Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ခရစ္စမတ်နေ့ အထိမ်းအမှတ် ဗုဒ္ဓ သံဃာတော်အပါး(၁၀၀) အား
ကလေး ကက်သလစ်သာသနာမှ နေ့ဆွမ်း ဆက်ကပ်လှူဒါန်း

    ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူး ပွဲတော် အထိမ်းအမှတ် စစ်ကိုင်းတိုင်း က လေးမြို့ ရှိ  ဗုဒ္ဓသံဃာတော် အပါး (၁၀၀ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီ အချိန်တွင် ကလေးမြို့ ဂိုဏ်းအုပ်ဆရာ တော်ကြီး ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
    ခရစ်တော် ဘုရားရှင်၏ မွေးနေ့ပွဲ တော် အထိမ်းအမှတ်အဖြစ် ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်များ အချင်းချင်း ရင်းနီး ချစ် ခင်စေရန် ဦးတည်၍ ကလေး ဂိုဏ်းအုပ် ဆရာတော်ကြီး ကျောင်းတွင် ဗုဒ္ဓ ဘာသာ သံဃာတော်များအား ဖိတ်ကြား၍ ယခု ကဲ့ သို့ ခရစ္စမတ် နှုတ်ခွန်းဆက်ကာ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
    ဆွမ်းကပ် လှူဒါန်းပွဲတွင် မြန်မာ နိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဌနှင့် ကလေး ကက်သလစ် ဂိုဏ်းအုပ်ဆရာတော်ကြီး ဖဲလစ် လျန်ခင်း ထန်က သံဃာတော်များကို ဆွမ်း ဆက် ကပ်ခွင့် ရသည့်အတွက် ဝမ်းသာ ပီတိ ဖြစ်မိကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် ဆင်ခြင် တုံတရား နည်းပါးမှုနှင့် ဟန်ချက်ညီသော အတွေးအခေါ်များ ကင်းမဲ့မှုကြောင့် ကပ် ဆိုက်နေပြီး ၎င်းကို ကုသရန် တရား ဓမ္မများ နှင့် အသက်ရှင်ရန် လိုအပ်ပါကြောင်း၊ ငြိမ်း ချမ်းရေး သွန်သင်မှုများတွင် ဗုဒ္ဓမြတ်စွာ ဘုရား၏ ဓမ္မတရားတော်များနှင့် သူတော် မြတ် ဖရန်စစ်အစီစီတို့၏ ဆုတောင်းပဋ္ဌာ တော်များကို လိုက်ကျင့်ခြင်း အားဖြင့် အမိ က မ္ဘာမြေကြီးကို အလှဆင်နိုင်ရန် မျှော် လင့်ကြောင့် နှုတ်ခွန်းဆက်သ လျှောက် ထားခဲ့ပါသည်။
    ကလေးမြို့နယ် သံဃနာယက အ ဖွဲ့ ဥက္ကဌ၊ မဟာသန္တာရုံ ကျောင်းတိုက် ဆရာ တော် အဂ္ဂမဟာ ဂန္ထ၀ါစက ပဏ္ဍိတ အဂ္ဂ မဟာကျော် ဘဒ္ဒန္တပုညသေဋ္ဌ က ဆွမ်းဆက် ကပ် လှူဒါန်းခြင်းအတွက် ကျေးဇူးတင် ၀မ်းမြောက် ကြောင်းပြန်လည် လျှောက် ထား ၍ သခင်ခရစ်တော်၏ တရားတော်မြတ် အတိုင်း မေတ္တာတရားတော်မြတ်ထား ပါက ပတ်ဝန်းကျင် ကမ္ဘာလောကကို စည်းလုံးညီ ညွှတ်စွာ ဖန်တီးနိုင်ပြီး ငြိမ်ချမ်းပါစေကြောင်း ပြန်လည် လျှောက်ထား ဆုတောင်းပေး ခဲ့သည်။
    ဆွမ်းဆက်ကပ်လှူဒါန်းအပြီးတွင် ဂိုဏ်းအုပ်ဆရာတော်ကြီး ဖဲလစ် လျန်ခင်း ထန်မှ သံဃာတော်များကို အမှတ်တရ လှူ ဖွယ် ပစ္စည်းများ လက်ရောက်လှူဒါန်းခဲ့ပြီး ဗုဒ္ဓဆရာတော် သံဃာတော်များ ကိုယ်စား နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ချမ်းမြေ့ အောင်စည် ဆရာတော် ကလည်း ဆရာ တော်ကြီး ဖဲလစ်လျန်ခင်းထန်ကို ခရစ္စမတ် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန် လည် ချီးမြှင့် ပေးအပ်သည်။
    ဘာသာဓလေ့ထုံးစံ မပျက်စေရန် နှင့် စည်းလုံးညီညွှတ်မှု ရှိစေရန် ခရိုင်နှင့် မြို့ နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌများ၊ ခရိုင် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင် ကူညီမှုဖြင့် ကလေးကက်သလစ် အသင်း တော်မှ ခရစ္စမတ်အကြို အထိမ်း အမှတ် ဆွမ်းကပ် လှူဒါန်း ပွဲကျင်းပခဲ့သည်မှာ ယခု နှစ်တွင် တတိယကြိမ်အဖြစ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း # IP RD

NEWS AND EVENTS