရစ်ဘုရား ကျောင်းတစ်ဆောင် ထပ်မံဆောက်လုပ်ခဲ့ ကြပြီး ၎င်းကွန်ကရစ် ကျောင်းဆောင်မှာ စစ်ဘေးဒဏ်၊ ငလျင်ဒဏ်မျာနှင့် ၂၀၀၄ ဆူနာမီ ငလျင်ဒဏ်ကို ခံခဲ့ရသည်။ နောက် တစ်နှစ် ၂၀၀၅ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ဘက်နဒစ် (၁၆) မှ ဖယ်ခုံ တိုက်နယ်ကို ဖယ်ခုံသာသနာ အဖြစ်သို့ ကြေညာခဲ့သဖြင့် ရွှေနှလုံးတော် ဘုရား ကျောင်းသည် သာသနာ၏ ဗဟိုဘုရား ကျောင်း ကက်သီဒြယ် အဖြစ်သို့ ရောက်ရှိ လာပြီး ဘုရားကျောင်းဆောင် သစ်ဖြင့် အ စား ထိုးရန်လိုအပ်လာခဲ့သည်။
    ထို့ကြောင့် ၂၀၁၂ ခုနှစ်တွင်ဖယ်ခုံ သာသနာ၏ ပထမဆုံး ဆရာတော်ကြီး ပီတာလှ မှ ကျောင်းဆောင်သစ်ကို အုတ် မြစ် ချပေးခဲ့ပြီး တည်ဆောက်ခြင်း လုပ်ငန်း များ စတင်စေခဲ့သည်။ ကက်သီဒြယ်ကျောင်း တော်သစ်ကြီးကို ဖယ်ခုံ သာသနာနယ် အသီးသီးမှ ဘာသာဝင်များ၏ လှူဒါန်းမှု သာသနာနယ် အသီးသီးနှင့် ရပ်နီးရပ်ဝေး ဘာသာဝင်များ၏ လှူဒါန်းကူညီမှုဖြင့် တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင် ဘာလ ၁၄ ရက် ညနေပိုင်းတွင် ကောင်းကြီး ပေး ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။
ကိုးကား - RVA Myanmar Service

NEWS AND EVENTS