Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မျိုးကြဲသူစာစောင် အတွဲ(၁၀၀)ပြည့် ဂျူဘီလီပွဲတော်ကျင်းပ

    မျိုးကြဲသူစာစောင်၏ ရာပြည့် ဂျူ ဗလီ ကျေးဇူးတင် မစ္ဆားတရားတော်မြတ်ကို မြေနီကုန်း ဖာတီမာ ဘုရားကျောင်းတွင် ဇန် နဝါရီလ ၁၂ရက် နံနက်ပိုင်းက ဟောကြား ခဲ့ပြီး ဗာတီကန်သံအမတ်ကြီး  ဂိုဏ်းချုပ် ဆ ရာတော်ကြီး ပေါလ်ချန်အင်းနမ်၊ ရန်ကုန် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို နှင့် သာသနာအသီးသီးမှ ဆရာ တော်များ တက်ရောက်ပါဝင်ခဲ့ကြသည်။
    ကျေးဇူးတင် မစ္ဆားတရား တော် မြတ်ကို ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံ ဆိုင်ရာ ဗာတီကန်သံအမတ် ဆရာတော်ကြီး ပေါလ်ချန်အင်းနမ်မှ ဦးဆောင်ဟောကြား ပေးခဲ့သည်။
    “အခုလို သမိုင်းဝင် အောင်မြင်မှု တစ်ခုကို ကျင်းပနေရင်းနဲ့ ဘုရားသခင်ကို ကျေးဇူးတင်ဖို့ဟာ အင်မတန်မှသင့်မြတ်တဲ့ အချိန်ခါလည်းဖြစ်ပါတယ်” ဟု ဆရာတော် ကြီး က မျိုးကြဲသူစာဆောင်ရာပြည့် ဂျူဗလီ တွင် ပါဝင်ရခြင်းအတွက် ဂုဏ်ယူဝမ်းသာမိ ကြောင်း တရားတော်မြတ်တွင် ပြောကြားခဲ့ သည်။
    ထို့အပြင် ဆရာတော်ကြီးက မျိုး ကြဲသူစာဆောင်သည် ခက်ခဲသည့်နိုင်ငံရေး အခြေအနေများ၊ ငွေကြေးဆိုင်ရာ အခက် အခဲများနှင့် နှောက်ယှက်ခြင်း အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရသော်လည်း ယနေ့တွင် မျိုးကြဲ သူ စာဆောင်၏ အတွဲ ၁၀၀ မြောက် ကို ဖတ်ရှုခဲ့ရပြီဖြစ်သောကြောင့် မျိုးကြဲသူထုတ် ဝေသူများကို ကျေးဇူးတင်ရင်း ၎င်းတို့ အ တွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
    မျိုးကြဲသူ စာဆောင်ကို ထိုစဉ်က သာသနာပိုင် ဆရာတော်ကြီး၏ လမ်းညွှန် မှုဖြင့် ၁၉၁၂ ခုနှစ်တွင် ပီးမေသာသနာပြု များမှ ပထမဆုံး ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ပုပ် ရဟန်းမင်းကြီး ကမ္ဘာလုံးဆိုင်ရာနှင့် မြန်မာ ပြည် အသင်းတော်ဆိုင်ရာ သတင်းများ၊ ဘာသာရေးဆိုင်ရာ အသိပညာပေး အ ကြောင်းအရာများ၊ အသိပညာပေး နိုင်ငံ ရေးနှင့် လူမှုရေးဆိုင်ရာ သတင်းများ၊ စာပေ များ တည့်သွင်းဖော်ပြခဲ့ကြသည်။
    မျိုးကြဲသူ စာဆောင်သည် လက်ရှိ မြန်မာနိုင်ငံကက်သလစ်စာဆောင်များထဲတွင် ဆောင်ရေအများဆုံး ထုတ်နိုင်သည့် တစ်ခုတည်းသော စာဆောင်ဖြစ်ပြီး အတွဲ ပေါင်း ၁၀၀ လည်း ပြည့်မြှောက်ခဲ့ပြီဖြစ်သည်။
    စာဆောင်တွင် ထည့်သွင်းဖော်ပြ သည့် ကဏ္ဍများနှင့် ပတ်သက်၍လည်း “ဒီ စာဆောင်မှာ အမျိုးသမီးကဏ္ဍနဲ့ လူငယ် ကဏ္ဍကို ပါဝင်ထည့်သွင်းပြီး ရေးသားနေ ကြောင်း သိရတဲ့အတွက် အင်မတန်မှကို ဂုဏ်ယူစရာလည်းဖြစ်ပါတယ်။” ဟု ဆရာ တော်ကြီး ပေါလ်ချန်အင်းနမ်က ချီးကျူး ခဲ့သည်။
    ကျေးဇူးတင် မစ္ဆားတရား တော် မြတ်အပြီးတွင် မျိုးကြဲသူ စာဆောင်ရာပြည့် အထိမ်းအမှတ်အဖြစ် မျိုးကြဲသူ စာကြည့် တိုက်ကို သံအမတ်ကြီး နှင့် ကာဒီနယ်ကြီး တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
    ဆက်လက်ပြီး မျိုးကြဲသူ စာစောင် အ တွဲ (၁၀၀) ပြည့် ဂျူဗလီ အထိမ်းအမှတ် အဖြစ် စာပေဟောပြောပွဲ အစီအစဉ်ကို စီဘီစီအမ်ကျောင်းဝန်းအတွင်း ဆက်လက် ကျင်းပခဲ့ပြီး စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) နှင့် တက္ကသိုလ် နေဝင်းမြင့် တို့မှ ဟောပြောခဲ့ကြသည်။
    ဇန်နဝါရီလ ၁၁ ရက် ညပိုင်းတွင် ဂုဏ်ပြုညစာဖြင့် ဧည့်ခံခဲ့ရာ သာသနာ အ သီးသီးမှ ဆရာတော်များ၊ ဘုန်းတော်ကြီး နှင့် သီလှရှင်များ၊ စာပေပညာရှင် ဧည့်သည် များ၊ မျိုးကြဲသူကလောင်ရှင်များ နှင့် ဖိတ် ကြားထားသူများ တက်ရောက်ပါဝင် ခဲ့ကြ သည်။ ထိုအခမ်းအနားတွင် မျိုးကြဲသူအား ရှင်သန်စေခဲ့သော အယ်ဒီတာ ဟောင်းများ အားလည်း ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့် ခဲ့သည်။
ချမ်းဇော်အောင်၊ CBCM-OSC


2019-03-03 20:11:38
NEWS AND EVENTS