Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဘုရားကျောင်း (၂၅) နှစ်ပြည့် ဂျူဗီလီပွဲနှင့် မော်လမြိုင် သာသနာ ဂိုဏ်းအုပ်
ဆရာတော် ရေမွန် စောဖိုးရေ၏ ဆရာတော်ဝါ (၃၁) ၀ါပြည့် ပွဲတော်တော်ကျင်းပ

    မော်လမြိုင် သာသနာ ပုလော၊ ကဗျာတိုက်နယ်ရှိ ကဗျာရွာရှိ အပြစ်မဲ့ သန္ဓေ ယူသော မယ်တော် ဘုရားကျောင်း (၂၅) နှစ်ပြည့် ဂျူဗီလီပွဲနှင့် ဆရာတော် ရေမွန် စောဖိုးရေ ဆရာတော်ဝါ (၃၁) ၀ါ ပြည့် ပွဲတော်ကို ဒီဇင်ဘာ ၈ နှင့် ၉ ရက်နေ့ များတွင် ကဗျာရွာ၌ကျင်းပပြုလုပ်ခဲ့သည်။
    ဘုရားကျောင်း ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းမှာ `ရိုးစင်းပါသည်။
    ကဗျာရွာရှိ အပြစ်မဲ့သန္ဓယူသော မယ်တော် ဘုရားကျောင်းသည် ပုလော/ကဗျာတိုက်နယ် (Palaw Parish) ပုလော မြို့နယ်၊တနင်္သာရီတိုင်း တနင်္သာရီ ကမ်းရိုး တမ်းပေါ် တွင်တည်ရှိသည်။
    ၁၉၈၉ခုနှစ်တွင် ဖာသာဂရေဂေါ်ရီ ထွန်းလွင်သည် ကျောင်းထိုင် အဖြစ် ရောက် ရှိလာပြီး အပြစ်မဲ့ သန္ဓယူသောမယ်တော် ဘုရားကျောင်း ကိုတည်ဆောက်ခဲ့သည်။
    ၁၉၉၃ ခုနှစ်တွင် မော်လမြိုင် သာ သနာ ဖြစ်လာပြီးနောက် အဘ ဆရာတော် ဘုရား၏ လမ်းညွှန်မှုဖြင့် ပုလောသာသနာ သည် ပို၍ တိုးတက်လျက်ရှိသည်။
    တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းထိုင်များမှာ ၁၉၉၄ မှ ၁၉၉၉ ခုနှစ် ထိ ဖာသာရ် ဟူး ဘတ် မျိုးသန့်ဦး။     ၁၉၉၉  မှ ၂၀၀၀ ခုနှစ်ထိ ဖာသာရ် စော ပီတာ။ ၂၀၀၀. ခုနှစ်တွင် ဖာသာရ် ဂျွန် ကျော်ကျော်နိုင် သည် ကျောင်းထိုင်ဖြစ် လာ ပြီး လက်ရှိ အချိန်တွင် ကျောင်းထိုင်အဖြစ် ဆောင်ရွက်လျက်ရှိုသည်။ ကိုယ်တော်သည် ရန်ကုန် ရဟန်းဖြစ် တက္ကသိုလ်တွင်လည်း အလှည့်ကျ စာချပုဂ္ဂိုလ်အဖြစ် တာဝန်ယူ ဆောင်ရွက် လျက်ရှိသည်။
    ၂၀၀၆ခုနှစ်တွင် ဖာသာရ်ဗညား နွယ်သည် ပုလောနယ်တွင်ကူညီရင်းအခြားတာဝန်များကိုလည်း ဆောင်ရွက်ခဲ့သည်။
    ၂၀၁၂ ခုနှစ် တွင် ဖာသာရ် ဂျွန် ပက်ပက်သည် ကျောင်းထိုင်ဘုန်းတော်ကြီးတာဝန်ယူ သာသနာအမှု ထမ်းဆောင်ရာ အခုချိန်ထိဖြစ်သည်။
    ဂျူဘီလီပွဲ အတွင်းတွင် မိသားစု အသက်တာနှင့် ဆိုင်သော အသိပညာကို CBCM ဗဟိုရုံးမှ Fr Augustine Moe Win (Family Commission Director) ဒီဇင်ဘာ ၈ ရက်နေ့တွင် ပို့ချခဲ့သည်။
ဘုန်းတော်ကြီး (၁၀) ပါး၊ စစ္စတာရ်(၁၂)ပါး၊ ဘရာသာရ် ၁၆ ပါး နှင့် ဘာသာသူ စုစု ပေါင်း (၂၀၀၀) ခန့် ဤဂျူဘီလီပွဲတောသို့လာရောက်ပါဝင်ဆုတောင်းခဲ့ကြသည်။
(OSC-Mawlamyine)


2019-01-07 21:23:10
NEWS AND EVENTS