Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဗာတီကန်ရှိ ဖွားမြင်တော်မူခြင်းမြင်ကွင်း အစုံ (၁၀၀)

နှစ်စဉ်ပြုလုပ်နေကျအစဉ်အလာတစ်ခုဖြစ်သည့် “ဗာတီကန်၏ ဖွားမြင်တော်မူခြင်းမြင်ကွင်း အစုံ (၁၀၀)” ကို (၂၀၂၀) ပြည့်နှစ် ဒီဇင်ဘာလ (၁၃) ရက်မှ (၂၀၂၁) ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့အထိ ခင်းကျင်းပြသထားမည်ဖြစ်သည်။
ရဟန်းမင်းကြီးဆိုင်ရာ သတင်းကောင်းပြန့်ပွားခြင်းမြှင့်တင်ရေးကောင်စီမှ ဖြန့်ချိထားသော စာစောင်တွင် “ဖွားမြင်တော်မူခြင်းမြင်ကွင်းများက ကူးစက်ရောဂါကာလတွင် နှစ်သိမ့်မှုနှင့် မျှော်လင့်ချက်ကိုပေးသည်။ ခရစ္စမတ်စ်၏ပျော်ရွှင်ခြင်းနှင့် ယေဇူးခရစ်တော်၏မွေးဖွားခြင်းမှပေးသော အနာဂတ်အတွက်မျှော်လင့်ထားသည့် တည်ငြိမ်အေးချမ်းမှုအတွက် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ဒုက္ခအခက်အခဲများက အတားအဆီးမဖြစ်သင့်ပါ။ ကမ္ဘာအရပ်ရပ်က ဖွားမြင်ခြင်းမြင်ကွင်းတွေရဲ့ လှပမှုကို ရှုမြင်ခံစားနိုင်ဖို့အတွက် လူတွေက အချိန်ပေးကြရပါလိမ့်မယ်။ ဒါတွေကို ပုံဖော်အလှဆင်ကြရာမှာ ချစ်ခြင်းမေတ္တာတွေနဲ့ စိတ်ကူးဉာဏ်တွေ ဘယ်လောက်တောင် ထည့်သွင်းထားကြတယ်ဆိုတာကိုလည်း နားလည်သဘောပေါက်ကြပါလိမ့်မယ်" ဟူ၍ ဖော်ပြရေးသားထားသည်။
လူ့ဇာတိကိုခံယူတော်မူသောဘုရားသခင်
ဖွားမြင်တော်မူခြင်းမြင်ကွင်း၏ရိုးရှင်းခြင်းကသော်လည်းကောင်း၊ ကပ်ရောဂါကြောင့်ဖျားနာသူများကို နေ့တိုင်းကူညီပေး၍ စိတ်သက်သာရာရစေသော ကျန်းမာရေးဝန်ထမ်းများနှင့် ရဟန်းတော်များ၏ အပြုအမူများကသော်လည်းကောင်း “ဘုရားသခင်သည် လူ့ဇာတိယူကာ လူသားဖြစ်လာ၍ မိမိတို့၏မိသားစုများနှင့် နီးကပ်စွာရှိနေသည်” ဟူသော နက်နဲရာအချက်ကို ထောက်ရှုနိုင်ရန် ကူညီပေးပါလိမ့်မည်။
စမ်းသပ်မှုများပြုလုပ်ကာ ကူးစက်ရောဂါကိုအောင်မြင်နိုင်သည့်ရလဒ်များရရှိနိုင်ရန်အတွက် အနား ယူခြင်းမရှိဘဲကြိုးပမ်းကြသည့် သိပ္ပံပညာရှင်အမျိုးသား/အမျိုးသမီးများကိုလည်း ကျွန်ုပ်တို့မမေ့ပါ။
မိသားစုကိုဗဟိုပြု၍
“သာသနာတော်သည် ဝတ်ပြုကိုးကွယ်ခြင်းများ၊ မစ္ဆားတရားပူဇော်ခြင်းများကို ညအချိန်တွင် အတူတကွကျင်းပကြရန်နှင့် ရိုးရာဓလေ့ထုံးတမ်းများဖြင့် ခရစ္စမတ်စ်ပွဲတော်ကို မိသားစုပွဲအဖြစ် ကျင်းပကြရန် ရည်ရွယ်ချက်ရှိကြောင်း ဖော်ပြထားသည်။
မည်သို့ပင်ဖြစ်စေ မိသားစုများစွာသည် ကပ်ရောဂါကြောင့် မိမိတို့နှင့်အရင်းနှီးဆုံးသူများကို ဆုံးရှုံးခဲ့ရပြီး၊ သူတို့၏နောက်ဆုံးခရီး၌ပင် အနီးကပ်နှုတ်ဆက်ခွင့်မရသည်အထိ ပြင်းပြင်းထန်ထန် ခံစားခဲ့ရ ခြင်းကြောင့် ဝတ်ပြုကိုးကွယ်ခြင်းအခမ်းအနားများကို ဝမ်းနည်းစွာဖြင့် ကျင်းပကြလိမ့်မည်။
မိသားစုအချို့ကလည်း ဆေးရုံတွင်ရှိနေသောမိသားစု၀င်များကို သတိရလျက် သူတို့ထံသို့ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်ကြင်နာမှု အမှတ်လက္ခဏာများကိုပေးပို့ရန်ကြိုးစားနေစဉ်၌ သူတို့၏ ကံကြမ္မာအပေါ် စိုးရိမ်ပူပန်မှုတို့ ကြီးစိုးနေလိမ့်မည်။
ထို့ကြောင့် ကျွန်ုပ်တို့၏နေအိမ်များတွင် ယေဇူးသခင်ဖွားမြင်တော်မူခြင်းမြင်ကွင်းများကို ဖန်တီး တည်ဆောက်ခြင်းသည် မျိုးဆက်သစ်လူငယ်များအား မိသားစုဓလေ့ထုံးတမ်းများ လက်ဆင့်ကမ်း ပေးခြင်း၏၀မ်းမြောက်မှုကို အထောက်အကူဖြစ်စေမည့် အမှတ်အသားတစ်ခုဖြစ်လိမ့်မည်” ဟု နိဂုံးချုပ်ထားသည်။
Source: zenit.org

2020-12-23 00:44:36
NEWS AND EVENTS