ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏
၂၀၂၁-ဝါတွင်းသတင်းစကားမှ ကောက်နုတ်ချက်
၂၀၂၀၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၁၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ၂၀၂၁-ဝါတွင်းသတင်းစကားကို ယခု ငါတို့သည် ဂျေရုဆလင်မြို့သို့ ခရီးပြုနေကြ၏ (မာတေဦး ၂၀း၁၈)ကျမ်းချက်ဖြင့် အစပြုထားသည်။
ဦးတည်ချက်ဆောင်ပုဒ်ကို ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတို့ကို ပြန်လည်အားသစ်လောင်းရာကာလဖြစ်သော ဝါတွင်းဟု ဖော်ပြထားပြီး ထိုအချက် (၃)ချက်ဖြင့် ဦးတည်ရေးသားခဲ့ကြောင်း တွေ့ရသည်။
ပထမအချက်တွင် ယုံကြည်ခြင်းဟူသည် သမ္မာတရားကို လက်ခံရန် အတွက်လည်းကောင်း၊ ယင်းသမ္မာတရားကို ဘုရားရှေ့၊ လူရှေ့သက်သေခံ နိုင်ရန်အတွက်လည်းကောင်း နှိုးဆော်ပေးသည့်အရာဖြစ်ကြောင်း ဖော်ပြ ထားသည်။
ဒုတိယအချက်တွင် မျှော်လင့်ခြင်းဟူသည် ကောင်းကင်နိုင်ငံတော်သို့ ခရီးပြုနေကြသော ကျွနု်ပ်တို့၏ကယ်တင်ခြင်းလမ်းစဉ်ကို အားဖြည့်ပေး သည့် သက်မြတ်စမ်းရေဖြစ်ကြောင်း ဖော်ပြထားသည်။
တတိယအချက်တွင် ချစ်ခြင်းမေတ္တာဟူသည် လူသားအားလုံးအပေါ် အလေးထား၍ သနားကြင်နာစိတ်ထားကာ ခရစ်တော်၏လမ်းစဉ်အတိုင်း လျှောက်လှမ်းပြီး ကျွနု်ပ်တို့၏ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းကို အထိရောက်ဆုံးပြသနိုင်သည့်ပါရမီဖြစ်ကြောင်း ဖော်ပြထားလေသည်။
ဝါတွင်းကာလတွင် တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက် ဖြစ်စေ အကျင့်တရားတိုးတက်ပြောင်းလဲကို ဖော်ဆောင်ခြင်း၊ ဆုတောင်းြခင်း၊ ပေးကမ်းလှူဒါန်းခြင်းတို့ဖြင့် ခရစ်တော်၌ ယုံကြည်သော အသက်တာကို လှုပ်ရှားအသက်ဝင်စေရန် နှိုးဆော်တိုက်တွန်းထားလေ သည်။
(မျိုးကြဲသူ)
(Ref: "Message of the Holy Father Francis for Lent 2021" by Vatican, press.vatican.va)
2021-03-21 22:30:52
NEWS AND EVENTS












.jpg)


















