Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာ

(ဘားအံဂိုဏ်းအုပ်သာသနာ)

 

ဆရာတော်ကျောင်းတိုက်

အမှတ် (၄) ရပ်ကွက်၊ သုခမိန်လမ်း

ဘားအံမြို့၊ ကရင်ပြည်နယ်

 

 

သို့

ရဟန်းတော်များ၊ သစ္စာသုံးပါးခံကိုရင်ကြီးများနှင့် သီလရှင်များ၊ ဓမ္မဆရာများနှင့် ဘာသာတူများ လွိုင်ကော်ကက်သလစ်သာသနာ

ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့

(၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့ မွန်းလွဲပိုင်းအချိန်၌ လွိုင်ကော်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော်စတီးဖင်းတျေးဖဲ ပျံလွန်တော်မူပြီဟူသည့် မျှော်လင့်မထားသောသတင်းကို ကြားသိရသဖြင့် လွန်စွာစိတ်မကောင်းဖြစ်ရပါသည်။

ဆရာတော်ကြီးပျံလွန်တော်မူခြင်းအတွက် သင်တို့အားလုံးနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ဤသဝဏ်လွှာကို ရေးသားပေးပို့လိုက်ပါသည်။ ဆရာတော်ကြီးပျံလွန်တော်မူခြင်းသည် လွိုင်ကော်ကက်သလစ် သာသနာတော်အတွက်သာမက မြန်မာပြည်ကက်သလစ်သာသနာတစ်ခုလုံးအတွက် ကြီးမားသည့်ဆုံးရှုံးမှုတစ်ခု ဖြစ်ပါသည်။ ဆရာတော်ကြီးသည် လွိုင်ကော်သာသနာမှ သားသမီးများအား ဦးဆောင်မှု၊ ဝိညာဉ်ရေးလမ်းညွှန်ပေးမှု၊ ဖခင်မေတ္တာဖြင့်ဂရုစိုက်တတ်မှုနှင့် ကောင်းသောသိုးထိန်းတစ်ပါးအဖြစ် တာဝန်ကျေပြွန်မှုများကြောင့် သင်တို့၏ ရိုသေလေးစားမှု၊ ချစ်ခင်မြတ်နိုးမှုခံရသူတစ်ဦးဖြစ်ကြောင်း သေချာလှပါသည်။

သင်တို့သည် ဘုရားရှင်ထံမှ  ခွန်အား၊ နှစ်သိမ့်ခြင်းနှင့် ငြိမ်းချမ်းခြင်းရရှိကြစေရန်နှင့် အထူးသဖြင့် ဆရာတော်ကြီးအတွက် ပူဆွေးသောကရောက်နေကြရသော မိသားစုဝင်များအားလုံးသည်လည်း ငြိမ်းချမ်းခြင်းနှင့် နှစ်သိမ့်ခြင်းရရှိကြပါစေဟူ၍ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

ဆရာတော်ကြီး၏အသက်ဝိညာဉ်သည် ငြိမ်သက်ချမ်းသာစွာရှိ၍ ဘုန်းဂုဏ်တော်နှင့် ရှင်ပြန်ထမြောက်ပါစေသော်။

 

ဆုတောင်းမေတ္တာဖြင့် တစ်လုံးတစ်ဝတည်းရှိလျက်

 

ဆရာတော်ဂျပ်စတင်းစောမင်းသိုက်

ဘားအံဂိုဏ်းအုပ်သာသနာ

 


2020-12-16 21:11:57
NEWS AND EVENTS