Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဝမ်းနည်းကြောင်း သဝဏ်လွှာ

လွိးစ်အန်တိုးနီယို ကာဒီနယ်တာဂလေ

 

သို့

‌လေးစားချစ်ခင်ရပါသော မွန်စီညော်ချဲလ်ဆိုဘရွှေ

လွိုင်ကော်ကက်သလစ်သာသနာ

မြန်မာနိုင်ငံ

ရဟန်းမင်းကြီးဆိုင်ရာသာသနာပြန့်ပွားရေးရုံးတော်မှ လွိုင်ကော်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော် စတီးဖင်းတျေးဖဲ ပျံလွန်တော်မူသည့်သတင်းကို ဝမ်းနည်းဖွယ်ကြားသိရပါသည်

ဆရာတော်ကြီးပျံလွန်တော်မူခြင်းအတွက် လွိုင်ကော်ကက်သလစ်သာသနာမှ ရဟန်းတော်များ၊ သစ္စာသုံးပါးခံသူတော်စင်များ၊ ဘာသာဝင်များနှင့် ဆရာတော်တျေးဖဲ၏မိသားစုဝင်များ အားလုံးတို့နှင့် ထပ်တူထပ်မျှ နှမြောတသ ဝမ်းနည်းကြေကွဲရပါကြောင်း ဤသဝဏ်လွှာကိုရေးသားပေးပို့အပ်ပါသည်။

သာသနာပြန့်ပွားရေး၏လမ်းပြကြယ်ဖြစ်တော်မူသော မယ်တော်မာရိယာ၏ ကြားဝင်ဆုပန် ပေးခြင်းအားဖြင့် ဆရာတော်ကြီးတျေးဖဲသည် ဘုရားသခင်၏ ကြွယ်ဝလှသော သနားတော်မူခြင်းကို ခံစားရလျက် ထာဝရအသက်ချမ်းသာဆုလာဘ်တော်ကို ရရှိနိုင်ပါမည့်အကြောင်း ယခုကဲ့သို့ ဝမ်းနည်းပူဆွေးရသည့်အချိန်အခါသမယ၌ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

 

 

 

လွိးစ်အန်တိုးနီယို ကာဒီနယ်တာဂလေ

နာယက

 

 

 

 

 

 

 

 

 


2020-12-18 02:20:26
NEWS AND EVENTS