Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဒီမိုကရေစီကိုကာကွယ်ရန်နှင့် ပြန်လည်သင့်မြတ်ရေးကိုမြှင့်တင်ရန်

ရဟန်းမင်းကြီးက အမေရိကန်အား တောင်းဆိုခြင်း

အမေရိကန်ပြည်ထောင်စုရှိ ရက်အနည်းငယ်အကြာက ကျင်းပခဲ့သည့်ညီလာခံမှ သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒန်အနိုင်ရရှိကြောင်း တရားဝင်ကြေညာခြင်းအပေါ် မကျေမနပ်ဖြစ်နေသည့်လူအုပ်မှ ပါလီမန်အဆောက်အအုံကို ဝင်ရောက်စီးနင်းပြီး ပဋိပက္ခဖြစ်ခဲ့ခြင်းနှင့် ပတ်သက်၍ ရဟန်းမင်းကြီးသည် တနင်္ဂနွေနေ့၌ အန်ဂျေလူးစ်မေတ္တာရွတ်ဆိုပြီးနောက် ‘ညီလာခံရလဒ်ကြောင့် တုန်လှုပ်သွားခဲ့ကြသော အမေရိကန်ပြည်သူများအား ရင်းနှီးချစ်ခင်စွာ နှုတ်ဆက်လိုက်ပါကြောင်း၊ ၎င်းအခြေအနေ၌ အသက်ဆုံးရှုံးခဲ့ရသူ (၅) ဦးအတွက်လည်း ဆုတောင်းပေးလျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ဒီမိုကရေစီကိုကာကွယ်ကြရန်၊ ပြန်လည်သင့်မြတ်ရေးကို မြှင့်တင်ကြရန်နှင့် တာဝန်သိစိတ်ရှိကြရန်’ တောင်းဆိုလိုက်သည်။
 
အကြမ်းဖက်မှုသည် အမြဲတမ်း မိမိကိုယ်ကိုဖျက်ဆီးခြင်းဖြစ်သည်
 
ရဟန်းမင်းကြီးက “အကြမ်းဖက်မှုကို ငြင်းပယ်ပါ။ ဒဏ်ရာကို ကုသရမည့်အချိန်ရောက်ပြီ။ အကြမ်းဖက်မှုဖြင့် ဘာမျှမရနိုင်၊ ဆုံးရှုံးမှုများကိုသာ ဖြစ်ပေါ်စေသည်။ အကြမ်းဖက်မှုသည် အမြဲတမ်း မိမိကိုယ်ကိုဖျက်ဆီးခြင်းပင်ဖြစ်သည်” ဟု ထပ်မံပြောကြားခဲ့သည်။
ထို့နောက် “အမျက်ဒေါသကိုကျေအေးစေမည့် တာဝန်သိစိတ်မြင့်မားစွာထားရှိကြရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုမြှင့်တင်ကြရန်နှင့် အမေရိကန်လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေသော ဒီမိုကရေစီတန်ဖိုးများကိုကာကွယ်ကြရန်အတွက် အစိုးရအာဏာပိုင်များနှင့် ပြည်သူလူထုတစ်ရပ်လုံးအား ကျွန်ုပ်တိုက်တွန်းပါသည်” ဟူ၍ မြွက်ကြားခဲ့သည်။
နိဂုံးချုပ်အနေဖြင့် “အမေရိကန်နိုင်ငံတွင်နေထိုင်ကြသူများအားလုံး အတူတကွလက်တွဲကြလျက် အများကောင်းကျိုးဆောင်ရွက်ရန်လမ်းစဉ်အဖြစ် အချင်းချင်း တွေ့ဆုံဆွေးနွေးခြင်းနှင့် ဂရုတစိုက်ရှိခြင်းကို ဆက်လက်ရှင်သန်စေရန် ကူညီတော်မူပါမည့်အကြောင်း” အမေရိကန်ပြည်ထောင်စုကို ကာကွယ်မှိုင်းမသူ အပြစ်မဲ့သန္ဓေယူတော်မူသောကညာစင်မာရိယာထံ ရဟန်းမင်းကြီးမှ ဆုတောင်းပေးခဲ့သည်။
Source: Vatican Media

2021-01-10 22:01:54
NEWS AND EVENTS