Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

လိပ်သို တိုက်နယ်တွင် ကလေးသူငယ်များ ပွဲတော်နှင့်အတူ ၄ ရက်တာ ဘုရားစကား သင်တန်းပို့ချခဲ့ပြီး
ကလေးသူငယ် (၆၀၈) ဦးထိ ပါဝင်ခဲ့

    တောင်ငူ ကက်သလစ်သာသနာ၊ လိပ်သို တိုက်နယ်တွင် ရဟန်းမင်းကြီး ဆိုင် ရာ သာသနာပြု ကလေးသူငယ်များ ပွဲတော် နှင့်အတူ ဘုရားစကား သင်တန်းကို လိပ် သို့မြို့ ကက်သလစ် ဓမ္မာရုံ၌ ဇန်နဝါရီလ ၃ ရက်မှ ၆ ရက်အထိ ၄ ရက်တာ ကျင်းပပြု လုပ်ခဲ့ပြီး ကလေးသူငယ် (၆၀၈) ဦးထိ ပါ ဝင်ခဲ့သည်။
    ဘုရားစကား သင်တန်းကို PMS နာယက Rev. Fr. Denies ဘမောင်၊ ဒါ ရိုက်တာ Rev. Fr. Xavier ဝင်းမောင်၊ ဥက္ကဌ Sr. ဘက်နက်ဒက် မြတ်နှင်းနွယ် တို့နှင့်အတူ Sr. Christina ကောပိ၊ Bro. ဆယ်ဗာ စတီ ယန် နေဇင်ဝင်း၊ Bro. စတီးဗင်း ပေါင်ချိန်၊ ဆရာမ ဒေါ်တင်စန်းနှင့် ဆရာဦးဝဏ္ဏရွှေတို့မှ ပို့ချပေးခဲ့ပြီး လိပ်သိုမြို့မှ ဆရာမများ၊ ကျေး ရွာ အသီးသီးရှိ ကလေးတာဝန်ခံများ၊ ဆက် ကပ်လူငယ်များနှင့် မိခင်၊ ဖခင်အဖွဲ့များမှ ပါဝင်ကူညီ ပံ့ပို့ပေးခဲ့ကြပါသည်။
    မင်းသုံး ပါးပွဲနေ့ ကလေးသူငယ် များ ပွဲတော်ရက်တွင် ကျောင်းထိုင် ဘုန်း တော်ကြီး Rev. Fr. Daniel အာခိုးမှ မစ္ဆား တရားတော်မြတ်ကို ဦးဆောင်ကာ ကလေး သူငယ် အချို့ကို ပထမ ကိုယ်တော်မြတ် ပေးခဲ့သည်။
 ဒက်ဇူးမယ် (I.S.R.)


2019-03-03 20:06:57
NEWS AND EVENTS