Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် ၂၀၁၉ ခုနှစ် ပထမအကြိမ် စုညီစည်းဝေး

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် သည် ၂၀၁၉ ခုနှစ်အတွက် ပထမအကြိမ် စုံညီစည်းဝေးကို ဇန္နဝါရီလ ၈ ရက်မှ ၁၂ ရက်ထိတိုင် ပြုလုပ်မည်ဖြစ်သည်။ ယနေ့ ဇန္နဝါရီလ ၈ ရက်နေ့ နံနက် ၆း၃၀ အချိန်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် ကျောင်းတိုက်တွင် မစ္ဆားပူဇော်ခြင်းဖြင့် စတင်ပြုလုပ်သည်။
ဇန္နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် သန်လျင်ရှိ အပြစ်မဲ့သန္ဓေယူတော်မူသော မယ်တော် ရှေးဟောင်း ဘုရားရှိခိုးကျောင်းတွင် ဆရာတော်ကြီးများ အားလုံး စုပေါင်း မစ္ဆားပူဇော်ကြမည်ဖြစ်သည်။
ဆရာတော်ကြီးများ စုံညီစည်းဝေးကို ဇန္နဝါရီလ နှင့် ဇွန်လများတွင် တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပသည်။
CBCM-OSC

NEWS AND EVENTS